Colour Me Tone (Singapore အခေါ်) လို့ ခေါ်တဲ့ ဒီလို သံစဉ်လေးတွေ ထည့်တာကိုတော့ နိုင်ငံအလိုက် အခေါ်အဝေါ်လေးတွေ သူ့ဟာနဲ့သူ ရှိကြမှာပါနော်။ မြန်မာနိုင်ငံမှာ ဒီလိုဖုန်း ခေါ်ဆိုချိန်မှာ ကိုယ်ကြိုက်တဲ့ သီချင်းသံစဉ်တွေကို တဖက်လူမှ ကြားစေအောင် ထည့်ထားတတ်ကြတာ ဒီနေ့ခေတ်ရဲ့ ဖုန်းကိုင်ဆောင်သူတိုင်း အတွက် ဖက်ရှင်တစ်ခုအဖြစ် ခေတ်စားလာ ကြပါတယ်။ ကိုယ့်ဖုန်းထဲကို သီချင်းသံစဉ်လေးတွေ ထည့်ချင်သူတိုင်းအတွက် မြန်မာနိုင်ငံမှာ ၀န်ဆောင်မှု ပေးနေတဲ့ www.myringtune.com.mm ဆိုတဲ့ဆိုဒ်လေးကို မိတ်ဆက်ပေးပါရစေ။ အဲဒီဆိုဒ်မှာ မြန်မာ၊အင်္ဂလိပ်၊တရုတ်၊အိန္ဒိယ စသည့် မိမိတို့ ကြိုက်နှစ်သက်ရာ သီချင်းများကို ရှာဖွေဝယ် ယူနိုင်ပါတယ်။
သံစဉ်လေးတွေ ထည့်မယ် ဆိုရင်တော့ အရင်ဆုံး မိတ်ဆွေရဲ့ ဖုန်းကို Registerလုပ်ရပါမယ်။ ၀န်ဆောင်ခ အနေနဲ့ကတော့ (မြန်မာငွေ ၃၀၀၀ ကျပ်ပါ) ။
အဲဒီနောက် သီချင်းတစ်ပုဒ်ကို (မြန်မာငွေ ၃၀၀ကျပ်)ပါ။ သီချင်းတစ်ပုဒ်ကို တစ်လတိတိ သုံးစွဲခွင့် ရှိပါတယ်။ ဒါတွေကတော့ ပေးဆောင်ဖို့ကို ငွေလက်ငင်း ပေးစရာ မလိုဘဲ ဖုန်းဘေလ် ထဲကနေ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။
ပြုလုပ်ရမှာကတော့ Sign Up လုပ်ဖို့အတွက် အရင်ဆုံး ဘယ်ဘက်အပေါ်ဆုံးနားက Subscribe to MyRingTune ဆိုတဲ့ဟာကို Click လုပ်ရပါမယ်။ အဲဒီမှာ
- ၁)ဖုန်းပိုင်ဆိုင်သူအမည်(စာချုပ်ပါ ပိုင်ရှင်ရဲ့ နာမည် အပြည့်အစုံ)
- ၂)ဖုန်းပိုင်ဆိုင်သူရဲ့ မှတ်ပုံတင် နံပါတ်
- ၃)ဖုန်းနံပါတ် (မိမိနှစ်သက် ရွေးချယ်ထားသော သီချင်းကို ထည့်သွင်းအသုံးပြုမည့် ဖုန်းနံပါတ်)
- ၄)အီးမေးလ်လိပ်စာ
- ၅)နေရပ်လိပ်စာ အပြည့်အစုံ တို့ကို ဖြည့်ပါ။
အဲဒီနောက် ၂၄ နာရီအတွင်း ၁၇၇ နံပါတ်နဲ့ Myringtune ပေးပို့တဲ့ SMS သင်ရရှိမှာ ဖြစ်ပါတယ်။
မတ်ဆေ့ခ်ျ ရလာရင် 177 သို့ SMS ဖြင့် ၀ယ်ယူလိုသော သံစဉ်၏ ကုဒ်နံပါတ်ကို ယခုကဲ့သို့ (BUY + သံစဉ်ကုတ်နံပါတ် ) ပြန်လည်ပေး ပို့ရပါမည်။
အဲဒီနောက် Myringtune မှ သင်အောင်မြင်စွာ သီချင်းဝယ်ယူ ပြီးစီးကြောင်း မတ်ဆေ့ခ်ျ ပြန်ပို့လာမှာ ဖြစ်ပါတယ်။
ဒါဆိုရင် သင့်ဖုန်းမှာ စတင်ပြီး သီချင်းသံစဉ် ကြားနေရပါပြီ။ ဒါပေမယ့် သင်ဝယ်ယူထားတဲ့ သီချင်းမဟုတ်ဘဲ Myringtune မှပေးသော country road သီချင်းမျိုးပဲ စတင်ကြားရမှာ ဖြစ်ပါတယ်။
သင်ဝယ်ယူထားတဲ့ သီချင်းကို မကြားရသေးလို့ စိတ်မပျက် လိုက်ပါနဲ့ဦး။ အဲဒါက Default RingTune ဖြစ်နေလို့ပါပဲ။ ဒါကြောင့် နောက်တစ်ဆင့် အနေနဲ့ သင်လိုချင်တဲ့ သီချင်းဖြစ်ဖို့ သင်ဝယ်ယူထားသော သံစဉ်၏ ကုဒ်နံပါတ်ကို 177 သို့ ယခုလို (DEF +သီချင်းကုတ်ဒ်နံပါတ် ) မတ်ဆေ့ခ်ျ ထပ်မံပေးပို့ ရမှာ ဖြစ်ပါတယ်။
ကဲ…ခုဆိုရင် သင်လိုချင်တဲ့ သီချင်းကို သင့်ကိုဖုန်းခေါ် ဆိုသူတိုင်း ကြားနေရတော့မှာပါ။
ကဲ…မိတ်ဆွေ ၊ သင့်ဖုန်းကို စမ်းခေါ်ကြည့်လိုက်မယ်နော်။ဟိဟိ :D
(ဆားချက်တယ်လို့ပဲ ဆိုဆို ၊ မသိသေးသူတွေကို သိရအောင် ပြန်လည်မျှဝေတယ်လို့ပဲ ဆိုဆို မက်မက်ကတော့ ပို့စ်တစ်ပိုဒ်အဖြစ်နဲ့ ရေးသားလိုက်ပြီး တီတီဒွင်းရဲ့ အိမ်လေးကို စိုပြေအောင် စတင်ရေးသားလိုက်ပါတယ်။ တစ်ကျော့ပြန် မက်မက်လေး ပြန်လာပါပြီ။ မတွေ့တာကြာလို့ မေ့သွားကြတဲ့ အချစ်ဆုံးတွေ အားလုံးပဲ အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးး အမြှောက်တစ်သိန်းနော်။) ဒါတွေကို သိပြီးသား သူများ ရှိကြပါလိမ့်မယ်။ မက်မက်ကတော့ မသိသေး သူများအတွက်သာ ရည်ရွယ်ပြီး ရေးသားလိုက် ပါတယ်နော်။း)
ဟဲ့ မောင်ဘကြိုင်အတွက်တော့ ဘာမှမထူးနိုင်ပေဖူး
ReplyDeleteဒါပေမယ့် တခြားသူတွေအတွက် အကျိုးရှိနိုင်တယ်
သူတို့ကိုယ်စားကျေးဇူးပါ တကျော့ပြန်သရဲမလေးရေ...
ပျောက်နေတယ် အဆင်ပြေတယ်မဟုတ်လား အင်း အဆင်ပြေမှာပါ
အာဝါးအမြောက်တသိန်းက များလွန်းတယ်
တို့များမခံနိုင်ဖူးကွယ်ဟယ်ဟယ်
မောင်ဘကြိုင်
မမက်မက်ရေ ..
ReplyDeleteသိသေးဘူးတော် ..
ခုမှ ဒီပို့စ်ဖတ်မှ သိတာ ..
ဒါကြောင့် ဆားချက်တယ် မထင်ပါဘူး ..
ရှဲ့ရှဲ့ ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်