Subscribe:

Wednesday, January 25, 2012

ကြိုဆိုပါတယ် တော်ဝင်အိပ်မက်ချစ်သူ

Blog အတွင်းနဲ့ မှီတင်းနေထိုင်ကြကုန်သော ပျိုပျို အိုအို လူကြီး လူငယ် အပေါင်းတို့
(ဒူ........................ဝေ.................ဝေ..............)
@#%#$%&&^**&T@#%@%^


“ဟဲ့... သမီး မက်မက်...”

“ရှင်... တီဒွင်း...”

“အိမ်ရှေ့မှာ ကြေးစည်သံ တဒူဒူနဲ့ ဘာအသံ များလဲကွဲ့.... သွား...သွား...သွားနားထောင်စမ်း....”

“ဟုတ်ကဲ့ တီဒွင်း....”

တူမဖြစ်သူ မက်မက် အိမ်ပေါ်မှ အပြေးကလေး ပြေးဆင်းသွားလေသည်။

((((ဒုန်းးဒုန်းးဒုန်းး..))))

“ဟဲ့..ဟဲ့....ဒီကလေး... တခါတည်း ခုန်ပေါက်ပြေးဆင်း သွားရသလား။ မတော် ခြေခေါက်သွား မှဖြင့်အေ.... ငါ့နှယ်နော်...ဟင်းးး”

“တီ....တီ..တီ....ဒွင်း...............ဟော..ဟဲ..ဟော...ဟဲ.... မောထှာာာ”

“ရော... အမောတကောနဲ့ ဘာဖြစ်လာတုန်း...... စိတ်အေးအေး..ထား..ပြီး ပြောစမ်း... ငါ့နှယ်....အေ.... ရင်တုန်လိုက်တာာ။ ဘာ..ဘာ..များ ဖြစ်လာသတုန်း....ပြောစမ်း ပြောစမ်း...ဘာာာ ”

တီဒွင်းမှ ရင်ဘတ်လေး ဖိကာ... တူမဖြစ်သူ မက်မက်မျက်နှာလေးကို ကြည့်ရင်း ပြောလာမည့် စကားကို စိုးရိမ်တကြီး စောင့်စားနေလေသည်။

“ပြောမှာ....ပြောမှာာပါ တီဒွင်း... ဟို ဟို...... ဟို ဘလော့ဒ် လေ... တီဒွင်း သိတယ် မဟုတ်လား..”

“ဟဲ့..ဟဲ့...ပြောစမ်းပါအေ...ဘယ် ဘလော့ဒ်တုန်း... ဘာဖြစ်တုန်း...”

“ဟို...ဟို...ကလေးစီးတဲ့ဒါန်းလာဗာ ဆိုလား.... Crazydreamlover.com ဆိုလား...အဲ..အဲ့ဒါ... ဟို..ဟို...တီဒွင်း သိတယ် မဟုတ်လား....”

“ဟဲ့..... အဲ့ဒီဘလော့ဒ်ကို သိတယ်လေ။ အဲဒါဘာဖြစ်လဲ။ မြန်မြန်ပြောစမ်း.... မိမက်..ငါစိတ်မရှည်တော့ဘူး။ ကဲပြောစမ်းပါ... အဲဒီဘလော့ဒ် အခု ဘာဖြစ်သွားတုန်း ”

တူမမက်မက် အသက်ကလေး ရူရူမှန်ရင်း...အဲ့လေ..မှားလို့.... အသက်ကလေး မှန်မှန်ရူရင်း

“ဟုတ်.....ဟုတ်...ကဲ့.... အဲဒါ အရင်က သူ့ရဲ့ အိမ်ဖြစ်တဲ့ ( http://www.crazydreamlover.com )ကို ( http://www.royaldreamlover.com ) ဆိုပြီး အသစ်ပြောင်းလဲလိုက်ပြီဆိုတဲ့ အကြောင်းကို သမီးတို့ ဘလော့ဒ်ရပ်ဝန်းမှာ ကြေငြာမောင်းခတ်ပြီး အသိပေးတာတဲ့ တီတီဒွင်းရဲ့”

တီဒွင်း မျက်မှန်လေးကို ပင့်ကာ လက်ထဲမှ ဖတ်လက်စ စာအုပ်ကို ချလိုက်ကာ အရှေ့တိုးလာပြီး မက်မက် ထိုင်နေတဲ့ ခုံဘေး၌ ၀င်ထိုင်လိုက်လေသည်။

“ဟဲ့...သူက ဘာလို့ အိမ်အသစ် ပြောင်းသွားရတာတုန်း”

“အော်..တီဒွင်းကလဲ ခုနက ကြေငြာချက်ထဲမှာတော့ သူ့ဘလော့အိမ်ကို သူမရောက်ဖြစ်တာ အတော်ကြာပြီ ဖြစ်တဲ့အကြောင်း၊ သူ့ဘလော့ဒ်အိမ်လေးက .com နှစ်နှစ်သက်တမ်းကုန် သွားတာကို သူသတိမထားမိ လိုက်တဲ့အကြောင်း၊ သူသတိပြုမိ လိုက်တဲ့အချိန်မှာ ရက်တွေလတွေ လွန်သွားလို့ သူ့ရဲ့ .com သက်တမ်းကို လုံးဝတိုးလို့ မရတော့ဘဲ အိမ်ပြိုသွားပြီ ဖြစ်နေတဲ့အကြောင်း၊ အဲ့ဒါနဲ့ RoyalDreamLover ဆိုတဲ့ အိမ်လေးကို အသစ်ဝယ်ပြီး (http://www.royaldreamlover.com) ကိုပြောင်းလိုက်ရကြောင်း ပြောသွားတာပဲ တီတီ”

“အော်....သင်္ခါ...သင်္ခါ.....ဒါလေးလဲ သင်္ခါ ရ သဘောတရားပါပဲလားကွယ်.... ”

“အေးကွယ်...ဒါဆို တို့တူအရီးလည်း သူ့ရဲ့ဘလော့ဒ်အိမ် အသစ်လေးကို ကြိုဆိုရင်း link အသစ်ကို ပြောင်းချိတ်လိုက် ကြတာပေါ့ တူမရယ်။”

“ဒါပေါ့တီတီ....”

“အော်.. ဒါနဲ့ တီတီ...”

“ဟေ....သမီး.. ဘာကျန်သေးလဲ”

“ကျန်သေးတယ် တီတီ။ သူက ပြောသေးတယ် တီရဲ့ ။ နောက်တစ်ရက် ၊ နှစ်ရက်ဆိုရင်တဲ့ သူရဲ့ အိမ်အသစ်ဖြစ်တဲ့ တော်ဝင်အိပ်မက်ချစ်သူ ဆိုတဲ့ အိမ်သစ်လေးမှာ အိမ်တက်မင်္ဂလာလည်း လုပ်ဦးမယ်တဲ့ တီတီရဲ့။ အဲဒါ ဒီဘလော့ရပ်ဝန်း အသိုင်းအ၀ိုင်းက မိတ်ဆွေတွေ အားလုံးကို 7 Stars ဟော်တယ်မှာ အကျွေးအမွေးနဲ့ ဧည့်ခံဦးမယ်တဲ့”

“ဟေ..ဟုတ်လား..... သိပ်ကောင်းတဲ့ အစီအစဉ်ပဲ သမီးရေ ”

“ကဲ..တို့တူအရီးလည်း ဒီပွဲလေးမှာ ၀င်နွဲလိုက်ရအောင် သမီးရေ”

“ရေးးးးးးးအဲ့ဒီပွဲကြရင် ပျော်စရာကြီးပဲ နေမယ်နော် တီတီဒွင်း ”

“ဒါပေါ့..သမီးရဲ့။ ကဲ... အချိန်ရှိတုန်း တီတီတို့ သူ့ရဲ့ အရူးအမူး အိပ်မက်ချစ်သူ ဆိုတဲ့ အိမ်အဟောင်း နာမည်လေးကို (http://www.crazydreamlover.com) အိမ်အသစ်လေး ဖြစ်တဲ့ တော်ဝင်အိပ်မက်ချစ်သူ ဆိုတဲ့ http://www.royaldreamlover.com ကို ပြောင်းလိုက်ကြ ရအောင်နော်။ :D ”


Thursday, January 5, 2012

ဒီလိုတွေလည်း ရှိတတ်ပါတယ်

သနားပါတယ်လို့ လူတိုင်းပြောတတ် ကြပေမယ့် ကိုယ်ချင်းစာစိတ် လူတိုင်းမထား တတ်ကြဘူး။

ချစ်တယ်လို့ လူတိုင်းပြောတတ် ကြပေမယ့် မေတ္တာတရားနဲ့ ဘယ်သူမှ မပြည့်စုံကြဘူး။

Sorry လို့လူတိုင်း ပြောတတ် ကြပေမယ့် အမှားကင်းအောင် ဘယ်သူမှ မနေတတ် ခဲ့ကြဘူး။

နုတ်ချိုစွာ လူတိုင်းပြောတတ် ကြပေမယ့် က္ကုဿာစိတ် ကင်းအောင်မနေနိုင်ကြဘူး။

ကိလေသာကင်းအောင် လူတိုင်းကျင့်ဆောင် နိုင်ပေမယ့် မစ္ဆရိယစိတ်ကို လူတိုင်းမတွန်း လှန်နိုင်ကြဘူး။

အမှန်တရားကို လူတိုင်းလက်ခံနိုင် ကြပေမယ့် ကိုယ့်ကိုကိုယ် အထင်ကြီးမှု(ဘဝင်)ကို
လူတိုင်းမတွန်းလှန် နိုင်ကြဘူး။

လူတိုင်းက ကျော်ကြားမှုကို မတောင့်တ ချင်ပေမယ့် ချီးကျုးခံ ရဖို့ရဲ့ အဝေးမှာ မနေတတ် ချင်ကြဘူး။

လူတိုင်းမှာ သဒ္ဒါတရား ရှိကြပေမယ့် ပေးကမ်းစွန့် ကြဲမှုကို လူတိုင်းမလုပ် နိုင်ခဲ့ကြဘူး။

လူတိုင်းက ရောင့်ရဲနိုင် ကြပါတယ်လို့ ပြောပေမယ့် လောဘရဲ့ သားကောင်ဘဝက ဘယ်သူမှ ရုန်းထွက်နိုင်ခြင်း မရှိကြဘူး။

အောင်မြင်မှုကို လူတိုင်းလို ချင်ကြပေမယ့် ပေးဆပ်မှုကို လူသားတိုင်း မလုပ်နိုင်ကြပါဘူး။


ခုလိုလာ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ :) အာဝါးးးးးးစ် :)

Monday, November 21, 2011

ချစ်ခြင်းဧ။်အခြားတစ်ဖက်၌

~~~မြို့လယ်က မဏ္ဍပ် အရပ်မှာတဲ့ ကုသိုလ် ကျောင်းကြီးရယ်အို လက်ရန်းငယ်ပြို ရှင်လူပျိုတည်း တကည်းက ကျောင်းစိုလို့ရွှဲ ~~~~ အရှေ့ကို လျှောက်ပါလို့ ~~~ အနောက်ကယ်တဲ့ မျှော်လိုက်ရင် တံခွန်တိုင် ရွှေကုက္ကားနဲ့ ~~~ ဘုရားကိုမြင် စာပလွေ မောင်းမှာ ပိုက်ပါလို့ ကျောင်းကိုတဲ့ ~~~ လိုက်မယ်ပြင် ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း ~~~ မေလေးကို သံချိုနှော ပြောခဲ့ပါဦး ~~~ မမလေးတို့ ပျို့ဦးရင် အ၀င်မှာ သာပေတောင်း ~~~ ဗောဓိရွှေကျောင်း~~~`

ဗျောသံစည်သံများ ထွက်ပေါ်လာသော ဘုန်းကြီးကျောင်း ၀န်းထဲမှ ဦးထက်ပိုင်ထွန်းနှင့် ဒေါ်သွန်းခင်ခင် တို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ သူရိန်ရှိုင်းထက်ရဲ့ ရှင်ပြုအလှူတော် မင်္ဂလာ ဆိုသည့် ဆိုင်းဘုတ်အား ဘုန်းကြီးကျောင်း မုဒ်ဦးဝ၌ ခမ်းနားထည်ဝါစွာ ချိတ်ဆွဲထားသည်ကို တွေ့မြင်ရ ပေလိမ့်မည်။ ချိမ့်ချိမ့်သဲ ကျင်းပနေသော ထိုရှင်ပြုပွဲမှာ ကျက်သရေ အဖြာဖြာနဲ့ တင့်တယ်လွန်း လှပါသော ဒေါ်သွန်းခင်ခင် တစ်ယောက် ပျော်မဆုံး ဖြစ်နေလေသည်။ လက်ထဲမှ ဆံချပုဝါစကို ကိုင်ထားရင်း သားကိုတလှည့် ခင်ပွန်းကိုတလှည့် ကြည့်မဆုံး ပျော်မဆုံး ဖြစ်ရလေသူက သွန်းခင်ခင်ဆိုရင် မမှားပါဘူး။ လိမ်မာလွန်းသော သားဖြစ်သူအား သူမအဖြစ်ချင်ဆုံး ရှင်ပြုပွဲလေးကို ကျင်းပခွင့်ရသည့် အတွက်လည်း ပျော်မဆုံးပေ။

သူမအဖြစ်ချင်ဆုံး ဆန္ဒတွေကို အမြဲဖြည့်ဆည်း ပေးတတ်သော ခင်ပွန်းသည် ဦးထက်ပိုင်ထွန်းဧ။် သူမအပေါ် ထားသော မေတ္တာကို မြင်ယောင်ခံစားရင် ပျော်ရွှင်မိ ရလေသည်။ မည်သို့ပင် ဆိုစေ သူနှင့်သူမ တို့ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် နားလည်မှု ထားပြီး စောင့်ထားအပ်တဲ့ ကျင့်ဝတ်တွေနဲ့ အိမ်ထောင့်တာဝန်ကို နားလည်မှု များစွာနဲ့ တည်ဆောက်ထားရင်း အများက လေးစားအတုယူ စရာပင် ဖြစ်ရလေသည်။

မိဘစကားကို တစ်သွေမသိမ်း နားထောင်တတ်သော လိမ်မာယဉ်ကျေးသော သားတစ်ယောက်ရဲ့ မိခင်အဖြစ်လည်းကောင်း၊ အိမ်ထောင့်တာဝန်အား လစ်ဟင်းမှု မရှိပဲ ကျေပွန်စွာ ထမ်းဆောင်တတ်သော ဦးထက်ပိုင်ထွန်းဧ။် ဇနီးမယား တစ်ယောက်အဖြစ် လည်းကောင်း သူမဘ၀အား ကျေနပ် ဂုဏ်ယူမိလေသည်။ ရှင်ပြုပွဲလေးမှာ အလှူရှင် နှင့်တကွ ဧည့်ပရိတ်သတ်တွေ ပျော်မဆုံး ဖြစ်နေပေမယ့် ၀ါးရုံပင်များအား အကာအကွယ် ပြုရင်း ထိုရှင်ပြုပွဲအား ကြည့်နေသူ လူတစ်ယောက် ရှိနေသည်ကို မည်သူမျှ သတိမပြု မိကြပေ ။ ထိုသူသည် စုတ်ပြတ်သတ်နေသော သူဧ။်အကျီ င်္ အိတ်အတွင်းမှ ဓာတ်ပုံဟောင်းလေး တစ်ခုအား ထုတ်ကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးကာ တစ်ခုခု အားစိတ်ထိခိုက် ကြေကွဲဝမ်းနည်းစွာနဲ့ ဘုန်းကြီးကျောင်းဝန်း အတွင်းသို့ ရီဝေေ၀ ကြည့်နေလေသည်။

ထိုသူဧ။် ရီဝေေ၀ အကြည့်တွေသည် ဆံချနေသော လူအုပ်စု ကြားမှ လှပကျော့ရှင်းပြီး ကျက်သရေ အဖြာဖြာနဲ့ ပြည့်စုံလှပနေသော ဒေါ်သွန်းခင်ခင်နှင့် လိမ်မာယဉ်ကျေးသော ဇနီးအချောလေးအား ပိုင်ဆိုင်ထား၍ အပျော်ကြီး ပျော်နေသော ခင်ပွန်းသည် ဦးထက်ပိုင်ထွန်းနှင့် ကိုရင်လောင်း အဖြစ် ရောက်ရှိမည့် သူတို့ဧ။် သားဖြစ်သူ သူရိန်ရှိုင်းထက် ။ ယခုကဲ့သို့ ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသော ရှင်ပြုအလှူမှာ သူလည်းပါဝင် ဆင်နွဲခွင့် ရချင်ပါသည်။

“သွန်း ကိုယ့်ကို ခွင့်လွတ်ပါကွာ ၊ ကိုယ့်သားကိုတောင် သားလို့ခေါ်နိုင်စွမ်း မရှိတဲ့ ကိုယ့်လို ယုတ်မာရက်စက်တဲ့ ရောဂါသည်ကြီး တစ်ယောက်ကို ခွင့်လွတ်ပေးပါ သွန်းရယ်။ ”

ဦးနေဘုန်းခေါင် တစ်ယောက် နောင်တတရား များစွာကို ရင်မှာပိုက်ပြီး စိတ်ထဲမှ အကြိမ်ကြိမ် အခါခါ တောင်းပန်ရင်း လက်ထဲမှ ဓာတ်ပုံလေးကို ကြည့်နေလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူငယ်ချင်း ဖြစ်သူ မိုးမိုးရဲ့ မွေးနေ့ပွဲမှာ သူမဧ။်အိမ်သို့ သွားခဲ့စဉ်က သူမရဲ့ မိတ်ဆက်ပေးမှုကြောင့် မိုးမိုးဧ။် အစ်ကိုဝမ်းကွဲဆိုသူ နေဘုန်းခေါင်နှင့် ခင်မင်ရင်းနှီးခွင့် ရခဲ့လေသည်။ အသားဖြူ၍ မပုလွန်း မ၀လွန်းသော ရုပ်ရည်ပြေပြစ်၍ စွဲဆောင်မှု အပြည့်ရှိသော ငွေကြေးချမ်းသာသော နေဘုန်းခေါင်သည် သူမဧ။် ချစ်သူရည်စား ဖြစ်လာလိမ့်မည်ဟု သူမဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ အကြောင်းမရှိ အကြောင်းရှာကာ သူမအား လာလာတွေ့နေသော နေဘုန်းခေါင် အားနေ့စဉ်လိုလို မြင်ရဖန် များလာသော အခါ သံယောဇဉ် တွယ်လာမိ တာကတော့ အမှန်ပင်။ သို့ေ သာ် အခြေအနေ အဆင့်အတန်းခြင်း ကွာခြားလွန်းတဲ့ အတွက်ကြောင့် နေဘုန်းခေါင်အား သူမ မချစ်မိအောင် ကြိုးစားရမည်။ ဒါပေမယ့် အချစ်သည် ရေအလျှင် ကဲ့သို့မြန်ဆန် လွန်းတာကြောင့် သူမ စိတ်ကို မည်သို့မျှ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ သူမသည် မိမိဘ၀ကို ရိုးရိုးသားသား ဖြင့်ကြိုးစားနေသော သာမာန်မိန်းကလေး တစ်ဦးမျှသာ ဖြစ်သည်။ ရုပ်ရည်အတန် အတင့်ရှိ၍ ဥပတိရုပ် သန့်ပြန့်သော အနေအထား တွင်ပါဝင်ပေမယ့် ကိုယ့်ခြေထောက်ပေါ် ရပ်တည်ရင်း ဘ၀အား ဖြတ်သန်းနေသူ သာမာန် မိန်းကလေး တစ်ဦးမျှသာ ဖြစ်သည်။

“သွန်း”

“ရှင် ကိုကို ”

“သွန်း ကိုယ့်ကို တကယ်ချစ်တာလား ”

“ချစ်တာပေါ့ ကိုကို၊ ဒါပေမယ့် သွန်းအခြေအနေနဲ့ ကိုကို့ အခြေအနေက အရမ်းကွာ ခြားလွန်းတော့ သွန်းကြောက်တယ် ကိုကို ”

“ဆင်းရဲတာ ချမ်းသာတာ အဓိက မဟုတ်ပါဘူးကွာ။ အဓိက သွန်းကိုယ့်ကို ချစ်နေဖို့ပါပဲ ။”

“သွန်း အရမ်းချစ်တာပေါ့ ကိုကို ၊ သူများနဲ့ မတူအောင်ကို ချစ်တာပါ ကိုကိုရယ်။ ”

သူမ နေဘုန်းခေါင်ဧ။် ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ထားမိလေသည်။ ချစ်သူ နေဘုန်းခေါင်အား သူမ အလွန်ချစ်သည်။ ပြောမပြတတ်အောင် ချစ်သည်။ သူ့အတွက် ဆိုရင် အသက်ပင်သေသေ ဖော်မပြ တတ်အောင် ချစ်သည်။ ဒါပေမယ့် အခြေအနေ အဆင့်အတန်းခြင်း ထပ်တူမညီတာကို စဉ်းစားမိတိုင်း သူမ သက်ပြင်းအခါခါ ချမိကာ ရင်မောမိလေသည်။ သူမနှင့် ကိုကိုတို့ ဒီဘ၀ ပေါင်းစပ်ခွင့်မှ ရပါလေစ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“သွန်း ကိုယ်တို့ အတူနေ ရအောင်ကွာ။”

“လက်မထပ်ပဲ အတူနေလို့ မသင့်တော်ပါဘူး ကိုကို ။ သွန်းကို တကယ်ချစ်ရင် သွန်းတို့ လက်ထပ်ကြ ရအောင်လေ။”

နေဘုန်းခေါင် တချက်ငိုင်စင်း သွားသည်။ သူမ လက်ထပ်ဖို့ ပြောခြင်းသည် သူ့အား စိတ်စနိုးစနှောင့် ဖြစ်စေခြင်း ဖြစ်သည်။

“ဘာလဲ သွန်းက ကိုယ့်ကို မချစ်လို့လား ”

“မဟုတ်ပါဘူး ကိုကို ။ သွန်း ကိုကို့ကို တကယ်ချစ်ပါတယ်။ ဒါပေမယ့် သွန်း သိပ်ကြောက်တယ်။ ”

“သွန်းက ကိုယ့်ကို မယုံလို့လား ”

“မယုံတာ မဟုတ်ပါဘူး ကိုကို ။ သွန်းလေ သွန်း သွန်းသိပ်ကြောက်လို့ပါ ကိုကို ၊ လက်မထပ်ပဲ အတူနေရင် မကောင်းပါဘူး ကိုကိုရယ်။ ”

“တော်ပြီ သွန်း ဘာမှ ထပ်မပြောနဲ့တော့ ကိုယ်သိလိုက်ပါပြီ သွန်းကိုယ့်ကို တကယ်မချစ်ဘူးဆိုတာ ။ ”

နေဘုန်းခေါင် တစ်ယောက် စိတ်အလို မကြခြင်း များစွာနှင့် အပြစ်တင်ပြီး ထွက်ခွာသွားလေသည်။ ဒီကိစ္စနှင့် ပတ်သတ်ပြီး သူမနှင့် မကြာခဏ စကားများခြင်းအတွက် သူမအား စိတ်ပျက်သွား လေခြင်းလား ဆိုပြီးကြုံးမရ ဖြစ်ရသည်လည်း ခဏခဏပင်။ သူမကို ချစ်သော ကိုကို ၊ သူမက ချစ်သော ကိုကို အတွက် ဒီတခါ ကိုကို့ ဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ သွန်းကြိုးစားပါ့မယ်။ ကိုကို တောင်းဆိုသမျှတွေကို မဖြစ်ဖြစ်အောင် သွန်းဖြည့်ဆည်း ပေးပါ့မယ်။ ကိုကိုကျေနပ် နိုင်ပါစေ ။သူမစိတ်ထဲ မှချစ်သူ နေဘုန်းခေါင်အား ပြောဆိုနေ မိလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နေဘုန်းခေါင် သူမအား လာမတွေ့ ၊ ဖုန်းလည်းမဆက် ၊ ဒီရက်နှင့်ဆို ငါးရက်လွန်လို့ တစ်ပတ်ပင် ပြည့်ခဲ့လေပြီ။ ချစ်သူထံမှ အဆက်အသွယ် မရသည့် သူမ ရင်ထဲမှာ ဗလောင်ဆူ ခံစားနေ ရလေသည်။ ကိုကိုဆန္ဒတွေကို သူမမလိုက်လျှော မိခဲ့လို့ သူမကို ကိုကိုစိတ်ပျက် သွားလေပြီလား အတွေးတွေကို ရုတ်သိမ်းရင်း

“ဟာ….ကိုကို ….ကိုကို…”

“ကိုကို သွန်းဆီ လာတယ် ဟုတ်လား။ ”

“ဒါပေါ့ သွန်းရယ်။ သွန်းက ကိုကို့ကို မချစ်ပေမယ့် ကိုယ်က သွန်းကို ချစ်တော့ သွန်းကို ခုလို လာတွေ့ရတာပေါ့။ ”

“ကိုကိုကို့ သွန်း အရမ်းလွမ်းတာပဲ ကိုကိုရယ်။ ကိုကိုတောင်းဆိုသမျှ ကိုကိုဆန္ဒတွေကို သွန်းဖြည့်ဆည်း ပေးပါ့မယ် ကိုကို ”

ဒီလိုနှင့် သွန်းခင်ခင်နှင့် နေဘုန်းခေါင်တို့ ချစ်သူနှစ်ဦး ချစ်သူတို့ ထားအပ်သည့် စည်းကို လူမသိသူမသိ ကျူးလွန်ခဲ့ မိကြသည်။ သူမချစ်သူ နေဘုန်းခေါင်းအား ချစ်လွန်းအားကြီး၍ ချစ်သူဆန္ဒကို ဖြည့်ဆည်း ပေးခဲ့သော သွန်းခင်ခင် အရာအားလုံး ချစ်သူစေ စားရာသာ ဖြစ်နေလေတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ကိုကို အရင်လို မဟုတ်တော့ သလိုပဲနော်၊ ကိုကို သွန်းဆီကို လိုအပ်မှ လာတွေ့နေတာလား။”

“ဘာလို့လဲ သွန်း။ ကိုယ် ခုတစ်လော အလုပ်တွေ များလွန်းလို့ပါ ကွာ။ ”

စိတ်ထဲရှိမှသာ လာတွေ့တတ်သော နေဘုန်းခေါင် အားသွန်းခင်ခင် အပစ်တင်၍ ပြောမိသည်။

“ကိုကို အမြဲပဲ အဲဒီအလုပ်တွေပဲ အကြောင်းပြနေတာ ။ သွန်းမြင်ရတာမှ မဟုတ်တာ။ ကိုကို အပြင်မှာ တခြားမိန်းကလေးတွေနဲ့ ခြေရှုတ်နေတာ သွန်းမသိဘူး မထင်နဲ့ နော်ကိုကို။ ပြီးတော့ ကိုကိုက အရင်က သွန်းချစ်တဲ့ ကိုကိုနဲ့ မတူတော့ သလိုပဲ ၊ သွန်းအပေါ်မှာလဲ ဆက်ဆံတာ အေးစက်စက်နဲ့ တမျိုးပဲ ကိုကို ”

“သွန်း မင်းက တော်တော် စကားများတဲ့ မိန်းမပဲ။ အေးကွာ။ ကိုယ်နောက်တစ်ယောက် ရှာတယ် ဆိုရင်လည်း မင်းအလကား နေရင်းနဲ့ ရာထူး တိုးတာပေါ့ ၊ မဟုတ်ဘူးလား။ ဟားဟား.. ”

စသလိုလို နှင့် ရယ်မောပြော ဆိုနေသော နေဘုန်းခေါင်အား သွန်းခင်ခင် မျက်စောင်းထိုး၍

“ကိုကိုနော် ၊ ကိုကို တခြားမိန်းကလေးတွေ ရှာချင်ရှာပါ။ ကိုကို့ကို သွန်း အပြစ်မပြောပါဘူး။ ဒါပေမယ့် သွန်းမျက်စိ ရှေ့မှာတော့ မမြင်မိ စေပါနဲ့ကိုကို ။ သွန်းခံစား ရလို့ပါ။ ”

“အေးပါကွာ အေးပါ ၊ ကိုကိုမှာ သွန်းတစ်ယောက်ထဲ ရှိတာပါကွာ ”

သွန်းခင်ခင် တစ်ယောက် ကျေနပ်ပြုံးလေး ပြုံးမိလိုက်သည်။ အချစ်တစ်ခုတည်းကို ကိုးကွယ်သော သွန်းခင်ခင် နှင့် မိမိဧ။် ရမ္မက်တစ်ခု တည်းအား ရှေ့တန်းတင် သော နေဘုန်းခေါင်တို့ ရည်စားလည်းမက ၊ လင်မယား အရာလည်း မမြောက်ပဲ လူမသိ သူမသိ ချစ်သူရည်စား ဘ၀ဖြင့်သာ နေကြရင်း နှစ်နှစ်ဆိုသော အတိုင်းအတာ တစ်ခုသို့တိုင်ခဲ့လေပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ကိုကို ၊ သွန်းတို့ ဒီလိုပဲ နေသွားကြ တော့မှာလား ကိုကို ”

“သွန်းက ဒီလိုမနေချင်လို့ ဘယ်လို နေချင်လို့လဲ”

“ကိုကိုကလဲ စကားပြော ပုံကြီးကိုက သိပ်ပေါ့ပျက်တာပဲ”

သွန်းခင်ခင် မျက်စောင်းလေး ထိုး၍ မကျေမနပ်နှင့် ပြောသည်။

“သွန်းကို တရားဝင် ယူဖို့ စိတ်ကူးမရှိ သေးဘူးလား ကိုကို ၊ ဒီလိုပဲ သွန်းတို့နှစ်ပါး သွားနေလို့ မဖြစ်သေးဘူးလေ ကိုကိုရယ်။ ”

“ကိုယ်ဘက်က အခြေမကျ သေးလို့ပါ သွန်းရယ်။ မင်္ဂလာဆောင်တယ် လက်ထပ်တယ် ဆိုတာ လွယ်တာမှ မဟုတ်တာ။ ပြီးတော့ ကိုယ့်မှာလဲ ငွေကြေးအရ သိပ်ခက်ခဲ နေလို့ပါကွာ။ လက်ထပ်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေ တစ်ခုကြောင့်ပါ သွန်းရယ် ။ စီးပွားရေး ကောင်းလာတဲ့ အခါကြ လက်ထပ်တော့ သွန်းကို တင့်တောင့်တင့်တယ် ထားနိုင်တာပေါ့။ မဟုတ်ဘူးလား သွန်း”

“ကိုကိုပြောတာ မှန်ပါတယ် ၊ ဒါပေမယ့် သွန်းတို့ ခုဆိုရင် နှစ်နှစ်ဆိုတဲ့ အချိန်တောင် ရောက်နေပြီလေ။ ကိုကို့အိမ်ကို ဘယ်တော့ဖွင့် ပြောမှာလဲ ၊ ကိုကို့အပေါင်းအသင်း တွေရှေ့မှာ သွန်းဟာ ကိုကို့ ချစ်သူပါလို့ ဘယ်တော့မိတ်ဆက် ပေးမှာလဲ။ ဒီလိုပဲ လူသူမသိအောင် သွန်းကို ထားတော့မှာလား ကိုကို ၊ ”

နေဘုန်းခေါင် တစ်ယောက် သူ့မအား အတင်းလက်ထပ်ပါရန် ပြောနေသော သွန်းခင်ခင် အားမည်သို့ လှည့်ပတ်ရမည်ကို စဉ်းစားရင်း

“မင်းက အတွက် ဒါတွေက အရေးကြီး နေလို့လား သွန်း ၊ ကိုကို့ကို စိတ်ညစ်အောင်တွေ မပြောပါနဲ့ကွာ။ ဒီနေ့ သွန်းနဲ့ပျော်ရအောင် ကိုကိုလာခဲ့တာ ၊ ကိုယ့်ကို ဂျီမကျ ပါနဲ့ကွာ။ ကို့ကို နားလည်ပေးပါကွာ နော်။”

သွန်းခေါင်းလေးကို သပ်၍ ပြောနေသော ကိုကို အား သွန်း သက်ပြင်းချ၍ ကြည့်နေလေသည်။

“သွန်း ကိုကို့ကို စိတ်ညစ်အောင် ပြောနေတာ မဟုတ်ပါဘူးကိုကို ၊ ဖြစ်သင့်တာကို ပြောနေတာပါ။ အခု ကိုကို့ပုံက သွန်းအပေါ် အရမ်းအေးစက် နေသလို သွန်းခံစား နေရတယ်။ ဘာလဲ သွန်းက ကိုကို့မိသားစုဝင် မဖြစ်ထိုက်လို့လား ပြောစမ်းပါဦး ကိုကိုရဲ့။ ”

“မင်းသိပ်စကား များပါလား သွန်း ။ ဒါမလို့လဲ ငါမင်းကို စိတ်ကုန်တာ ။ မင်းကို သံယောဇဉ် ရှိလွန်းလို့ ငါခုလို လာနေနေတာပဲ။ မင်းငါ့ကို စိတ်ညစ်အောင် လုပ်နေတာလား သွန်း။ ”

“ဘယ်လိုပြောလိုက်တယ် ကိုကို ၊ အခုတော့ သွန်းကို စိတ်ကုန်တယ် ဟုတ်လား ။ သွန်းဝမ်းနည်းတယ် ကိုကို ၊ ဟင့်ဟင့်.. သွန်း တကယ် ၀မ်းနည်းတယ်။ သွန်းမှာ ဘာအပြစ်တွေ ရှိနေလို့လဲ ကိုကို ”

“မငိုနဲ့ မင်းကိုပြောလိုက်ရင် အမြဲတမ်း မျက်ရည်နဲ့မျက်ခွက်။ အဲဒါတွေပဲ ငါမင်းကို စိတ်ပျက်တာ။ အလကား နေရင်း ငိုနေတယ်။ တော်ပြီကွာ။ ငါပြန်တော့မယ်။ ”

“ကိုကို…ကိုကို..”

သွန်းခင်ခင် ခေါ်ပါသော်လည်း နေဘုန်းခေါင် လှည့်၍ပင် မကြည့်ပဲ ထွက်သွားလေသည်။ “ကိုကိုက အမြဲတမ်း ဒီလိုပဲ စကားပြောရင် ဘယ်တော့မှ အပြောမခံပဲ ခေါင်းရှောင်ထွက်သွားတယ် ”

သူမတစ်ယောက်တည်း တိုးညင်းစွာ ပြောဆိုလိုက်ကာ ဟင်းးးးသူမသက်ပြင်းရှည်ကြီးကို လေးပင့်စွာ ချမိလေသည်။ ချစ်သူသက်တမ်း တစ်လျှောက်မှာ သူမတို့ နှစ်ယောက် တွေ့လိုက်တိုင်း ကြည်နူးရသည့် အချိန်ထက် စကားများ နေရသည့် အချိန်က ပိုများသည်။ ချစ်သူသက်တမ်း နှစ်နှစ်ကျော်မှာ နေဘုန်းခေါင်ဧ။် တရားဝင် ချစ်သူရည်စားပါလို့ ပတ်ဝန်းကျင်မှာ ပြောဖို့ အခွင့်အရေး မရသေးပေ။ သူမ ဘာဆက်လုပ် ရမည်နည်း။

ချစ်တာတစ်ခု တည်းကြောင့် သူနှင့်သူမတို့ ဘ၀ကို အတူနေထိုင် ဖြတ်သန်းနေခြင်း ဖြစ်သည်။ ယခု ကိုကိုဘက်မှ သူမအား တရားဝင် လက်ထပ်ပေါင်းသင်းယူဖို့ အကြောင်းအမျိုးမျိုး ပြနေလေသည်။ ယခုချိန် ကြမှတော့ သူမဘာဆက် လုပ်ရမည်နည်း။ သူမအတင်းအကြပ် ပြောလျှင်ပင် ကိုကိုနှင့် စကားများပြီး ကိုကို စိတ်ကုန်ရုံက လွဲ၍ သူမအတွက် ထူးခြားမှု ရှိမှာမဟုတ်ပေ။ ယခုမူ နေဘုန်းခေါင် သူမနှင့် စကားများပြီး ကတည်းက မဆက်သွယ်တာ ဆယ်ရက်ကျော်လောက် ပင်ရှိနေလေသည်။ အချစ်တစ်ခုကို ယုံကြည်ကိုးကွယ် ခဲ့မိ၍ သူမဘ၀ အရှုံးကြီး ရှုံးရလေပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟော…ဒါကိုကို့ ကားသံပဲ ကိုကို လာပြီလား မသိဘူး ။ သူမအား လာခေါ်ခြင်း ဖြစ်သည်။ သူမပြင်ဆင်ပြီး နေဘုန်းခေါင် ခေါ်ရာသို့ လိုက်သွားခဲ့သည်။

“သွန်း ကိုယ်တို့တွေ ဒီလိုအတူ နေရတာကို ပျော်လား”

“ပျော်တာပေါ့ ကိုကိုရဲ့။ သွန်းက ကိုယ်နဲ့သာဆိုရင် ဘယ်မှာပဲ နေရနေရ ပျော်တယ်။ ကိုကိုသာ သွန်းရဲ့ အနားမှာ ရှိရင် စိတ်ချမ်းသာတယ်။ သွန်းကို ခွဲမသွားနဲ့နော် ကိုကို။ ကိုကိုနဲ့သာ ဝေးရမယ် ဆိုရင် သွန်းတော့ သေသွားလိမ့် မယ်ထင်တယ် ကိုကို”

“ခွဲမသွားပါဘူး သွန်းရယ်။ သွန်းတာ ကိုယ့်ကို ချစ်မယ် ကိုယ့်စိတ် ဆန္ဒကိုသာ လိုက်လျှောပေးရမယ်နော်”

“အို…ကိုကိုကလည်း ..ဆိုးပြန်ပြီ၊ ကိုကို့ အကြိုက်ကို သွန်းဘ၀ နဲ့ရင်းပြီး လိုက်လျှောထား ပြီးခဲ့ပြီပဲ ကိုကိုရယ် ”

သွန်းခင်ခင် ခေါင်းလေးဝှက်တာ နေဘုန်းခေါင် ရင်ခွင်ထဲ တိုးဝင်သွားလေသည်။ သူမ သိပ်ချစ်ရတဲ့ ချစ်သူကိုကို စိတ်ချမ်းသာ စေဖို့ သူမ အသွေးအသား အသက်ပင် ပေးဆပ်ထားခဲ့သည် မဟုတ်လား။ နေဘုန်းခေါင်အား ရူးရူးမူးမူး ချစ်ခဲ့မိ တဲ့အတွက် သူမဘ၀ တသက်တာလုံး ပေးဆပ်သွားဖို့ ဆုံးဖြတ်ထား ခဲ့လေသည်။ အချစ်ဟာ ပေးဆပ်ခြင်း တစ်ခုဆိုရင် မှန်ပါသည် နေဘုန်းခေါင် အတွက် သူမ အသက်ပင် ပေးဆပ်ဖို့ ၀န်မလေးသူ တစ်ဦးပါ။ ချစ်သူအတွက် လိုအပ်ချိန်တိုင်း အရိပ်အခြေမပြတ် အမြဲစိတ် ချမ်းသာစေဖို့ သူ့ အနားမှာ ပေးဆပ်အချစ်နဲ့ အဖော်အဖြစ် အမြဲတမ်း အတွက်ရှိ နေစေမည်။

“ကိုကို သွန်း ကိုကို့ကို မေးစရာ ရှိတယ် ”

“မေးလေ သွန်း ဘာမေးမလို့လဲ”

“ကိုကို သွန်းကို ပေါ်ပေါ်တင်တင် ဘာလို့မတွဲရဲ ရတာလဲဟင် ၊ သွန်းဟာ ကိုကို့ချစ်သူ တွေပါလို့ ဘာလို့ ပြောဖို့ သတ္တိမ ရှိတာလဲ”

နေဘုန်းခေါင် ခဏတော့ တိတ်ဆိတ်ငြိမ် သက်သွားသည်။

“သွန်း ၊ အဲဒီတွေက ခုချိန်မှာ အရေးကြီး လို့လားကွာ။ ဘ၀မှာ အချစ်ထက် ငွေက အရေးကြီးတယ် သွန်း ။ ဒါမလို့ ကိုကို အိမ်ထောင်ပြုဖို့ထက် ငွေရှာဖို့ပဲ စဉ်းစားတယ် ၊ ငွေရှိရင် ဘယ်အချိန်ပဲ အိမ်ထောင်ပြုပြု ရတယ်၊ကိုကို စီးပွားရေးကောင်းမှ သွန်းကိုတင့်တောင့်တင့်တယ် ထားနိုင်မှာပေါ့။ မဟုတ်ဘူးလား”

“ကိုကိုကလည်း မင်္ဂလာဆောင် လက်ထပ်ပြီးမှ နှစ်ယောက်အတူတူ စီးပွားရှာလည်း ရတာပဲဟာကို၊ သူများတွေလည်း ဒီလိုပဲ ဘ၀ကို ရုန်းကန်ကြိုးစားရင် အောင်မြင်ချမ်းသာသွားတဲ့ လင်မယားတွေလည်း ရှိတာပဲ ကိုကိုရယ်။ ပြီးတော့ သွန်း ငွေကြေးစည်းစိမ်တွေ တစ်ခုမှ မမက်ပါ ဘူးကိုကို”

“သွန်းကလေ ကိုကိုနဲ့ ကလေးတွေမွေးပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ထောင်ချင်တာ ကိုကို ၊ ဘ၀ကို တည်ငြိမ်စွာ တည်ဆောက်ချင်တာ၊ မရှိလည်း အတူတူ ရှိလည်း အတူတူပေါ့ ကိုကိုရယ်။ ”

“ကိုကိုတော့ ကလေးတွေ မမွေးချင်ပါဘူး။ ကလေးတွေလည်း မချစ်ဘူးနော် သွန်း”

စနောက်သလိုလို ပြောနေသော နေဘုန်းခေါင် စကားကို သွန်းခင်ခင် နားထောင်ရင်း

“ဟွန်းးးကိုကိုကလည်း ကိုကိုနဲ့သွန်းနဲ့ ရတဲ့ကလေးကိုတော့ ချစ်မှာပါ ကိုကိုရဲ့။ ကိုယ့်သွေးပဲဟာ မဟုတ်ဘူးလား။”

“ဘာပဲပြောပြော ကိုကိုရယ် သွန်းကိုကိုနဲ့ တည်တည်ကျကျ ဘ၀တစ်ခုကို တည်တံ့အောင် ထူထောင်ချင်ပြီ”

သွန်းခင်ခင်တစ်ယောက် နေဘုန်းခေါင်ဧ။် ရင်ခွင်တွင်း တိုးဝင်၍ တီးတိုးပြောဆိုလိုက်ပြီး ဖက်ထားလိုက်လေသည်။ နေဘုန်းခေါင်မှ ရင့်သက်မောကို လေးပင့်စွာ ချနေလေသည်။ သွန်းခင်ခင်နဲ့ တွဲနေတုန်းက အပျော်သဘောနှင့်သာ တွဲနေသော်လည်း ယခုမူ သူမမှ သူ့အား လပ်ထပ်ပါရန် အတန်တန် ပြောနေသောအခါ သူစိတ်ရှုတ် ရသည်မှာ အမှန်ဖြစ်လေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုကို ကိစ္စတစ်ခုနှင့် ခရီးသွားမယ် တစ်လလောက် ကြာမယ်လို့ သူမအား ပြောဆိုထားခဲ့လို့ သူမ ကိုကို နှင့် မတွေ့ဖြစ်ခဲ့ပါ။ ကိုကို သူမဆီ ရောက်မလာသည့် နေ့ရက်တိုင်းဟာ သူမအတွက်တော့ အဆွေးပင်လယ်ကို လက်ပစ်ကူး နေရသူလို မောပန်းလွန်း လှပါသည်။

“ဟင်…ကိုကို…ဟုတ်ပါတယ် ဒါကိုကိုမှ ကိုကို အစစ်ပါ။ ဘေးမှာလည်း ကောင်မလေး ငယ်ငယ်ချောချော လေးနဲ့ပါလား။ နံဘေးက ကောင်မလေးနဲ့ ကိုကိုနဲ့က ဘာလဲ ဘယ်သူလဲ။ ”

သူမတစ်ကိုယ်တည်း ရေရွတ်ရင်း ဆောက်တည်ရာ မရဖြစ် နေလေသည်။ သူမ ကိစ္စတစ်ခုဖြင့် မြို့ထဲသို့ သွားစဉ် နေဘုန်းခေါင်ဧ။် ကားအား လှမ်းတွေ့လိုက် မိလေသည်။ သူမရင်တွေ ဗလောင်ဆူကာ နှလုံးခုန် ရပ်သွားမတတ် ဖြစ်သွားခဲ့သည်။ သူမ ကိုကို့ကို အလုပ်ကိစ္စနှင့် ခရီးသွား နေခဲ့သည်ပဲ ထင်နေခဲ့သည်။ ဒါပေမယ့် အခုတော့ သူမ ချစ်တဲ့ ကိုကို တခြားတစ်ယောက်နှင့် တွဲနေလေခြင်း ဖြစ်သည်။

သူမကိုကို့အား အပြည့်အ၀ ယုံကြည်ထား မိခဲ့၍ ကိုကို့နှင့် ပတ်သတ်သမျှအား မစုံစမ်းခဲ့ပေ။ အချစ်တစ်ခုတည်းနှင့် ကိုးကွယ် ရှင်သန်နေထိုင်သူ သူမအဖို့ ကိုကိုနှင့် ပတ်သတ်လာလျှင် မျက်စိနှစ်ဖက်လုံး ပိတ်၍ ချစ်မိခဲ့လေသည်။ သူမ ယခုမှ စ၍ ကိုကို့အား စုံစမ်းရပါတော့မည်။ ကိုကို သူမအား ချစ်တာလား ကစားတာလား ဆိုတာ သူမသိအောင် လုပ်မှ ဖြစ်ပေတော့မည်။ ကိုကို သူမအား တစ်လနီးပါး အဆက်အသွယ် မလုပ်ဖြစ်တုန်းက အလုပ်ကိစ္စနှင့် ခရီးထွက် သွားသည်ဟုသာ သူမ သိထားရသည်။ တကယ်တမ်းတော့ ကိုကို မိန်းကလေး တစ်ယောက်နှင့် ခရီးအတူ နှစ်ယောက်သား သွားခြင်းဖြစ်သည်။

သူမ အရမ်းချစ်သော ကိုကိုက ထိုမိန်းကလေးနှင့် လက်ထပ်ဖို့ အထိ အစီအစဉ် ရှိထားသည် ဟုလည်း သိရလေသည်။ သူမ နှလုံးသွေး ရပ်မတတ် ဖြစ်သွားရလေသည်။သူမချစ်တဲ့ ကိုကိုသည် အလွန်စန်းပွင့်ပြီး မိန်းကလေးတွေ တ၀ိုင်းဝိုင်းနဲ့ အလွန်ပွေရှုတ်သူ ဖြစ်ကြောင်း သူမယခု သိရလေပြီ။ မိန်းကလေးပေါင်း များစွာနှင့်လည်း လက်မထပ်ပဲ အတူနေ ထိုင်သည်ဟု သိခဲ့ရသည်။ ထိုအထဲမှာမှ သူမကတော့ ဘ၀တစ်ခုလုံးကို ပုံရင်းပြီး အချစ်ကြီး ချစ်ခဲ့ရသူ ဖြစ်လေသည်။ နှစ်နှစ်တာ ဆိုသည့် ကာလတစ်လျှောက်မှာ သူမ ကိုကို့အပေါ် သစ္စာမဖောက်ပဲ ကိုကို့တစ်ယောက်ထဲပဲ စွဲမြဲစွာ ချစ်ခဲ့မိသည်။အသားကဖြူဖြူ မျက်ခုံးမျက်ဖန် ကောင်းကောင်းနဲ့ ရုပ်ရည်ပြေပျစ်လှသော နေဘုန်းခေါင် တစ်ယောက် ယနေ့ခေတ် အနေအထားအရ စီးပွားရေး အတင့်အတင့်နဲ့ ကိုယ်ပိုင်ကားတစ်စီး အပါအ၀င် ကျယ်ဝန်းသော အိမ်နှင့်ခြံဝန်းကို ပိုင်ဆိုင်ထားသူ အပြောအဆို ကျေညက်သော နေဘုန်းခေါင် အဖို့မှာတော့ ပျိုမေတိုင်းအတွက် စွဲငြိစေသည်မှာ မဆန်းလှပါ။

ထိုသို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်သော နေဘုန်းခေါင် တစ်ယောက် သွန်းခင်ခင် နောက်ကွယ်တွင် မိန်းကလေးများနှင့် ထည်လဲတွဲ နေသည်ကို သွန်းခင်ခင် တစ်ယောက် မသိခဲ့ ရလေခြင်းက အချစ်ကြောင့် မျက်စိနှစ်လုံး အဆိပ်သင့် ကန်းနေခဲ့ရသူ မဟုတ်ပါလား။ ဒါသည်ပင် သူမအတွက် ကံကြမ္မာရဲ့ အလှပဆုံး ဖြစ်တဲ့ ၀ဋ်ဆိုသော လက်ဆောင်ဖြစ် နေခြင်းလားဆိုတာ သူမမသိတော့။ဒီလိုနှင့်သူမ နေဘုန်းခေါင်အား မိန်းမများနှင့် မကြာမကြာ တွေ့မိလေသည်။ သူမရင်ကို ကျင်စက်နှင့် တို့ပြီးဒဏ်ခတ် နေရော့သလား သူမရင်တွေ မွန်းကြပ်ပိတ်လှောင်ပြီး ခံစားနေရပါသည်။ နေဘုန်းခေါင်ဧ။် ကားပေါ်တွင် မိန်းကလေးများကို မရိုးရအောင် မြင်တွေ့နေသည်မှာ သွန်းခင်ခင်အဖို့ ရင်ထဲမှာတော့ တစ်ဆစ်ဆစ် နာကျင်ပြီး နှလုံးသွေး ရပ်မတတ် ခံစားရလေသည်။ကိုကို ဘာလို့ခြေလှမ်းတွေ ပျက်နေရတာလဲ။

ငါ့ကိုကြတော့ အမျိုးမျိုး ညည်းပြလိုက်တာ ငါကတော့ ကိုကို့ကို အပြည့်အ၀ ယုံကြည်ခဲ့မိလို့ မျက်စိနှစ်လုံးလုံး အကန်းဘ၀ ရောက်ခဲ့ရ သလိုမျိုး ကိုကိုနဲ့ ပတ်သတ်တာတွေကို ငါမျက်ကွယ်ပြု ထားခဲ့ပါလား။ ကိုကို ရယ် သွန်းက ကိုကို့ကို တကယ်ချစ် ခဲ့တာပါ ။ ကိုကို့ကို နားလည်မှု အများဆုံးနဲ့ ပေးဆပ်မှု့ အများဆုံး အချစ်နဲ့ ချစ်ခဲ့တာပါ ။ ခုတော့ ကိုကို ရက်စက်လိုက်တာ ။ သွန်းခင်ခင် သက်ပျင်း အကြိမ်ကြိမ်ချရင်း ပါးပြင်မှ မျက်ရည်များကို သုတ်၍ စိတ်ထဲမှ ပြောဆိုနေခြင်း ဖြစ်လေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ကိုကို ခြေလှမ်းတွေ အရမ်းပျက် နေပါလား ၊ ကိုကို အသစ်တွေ့ရင်လည်း သွန်းကို ပြောပါ၊ သွန်းကို ကြိုးရှည်ရှည်နဲ့တော့ မဆွဲထားပါနဲ့၊ သွန်း ကိုကို့ကြောင့် စိတ်ပင်ပန်း လွန်းလှပါပြီ ကိုကိုရယ်။ ကိုကို မချစ်တော့ ဘူးဆိုရင် သွန်းကို ပြောပါကိုကို ၊ ကိုကို့ကို သွန်းအပြည့်အ၀ နားလည်ပါတယ်။ ”

သွန်းခင်ခင် တစ်ယောက် နေဘုန်းခေါင်နှင့် ပတ်သတ်၍ သူမမြင်ခဲ့ဖူး ကြားခဲ့တာတွေကို အချက်အလက်နှင့် မေးမြန်းပြောဆို သောအခါ နေဘုန်းခေါင် တစ်ယောက် မည်သို့မျှ ငြင်းဆန်နိုင်ခြင်း မရှိပေ။

“ကိုယ်မလိမ်ပါဘူး သွန်း။ ဒါပေမယ့် ကိုယ့်အတွက် ပေးဆပ်နေရတဲ့ သွန်းကို ကိုကိုသနား မိတာတော့ အမှန်ပဲသွန်း။ ဒါမလို့လဲ သွန်းကို ကိုယ်မပြော ရက်ခဲ့ဘူး။ ကိုယ်သွန်းကို ယူဖြစ်မှာ မဟုတ်ဘူး သွန်း။ ”

သွန်းခင်ခင် တစ်ယောက် အံ့သြလွန်း၍ နေဘုန်းခေါင်အား ငေးလျှက်သား ကြည့်နေမိသည်။

“ရှင်……..ကိုကို ဘယ်လိုပြောလိုက်တယ်”

သွန်းခင်ခင် တစ်ယောက် အံ့သြလွန်း၍ မျက်လုံးလေး အပြူးသားနှင့် နေဘုန်းခေါင်အား ကြည့်ပြီး မေးလိုက်သည်။

“ကိုကို…သွန်းကို ခွဲမသွားပါနဲ့။ သွန်းကို မရက်စက် ပါနဲ့ကိုကိုရယ်။ သွန်း ကိုကိုနဲ့ မခွဲနိုင်ဘူး ။ သွန်းကို သနားပါ ကိုကိုရယ်။ ကိုကို့ကို သွန်း မခွဲနိုင်ဘူး ။ ဟင့်..ဟင့်”

သွန်းခင်ခင် မျက်ရည်သို့ စီးကျရင်း သူမသိပ် ချစ်ရသော ချစ်သူနေဘုန်းခေါင်အား အသနားခံ ပြောနေလေသည်။

“ကိုယ်အမှန်ပြောရရင် သွန်းကို ကိုယ်သနားတာက လွဲလို့ ခံစားလို့ မရတော့ဘူး ။ ဒါပေမယ့် အချစ်ထက် သံယောဇဉ် တစ်ခုကြောင့်သာ ကိုယ်သွန်းကို ဆက်တွဲနေတာပါ။ ကိုယ်သွန်းကို ခွဲဖို့လည်း စိတ်ကူးမရှိပါဘူး ။ဒါပေမယ့် သွန်းနဲ့ ပေါင်းစပ်လို့ မဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုကြောင့် ဆိုတာပဲ ကိုယ့်ကို နားလည်ထား ပေးပါသွန်း ”

“ဒါဆို သွန်းကို ဘာလို့ အစက ချစ်တယ်လို့ ပြောခဲ့ရတာလဲ”

“ဒီတုန်းက ကိုယ့်စိတ်က မင်းကို သာယာမိသွားလို့ပါ”

“သွန်း တောင်းပန်ပါတယ် ကိုကိုရယ်။ သွန်းကို လမ်းခွဲစကားတော့ မပြောပါနဲ့နော်။ သွန်းမှာ ကိုကို မက်လောက်စရာ ဘာတစ်ခုမှ မရှိတာကို သွန်းသိပါတယ်”

“မင်းနဲ့ငါ့ ဘ၀တစ်ခုကို တည်ဆောက် လို့ရမယ့် ငါ့ခံစားချက် ကုန်ဆုံးသွားလို့ပါပဲ။ ”

“သွန်း ကိုကို့အနားမှာ ဘယ်လိုပဲ နေရနေရ ၊ ကိုကိုနဲ့ပဲ နှစ်ကိုယ်တူ ဘ၀တစ်ခုကို ထူထောင် ချင်တာပါ ကိုကို ။ သွန်း တခြားဘာကိုမှ မမျှော်လင့်ပါဘူး ကိုကိုရယ်။ ”

သွန်းခင်ခင် တစ်ယောက် နေမင်းခေါင် ခြေထောက်အား ဖက်၍ တိုးလျှိုးတောင်းပန် ပြောဆိုနေရာ နေမင်းခေါင် တစ်ယောက် စိတ်အပျက်ကြီး ပျက်နေရလေသည်။ ကိုယ်ချစ်ကို ပေးခဲ့မိသူ တဖက်သတ် အချစ်နှင့် သွန်းခင်ခင် တစ်ယောက် အဘယ်မှာ တတ်နိုင်မည်နည်း ။ ချစ်သူပွေသမျှ ရှုတ်သမျှ အား သဘောထား ကြီးကြီးနှင့် ခွင့်လွတ်ပေးထား ရုံကလွဲ၍ မည်သို့မျှ ပြောဆိုပိုင်ခွင့် မရှိခဲ့ပါ။ သံယောဇဉ်သည် အချစ်ထက် ပိုမိုခိုင်မြဲသည်ကို အပြည့်အ၀ ယုံကြည် နားလည်ထားသော သွန်းခင်ခင် တစ်ယောက် သူမအား နေဘုန်းခေါင် ထားသွားမှာကို အကြောက်ဆုံးပင်။

“သွန်း မင်းလင်တ ရူးနေပြီလား ၊ မင်းမှာ မာနဆိုတာ မရှိတော့ဘူးလား။ ကိုယ်ဟာမင်းအတွက် ဘာမှမဟုတ် လောက်ပါဘူးကွာ။ မင်းလည်းကြာရင် ငါ့ကိုမေ့သွားမှာပါ။ ဒီတော့သွန်း ကိုယ်တို့ အမုန်းမပွားဘဲ အေးအေး ဆေးဆေးပဲ လမ်းခွဲကြ ရအောင်ကွာ ။ လူနှစ်ဦး ပေါင်းဖက်ဖို့က အဓိက စိတ်ပဲလို့ ကိုယ်ထင်တယ်။ ခု ငါမင်းကို ဘယ်လိုမှ ခံစားလို့မှ မရတောတာ ဘယ်လိုလုပ်ရမလဲ။ နှစ်ယောက်လုံး မနစ်နာခင် ကိုယ်တို့လမ်းခွဲတာဟာ မင်းအတွက်လဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒီတော့ မင်းဘ၀ကို မင်းအကောင်းဆုံး တည်ဆောက်ပါ ။ ငါ့ကိုလည်း မဆက်သွယ်ပါနဲ့ ၊ အကောင်းဆုံးက မင်းငါ့ကို မေ့လိုက်ပါ သွန်း ၊ ”

သူဧ။်ခြေထောက်အား ဖက်ထားသော သွန်းခင်ခင်ဧ။် လက်မှရုန်းထွက်ရင်း နေဘုန်းခေါင် ပြောနေလေသည်။

“ကိုကို ၊ ကိုကို ဟာ သွန်းရဲ့ အနာဂဏ် ၊ ကိုကို ဟာ သွန်းရဲ့ အရှင်သခင် ၊ ကိုကိုဟာ သွန်းရဲ့ဘ၀ ၊ ကိုကိုဟာ သွန်းရဲ့ အိပ်မက်ပါ။ အဲဒီထက်တောင် ပိုအောင် ကိုကို့ကို ချစ်ခဲ့ရတာပါ ၊ သွန်းကို ခွဲမသွားပါနဲ့ ။ ကိုကို………..ကိုကို………………ကိုကို…………”

စကားပင် မဆုံးလိုက် သွန်းခင်ခင် ငိုရင်း ချစ်သူဖြစ်သူ နေမင်းခေါင်အား ပြေးလိုက် ခေါ်သော်လည်း နေဘုန်းခေါင် ကားကို တရှိန်ထိုး မောင်းထွက်သွားလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ကိုကို ဘာပဲဖြစ်ဖြစ် သွန်းက ကိုကို့ကိုချစ်တော့ ကိုကိုအနားမှာ ဘယ်လိုပဲ နေရနေရ သွန်းကျေနပ်ပါတယ်။ သွန်းကို လက်ထပ်တာ လက်မထပ်တာ သွန်းအတွက် အရေးမကြီး တော့ပါဘူး ။ သွန်းအနားမှာ ကိုကိုရှိ နေဖို့သာ အဓိကပါ ကိုကိုရယ် ။ ”

သွန်းခင်ခင် တစ်ကိုယ်တည်း စိတ်ထဲမှ ရေရွတ်ပြီး ဘေးမှာ ရှိနေသော သစ်ပင်အား နေဘုန်းခေါင် အမှတ်ဖြင့် တင်းကြပ်စွာ ဖက်ထားလိုက်သည်။ ။ သူမအနားမှ နေမင်းခေါင် ထာဝရ ထွက်သွားမှာကို သူမအရမ်း ကြောက်ရွံမိသည်။ အချစ်ကို ကိုးကွယ်သူ ဖြစ်တဲ့ သူမအတွက် နောက်ဆုံး ရလာဒ်က လမ်းခွဲခြင်းလား။ သူမ ရူးသွပ်စွာ ခံစားနေရတာကို ဘယ်လိုကုသ ရမည်နည်း။ အစွဲအလမ်း ကြီးလွန်းသူ သူမအဖို့ သိပ်ကို ရူးသွပ်လွန်း နေပြီလား။ သူမ သိပ်ခံစားရသည်။ သူမ သိပ်ချစ်လွန်းခဲ့၍ ရင်ပေါက်မတတ် ခံစားနေရသည်။

တောင်းဆု တစ်ခုသာ ပြည့်ခဲ့မယ် ဆိုရင် ထိုဆုသည် သူမသိပ်ချစ်သော ချစ်သူ နေဘုန်းခေါင် တစ်ယောက် သူမအနား ပြန်လာဖို့ပင် ဖြစ်သည်။ ချစ်သူက အလိုမရှိတော့၍ စွန့်ခွာသွား ခံရသော သူမအတွက် ဘယ်အရာမှ ကုစား၍ မရနိုင်ခဲ့ချေ။ အသဲကွဲ ဒဏ်ရာကို သူမမည်သို့ ကုသရမည်နည်း ။ အချစ်တစ်ခုကြောင့် အရှုံးကြီး ရှုံးခဲ့ရသူ အတွက် သူမသိပ်ကို ခံစားရလွန်းသည်။ သူမ ဒီခံစား ရမှုတွေက လွတ်မြောက်အောင် အဝေးဆုံး ထွက်ခွာသွား ချင်မိသည်။ ထို့ကြောင့် သူမဘ၀ကို အဆုံးသတ်ရန် သူမအကြိမ်ကြိမ် သေကြောင်းကြံ စည်မိသည်။ သို့သော် မအောင်မြင်ခဲ့ပေ။

~~~~~~~~~~~~~~~~~~~~~~~~

ဘုရား….ဘုရား…သူမ စိုးထိတ်စွာဖြင့် ဘုရားတ မိလေသည်။ အကုသိုလ် ဆိုတာ သူလာရင် အဖွဲ့လိုက် လာသည်မဟုတ်ပါလား။ ခုသူမ သိလိုက်ပါပြီ။ ချစ်သူရည်စားရဲ့ အစွန့်ပစ်ကို ခံရတာ မကြာသေး ၊ ယခု မအီမလည် နှင့် ပျို့အန် နေခြင်းမှာလည်း သွေးရိုးသားရိုး ဖြစ်နေသည် မဟုတ်ဟု သူမထင်မိ လိုက်လေသည်။ သူမထင်သလို မဟုတ်ပါ စေနဲ့လို့ သူမကျိတ်၍ ဆုတောင်းမိသည်။ သူမအတွေးလွန်၍ သေချင်လောက်အောင်ကို ဖြစ်သွားသည်။

သူမခံစား နေရတာကို နေဘုန်းခေါင်အား ဖွင့်ပြောသင့် မပြောသင့် စဉ်းစားမိသည်။ ဖြစ်လာသမျှ ကိစ္စအား မပြောပဲ သူမတစ်ယောက်ထဲ ခံပြီး ကိုယ့်ကိုကိုယ် သတ်သေပစ်မည် ၊ စသည့် ဇဝေဇ၀ါ ချီတုံချတုံ အတွေးတွေက သူမအား ခြောက်ခြားစ ပြုနေလေသည်။ သူမသေချာအောင် စစ်ဆေးမည်။ အကယ်၍ ဟုတ်ခဲ့လျှင် သူမကလေးအတွက် အသက်ရှင်မှ ဖြစ်တော့မည်။ နေဘုန်းခေါင်ဧ။် အချစ်အား ပြန်လည်ရယူရန် သူမဆက်ကြိုးစားမည်။ အတွေးတို့ကို ရပ်ပစ်ရင်း လက်က နေဘုန်းခေါင်ဧ။် နံပါတ်လေးအား နှိတ်မိလိုက်လေသည်။

“ဟ…ဟဲ…..လို…… ကို…ကို………. ကိုကိုလားဟင် သွန်းပါ”

“ပြောသွန်း ဘာကိစ္စလဲ”

“ကိုကို့ကို ပြောစရာ ရှိလို့ သွန်း ကိုကိုနဲ့ တွေ့လို့ရ မလားဟင် ”

“မင်းနဲ့ငါ တွေ့ဖို့ မလိုအပ်တော့ဘူး ထင်တယ်သွန်း”

“ကိုကို့အတွက် မလိုအပ်ပေမယ့် သွန်းအတွက် လိုအပ်တယ် ကိုကို။ သွန်းမှာ ကိုယ်ဝန်ရှိ နေပြီနဲ့ တူတယ်ကိုကို”

“ဘာာာာ …. မင်း ဘာ ပြောလိုက် သွန်း ” “ဟုတ်တယ် ၊ သွန်းမှာ ကိုယ်ဝန် ရှိနေပြီလား မသိဘူး ” “မင်း…မင်း…ဟာာာာ သွန်း”
ခေါင်းနပန်း ကြီးသွားသူ နေဘုန်းခေါင် တစ်ယောက် ကျယ်လောင်စွာ ထွက်သွားသော အသံကြောင့် တဖက်မှ သွန်းခင်ခင် တစ်ယောက် တုန်သွားလေသည်။

“မင်းဟာက သေချာလို့လားသွန်း ၊ သေချာရော စစ်ပြီးပြီလား ”

“သွန်းလည်း မသိသေးဘူး ကိုကို ၊ သေချာအောင် စစ်ဆေးပြီးမှ သိရမယ်။ ”

“မင်း အခု ဘယ်မှာလဲ သွန်း ငါလာခဲ့မယ် ဟုတ်ပြီလား မင်း ငါ့ကို စောင့်နေ”

ပြောပြောဆိုဆို နေမင်းခေါင် တစ်ယောက် ဖုန်းကိုချပြီး အသက်ရူ ခဏမျှ ရပ်တန့်သွားခဲ့သည်။ အကယ်၍သာ သွန်းခင်ခင် မှာသာ သူနှင့်ရသော ကိုယ်ဝန်ရှိခဲ့မည် ဆိုပါက သူလျှောက်ရမည့် လမ်းတွင် အနှောင့်အယှက် ဖြစ်လာနိုင်သည်။ ဒါဆိုသူဘာလုပ် ရမည်နည်း ။ သူ လက်မထပ်ချင်ပါ ။ သွန်းခင်ခင် ဆိုသူ မိန်းကလေးအား သူဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုထဲသို့ ဘ၀လက်တွဲ ဖော်အဖြစ် မထည့်ချင်ပါ။ မှန်ပါသည် သူ သွန်းခင်ခင်အား အပျော်သဘောဖြင့် တွဲခဲ့မိသော်လည်း သံယောဇဉ် ရှိသည်။ သို့ရာတွင် သံယောဇဉ် ရှိသော်လည်း သူ့အသိုင်းအ၀ိုင်း အတွင်းသို့ သွန်းခင်ခင် အား မည်သို့မျှ မသွင်းချင်ပါ။ သူမရှိရာသို့ နေဘုန်းခေါင် ကားမောင်းထွက် လာခဲ့လေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ကိုကို သွန်းမှာ ကိုယ်ဝန်ရှိတာ ဟုတ်တယ် ၊ သွန်းဘယ်လို လုပ်ရမလဲကိုကို ၊ ”

“ဟင်”

နေဘုန်းခေါင် ခေတ္တမျှ တွေဝေငိုင်စင်း သွားသည်။

“သွန်း မင်းအမှန် အတိုင်းဖြေ ဒီကိုယ်ဝန်က ငါနဲ့ရတဲ့ ကိုယ်ဝန်မှ ဟုတ်ရဲ့လား ”

“ရှင်”သွန်းခင်ခင် တစ်ယောက် မထင်မှတ်ထားသော နေဘုန်းခေါင်ဧ။် စကားလုံးကို သူမနားနှင့် ကြားရလေသော အခါ အံ့သြမိလေသည်။

“ကိုကိုဘယ်လို ပြောလိုက်တာလဲ ၊ သွန်းရဲ့သိက္ခာကို စော်ကားလိုက်တာလား ကိုကို၊ သွန်းတစ်သက်မှာ ကိုကို ကလွဲပြီး သွန်းဘယ်သူနဲ့မှ မဖောက်ပြန်ခဲ့ဘူး ကိုကို ၊ ဒါ ကိုကို နဲ့ရတဲ့ ကိုယ်ဝန်ပါ။ ”

“သွားစမ်းပါ သွန်းရာ။ မင်းငါ့ကို ကိုယ်ဝန်အကြောင်းပြပြီး ချုပ်မယ်တော့ မကြံနဲ့။ ငါ့ကို ကလေးဗန်းပြပြီး အကြပ်ကိုင် ချင်တာလား သွန်း။ မင်းနဲ့ငါ ဇာတ်လမ်းက ပြီးဆုံးသွား ပြီဆိုတာ မမေ့ပါနဲ့။ ”

နေဘုန်းခေါင် တစ်ယောက် ပေါက်ကွဲကာ နေရံကို လက်ဝါးနှင့် တချက်ထိုးလိုက်ပြီး ကျိတ်မနိုင် ခဲမရ ဖြစ်နေလေသည်။

“ကိုကို… ဘာလို့ သွန်းကို အဲ့လိုစွပ်စွဲ ရတာလဲ။ သွန်း ဘယ်သူနဲ့မှ မဖောက်ပြန်ဘူး ဆိုတာ ကိုကိုအသိဆုံး ဖြစ်မှာပါ ၊ ဒီကလေးဟာ ကိုကို့ကလေးပါ။ ကိုကိုက သွန်းရဲ့ ပထမဆုံး ချစ်သူပါ။ ကိုကို အဲ့ဒါကို ယုံပေးပါ။ ”

ချစ်သူ နေဘုန်းခေါင် အား တောင်းပန်တိုးလျှိုး နေသော သွန်းခင်ခင် ။ ချစ်သူအား ယုံမိလို့ ပုံမှားအပ်ခဲ့မိလေသော သွန်းခင်ခင် တစ်ယောက် ယခုလို ချစ်သူရဲ့ ငြင်းပယ်ခြင်းကို ခံရတော့ သူမရင်တွေ မီးဟုန်းဟုန်း တောက်လောင်ပြီး ဗလောင်ဆူ နေလေသည်။

“ဒီမှာသွန်း မင်း မာယာသုံး ပြီး ငါနဲ့ဇာတ်လမ်း ပြန်ဆက်ချင်လို့ လိမ်ပြောနေတာလား။ မင်းနဲ့ငါ ဇာတ်လမ်းက ပြတ်နေပြီ။ မင်းငါ့ကို ဒုက္ခမပေး ပါနဲ့ကွာ။ မင်းကို ကိုယ်နောက်ဆုံး ပြောမယ်သွန်း။ ငါ လှည်းကျိုးထမ်း ဖို့ထိတော့ မမိုက်မဲသေး ပါဘူးကွာ။ ခုချိန်ကစပြီး မင်း ငါနဲ့မဆက်သွယ် ပါနဲ့တော့။ ငါ့ဘ၀ကို မဖျက်ဆီး ပါနဲ့ကွာ၊ ငါတောင်းပန်ပါတယ်။ ”

“သွန်းချစ်တာ ကိုကို့ကိုပါ။ သွန်း ကိုကို့ရဲ့ အသိုင်းအ၀ိုင်း ဂုဏ်ပကာသန စည်းစိမ်ကို မက်လို့မဟုတ်ပါဘူး ကိုကိုရယ်။ သွန်း သစ္စာဆို ရဲပါတယ်။ ”

“သစ္စာ ဟုတ်လား သွန်း ၊ သစ္စာဆိုတာ မင်းတို့လို အပိုင်ကိုင်ချင် ကြိုးချည်ချင်နေတဲ့ ခပ်ညံ့ညံ့ မိန်းမတွေရဲ့ လက်သုံးစကားပဲ။ ငါမယုံဘူးသွန်း။ ဒီကလေးဟာလည်း ငါနဲ့ရတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး သွန်း။ ငါ မင်းနဲ့ ဒီလောက်တွဲနေတာ မင်းကို သံယောဇဉ် ရှိလို့ တွဲနေတာ ။ အကယ်၍ ငါနဲ့ရတဲ့ ကလေးဆိုရင် မင်း ဒီကလေးကို မွေးလို့မဖြစ်ဘူး ၊ မင်းဖြတ်ချ ပစ်ရမယ်။”

သူမ နေဘုန်းခေါင်အား အံ့သြစွာ စိုက်ကြည့် နေမိလိုက်သည်။ သူမ မထင်မှတ် ထားသော စကားတွေနဲ့ ပြောဆိုနေသော နေဘုန်းခေါင်အား သူမနာ ကျည်းမိလေသည်။

“ဘာ ကိုကို ၊ ဒီကလေးကို ဖြတ်ချပေးရမယ် ဟုတ်လား ၊ ဘယ်လိုများ ပြောလိုက်တာလဲ ကိုကိုရယ် ။ ပြောရက်လိုက်တာ။ ကိုကို့မှာ စာနာသနား စိတ်နဲနဲမှ မရှိတော့ဘူးလား။ ”

“ဒီမှာကိုကို ၊ မိန်းမတစ်ယောက်မှာ မိခင်စိတ် ၀င်သွားရင် အဲဒီမိန်းမဟာ ဘယ်လိုအရေး အကြောင်းကိစ္စ နဲ့ပဲကြုံကြုံ သူ့အတွက် အသက်ဘေးနဲ့ ကြုံနေပါစေ သူ့ကလေးအတွက် သူဘ၀ တစ်ခုလုံး ပေးဆပ် ကာကွယ်ပြီး ရှင်သန်နေ ထိုင်ကြတယ်ကိုကို။ ဒါဟာ မိခင်တိုင်းရဲ့ သားသမီး အပေါ်ထားတဲ့ မေတ္တာ စေတနာပဲ ”

“သွန်း မင်းမရူးချင် စမ်းပါနဲ့ကွာ။ မင်းအသက် အရွယ်က ငယ်ပါသေးတယ်။ မင်း ဒီကလေးကို မမွေးရဘူး။ မင်းကို ကိုယ်နစ်နာကြေး ပေးပါ့မယ်။ မင်း ဒီကလေးကို မမွေးပါနဲ့။ မင်းဒီကလေးကို ဖျက်ချလိုက်ပါ။ ဖျက်ချဖို့အတွက် ကိုယ်အားလုံး တာဝန်ယူ ပေးပါ့မယ်။ ”

“ဘာ ဒီမှာကိုနေဘုန်းခေါင် ၊ ရှင်လူမှ ဟုတ်သေးရဲ့လားဟင်။ ရှင်ဆက်မပြော ပါနဲ့တော့။ ဘာလဲ ရှင့်ကို ဒီကလေးနဲ့ ကျွန်မလိုက်နှောင့် ယှက်မယ်လို့ ထင်နေလို့လား၊ ဒီမှာရှင် စိတ်ချနေပါ။ ကျွန်မ ရှင့်အကူအညီ တပြားတချက်မှ မပါပဲ ဒီကလေးကို မွေးပြမယ်။ မိန်းမတစ်ယောက်ရဲ့ မိခင်စိတ်နဲ့ မိခင်တို့ရဲ့ သတ္တိ ဘယ်လောက် ပြင်းထန်လဲဆိုတာ ရှင်တစ်နေ့ ကောင်းကောင်းကြီး သိရမှာပေါ့ရှင်။ ရှင့်ဆီက ကျွန်မဘာမှ မမျှော်လင့်ပါဘူး။ ရှင့်ကို စည်းစိမ်ဂုဏ်မက်လို့ ကျွန်မချစ်ခဲ့တာ မဟုတ်ဘူး။ ကျွန်မကို ငွေနဲ့လာ မပေါက်ပါနဲ့ နောက်ပြီး ဒီကလေးကို ဖျက်ချဖို့ ကျွန်မဘယ်လိုမှ လက်မခံနိုင်တာ စိတ်မကောင်းပါဘူး။ ဒီကလေးကို ကျွန်မရအောင်ကို မွေးပြမယ်”

“မင်း ရူးနေပြီသွန်း”

သွန်းခင်ခင် တရစပ် ပြောဆိုနေသော စကားအား နေဘုန်းခေါင် တစ်ယောက် ကြောက်ရွံစွာဖြင့် သွန်းခင်ခင်အား တားမြစ်လေသည်။ သူလျှောက်မည့်လမ်းမှာ တချိန်ချိန် ဒီကလေးနဲ့ ပတ်သတ်ပြီး သူ့ အိမ်ထောင်ရေး ၊ မိသားစု မှာ အနှောင့်အယှက်တစ်ခု ဖြစ်လာလိမ့်မည်ကို တွေး၍ ကြောက်ရွံနေမိသည်။

“သွန်း ၊ ကိုယ့်ကို ချစ်ရင် ကိုယ့်စကားကို နားထောင်ပေးပါ သွန်းရယ်။ ကိုယ်တောင်းပန်ပါတယ်။ ဒီကလေးကို မမွေးပါနဲ့ကွာ။ ”

“ရှင်ဘာတွေ စိုးရိမ်နေတာလဲ ကိုနေဘုန်းခေါင်၊ ဒီကလေးဟာ ရှင့်ကလေး မဟုတ်ပါဘူးလို့ ရှင်ငြင်းပြီးပြီပဲ မဟုတ်လား ၊ ဒီတော့ ကျွန်မမွေးမှာကို ဘာအတွက် စိုးရိမ်နေ ရတာလဲ။”

“မဟုတ်ဘူး သွန်း ။ မင်းရူးနေလား ။ စိတ်ကူးမယဉ်ချင် စမ်းပါနဲ့ကွာ။ မင်းလည်းအရွယ် ရှိတဲ့ မိန်းမတစ်ယောက်ပါပဲ။ တစ်ချိန်ချိန် ငါ့ထက်သာတဲ့ ယောင်္ကျားကောင်း နဲ့မင်းတွေ့နိုင် ပါသေးတယ်။ ခုပြောနေ တာတွေက ငါမင်းအတွက် စဉ်းစားပြီး ပြောနေတာပါကွာ။ မဖြစ်နိုင်တဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်း တစ်ပုဒ်ကိုလည်း ဆက်မက ချင်တော့ဘူး ၊ ပြီးတော့…..”

“ဒီမှာ ကိုနေဘုန်းခေါင်၊ ကျွန်မဘ၀ကို ရှင်နဲ့တည်ဆောက်ဖို့ ကျွန်မ အများကြီး စိတ်ကူးယဉ်ပြီး အိပ်မက်မက်ခဲ့တယ်။ ဒါပေမယ့် အခု ရှင်က ကျွန်မအိပ်မက်တွေကို တစ်စစီ ရိုက်ချိုးပစ်ခဲ့တယ်။ ကျွန်မအနာဂဏ်ကို ရှင်ဖျက်ဆီးခဲ့တယ်။ ကျွန်မ အမှားကြီး မှားခဲ့တယ် ၊ ကျွန်မ ရှင့်ကို ချစ်ခဲ့မိတာ တကယ့်ကို အမှားကြီး မှားခဲ့တာပဲ။ ရှင့်ကို သစ္စာမတည် ယုတ်မာတဲ့ ယောင်္ကျားလို့ ကျွန်မ ဘယ်တုန်းကမျှ မထင်ထားမိဘူး။ ရှင်ဟာ တာဝန်မဲ့တဲ့ ယောင်္ကျား တစ်ယောက်ဆိုတာ ကျွန်မ သိလိုက်ရ ပြီးတဲ့နောက် အင်မတန် ရွံမိတယ်ရှင်။ ရှင်တစ်နေ့ နောင်တတွေနဲ့ ၀ဋ်မလည် ပါစေနဲ့လို့ ကျွန်မ ဆုတောင်းပေးပါတယ် ။ ရှင့်ဘ၀ ထာဝရ ပျော်ရွှင်ချမ်းမြေ့နိုင် ပါစေလို့ ဆန္ဒပြုခဲ့ ပါတယ်ရှင်”

နေဘုန်းခေါင် ရှေ့တွင် သူမခံနိုင်ရည်စွမ်း မရှိတော့ပဲ အမြန်ဆုံး သူ့ အနားမှ ပြေးထွက်လာခဲ့သည်။

“သွန်း…. သွန်း သူမကြားနိုင်စွမ်း မရှိတော့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူမ ၀မ်းနည်းစွာ မျက်လုံးပေါက်မတတ် ငိုကြွေးရခြင်းကြောင့် မျက်နှာတစ်ခုလုံး မို့ယောင်းနေသည်။ သူမရဲ့ အိမ်မက်ကတော့ ကိုကိုနှင့် အတူပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းပြီး မိသားစု ကမ္ဘာလေး တည်ဆောက်ဖို့ပင် ဖြစ်သည်။ ယခုမူ သူမရဲ့ ထိုအိပ်မက်လေး ပျက်စီးသွား ခဲ့ရပါပြီ။ လောကကြီးရေ ကျွန်မကို တုံပြန်လိုက်တဲ့ ကံတရားရဲ့ ထိုးနှက်မှုက အချစ်တစ်ခုကို ဘ၀နဲ့ ပေးဆပ်လို့ ရလိုက်တဲ့ လက်ဆောင်က ကျွန်မအတွက် ခါးသည်းလွန်းပါတယ်။ အဲဒီလက်ဆောင်က ကမ္ဘာမြေအတွက် အချစ်ရဲ့ အနာကျည်းဆုံး ဒဏ်ခတ်ခံရတဲ့ မိခင်လောင်း တစ်ယောက်ကို ပေးပို့စေလွတ်ခြင်း အဖြစ်တဲ့လား။

ကျေးဇူးတင်ပါတယ် လောကကြီးရယ် ၊ ပုခက်လွဲ တဲ့လက်က ကမ္ဘာကို အုပ်စိုးပြီး လောကကို ခါးစောင်းတင်နိုင်အောင် ကျွန်မ ဒီနေ့က စပြီး ကြိုးစားမယ်။ သူမအားလုံးကို စွန့်လွတ်၍ အဝေးဆုံးသို့ ထွက်သွားပါပြီ။ သူမဘ၀တွင် သူမသိပ် ချစ်ခဲ့ရသော ကိုကို့ရင်သွေးလေးနှင့် ဘ၀ကို ပျော်ရွင်စွာ တည်ဆောက်ဖို့ အားမွေးရမည်။ သူမကလေးအတွက် သူမအသက် ဆက်ရှင်သန် နေရမည်။ သူမအားလုံးကို မေ့ပျောက်နိုင်အောင် ကြိုးစားရမည်။

သူမဒီမြို့လေးကို သူငယ်ချင်း တစ်ယောက်ရဲ့ ပေးထားခဲ့ဖူးသော လိပ်စာကြောင့် ရောက်ရှိလာ ခဲ့ခြင်း ဖြစ်သည်။ အေးချမ်းလွန်းလှတဲ့ ဒီမြို့ကလေးမှာ သူမဘ၀ကို အသစ်တဖန် ပြန်လည် တည်ဆောက်ရမည်။

“လောလောဆယ်တော့ နင် တခြားမသွားဘဲ ငါ့အိမ်မှာပဲ နေပါ သွန်းရယ်။ ငါတတ်နိုင်သလောက် နင့်အနားမှာ ကူညီပါ့မယ် ။ ခုလို ကူညီခွင့် ရတာကိုပဲ ငါက၀မ်းသာပါပြီ။ ဘာပဲဖြစ်ဖြစ် ငါ့ကို ဒီလိုအချိန်မှာ သတိရပြီး ငါ့ဆီရောက်အောင် လာခဲ့တဲ့ အတွက် နင့်ကို ကျေးဇူးတင် ပါတယ်ဟာ။”

အကြောင်းစုံ သိလိုက်ရသော သူငယ်ချင်း ဖြစ်သူ နန်းသီတာမှ နှစ်သိမ့်စကား ဆိုလာသောအခါ သွန်းခင်ခင် ၀မ်းနည်းရင်း ငိုနေလေ မိလေသည်။

“တိတ်ပါ သူငယ်ချင်းရာ ၊ ၀မ်းမနည်း နေပါနဲ့တော့။ ငါအစွမ်းကုန် ကူညီပါ့မယ်။ ငါ့အိမ်မှာ နင်ပျော်သလောက် နေလို့ရတယ်။ ဒီအိမ် ဒီခြံမှာ နင်လာနေတော့ င့ါအတွက်က အဖော်ရလို့ ပိုတောင်ပျော် မိပါသေးဟာ။”

သွန်းခင်ခင်ကို အားပေးနှစ်သိမ့် စကားပြောဆိုရင်း ဖက်ထားလိုက်သည်။

“နင်တို့မြို့လေးက သာယာလိုက်တာဟာ။ ”

“ဟုတ်တယ်သွန်း၊ ဒါမလို့ ငါလည်း ဒီဒေသကို မခွဲနိုင်တာ”

မမောနိုင် မပန်းနိုင်ဖြင့် သွန်းခင်ခင်အား သူမတို့ ဒေသမြို့တစ်ပတ်ကို လိုက်လံပြသ ရှင်းပြ ပေးနေသော နန်းသီတာကို အားနာစွာဖြင့်

“သူငယ်ချင်း သီတာ၊ ငါ့အတွက်နဲ့ နင်……….”

သူမစကားပင် မဆုံးလိုက် ၊ စကားလုံးတို့ကို နန်းသီတာဧ။် လက်ကလေးတွေက သူမ နှုတ်ခမ်းလွှာထက်မှာ တားဆီးခံ ထားလိုက်သည်။

“ကဲ..ဒီနေ့က စပြီး ငါ့ကို အားနာစရာ ဘာမှ မလိုဘူး ၊ နောက်ပြီးဝမ်းနည်းစရာ ကိစ္စတွေကို နင်ခုထဲက မေ့လိုက်တော့။ ဟုတ်ပြီလား သူငယ်ချင်း ။ လာ…..ဟိုဘက်နား လျှောက်ရအောင် ”

သူမအပေါ် အရမ်းနားလည်လွန်းသော သူငယ်ချင်း နန်းသီတာအား စိတ်ထဲမှ ကျေးဇူးတင် စကားခဏခဏ ဆိုမိလေသည်။ သူမအတွက် ဒီဒေသက လူတွေဟာ ရိုးသားပြီး ဖော်ရွေလွန်းသည်။ သူမ ဒီမြို့လေးတွင် နေထိုင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ သူမအတွက် ဒီလိုနွေးထွေး ပျူငှာသော သူငယ်ချင်းနှင့် ဒေသလေး တစ်ခု မရှိမဖြစ် လိုအပ်နေသည် မဟုတ်လော ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~

“နန်း ငါ့လေ နင်တို့မြို့လေးမှာ နေပြီး မွေးလာမယ့် ကလေးနဲ့ ဘ၀တစ်ခုကို အေးချမ်းစွာ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပြီ သူငယ်ချင်း။ ”

“၀မ်းသာတယ် သွန်း ၊ နင့်ကို ငါကြိုဆို လျှက်ပါဟယ်”

တည်ငြိမ်စွာ ပြောဆိုလာသော သွန်းစကားကို နန်းသီတာ ဂရုတစ်စိုက် နားထောင်နေလေသည်။

“ငါ့မှာ ပါလာတာ ငွေနဲ့ လက်ဝတ်လက်စားတွေကို ရောင်းချပြီး တစ်ခုခု လုပ်ပြီး ငွေရှာရမယ်။ ဆိုင်လေး တဆိုင်လောက် ဖွင့်ရင် ကောင်းမလား စဉ်းစားတယ် နန်း”

“အင်း ၊ ဒီစိတ်ကူးက မဆိုးပါဘူး သွန်း။ နင်ဘာဆိုင်ဖွင့်ဖို့ ဆုံးဖြတ်ထားလဲ။”

“ဘာဆိုင်လဲ ဆိုတာတော့ အသေအချာ မဆုံးဖြတ်ရ သေးပါဘူးဟာ၊ ရှိတဲ့ငွေလေး မပျောက်ပျက် ရအောင်ရယ် ၊ ကလေးမွေးဖွား ဖို့အတွက် ခုထဲက ရှာထားမှ အဆင်ပြေမှာလေ။ ”

“နောက်ပြီး ငါ့ကို ဈေးသိပ်မကြီးတဲ့ ငှားမယ့်အိမ်ခန်း တစ်ခန်းလောက် ရှာပေးပါလား နန်း ”

“ဟာ….သွန်းရာ ၊ နင် ငါ့အိမ်မှာ ဘာမှ အားနာစရာ မရှိပါဘူးဟ။ နင် တစ်သက်လုံး နေမယ်ဆိုလည်း ရတယ်။ ငါ့အိမ်နဲ့ခြံက အကျယ်ကြီးပဲဟာ။ နင် စိတ်ကြိုက် နေလို့ရပါတယ်။ တခြားသွား နေစရာ မလိုပါဘူး ဟာ။ ပြီးတော့ ငါလည်း နင် တခြားမှာ သွားငှားနေမယ်ဆို စိတ်မချဘူးသွန်း ”

“ ဒီလောက် ငါ့ကိုကူညီတာတင်ပဲ ငါက ကျေးဇူးတင် အားနာလှပါပြီ သူငယ်ချင်းရာ”

“အို……နင် ပျော်မယ်ဆိုရင် တစ်သက်လုံး နေသွားလို့ ရပါတယ်။ ”

အားပေးဖော် သူငယ်ချင်း နန်းသီတာဧ။် ကျေးဇူးတွေ သူမအပေါ် အလွန်တရာ များပြားလွန်း လှပါသည်။ သူမ အတွက်နှင့် နန်းသီတာအား ဒုက္ခမ ပိုစေချင်။

~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်ကိုလစား လကိုရက်စားရင်း သားလေး သူရိန်ရှိုင်းထက်ပင် တီတီတာတာ ပြောတတ်သော နှစ်နှစ်သားပင် ရောက်ရှိလို့ နေပါသည်။ သားလေး သူရိန်ရှိုင်းထက်အား သူငယ်ချင်း ဖြစ်သူ အပျိုကြီး နန်းသီတာ အပါအ၀င် အိမ်နီးချင်း မိတ်ဆွေအတော် များများက တုံနေအောင်ကို ချစ်ကြပါသည်။ သားလေးကို ချစ်စနိုးနှင့် ထက်ထက်ဟုသာ ခေါ်ဆိုသော သူငယ်ချင်း ဖြစ်သူ နန်းသီတာလည်း တီတီတာတာ ပြောတတ်လွန်းသော သားလေးကို အကဲပို အချစ်ပို နေရသည်။

သွန်းခင်ခင် တစ်ယောက် သူမဘ၀တွင် သားလေးသည်သာ ပထမ ၊ သူမရဲ့ အနာဂဏ် အားလုံး ဒီသားလေး အပေါ်တွင်တာ ၊ သားလေးသည် သူမအတွက် မရှိမဖြစ် အားဆေးတစ်ခွက်ပင် ။ သူမရဲ့ အတိတ်က အရိပ်ဆိုး နှင့် ဘ၀အမောတို့သည် သားလေးရဲ့ မျက်နှာကြောင့် အားလုံး ပျောက်ဆုံးကာ သူမရဲ့ နေ့ရက်တိုင်းသည် ပျော်ရွှင်ကြည်နူးစရာ အတိနှင့် ပြည့်စုံနေလေသည်။

“အား”

ကျယ်လောင်သော အသံဖြင့် ကွန်ကရစ် ခင်းထားသော ကားလမ်းထက်တွင် သွန်းခင်ခင် တစ်ယောက် လဲကျသွားလေသည်။ နန်းသီတာနှင့် သားလေး ထက်ထက် ပြေးလာပြီး သူမအနားသို့ ရောက်ရှိချိန်တွင် သွန်းခင်ခင် တစ်ယောက်သတိလစ် မေ့မျှောသွားလေသည်။

“သွန်း….သွန်း…………..သွန်းခင်ခင် အားပွေ့၍ ခေါ်နေသော နန်းသီတာ ၊ ကားပေါ်မှ ကားမောင်းလာသူ ဆင်းလာသည်ကို မျက်လုံးစိမ်းစိမ်း ကြီးများဖြင့် ကြည့်ကာ

“ရှင်…ရှင်…ဘယ်လိုလုပ် လိုက်တာလဲ။ ကျွန်မ သူငယ်ချင်း သေပြီလား မသိဘူး။ ကြည့်ပါဦး ”

သွေးရူးသွေးတန်းနှင့် ဗျာများနေသော နန်းသီတာအား

“ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်တို့ နီးစပ်ရာ ဆေးရုံကို အမြန်ခေါ်သွားမှ ဖြစ်မယ်။ ”

ထိတ်လန့်စွာဖြင့် ပြောဆိုနေသော ကားမောင်းသူမှာ သွန်းခင်ခင်အား ပွေ့၍ ကားပေါ်တင်လိုက်လေသည်။ သားလေးထက်ထက်နှင့် နန်းသီတာတို့မှာလည်း ကားနှင့်လိုက်၍ ဆေးရုံသို့ သွားလေသည်။

“လူနာက အသက် အန္တာရယ်တော့ မစိုးရိမ် ရတော့ပါဘူး။ လန့်သွားတဲ့ အရှိန်ကြောင့် သတိလစ် နေတာပါ။ ဒါပေမယ့် သူ့ခြေထောက်ကို အရိုးပြန်ဆက် ဖို့အတွက် ကျောက်ပတ်တီး စည်းထားပေးပါတယ်။ လူနာကို နားနားနေနေ ဖြစ်နေပါစေ။ လူနာသတိ ရလာရင် ကျွန်တော်တို့ကို ခေါ်လိုက်ပါ။”

“ဟုတ်ကဲ့ပါ ဒေါက်တာ ၊ ကျေးဇူးအများကြီး တင်ပါတယ်။”

နန်းသီတာနှင့် ထိုသူမှာ ယခုမှပင် စိုးရိမ်နေသော သူတို့ဧ။် ရင်ထဲက အလုံးကြီး ကျသွား၍ သက်ပြင်းချနိုင် သွားလေသည်။ “ဟာ သတိရလာပြီ သွန်း သွန်း သတိရလာပြီနော် သူငယ်ချင်း ”

သွန်းခင်ခင် လက်တဖက်ကို ကိုင်၍ သူငယ်ချင်း ဖြစ်သူ နနးသီတာမှ ၀မ်းသာအားရ ပြောလိုက်လေသည်။

အားးးးးးး ကျွတ်…ကျွတ်…. ခေါင်းကို လက်ကကိုင်၍ စုတ်တသတ်သတ် ဖြစ်နေသော သွန်းခင်ခင်အား ကားမောင်းသမား ဖြစ်သူမှ တောင်းပန်စကား ဆိုလိုက်လေသည်။

“ကျွန်တော့်နာမည် ထက်ပိုင်ထွန်းပါ။ ခုကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော့ဘက်က မှားတဲ့အတွက် အနူးအညွတ် ကျွန်တော်တောင်းပန် ပါတယ်ခင်ဗျာ ကျွန်တော်ကားကို မဆင်မခြင် မောင်းမိတာကို ခွင့်လွတ်ပါ။”

“အို မဟုတ်တာပဲရှင် ”

“ကျွန်မ ရှေ့မကြည့် နောက်မကြည့် ပြေးထွက်လာမိလို့ ဖြစ်ရတာပါ။ ကျွန်မအမှားပါ။”သွန်းခင်ခင် ပြုံး၍ပင် ပြန်ဖြေလိုက်လေသည်။

“လောလောဆယ်တော့ စိတ်ချရအောင် ဆရာဝန်က မသွန်းခင်ခင်ကို ဒီမှာ တစ်ရက်လောက် နားခိုင်းထားပါတယ်။ ကျွန်တော့ကို ပြန်ခွင့်ပြု ပါခင်ဗျာ၊ ညနေတစ်ခေါက် ကျွန်တော် ထပ်လာခဲ့ ပါဦးမယ်။ ”

စကားပြော ယဉ်ကျေးပျူငှာ၍ ယောင်္ကျားပီသသော ဥပတိ ရုပ်ပိုင်ရှင် ကိုထက်ပိုင်ထွန်း သည် စင်စစ် လူကုံသည် ပညာတတ် အသိုင်းအ၀ိုင်းမှ ဖြစ်သည်ကို ခန့်မှန်းမိ နိုင်လေသည်။ ခြေထောက်ကို ခြောက်လလောက် ကျောက်ပတ်တီးစည်း ထားရဦးမည်ဟု နန်းသီတာမှ ပြောသောကြောင့် သူမခြေထောက်အား သူမကြည့် မိလေသည်။

~~~~~~~~~~~~~~~~~~~~~~~~

သို့နှင့် ဆေးရုံမှ ဆင်းရသော အခါတွင်လည်း ကိုထက်ပိုင်ထွန်းမှ အိမ်အထိ တွဲ၍လိုက်ပို့လေသည်။

“ကျွန်တော်က လုပ်ငန်းကိစ္စနဲ့ ဒီမြို့လေးကို ခဏအလည် လာတာပါ။ မထင်မှတ်ပဲ ကျွန်တော့်ကြောင့် ဒီလိုကိစ္စတွေ ဖြစ်သွားရတာ စိတ်မကောင်း ဖြစ်ရပါတယ် မသွန်းခင်ခင် ”

“သွန်းကို ရင်းရင်းနှီးနှီး သွန်းလို့ပဲ ခေါ်လို့ရပါတယ် ကိုထက်ပိုင်ထွန်းရယ်”

“ဟုတ်ကဲ့ သွန်း ၊ ဒါဆို ကျွန်တော့ကိုလည်း သူငယ်ချင်း တွေခေါ်သလို ကိုပိုင်လို့ ပဲခေါ်ပါဗျာ”

“ဟုတ်ကဲ့ပါကိုပိုင်”

သူမတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် ကြည့်၍ ရယ်မိလေသည်။ လိုလေသေး မရှိအောင် ဂရုစိုက်ပြီး အိမ်သို့မကြာမကြာ ရောက်ရှိလာသော ကိုထက်ပိုင်ထွန်းနှင့် သွန်းခင်ခင်တို့ မိသားစုလေး တနေ့တခြား ပို၍ရင်းနှီး လာလေသည်။ သားလေး သူရိန်ရှိုင်းထက်မှ ကိုပိုင့်အပေါ် ခင်တွယ်သလို ကိုပိုင်မှလည်း သားလေး သူရိန်ရှိုင်းထက်အား ချစ်လေသည်။

ခြံထဲတွင် နှစ်ယောက်သား ပြေးလွှားဆော့ ကစားနေသော ကိုထက်ပိုင်ထွန်းနှင့် သားလေး သူရိန်ရှိုင်းထက် တို့ပျော်ပျော်ပါးပါး ကစားနေတာကို ကြည့်ရင်း မဆီမဆိုင် နေဘုန်းခေါင် ဆိုသူအား သတိရ မြင်ယောင်မိလေသည်။ သားလေးထက်ထက် သူ့အဖေ ရင်းနဲ့သာ ဒီလိုမျိုး ပျော်နေမယ်ဆိုရင်…..သွန်းခင်ခင် ညည်းဘာတွေ လျှောက်တွေးနေတာလဲ ကိုယ့်ကိုကိုယ် သတိပြန် လှမ်းပေးရင်း ဆော့ကစားနေသော ထက်ပိုင်ထွန်း နဲ့သားဆီသို့ ငေးမောကြည့်ကာ ဖခင်မရှိသော သားလေးအတွက် စိတ်မကောင်း ဖြစ်ရလေသည်။

“သွန်း မနက်ဖြန်ဆိုရင် သွန်းခြေထေက် ပတ်တီးဖြေ ရတော့မယ်နော်။ ”

“ဟုတ်တယ်ကိုပိုင် ”

“ဒါဆိုကျွန်တော် မနက်ဖြန် သွန်းကို ဆေးရုံသွားဖို့ လာခေါ်မယ်နော် ။ သွန်းအဆင်သင့် ဖြစ်အောင် လုပ်ထားလိုက်လေ”

သို့နှင့် ဆေးရုံတွင် ကျောက်ပတ်တီး ဖြေပြီးနောက် လက်ကိုင်တုတ်ကို အားပြုပြီး လျှောက်လှမ်းပေမယ့် ကိုပိုင်မှ တွဲ၍ လမ်းလျှောက် လေ့ကျင့်ခန်း အတူတူလုပ်ရာ သွန်းခင်ခင် ကိုပိုင့်အား အားနာမိလေသည်။

“သွန်းကို ခုလို ဂရုတစိုက်နဲ့ အဖော်လုပ်ပြီး လမ်းလျှောက်ပေးတာ ကျေးဇူးတင်ပါတယ် ကိုပိုင် ”

~~~~~~~~~~~~~~~~~~~~~~~~~~~

“သွန်း လမ်းကောင်းကောင်း လျှောက်နိုင်ပြီပဲ ၊ ၀မ်းသာစရာပဲ။ ဒါနဲ့သွန်း …ငါတို့ခြံကြီး မကြာခင် ရေထဲမျှော သွားတော့မယ်”

“ဟင်…ဘာဖြစ်လို့လဲ နန်း”

“အော် ကိုပိုင်ပေါ့ ချောင်းပေါက်မတတ် ဒီအိမ်ကို ရောက်လွန်းလို့ တို့ခြံ ရေမြုပ်တော့ မယ်ပြောတာ။ နင်လည်း စဉ်းစားသင့်နေပြီ သွန်း”

“ငါကဘာကို စဉ်းစားရမှာလဲ မီမီ၊ ”

“အော် ကိုပိုင်ပေါ့ နင့်အပေါ် လိုတာထက် ပိုပြီးဂရုစိုက် လွန်းလို့ပြောနေတာ ၊ နင်စဉ်းစား မယ်ဆိုရင် ကိုပိုင့်လို လူမျိုးက နင့်အတွက် အကောင်းဆုံး အသင့်တော်ဆုံးပဲ သွန်း ၊ နင့်သား အပေါ်ကိုလည်း ကြည့်သင့်တယ်လေ ၊ သူမှာ အဖေတစ်ယောက် ရှိဖို့လိုအပ်နေပြီ သွန်း ၊ ပြီးတော့ နင့်အပေါ် ကိုပိုင် စိတ်ဝင်စား နေတယ်ဆိုတာ သိသာလွန်း နေတယ်နော် ၊ ခုနင်နဲ့ကိုပိုင့် အခြေအနေ ဘယ်အတိုင်းအတာ ထိရှိသွားပြီလဲ”

နန်းသီတာဧ။် စကားများကို သွန်းခင်ခင် ပြုံး၍ နားထောင်နေလေသည်။ ဖြစ်နိုင်လျှင် နန်းသီတာသည် သွန်းခင်ခင်အား ကိုပိုင်နှင့် အိမ်ထောင်ပြုရန် သဘောတူလေသည်။

“နန်း ၊ တကယ်တော့ သူဟာ အိမ်ထောင်ပြု ဖို့အတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံး အမျိုးသားပါပဲ၊ ဒါပေမယ့် င့ါလို သားတစ်ယောက် အမေဟာ သူနဲ့ မတန်ပါဘူးဟာ ၊ ”

“ဘာပဲဖြစ်ဖြစ်ပေါ့ဟာ နင်သူ့ကို မငြင်းသင့်ဘူးဟာ ”

“နန်းရယ် ”သွန်းခင်ခင် ရင်ထဲမှ သက်ပြင်းရှည်ကြီး ချလိုက်မိလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~

“ဟော ကိုပိုင်ပါလား ၊ ဘယ်ကနေ ၀င်လာတာလဲ ”

“ဟုတ်တယ်မီမီ ၊ ဒီကိုပဲ တမင်လာခဲ့တာ၊ ဒါနဲ့သွန်းရော”

“ခဏလေးနော် ခေါ်ပေးမယ်။”

ခြံထဲတွင် အပင်ရေလောင်း နေသောနန်းသီတာအား နှုတ်ဆက်ရင်း သူမနဲ့အတူ ကိုထက်ပိုင်ထွန်း ခေါင်လေးညိမ့်ရင်း အိမ်ဘက်လျှောက် လိုက်လာလေသည်။

“သွန်းရေ သွန်း ဒီမှာကိုပိုင်ရောက်နေတယ်၊ ”

နန်းအော်သံကြောင့် အိမ်ထဲမှ သွန်းခင်ခင် ထွက်လာကာ

“ဟော ကိုပိုင် ဘယ်တုန်းက ရောက်လဲ ”

“အခုပဲရောက်တာ သွန်း၊”

“ကဲ သွန်း ရေ ဧည့်ခံလိုက်ဦးနော် ၊ အော်..ကိုပိုင် အေးဆေးစကားပြောနှင့် လိုက်ဦးနော်၊ ကျွန်မ ခြံထဲမှာ အပင်ရေဆက် လောင်းလိုက်ဦးမယ်။”

သွန်းခင်ခင်နှင့် ကိုပိုင်တို့အား နှုတ်ဆက်ပြီး နန်းသီတာတစ်ယောက် ခြံထဲဆင်း သွားလေသည်။

“သွန်း တကယ်တော့ ကိုယ်သွန်းကို ပြောစရာ ရှိလို့ပါ”

“ဟုတ်ကဲ့ ကိုပိုင် ပြောပါ ”ပြောသင့်မပြောသင့် ချိန်ရင်းနဲ့ ရှေ့မျက်နှာ နောက်ထားပြီး ပြောပါတော့မယ် သွန်း“ဘာများလဲ ကိုပိုင်”

“ကျွန်တော့ဘ၀ကို ဒီအသက်အရွယ်ထိ စီးပွားရေး လောကမှာပဲ စိတ်ရော ကိုယ်ရော နစ်မြုပ်ထား ခဲ့တာပါသွန်း၊ ဒီလို တစ်ယောက်ထဲ ဘ၀ကို အထီးကျန်စွာနဲ့ ဒီနေ့အထိ ဖြတ်သန်းလာ ခဲ့ပေမယ့် ဒီနေ့မှာ သိလိုက်ရတာက ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် သွန်းကို စတွေ့ပြီး နောက်ပိုင်းတည်းက စိတ်ဝင်စား ခဲ့တယ်ဆိုတာပါပဲ။”

“ရှင် ”

အံ့သြလွန်းစွာဖြင့် သွန်းခင်ခင် တစ်ယောက် ကိုထက်ပိုင်ထွန်းအား ကြည့်နေမိသည်။

“ဟုတ်တယ်သွန်း၊ ကျွန်တော့ကို လက်ထပ်ခွင့် ပြုပါ၊ ကျွန်တော့ရဲ့ ဘ၀လက် တွဲဖော်အဖြစ် သွန်းကို ကျွန်တော့်အနားမှာ ရှိနေစေချင်တယ်။ ကျွန်တော့်ရဲ့ ခြောက်သွေ့နေတဲ့ ဘ၀လေးကို စိုပြေအောင် ပြုလုပ်ပေး နိုင်တာက သွန်းတစ်ယောက်သာ ဖြစ်တယ်ဆိုတာကို သိလိုက်ရဲ့တဲ့ နောက်ပိုင်း ကျွန်တော်သွန်းကို မိသားဖသား ပီပီတောင်းရမ်း လက်ထပ်ချင်ခဲ့တယ်။”

“ကျွန်တော် သွန်းကို စဉ်းစားဖို့ အချိန်ပေးရမယ် ဆိုတာ သိပေမယ့် ကျွန်တော်ဒီက ပြန်ရင် သွန်းကို တခါတည်း လက်ထပ်ပြီး ခေါ်သွားချင်လို့ပါ”

“သွန်းက သားတစ်ယောက်အမေ ဆိုတာ ကိုပိုင်သိ ပါတယ်နော်၊ ဒီတော့ သွန်းဘ၀နဲ့ ကိုပိုင့်ဘ၀က အများကြီး ကွာခြားလွန်းပါတယ် ကိုပိုင်ရယ်၊ ဒီကိစ္စဟာ ကလေးကစားစရာ တစ်ခုမဟုတ် ဘူးဆိုတာ ကိုပိုင် နားလည်ပါတယ်နော်။ ကိုပိုင့်အသိုင်းအ၀ိုင်း…………….”

သွန်းခင်ခင် စကားပင် မဆုံးလိုက် ကိုထက်ပိုင်ထွန်းမှ သွန်းလက်ကလေးကို ဆုတ်ကိုင်၍

“မနန်း ပြောပြထားလို့ ကျွန်တော်အားလုံး သိပြီးပါပြီ သွန်း၊ ပြီးတော့ သားလေး သူရိန်ရှိုင်းထက်ကိုလည်း ကိုယ့်သားအရင်း တစ်ယောက်လို စောင့်ရှောက်မှာပါ၊ သွန်းတို့သားအမိကို တစ်သက်လုံး စောင့်ရှောက်ပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

“ဒါမင်္ဂလာရှိတာပဲ သွန်း၊ ဘာပဲပြောပြော နင် သူ့ကို ရွေးချယ်သင့်တယ် ၊ နင့်ဘ၀မှာ နေဘုန်းခေါင်လို လူယုတ်မာနဲ့ တွေ့ဆုံခဲ့ပေမယ့် ကံကြမ္မာရဟတ် တပတ်လည်လာလို့ ခုလိုစိတ်ထား မြင့်မြတ်တဲ့ ကိုထက်ပိုင်ထွန်းနဲ့ ဆုံရတာ နင့်အတွက် ကံအကောင်းဆုံးပဲ သွန်း၊ ”

“အေးဟာ ၊ ငါ့ဘ၀မှာ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်ခဲ့ဖူးတော့ ထိတ်လန့်စိုးရွံ မိတာတော့ အမှန်ပဲ မီမီ ၊ သူဟာဘာပဲပြောပြော ယောင်္ကျားကောင်း တစ်ယောက်ဆို တာကိုတော့ ငါလက်ခံပါတယ်”“

သူငယ်ချင်းရယ်”

မည်သည့်ကိစ္စ ပဲဖြစ်ဖြစ် သူမ နှင့် နန်းသီတာတို့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် တကယ့်မောင်နှမ ရင်းချာပမာ နေလာခဲ့ သည့်အတွက် ခုကိစ္စမှာ မီမီမှ ကိုထက်ပိုင်ထွန်းအား သွန်းခင်ခင်နှင့် အရမ်းသဘောတူ နေလေသည် ။

~~~~~~~~~~~~~~~~~~~~~~~~~~

ရုံးတက်လက်မှတ်ထိုး ခင်မင်ရာ အသိမိတ်ဆွေများကို ဧည့်ခံကျွေးမွေးကာ မင်္ဂလာဆောင်ကို အကျဉ်းရုံးပြီး ယောင်နောက်ဆံထုံး ပါအဖြစ် ခင်ပွန်းသည် ကိုထက်ပိုင်ထွန်းရဲ့ နောက်သို့ သွန်းခင်ခင် နှင့် သားလေး သူရိန်ရှိုင်းထက် သို့လိုက်ပါသွားလေသည်။

“သွန်း … ဘာကိစ္စပဲရှိရှိ ဘယ်လိုအခက်အခဲ နဲ့ပဲကြုံကြုံ ငါ့ဆီ အဆက်အသွယ် လုပ်ဖို့ မမေ့နဲ့နော်။ ပြီးတော့ သားလေးကို ခေါ်ပြီး ငါ့ဆီလာလည်ဦးနော်။ နင့်အတွက် ငါ့အိမ်နဲ့ခြံက တံခါးမရှိ အမြဲဖွင့် ထားပါတယ်။”

သွန်းတို့မိသားစုကို နှုတ်ဆက်ရင်း နန်းသီတာ စိတ်မထိန်းပဲ ငိုရင်း မှာစရာများကို တတွတ်တွတ် မှာနေလေသည်။

“အေးပါဟာ နင့်ကျေးဇူးတွေ င့ါတသက် ဆက်လို့ကုန်မှာ မဟုတ်ပါဘူးဟာ ။ ငါနင့်ကို အမြဲတမ်း သတိရ နေမှာပါ နန်းရယ် ”

သွန်းခင်ခင် တစ်ယောက် သူငယ်ချင်း ဖြစ်သူ နန်းသီတာအား ဖက်ထားရင်း ငိုမိလေသည်။

“သား တီတီနန်းကို နှုတ်ဆက်လိုက်ဦးလေ ” ၊ သားဖြစ်သူ သူရိန်ရှိုင်းထက် ဘက်လှည့်ပြောရင်း သားထက်ထက်မှ နန်းသီတာ ဆီလာကာ နှုတ်ဆက်စကား ဆိုလေသည်။“တီတီနန်း တာ့တာနော် ၊ ကောင်းကောင်းနေခဲ့နော် ။”

“အေးပါ သားရယ် အေးပါ။ သားလည်း လိမ်လိမ်မာမာနေနော် ၊ မေမေ့စကားကို နားထောင်နော်သား ၊ တီနန်း တို့ဆီလည်း လာလည်ရမယ်နော်။ တီနန်းကို အမြဲတမ်း သတိရနေနော် သားလေး”

“ဟုတ်ကဲ့ တီနန်း”

နန်းသီတာ ပြောရင်းဖြင့် သားလေး ထက်ထက်အား ဖက်၍ ငိုနေလေသည် ။

“ကဲ နန်း ကျွန်တော်တို့ သွားလိုက်ပါဦးမယ်။ နောက်လည်း လာလည်ပါ ဦးမယ်၊ ကျွန်တော့် တို့ဆီလည်း မနန်း အချိန်မရွေး လာလည် နိုင်ပါတယ်”

နန်းသီတာတစ်ယောက် လက်ပြနှုတ်ဆက်ပြီး ခြံဝန်းထဲမှ ကားဘီးလေး လှိမ့်ကာလှိမ့်ကာ ထွက်ခွာသွားရာနောက် မျက်ဝန်းမှ မျက်ရည်များဖြင့် မျက်စိတဆုံး မြင်ကွင်းပျောက် သွားသည်အထိ ခြံထဲတွင် ငိုရင်းကျန် ခဲ့လေသည်။ သူမသိပ်ချစ် ရပါသော သူငယ်ချင်းနှင့် တူသားကဲ့သို့ ငယ်ငယ်ထဲက လက်ပေါ်ကြီးလာသော သားလေးအား ခွဲခွာရခြင်းကြောင့် သူမဖြေ မဆည်နိုင်အောင် ၀မ်းနည်းရ ပါသော်လည်း ယောင်္ကျားကောင်း ယောင်္ကျားမြတ် တစ်ယောက်နဲ့ အိမ်ထောင်ပြု သွားရသော သွန်းခင်ခင် အတွက် ကြည်နူးပီတိ ဖြစ်ရပါသည်။

တစ်နှစ်ထက် တစ်နှစ် ပို၍ခိုင်မြဲသော ပျော်စရာ မိသားစု ဘ၀လေးမှာ လင်ယောက်ျား တစ်ယောက်ဧ။် တာဝန်ကို ကျေပွန်သော ဦးထက်ပိုင်ထွန်းနှင့် ဇနီးမယား တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်သော ဒေါ်သွန်းခင်ခင် တို့ဧ။် နားလည်မှုနဲ့ တည်ဆောက်ထားသော အိမ်ထောင်သက်၌ တစ်ဦးကို တစ်ဦး လေးစားချစ်ခင်ရင်း တစ်ယောက်အကျိုး တစ်ယောက်သယ်ပိုးကာ လင်နဲ့မယား လိုက်ဖက်တင့်တယ်စွာဖြင့် ပျော်ရွှင်စရာ ကောင်းသော မိသားစု ဘ၀ကို ပိုင်ဆိုင်တည်ဆောက် ထားကြလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ကိုပိုင် ”

“ပြောလေ သွန်း ဘာပြောမလို့လဲ ”

“သွန်းလေ ၊ သားလေး ဆယ်နှစ်ပြည့် မွေးနေ့ကြရင် သွန်းတို့သားလေးကို တစ်ခါတည်း ရှင်ပြုပေး ချင်တယ်ကိုပိုင်ရယ်”

“ကောင်းသားပဲ သွန်း ၊ ဒါဆို သွန်းပဲ ဒီကိစ္စကို အကောင်အထည် ဖော်လိုက်လေနော်။ ”

“ဟုတ်ကဲ့ကိုပိုင်”

သားမွေးနေ့တွင် မြင့်မြတ်သော ကိုရင်ဘ၀သို့ ရောက်ရှိမည့် သားဖြစ်သူ သူရိန်ရှိုင်းထက်ဧ။် ပုံစံကို သွန်းခင်ခင် တစ်ယောက် စိတ်ကူးယဉ် မြင်ယောင်ရင်း အတိုင်းအဆမဲ့ ပျော်ရွှင်နေလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~

တစ်မြို့ဝင် တစ်မြို့ထွက်ဖြင့် နေရာစုံ လိုက်ရှာနေသော နေဘုန်းခေါင် ယခု ဘုန်းကြီးကျောင်း မုဒ်ဦးပေါက်မှ အလှူ့ဒါယကာ ဦးထက်ပိုင်ထွန်း နှင့် အလှူ့ဒယကာမ ဒေါ်သွန်းခင်ခင် တို့ရဲ့ တစ်ဦးတည်းသော သား သူရိန်ရှိုင်းထက် ရဲ့ ရှင်ပြုအလှူတော် မင်္ဂလာ ခေါင်းစည်း စာတန်းကို တွေ့လေသောကြောင့် လွန်ခဲ့သော ၁၂ နှစ်ခန့်က သူအားဘ၀ နဲ့ရင်းပြီး သိပ်ချစ်ခဲ့သော သွန်းခင်ခင် နာမည်နဲ့ တူနေသောကြောင့် ဘုန်းကြီးကျောင်းဝန်းတွင် ပုန်းကွယ်ပြီး ကြည့်နေ မိလေသည်။

“ကိုကိုကို ခွင့်မလွတ်ပါနဲ့ သွန်းရယ် ၊ မင်းအပေါ်မှာ စော်ကားခဲ့တဲ့ ကိုယ့်လိုကောင်ကို မင်းဘယ်တော့မှ ခွင့်မလွတ်ပါနဲ့ ။ မင်းရဲ့စစ်မှန်တဲ့ အချစ်နဲ့ ငါ့အပေါ်ထားတဲ့ မင်းရဲ့စေသနာ မေတ္တာတွေကို ငါဆိုတဲ့ကောင်က အစိမ်းလိုက် ခွဲခဲ့တာပါ။ မင်းရဲ့အိပ်မက်တွေကို တစ်စစီ ရိုက်ချိုးပစ်ခဲ့တာ ငါပါသွန်းရယ် ”

“ငါ့ဘ၀မှာ အမြဲတမ်း သွေးပျက် ခြောက်ခြားစိတ်နဲ့ အသက်ရှင်ပြီး မင်းတို့သားအမိကို တောင်းပန်ဖို့ နေရာအနှံလိုက်ရှာ နေခဲ့မိတာပါကွာ ။ ကိုယ့်ဘ၀ကို အောင်မြင်ချင်လွန်းပြီး ငွေနောက်လိုက်ခဲ့မိပြီး ဂုဏ်မက်ခဲ့မိတဲ့ ကိုယ့်လိုလူယုတ်မာဟာ သွန်းနဲ့ကွဲသွားပြီး ကတည်းက အရာရာ ကျရှုံးပြီးရင်း ကျရှုံးခဲ့သူ တစ်ယောက်ဖြစ်မှန်း မသိဖြစ် ခဲ့ရပြီး လမ်းဘေးဘ၀ ရောက်ခဲ့ရသူ ကိုယ့်လိုလူ တစ်ယောက်ကို ခွင့်လွတ်ပေးပါလို့ ကိုယ်တောင်းဆိုရမှာ မ၀ံ့ပါဘူး သွန်းရယ်။ ”

နေဘုန်းခေါင်တစ်ယောက် ရီဝေေ၀ မျက်လုံးများ မှတစ်ဆင့် ဘုန်းကြီးကျောင်းဝန်း အတွင်းသို့ လှမ်းမျှော်ကြည့်ရင်း အလှူမင်္ဂလာ မဏ္ဍပ်ထဲမှ သွန်းခင်ခင် အားကြည့်လို့ သူ့လက်ထဲမှ ဓာတ်ပုံကို ကြည့်လိုက်ဖြင့် ယူကြုံးမရ ငိုကြွေးရင်း တစ်ယောက်ထဲ တီးတိုးရေရွတ် ပြောဆိုနေလေသည်။

“သွန်းဘ၀ ခုလို အေးချမ်းသာယာပြီး ပျော်ရွှင်နေတာကို တွေ့တော့ ကိုယ်ကျေနပ် ပါတယ်သွန်းရယ် ”

“နောင်ဘ၀ဆိုတာ ရှိခဲ့ရင် သွန်းအပေါ်မှာ တင်နေတဲ့ မေတ္တာကြွေးကို ကျေအောင်ဆပ် နိုင်သောသူ ဖြစ်ရပါ လိုဧ။်လို့ ကိုယ်ဆုတောင်းပါတယ်။ ”

သူဧ။်လက်အစုံသည် အသက်ရှုကြပ် လာသောကြောင့် စူးစူးနစ်နစ် အောင့်နေသော ရင်ဘတ်ပေါ်သို့ ကိုင်လျှက်

သ..သွ….သွန်……သွန်းးး… ကိုယ့်…ကို…ခွင့်….ခွင့်….လွတ်……

နေဘုန်းခေါင် တစ်ယောက် နောင်တတရား တို့ဖြင့် ပါးပြင်ပေါ် မျက်ရည်စက်များက တစ်စက်ပြီး တစ်စက်ကျကာ အမောဖြေရင်း လေပြေခေါ်ဆောင်ရာသို့ ထာဝရ လိုက်ပါသွားလေသည်။

တစ်ချိန်က အချစ်ကို ကိုးကွယ်ပြီး ရူးရူးမိုက်မိုက် ချစ်ခဲ့သော သွန်းခင်ခင် တစ်ယောက် အချစ်အတွက် အသက်ပင် စွန့်ပစ်ချင်လောက်အောင် နာကျည်းချက်တို့ဖြင့် ပြည့်နှက်ခဲ့ရသော သွန်းခင်ခင် ဘ၀ကို အရှုံးမပေးဘဲ လောကဓံအံတုလို့ အတုံအလှည့် တစ်ဆစ်ချိုးမှာ ကံဇာတ်ဆရာရဲ့ အလိုအရ နွေးထွေးပျော်ရွှင်စရာ ကောင်းသော မိသားစုလေး ပိုင်ဆိုင်သွား ခဲ့ရလေသည်။အချစ်ကို တန်ဖိုးမထား ၊ ရမ္မက်ကို ရှေ့တန်းတင် ၊ မိန်းကလေးတိုင်းအား ဆော့ကစားတတ်တဲ့ နေဘုန်းခေါင် တစ်ယောက် မိမိအား ပေးဆပ်ခြင်း များစွာနှင့် အရာရာ နားလည်တန်ဖိုးထား ချစ်ခဲ့တဲ့ သူတစ်ယောက်ကို လျစ်လျူရူ သစ္စာဖောက်ခြင်းကြောင့် အချစ်ရဲ့ ကျိန်စာကို ထိမိကာ ခေတ်ပေါ်ရောဂါနှင့် ဘ၀ချုပ်ငြိမ်း သွားခဲ့ ရလေသည်။

ချစ်သူကို ပေးဆပ်မှု များစွာနဲ့ ချစ်တတ်ခဲ့သော သွန်းခင်ခင် တစ်ယောက် ဘုန်းကြီးကျောင်းဝန်း အတွင်းတွင် တချိန်က သူမချစ် ခဲ့ရသော နေဘုန်းခေါင်ဧ။် သေဆုံးနေသော ရုပ်ကလပ်အား မြင်တွေ့ခဲ့ မည်ဆိုလျှင် ခွင့်လွတ်ခြင်း များစွာနှင့် သူဧ။်နောက်ဆုံး ခရီးအား နှုတ်ဆက်မည်မှာ မလွဲပင်။အချစ်ရဲ့ဒဏ် ရိုက်ခြင်းကို ကောင်းကောင်းကြီး ခံစားနေရသော နေဘုန်းခေါင်ဧ။် မျက်နှာမှာ နောင်တမျက်ရည်စီးကြောင်း တစ်ခုသည် ဘုန်းကြီးကျောင်းဝန်း အတွင်းမှ သီချင်းနှင့်အပြိုင် တသွင်သွင် စီးကျနေပါသည်။

မြို့လယ်က မဏ္ဍပ် ……အရပ်မှာတဲ့ ကုသိုလ်….ကျောင်းကြီးရယ်အို…..လက်ရန်းငယ်ပြို…..ရှင်လူပျိုတည်း တကည်းက….ကျောင်းစိုလို့ရွှဲ……အရှေ့ကို လျှောက်ပါလို့……အနောက်ကယ်တဲ့ မျှော်လိုက်ရင်…..တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားကိုမြင်……..စာပလွေ………..မောင်းမှာ ပိုက်ပါလို့………ကျောင်းကိုတဲ့ လိုက်မယ်ပြင်……..ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း………..မေလေးကို သံချိုနှော ပြောခဲ့ပါဦး……မမလေးတို့ ပျို့ဦးရင်…….အ၀င်မှာ သာပေတောင်း ..ဗောဓိရွှေကျောင်း........

((အားလုံးကို ကျေးဇူးတင်ပါသည်။))

Thursday, October 27, 2011

သီချင်းနားထောင်ရင်း ဖုန်းခေါ်ဆိုမယ်း)

မြန်မာနိုင်ငံမှာ ဆယ့်ငါးသိန်း GSM ဖုန်း သို့မဟုတ် ငါးသိန်း GSM ဖုန်း သို့မဟုတ် CDMA ဖုန်း စသည့် ဖုန်းလေးတွေ ခေတ်စားလာချိန်မှာ ဖုန်းဟန်းဆက်တွေ ထည်လဲအသုံးပြုသူတွေ အပြင် ဖုန်းသံစဉ်လေးတွေ တစ်နေ့တစ်မျိုး မရိုးရအောင် ပြောင်းလဲသုံးစွဲ သူဦးရေဟာ အများကြီးပါ။ ဖုန်းခေါ်ဆို နေချိန်မှာ တစ်ဖက်လူက မကိုင်မချင်း တူ…တူ..တူ…တူဆိုတဲ့ ဖုန်းမြည်သံကို ကြားရတာထက် သီချင်းလေး နားထောင်ပြီး သူ့ဖုန်းကိုင်မှာကို စောင့်စားနေရတာ ပိုမကောင်းဘူးလား။ အပျင်းလည်းပြေ၊ သီချင်းသံစဉ်လေး နားထောင်ရင်း စောင့်စားရတော့ အချိန်ကုန် လို့ကုန်မှန်း မသိဘူးပေါ့နော်။

Colour Me Tone (Singapore အခေါ်) လို့ ခေါ်တဲ့ ဒီလို သံစဉ်လေးတွေ ထည့်တာကိုတော့ နိုင်ငံအလိုက် အခေါ်အဝေါ်လေးတွေ သူ့ဟာနဲ့သူ ရှိကြမှာပါနော်။ မြန်မာနိုင်ငံမှာ ဒီလိုဖုန်း ခေါ်ဆိုချိန်မှာ ကိုယ်ကြိုက်တဲ့ သီချင်းသံစဉ်တွေကို တဖက်လူမှ ကြားစေအောင် ထည့်ထားတတ်ကြတာ ဒီနေ့ခေတ်ရဲ့ ဖုန်းကိုင်ဆောင်သူတိုင်း အတွက် ဖက်ရှင်တစ်ခုအဖြစ် ခေတ်စားလာ ကြပါတယ်။ ကိုယ့်ဖုန်းထဲကို သီချင်းသံစဉ်လေးတွေ ထည့်ချင်သူတိုင်းအတွက် မြန်မာနိုင်ငံမှာ ၀န်ဆောင်မှု ပေးနေတဲ့ www.myringtune.com.mm ဆိုတဲ့ဆိုဒ်လေးကို မိတ်ဆက်ပေးပါရစေ။ အဲဒီဆိုဒ်မှာ မြန်မာ၊အင်္ဂလိပ်၊တရုတ်၊အိန္ဒိယ စသည့် မိမိတို့ ကြိုက်နှစ်သက်ရာ သီချင်းများကို ရှာဖွေဝယ် ယူနိုင်ပါတယ်။

သံစဉ်လေးတွေ ထည့်မယ် ဆိုရင်တော့ အရင်ဆုံး မိတ်ဆွေရဲ့ ဖုန်းကို Registerလုပ်ရပါမယ်။ ၀န်ဆောင်ခ အနေနဲ့ကတော့ (မြန်မာငွေ ၃၀၀၀ ကျပ်ပါ) ။

အဲဒီနောက် သီချင်းတစ်ပုဒ်ကို (မြန်မာငွေ ၃၀၀ကျပ်)ပါ။ သီချင်းတစ်ပုဒ်ကို တစ်လတိတိ သုံးစွဲခွင့် ရှိပါတယ်။ ဒါတွေကတော့ ပေးဆောင်ဖို့ကို ငွေလက်ငင်း ပေးစရာ မလိုဘဲ ဖုန်းဘေလ် ထဲကနေ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

ပြုလုပ်ရမှာကတော့ Sign Up လုပ်ဖို့အတွက် အရင်ဆုံး ဘယ်ဘက်အပေါ်ဆုံးနားက Subscribe to MyRingTune ဆိုတဲ့ဟာကို Click လုပ်ရပါမယ်။ အဲဒီမှာ
  • ၁)ဖုန်းပိုင်ဆိုင်သူအမည်(စာချုပ်ပါ ပိုင်ရှင်ရဲ့ နာမည် အပြည့်အစုံ)
  • ၂)ဖုန်းပိုင်ဆိုင်သူရဲ့ မှတ်ပုံတင် နံပါတ်
  • ၃)ဖုန်းနံပါတ် (မိမိနှစ်သက် ရွေးချယ်ထားသော သီချင်းကို ထည့်သွင်းအသုံးပြုမည့် ဖုန်းနံပါတ်)
  • ၄)အီးမေးလ်လိပ်စာ
  • ၅)နေရပ်လိပ်စာ အပြည့်အစုံ တို့ကို ဖြည့်ပါ။
အဲဒီနောက်တော့ I Accept ကိုတာကို နှိတ်ပြီး ပို့လိုက်ရုံပါပဲ။ အဲ… သင့်အချက်အလက်တွေ အားလုံး အမှန်အကန် ဖြစ်ဖို့တော့ လိုတယ်နော်။း)

အဲဒီနောက် ၂၄ နာရီအတွင်း ၁၇၇ နံပါတ်နဲ့ Myringtune ပေးပို့တဲ့ SMS သင်ရရှိမှာ ဖြစ်ပါတယ်။

မတ်ဆေ့ခ်ျ ရလာရင် 177 သို့ SMS ဖြင့် ၀ယ်ယူလိုသော သံစဉ်၏ ကုဒ်နံပါတ်ကို ယခုကဲ့သို့ (BUY + သံစဉ်ကုတ်နံပါတ် ) ပြန်လည်ပေး ပို့ရပါမည်။

အဲဒီနောက် Myringtune မှ သင်အောင်မြင်စွာ သီချင်းဝယ်ယူ ပြီးစီးကြောင်း မတ်ဆေ့ခ်ျ ပြန်ပို့လာမှာ ဖြစ်ပါတယ်။

ဒါဆိုရင် သင့်ဖုန်းမှာ စတင်ပြီး သီချင်းသံစဉ် ကြားနေရပါပြီ။ ဒါပေမယ့် သင်ဝယ်ယူထားတဲ့ သီချင်းမဟုတ်ဘဲ Myringtune မှပေးသော country road သီချင်းမျိုးပဲ စတင်ကြားရမှာ ဖြစ်ပါတယ်။

သင်ဝယ်ယူထားတဲ့ သီချင်းကို မကြားရသေးလို့ စိတ်မပျက် လိုက်ပါနဲ့ဦး။ အဲဒါက Default RingTune ဖြစ်နေလို့ပါပဲ။ ဒါကြောင့် နောက်တစ်ဆင့် အနေနဲ့ သင်လိုချင်တဲ့ သီချင်းဖြစ်ဖို့ သင်ဝယ်ယူထားသော သံစဉ်၏ ကုဒ်နံပါတ်ကို 177 သို့ ယခုလို (DEF +သီချင်းကုတ်ဒ်နံပါတ် ) မတ်ဆေ့ခ်ျ ထပ်မံပေးပို့ ရမှာ ဖြစ်ပါတယ်။

ကဲ…ခုဆိုရင် သင်လိုချင်တဲ့ သီချင်းကို သင့်ကိုဖုန်းခေါ် ဆိုသူတိုင်း ကြားနေရတော့မှာပါ။

ကဲ…မိတ်ဆွေ ၊ သင့်ဖုန်းကို စမ်းခေါ်ကြည့်လိုက်မယ်နော်။ဟိဟိ :D

(ဆားချက်တယ်လို့ပဲ ဆိုဆို ၊ မသိသေးသူတွေကို သိရအောင် ပြန်လည်မျှဝေတယ်လို့ပဲ ဆိုဆို မက်မက်ကတော့ ပို့စ်တစ်ပိုဒ်အဖြစ်နဲ့ ရေးသားလိုက်ပြီး တီတီဒွင်းရဲ့ အိမ်လေးကို စိုပြေအောင် စတင်ရေးသားလိုက်ပါတယ်။ တစ်ကျော့ပြန် မက်မက်လေး ပြန်လာပါပြီ။ မတွေ့တာကြာလို့ မေ့သွားကြတဲ့ အချစ်ဆုံးတွေ အားလုံးပဲ အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးး အမြှောက်တစ်သိန်းနော်။) ဒါတွေကို သိပြီးသား သူများ ရှိကြပါလိမ့်မယ်။ မက်မက်ကတော့ မသိသေး သူများအတွက်သာ ရည်ရွယ်ပြီး ရေးသားလိုက် ပါတယ်နော်။း)

Friday, September 23, 2011

အိမ်ထောင်ပြုမယ်လို့ စဉ်းစားမယ်ဆိုရင်


အိမ်ထောင်ပြုမယ် စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့်အချက်က ကွာသုံးကွာ၊ ပါသုံးပါ နှင့် ချာသုံးချာပဲ ဖြစ်ပါတယ်။ ဒီသုံးပါးကို မိန်းကလေးက ပဲဖြစ်ဖြစ် ၊ ယောက်ျားလေးကပဲဖြစ်ဖြစ် မိမိနှင့်လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးမှရှောင်ကြဉ်ရန် ပြဆိုထားပါတယ်။

ကွာသုံးကွာ
(၁) တိုင်းပြည်နှင့်လူမျိုးကွာလျှင် (၂) အယူဘာသာကွာလျှင် (၃) စိတ်ဓာတ်ချင်း ကွာလျှင်တို့ပဲဖြစ်ပါတယ်။
တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာမတူသူ ဘာသာခြားကိုယူမိရင်တော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုကို စွန့်ရပါလိမ့်မယ်။ ထို့အတူ ဘာသာတူ လူမျိုးတူ ဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားလျှင်လည်း တစ်မိုးအောက်မှာ ၂ယောက်အတူနေဖို့ မစဉ်းစားသင့်ပါ။

ပါသုံးပါ
(၁)အနာရောဂါပါလာလျှင်(၂)အကြွေးပါလာလျှင်(၃)အပိုစားမည့်(လူပိုတွေ)ပါလာလျှင် တို့ပဲဖြစ်ပါတယ်။
အနာရောဂါဆိုသည်မှာ ခေတ္တနာဖျားတာမျိုး မဟုတ်ပဲနာတာရှည်မျိုးကိုဆိုလိုပါတယ်။ အကြွေးပါလာလျှင် ဆိုတာကတော့ လက်မထပ်ခင်ကတည်းက အကြွေးတင်နေရင်ဖြင့် အိမ်ထောင်သည်ဘ၀ အညွှန့်လူဖို့ အတော်ခဲယဉ်းသွားပါပြီ။အပိုစားမည့်သူပါလာလျှင် ကျွေးနိုင်သည်ပဲထားဦး စကားပိုလာသည့်အတွက် ရှင်းရတဲ့ပြဿနာနဲ့ ကြုံတွေ့ နိုင် ပါတယ်။

ချာသုံးချာ
(၁)ပညာရေးချာလျှင် (၂)စီးပွားရေးချာလျှင် (၃)လူမှုရေးချာလျှင် တို့ပဲဖြစ်ပါတယ်။ ပညာဆိုရာမှာ အတန်းပညာက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြင့်မားစေတာမို့ ပညာတတ် တယောက်ဖြစ်ဖို့ လိုပါတယ်။ ပညာဆိုရာတွင် အဆင့်ဆင့် မခွဲပဲ အသက်မွေးဝမ်းကြောင်း ပညာသည်လည်း အကျုံးဝင်ပါတယ်။ အဓိကမှာ အသိဥာဏ် ဆင်ခြင်တုံတရား မြင့်မားမှုမျိုးကို ဆိုလိုပါတယ်။ စီးပွားရေးဟာလည်း ပညာရေးနှင့် ဆက်စပ်နေပါတယ်။ တစ်ခုမြင့်မားလာလျှင် ကျန်တစ်ခုက အချိုးတူ မြင့်လာပါတယ်။ ပညာမတတ်ပဲ ချမ်းသာနေ သူတွေကို တွေ့ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင်ရှိ စေဦးတော့ ပွဲလယ်မတင့်ပါဘူး။ လူမှုရေးချာလျှင် အသက်မွေး ၀မ်းကျောင်းမပြုပဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင် စရိုက် ဟန်ပန်တွေမှာ ပညာတတ်သူကို မမှီနိုင်ဘဲ ငွေပါတာက လွဲပြီး အသိဥာဏ် နည်းတတ်ပါတယ်။ ဆင်ခြင်တုံတရား ခေါင်းပါးတတ်ပါတယ်။

အဲဒီ သုံးမျိုး သုံးပါး ပါနေတာကို သိပါလျှက်နှင့် မိမိစိတ် အလိုလိုက်လို့ဖြစ်စေ၊ မလွဲမရှောင်သာလို့ဖြစ်စေ၊ တဇွတ်ထိုး လုပ်လိုစိတ် ကြောင့်ပဲဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်းစားလို့လက်တွဲလိုက် ပြီးရင်တော့ ဘ၀မှာ အမှားနှင့် တစ်သက်လုံး ရင်ဆိုင်ရ ပါလိမ့်မယ်။ အိမ်ထောင်သည် ဘ၀ရောက်ပြီးမှ အမှားကို ပြန်ပြင်ချင် ပါရစေလို့ ဆိုရင် အိမ်ထောင်သည် ဘ၀ဟာ တစ်ခါရေးပြီးတိုင်း တစ်ခါ ပြန်ဖျက်ပြီး အသစ်ပြန် ရေးနိုင်တဲ့ ကျောက်သင်ပုန်း မဟုတ်ပါဘူးလို့ ရေးသားထားတာကိုပြန် အမှတ်ရရင်း မှတ်မိသလောက် ပြောပြခြင်းပါ။

ငယ်စဉ်က အသိလေးကတော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာတွေ၊ မေတ္တာတွေ၊ ခံစားတာတွေလို့ အဓိက ထင်တာပါ၊ အခု အသက်လေး ရလာတော့ လူမှုဘ၀ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ဘ၀ တက္ကသိုလ်ကြီးက ပညာတွေ ပို့ချလာတော့ မိန်းကလေး တစ်ယောက်အတွက် အိမ်ထောင်ပြု တယ်ဆိုတာ မပူချင်လို့ ယောက်မ ရှာတာမျိုးပါ၊ ဒီအပြင် မိန်းကလေးတွေ လက်ထပ်ခြင်းကို စဉ်းစားရာမှာ အောင်ဘာလေ ထီထိုးတဲ့ သူတွေလိုပါပဲ။

ကျပ်သိန်း (၁၀၀၀) ဆုကြီးကို မျှော်ပြီး၊ စိတ်ကူးပြီး ဂဏာန်းတွေ ရွေးတာပဲ၊ ပေါက်မယ်ထင်ရတဲ့ ဂဏန်းတွေပေါ့နော်။ အဲ...ထိုးပြီးရင်လည်း စိတ်ကူးယဉ် ရတာပဲ။ ဘယ်လိုသုံးစွဲမယ်၊ လှူမယ်စသည်ဖြင့်ပေါ့။ ထီဖွင့်တဲ့အခါ မှာလည်း သိန်း (၁၀၀၀) ဆုမှန်းပြီး ပထမကြည့်တယ်။ နောက်သိန်း ၁၀၀ နောက် ၅၀ စသည်ဖြင့် အစဉ်လိုက် တိုက်လာလိုက်တာ နောက်ဆုံး တွတ်ရရင်တောင် မဆိုးပါ ဘူးပေါ့။ တွက်ကိန်းတွေနဲ.့ တိုက်လာလိုက် တာလည်း ကုန်သွားရော ဘာမှ မပါတော့ သွားပြန်တော့ ဒီတစ်ခါဆိုသလို ဘယ်ဆုနဲ့တွေ့မယ် ဗလာမဲ နဲ့တိုးမယ် မပြောနိုင်ပါဘူး။ ဒီလိုပဲ မိန်းကလေးတွေ အိမ်ထောင်ပြု တဲ့အခါလည်း ထီဆုကြီးမှန်းသလို အားလုံးတော့ အကောင်းမြင်ဝါဒနဲ့ ဒါလေးကတော့ ဒီလိုဆို အဆင်ပြေ သွားမှာပါ။ စိတ်ကူးကြီးတွေ နဲ့ပေါ့။ ဗလာမဲနဲ့ လည်း တိုးနိုင်ပါတယ်။

ဒါအပြင် အိမ်ထောင်ရေးကံ ကောင်းမကောင်း ဆိုတာကလည်း ကုသိုလ် နှင့်လည်း ဆိုင်မယ်ထင်ပါတယ်။ ရှေးရှေးက ပြုခဲ့တဲ့ကံ ကံ၏ အကျိုးတွေပါ။ မိမိတို့ အတိတ်ဘ၀များက ပြုခဲ့သည့် ကံများလည်းရှိရာ ထိုကံများသည် မိမိပြုခဲ့သော အမှုအတိုင်း အကျိုးပေးတတ်သည်။ အတိတ်ဘ၀ကံ မမြင်ရ၍ မသိစေဦးတော့ ယခု မျက်မှောက်ဘ၀၌ ကံကံ၏အကျိုးကို ယုံကြည်ကာ လက်ငင်းကောင်းအောင်လုပ်ပါက ကောင်းကျိုး ပြန်ရနိုင်ပါတယ်။ အိမ်ထောင်ရေး သည် ထီထိုးခြင်းလို့ယူဆပါက...အိမ်ထောင်ရေးထီတွင် သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ပေးခြင်းစသော အမှုတို့ဖြင့် ပြုကျင့်ကြလျှင် သိန်း ၁၀၀၀ ဆုကြီး မပေါက်စေဦးတော့ ထီပေါက်စဉ်ဖိုး ဆုံးမည်မဟုတ်ပါ။

ကဲ...သိသလောက်လေးတော့ ဆွေးနွေးပြီးပါပြီ... တူနှစ်ကိုယ်တဲ့အိုပျက်မှာ နေရ နေရ ဟူသောအတွေး၊ ရေရှားတဲ့ သဲကန္တာရ မရှောင်တယ် ဟူသော စိန်ခေါ်မှု၊ တုံးခုလို့ မှ လှမ်းမရ ရင် တံချုနှင့် ခူးပစ်မယ် ဆိုတဲ့ ရဲရဲတောက် အချစ်မျိုး ငယ်စဉ်က မတွေ့ခဲ့၍ ဒီခေါင်းစဉ်လေးနှင့်တော့ ဦးနှောက်ခြောက် ရပါတော့တယ်။

စာရေးသူ- ကိုကြက်တော(http://punkboystar.multiply.com/journal/item/1033/1033)

Tuesday, April 12, 2011

စိတ္တဇသင်္ကြန် သို့မဟုတ် သင်္ကြန်မျက်ရည်

~~~~~~xxxxကျုံးရေသီကာ ပတ်ကာဝိုင်း တန်ခူးလ ရောက်လေတိုင်း သင်္ကြန်ကားလေးနဲ့ ရေကစား ထွက်လို့လည် ကိုကိုတို့ ရေကစား ထွက်လို့လည် xxxxxx ~~~~~~~~~~~~~~
xxxxxဟေ့…….လောင်းလိုက်တော့ ချမ်း ...ချမ်း......ချမ်း..
ရင်မှာ..တုန်......တုန်......တုန်...xxxx
xxxxတီးပါ.......ဗုံ....ဗုံ..ဗုံ.........
ရေစိုစို တန်ခူးလမှာxxxxx

(((( အား))))))))
"သွား သွားသွား……မကြားချင်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးး ဘာမှ မကြားချင်ဘူးးးးးးးးးးးးး))) ကြောက်တယ် ကြောက်တယ် သမီးအရမ်း ကြောက်တယ် ..အီးဟီးးဟီး.."

အော်ငိုရင်း ၀ုန်းဒိုင်း ကျဲနေသော သမီးဖြစ်သူ စိုးစိုး အား စိတ်မကောင်းစွာနဲ့ မိခင်ဖြစ်သူနှင့် အိမ်ရှိလူများ စိတ်မကောင်း ခဏခဏ ဖြစ်ကြရသည်။

"စိုးစိုး သမီး စိတ်ထိန်းပါကွယ် ၊ တခြား အိမ်က ကလေးတွေ သင်္ကြန်သီချင်း ဖွင့်တာပါသမီးရယ်။
စိတ်ကို ထိန်းထားနော် သမီး ။ အမေတို့ ဘေးမှာရှိတယ် သမီး ၊ မကြောက်နဲ့နော် "

သမီးအား ရင်ခွင်ထဲ ထွေးပွေ့ထားရင် နှစ်သိမ့်နေသော မိခင်မှာ မျက်ရည်များ စို့ဝဲလာသည် အထိ သမီးအတွက် စိတ်မကောင်း ဖြစ်နေရသည်။

ဧပရယ်လ ကိုရောက်ပြီ ဆိုရင်ဖြင့် သင်္ကြန်းတေးသံ မြူးမြူးကြွကြွများက နေရာတိုင်းမှ ပျံ့လွင့်လာတတ်သည်။ ကြားရသူအပေါင်း သင်္ကြန်ရဲ့ ရင်ငွေ့နဲ့ ပိတောက်နံ့ကို ရူရှိုက်ရင်း တေးသံကို ခံစားခါ ရင်ထဲမှာ ပျော်သလို လွမ်းသလို နှင့် ခံစားကြ ရသည်မှာ လူတိုင်းလိုလိုပင်။နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ အပါမခံပဲ သင်္ကြန်ရေနှင့် ဆေးကြောကြသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို မြန်မာလူမျိုး သက်ကြီးရွယ်အို လူကြီး လူငယ် ကလေး အရွယ်မရွေး တစ်ယောက်တစ်မျိုး မတူညီသော ခံစားချက်ဖြင့် ပျော်မြူးကြမည်မှာ ဆိုဖွယ်ရာ မရှိတော့။သို့သော် သင်္ကြန်ဆိုသည့် စကားအသုံး အနှုန်းကိုပင် မကြားချင်သော စိုးစိုးတစ်ယောက် သင်္ကြန်ရောက် မှာကိုပင် အလွန်အမင်း ကြောက်ရွံ နေမိသည်။ သင်္ကြန်ရက် နီးလာလေလေ သူမစိတ်တွေ အာရုံတွေ ထွေလာပြီး ၀မ်းနည်းမှုကို ပိုခံစားရလေ ဖြင့် သူမစိတ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ ။


"ဟဲ့ ..စိုးစိုး ငါတို့ ဒီနှစ် ရေပက်ခံ မထွက်တော့ပဲ မဏ္ဍပ်ထိုင်ကြရင် မကောင်းဘူးလား။ ငါ့ဦးလေးက သူဦးစီးပြီး ဒီနှစ်ကို မဏ္ဍပ် အကြီးကြီး ဆောက်မှာဟ။ ဒီတော့ ငါတို့သူငယ်ချင်း အားလုံး အတူတူ ပျော်ပျော်ပါးပါး မဏ္ဍပ်ပဲ ထိုင်ကြရအောင်"

"အေး…ကောင်းသားပဲ။ ဒါဆို စီစဉ်စရာ ရှိတာတွေကို စီစဉ်လို့ ရအောင် မိခိုင် အေးကျော် နိုင်နိုင် သူဇာ နွယ်နီ နဲ့ ကျန်တဲ့ကောင် တွေကိုပါ အကြောင်းကြားလိုက်ဦး။ ပြီးတော့ ငါလည်း သူ့ကို စည်းရုံးလိုက်ဦးမယ်"

သူဆိုသည်မှာ စိုးစိုး အလွန်ချစ်သော သက်ပိုင်ထွန်း ဖြစ်သည်။ အေးဟာ နင်ကလဲ သူ့ကို ရအောင် ပြောစမ်းပါဟ ဒီနှစ်တော့ မပါပါအောင် ခေါ်ခဲ့ဟာ။

တစ်ခါတစ်ခါ အထွန်း တစ်ခါတစ်ခါ ကို ဟု ခေါ်တတ်သည့် သူမနှင့် သက်ပိုင်ထွန်း တို့နှစ်ယောက်က အရမ်းချစ်ကြသော ချစ်သူတွေသာ ဖြစ်သာ စိတ်ထားချင်း မတိုက်ဆိုင်သည်က များသည်။ ဆန့်ကျင်ဘက်တွေ များလွန်းသည့် သူမတို့နှစ်ယောက် ခဏခဏ စကားများရပြီး တစ်ခါ တစ်ရံ လမ်းခွဲဖို့ အထိ ဇာတ်လမ်းဆုံး တိုင်အောင် ရောက်ခဲ့ပြီး နောက်ဆုံး လမ်းခွဲဖို့ အထိဖြစ် လာကြသည်။ ခဏခဏလည်း လမ်းခွဲကြသည်။

သို့သော် တစ်ပတ်ပင် မပြည့် အကြောင်းတစ်ခု မဟုတ် တစ်ခု ဖြင့် သူမတို့ နှစ်ဦးအား ပြန်ပေါင်းထုတ်ရန် အကြောင်းအရာတွေက အမြဲတမ်း ပေါ်ပေါ်လာခဲ့ပြီး ပြန်ဆက်သွယ်ကြသည်။ ဒီအချက်သည်ပင်လျှင် သူတို့နှစ်ဦးဧ။် မတူညီတဲ့ အတိတ်ကံ ရေစက် ပါရမီကြောင့်လား သို့မဟုတ် ဆန့်ကျင်ဘက် နှစ်သားနှစ်ဦးအား အတူတကွ ပေါင်းဆုံပေးသည့် ဘုရားသခင် အလိုတော် အရကြောင့် ဘုရားသခင်ကို ကျေးဇူးတင် ရမည်လား မပြောတတ်။


"စိုးရယ် ဒီနှစ်တော့ ကိုယ်သင်္ကြန်ကို ဘာအပျော်အပါးမှ လုပ်ဖို့ စိတ်မပါဘူးကွာ။"

"ဟာကွာ။ မရဘူးကွာ။ သူငယ်ချင်းတွေ အားလုံးစီစဉ် ထားတဲ့ဟာကို အထွန်းကလဲကွာ။"

"ဒီနှစ်ကို ကိုယ်စိတ်ကူးက စိုးနဲ့ကိုယ်နဲ့ တရားစခန်း တူတူဝင်ရင် ကောင်းမလားလို့ ကိုယ်က စိတ်ကူးထားတာ။"

"ကိုယ်ကလဲ လုပ်ပြီ ၊ တရားစခန်း လိုက်မ၀င်ရင် မသိရင် စိုးကပဲ တရားမသိ တရားမရှိ တဲ့သူကြ နေတာပဲ ။ သင်္ကြန်ဆို တာကလဲ အမြဲတမ်းမှ မဟုတ်တာပဲ ၊ တနှစ်မှ တခါတည်း ကျတာပါ ကိုရဲ့။ တစ်ခါတစ်လေ ပဲဟာကိုကွာ တူတူပျော် ကြရအောင် ကိုရာ….နော်။"

သက်ပိုင်ထွန်း ဒီနှစ်ကို ပျော်ပါးဖို့ ဘယ်လိုမှ စိတ်မပါ ၊ သူ့စိတ်ထဲမှာ ခံစားမှု တချို့ကို ချစ်သူစိုးစိုး နားလည်အောင် ဘယ်လိုပြောပြမှာ အခက်၊ သူကိုယ်တိုင်လဲ အမည်မသိ ခံစားချက်ကို ဘာမှန်းမသိ။ စိုးစိုးဆိုသည့် အမျိုးသမီးကလဲ သူဖြစ်ချင်တာကို ဖြစ်လိုက်ရမှ ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်သည့် ကျေနပ်တတ်သည့် မိန်းကလေးမျိုး။ နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်စွာ အသီးသီး စဉ်းစားနေကြစဉ် တိတ်ဆိတ်မှုကို စတင်ဖြိုလိုက်သူက စိုးစိုး ။

"ကို….ဘာတွေ စဉ်းစားနေတာလဲ ။"

"ဘာမှ မစဉ်းစားပါဘူး စိုး။"

"ဟာ..ဒါဆိုဒီလိုလုပ်ရအောင်။ ကိုယ် စဉ်းစားကြည့် စိုးတို့ တရားစခန်းကို သင်္ကြန်ပြီးမှ ၀င်လည်း ရတာပဲ။ပြီးတော့ သင်္ကြန်ရက်မှာ တရားစခန်းမှာ လူတွေက များပါဘိနဲ့၊ စိုးကတော့ သင်္ကြန်တွင်းကြီး မ၀င်ချင်ဘူး။ ကိုယ့်ကို ကတိပေးတယ် ၊ စိုး ကိုယ်နဲ့အတူတူ သင်္ကြန်ပြီးရင် တရားစခန်း လိုက်ဝင်မယ်။ ခုတော့ သင်္ကြန်မှာ စိတ်မွန်းကြပ်မှုတွေကို အတာရေနဲ့ ဆေးကြောပြီး ပျော်ချင်တယ် ကိုယ်ရာ….နော်…နော်…….နော်………လို့"

"အင်း…….ဒါဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲ စိုးသဘော အတိုင်းပါ စိုးရာ။"

"ရေ့စ်……ဒါမလို့ ကိုယ့်ကို စိုးက အရမ်းချစ်တာပေါ့………"

ကလေးတစ်ယောက်လို တီတီတာတာ ပူဆာသလို ပြောပုံတွေကြောင့် သက်ပိုင်ထွန်း ခမျာနောက်ဆုံး လက်မြောက် အလျှော့ပေး လိုက်ရလေသည်။ ပျော်ရွှင်သွားသော ချစ်သူစိုးစိုးအား ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။


ကလင်…..ကလင်…..ကလင်
"ဟဲ့………..ဒေါ်စိုးစိုးစံ"

"ဟဲလို…အေး….သူသူ … ပြော………ဘာကိစ္စလဲ"

"နင်အခု ဘာလုပ်နေလဲ"

"ငါ အိမ်မှာပဲလေ။"

"ဒါဆို စောင့်နေ ငါတို့ ခု နင့်အိမ်ကို ထွက်လာခဲ့မယ်။"

"အေးအေး…စောင့်နေမယ်။"

အာပေါင်အာရင်း သန်သော သူငယ်ချင်း သူသူ အိမ်လာမည် ဆိုသောကြောင့် ရေချိုး အလှပြင်ရင်း စောင့်နေလိုက်မည်။

တီ……..တီ……….တီ။

"မသူတို့ ပါလား။ လာလာ။ အထဲဝင်"

"ဟုတ်အန်တီ ၊ စိုးစိုးရော ။"

"အိမ်ပေါ်ထပ်မှာ သမီး တက်သွားလိုက်။"

"ဟုတ်ကဲ့ အန်တီ။"

"ဟာ နင်တို့ သုံးယောက်ထဲလား။ ကျန်တဲ့သူတွေရော မလာကြဘူးလား။"

"ဟိုကောင်တွေက မဏ္ဍပ်အတွက် လိုအပ်တဲ့ ဆောင်းဘောက်စ် တွေ ဘာတွေ စီစဉ်ဖို့ ဆိုပြီး လူခွဲသွား ကြလေရဲ့။ သူတို့နဲ့အတူ ဖြူမရယ် မိုးစံတို့လဲ ပါသွားတယ်။ တစ်ချို့ကလဲ အစားအသောက် အတွက် စီစဉ်နေကြတယ်။ ဒါကြောင့် ငါလည်း ခင်လေးနဲ့ နွယ်နီတို့ကို ခေါ်ပြီး နင့်ဆီထွက်လာတာ မိန်းမရဲ့။"

"အော်…….အော်………..ငါသိပြီ။ ငါတို့က ၀တ်စုံအတွက် တာဝန်ယူရမှာပဲ။ ဒါနဲ့ အရောင်တွေရော စဉ်းစားကြ ပြီးပြီလား။"

"အဲဒါပြောမလို့ စိုးစိုးရ ၊ တို့တွေ သင်္ကြန်လေးရက်မှာ တူညီဝတ်စုံအတွက် ဘာရောင်ရွေးကြမှာလဲ ဆိုတာ"

သူသူမှ စကားမဆုံးခင် နွယ်နီမှ ပါးစပ်မှ မုန့်စားရင်း ပလုတ်ပလောင်း လေသံဖြင့်

"ဒေါ်သူသူရယ် ဖြူနီပြာဝါ လေးရောင်ထဲက တစ်ရောင်ရောင်ကိုပဲ ရွေးယူလိုက်ပေါ့ဟာ။"

"ဟဲ့….နွယ်နီ…….ငါက အဖြူရောင်လေးကို ကြိုက်တာနော် "ကော်ဖီသောက်ရင်း ခင်လေး ပြန်ပြောသည်။

"ဟာာငါကတော့ အနီရောင်ပဲကြိုက်တာ နင်တို့ အသိပဲနော်။"

အစားစားရင်း တစ်ယောက်တစ်ပေါက် ပြောဆိုငြင်းခုံ နေလေသည်။

"ကဲ…ကဲ……….တော်ကြတော့ဟာ။ ဒီလိုလုပ် အဲဒီအရောင် လေးရောင်လုံးကို တစ်ရက်တစ်ရောင်နှုန်းနဲ့ သင်္ကြန်လေးရက်လုံး ၀တ်ကြမယ်။ ဘယ်လိုလဲ မကောင်းဘူးလား။"

ဆရာမကြီး အထာဖြင့် ပြောနေသော စိုးစိုးစကားကို အားလုံးထောက်ခံကြသည်။

"ဒီအကြံမဆိုးဘူး ၊ လေးထည်လေးရောင်လေးရက်လုံး ၀တ်ကြမယ်။"

လေးယောက်သား ကလေးလေးများလို လက်ခုပ်တီးကာ ပျော်နေကြပြီး သင်္ကြန်အတွက် တက်ကြွ နေကြသည်။


"ကို………သဘက်ခါ ဆိုရင် သင်္ကြန်ကျပြီနော်။ စိတ်ထဲမှာ ပျော်သလိုလို ၀မ်းနည်းသလိုလို တစ်မျိုးကြီးပဲ ခံစားရတယ်နော်။ ကိုရော ဘယ်လိုခံစားရလဲ ဟင်"

"ဟုတ်တယ် ကိုယ်လဲ တစ်မျိုးလေး ခံစားရတယ်။ အဲဒီခံစားမှုမျိုးကို မပြောတတ်ဘူး စိုးရဲ့။"

"ဟင်းဟင်း…. စိတ်ထဲမယ် အရမ်းတက်ကြွ နေလို့ ဖြစ်ပါလိမ့်မယ်။"

နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက်ဖက်ရင်း နှစ်သိမ့်စကား အပြန်အလှန်ဆိုနေကြသည်။

"ကို…..မနက်ဖြန်ကြရင် ကိုနဲ့တူတူ ဘုရားသွားချင်တယ်။ မနက်ကို ကိုလာခေါ်နော်။"

"စိုးက ဘယ်အချိန် သွားချင်တာလဲ ၊ ဘယ်အချိန် ကိုယ်လာခေါ် ပေးရမလဲ"

"၈ နာရီလောက် လာခေါ် ၊ ဘုရားသွားမယ် ပြီးရင် တရားစခန်းမှာ ရိပ်သာဝင်တဲ့ ယောဂီတွေ အတွက် ကိုနဲ့တူတူ ဆွမ်းအလှူ တစ်ခုလောက် လုပ်ချင်တယ်"

"ကောင်းသားပဲ စိုး။ ဒါဆို မနက် ကိုယ်လာခေါ်မယ် စိုးစောင့်နေနော်။"

"ဟုတ်ကဲ့ကို .."

ချစ်သူနှစ်ဦး တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ကြည်နူးစွာ လမ်းလျှောက်လာရင်း

"ကို……."

"ပြောလေ စိုး…."

"နောက်ဆို ကိုနဲ့စိုး ခုလို လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး လမ်းလျှောက်လို့ ရတော့မှာ မဟုတ်ဘူးနော်။"

"ဘာလို့လဲ စိုး ၊ စိုးနေ့တိုင်းလျှောက်ချင်ရင် ကိုနေ့တိုင်း အဖော်လုပ်ပြီး လျှောက်ပေးမယ်လေ။"

"ဟွန်…ကြည့်…တွေ့လား။ သင်္ကြန်ပြီးရင် ကိုနဲ့စိုး တရားစခန်း ၀င်ရဦးမှာလေ။ ခုလို ပူးပူးကပ်ကပ် ဘယ်နေလို့ ရတော့မှာလဲလို့။ ကိုကလဲ" ခစ်ခစ်…

"ဟဟဟ…………စိုးက သိပ်ချစ်ဖို့ ကောင်းတာပဲ ။"

နှစ်ဦးသား အတွေးကိုယ်စီနဲ့ လမ်းလျှောက်လာရင်း

"ကို … မနက်ဖြန် စောစောလာခဲ့ဦးနော်။"

"ကောင်းပါပြီဗျာ။ ကဲ..စိုးလဲအိမ်ထဲဝင်တော့ ၊ ကိုယ်လဲ ပြန်တော့မယ်။"

"ဟုတ်…ကဲ့…….ကို….."


"ကို…….. ဘုရားကို ဘာတွေ ဆုတောင်းနေတာလဲ"

"အော်……. ဒီဘ၀မှာ ချစ်သူဖြစ်ပြီး ပေါင်းရသလို ဘ၀ဆက်တိုင်းလည်း ဒီလိုပဲ ပေါင်းရပါစေ ဆိုပြီး ဆုတောင်းနေတာ။ စိုးရော။"

"စိုးလည်း ကိုနဲ့မြန်မြန် နီးရပါစေ လို့ဆုတောင်းတာပေါ့ ကိုရ။"

"လာစိုး ကိုတို့ ဟိုဘက်ကို သွားရအောင်။"

စိုးလက်ကလေးကို တွဲရင်း သက်ပိုင်ထွန်း တစ်ယောက် အလှူခံရှိရာ ဓမ္မာရုံ ဘက်ကို လျှောက်သွားလေသည်။

စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်ရန် မောင်သက်ပိုင်ထွန်းနှင့် မစိုးစိုးစံ တို့မှ အလှူတော်ငွေ ၃၀၀၀၀ ကျပ်ကိုလဲ သဒ္ဒါပေါက်စွာ ထည့်ဝင်လှူဒါန်း သွားပါတယ် ခင်ဗျာ………

"ကဲ…….ဒီစုံတွဲ ဘ၀ဆက်တိုင်း ပေါင်းရပါစေလို့ ဆုတောင်းပေးပါတယ်ကွာ။"

"ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ် ဦး"

ဂေါပက ထံမှ အလှူခံ ဖြတ်ပိုင်းလေး ယူပြီး နှစ်ယောက်သား ဘုရားဇောင်းတန်း ဘက်သို့ပြန် ထွက်လာခဲ့ ကြတော့သည်။

"ကဲ…….ကို နဲ့ စိုး တို့ ရဲ့ အမှတ်တရ အဖြစ် သင်္ကြန်အတွင်း တရားအား ထုတ်ကြမယ့် ယောဂီတွေကို ဆွမ်းအလှူ လုပ်ဖို့ အလှူငွေ သွားလှူကြမယ်နော်။"
ဟုတ်တယ် ကို။ ဒီကအပြန် သွားလှူကြမယ်။

သက်ပိုင်ထွန်းနဲ့ စိုးစိုးတို့ နှစ်ယောက် တရားစခန်းမှာ အလှူငွေ ၂သိန်း ပေးအပ်ပြီး ပြန်ထွက်လာကြသည်။

"စိုး …..ဒီနေ့ ပျော်ရဲ့လား ဟင်"

"ပျော်တာပေါ့ ကိုရဲ့။ စိုးကကိုနဲ့ သွားလာနေ ရရင်ကိုပဲ ပျော်နေတာ။ သိရဲ့လား။ "

"စိုးက သိပ်ချစ်ဖို့ ကောင်းတာပဲ ၊ သင်္ကြန်ရောက်တိုင်း ကိုယ်တဲ့ရဲ့ အလှူလေးကို အမှတ်တရ ဖြစ်ကျန် ခဲ့စေမယ်နော်။ ကဲ……စိုး..ကိုယ်တို့ တစ်ခုခု စားသောက်ပြီး ပြန်ကြရအောင် ။"

"ဟုတ် … ကောင်းသားပဲ..ကို…. ဒီနေ့စောစော ပြန်နားပြီး မနက်ဖြန် အတွက် အားမွေးလိုက် ကြရအောင်။"

"မနက်ဖြန် ဆိုရင် သင်္ကြန်ကျပြီနော်။ မဏ္ဍပ်မှာပဲ ကိုနဲ့ဆုံတော့မယ်။ စိုး သူသူတို့နဲ့ပဲ သွားလိုက်တော့မယ်နော်။ ကို အဲဒီကိုပဲ လာခဲ့တော့ စိုးစောင့်နေမယ်။"

စိုးကိုနှုတ်ဆက်ပြီး သက်ပိုင် ထွက်လာ ခဲ့တော့သည်။



((သင်္ကြန် အကြိုနေ့ ))

လူတွေ အားလုံး တက်ကြွ ပျော်ရွှင်နေကြသည်။ ချစ်သူစိုးလေး ပျော်ရွှင်သလို သက်ပိုင်လဲ ပျော်ရွှင်ပါသည်။
သူငယ်ချင်းတွေ အားလုံးလဲ ပျော်ရွှင်ကြပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

((သင်္ကြန်အကြနေ့))

"ဟဲ့…………သူသူ ဗိုက်ဆာလာပြီ စားလိုက်ဦးမယ်။ "

"ဒီလောက် တတွတ်တွတ် စားနေတာတောင် နင့်ဗိုက်က ဆာနိုင်လွန်းတယ် မိန်းမ။ "
ယ်နီနဲ့ သူသူတို့ အပြန်အလှန် ပြောဆိုကြရင်း

"ဟဲ့……..ဟိုမှာ ဟိုမှာ တော်တော် ကဲနေတယ် ကြည့် … ဟိဟိ……..နင်ရော အားမကျဘူးလား။"

"အောင်မယ် အားကျစရာလား ။ နင်အားကျရင် နင့်ဟာနင်ပဲ ဘဲရအောင် ရှာ။ ကဲ..စား…..ပြီးရင် ရေထွက်ပက်မယ်။"

"ကို…….ချမ်းနေပြီလား။"

"ချမ်းတာပေါ့။ စိုးရော။ ချမ်းနေပြီလား။"

"ကို..ချမ်းရင် နဲနဲ သောက်ချင်သောက်လိုက်လေ။ များကြီးတော့ သောက်ရဘူးနော်ကို"

"အင်းပါ စိုးရဲ့။ ကိုလဲ သိပ်မကြိုက်ပါဘူး ။"

သက်ပိုင်တစ်ယောက် အာလူးကြော်နှင့် ဘီယာကို မြည်းရင်း ချစ်သူစိုးရဲ့ ရေစိုစို အလှကို တ၀ကြီး ခံစားနေလေသည်။

"အို…ကို..ကလဲ ဘာလို့ တအား စိုက်ကြည့်နေရတာလဲ"

"စိုးက လှနေလို့။"

"ဟင်းဟင်း….ကို တော်တော် မူးနေပြီ ထင်တယ်။ ခဏနားလိုက်ပါလား ကိုရဲ့။ စိုး…….သူသူတို့နဲ့ ရေပက်လိုက်ဦးမယ်။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

((သင်္ကြန်အကြတ်နေ့)))

"စိုး ပျော်ရဲ့လား။"

"ပျော်တာပေါ့ ကိုရဲ့။ သင်္ကြန်ပဲဟာ။ ကိုနဲ့တူတူ ရှိနေရင် စိုးက ပျော်ပြီးသားပဲ။"


"သိပ်စကား တတ်တာပဲ ဒါမလို့လဲ ကျွန်တော်မျိုးကြီးက ချစ်နေရတာ။"

"ဟင်းဟင်းဟင်း….ကိုကလဲ အဲဒါမလို့ စိုးကလဲ ကို့ကို ချစ်တာပေါ့။"

သူမတို့ သူငယ်ချင်း တစ်သိုက် ပျော်ပျော်ပါးပါးနဲ့ တအားကို ကဲကောင်းနေသည်။
ပင်ပန်းနေပေမယ့် အားလုံး ပျော်ရွှင်ကြသည်။ သင်္ကြန်တွင်းမှာ ရေတွေက စိုစို နေကပူပူ ၊ စားကြတာလဲ စပ်ငန်စပ်ခါး အစုံပလုံ ဒါပေမယ့် ဘာတွေ ဘယ်လိုစားစား ဘာမှမဖြစ်တာကိုက သင်္ကြန်ရဲ့ ထူးဆန်းတဲ့ အချက်တချက် ဟုပင်ဆိုရမည်။


((အား))

"ဟဲ့…..စိုးစိုး …….ဘာဖြစ်တာလဲ"

"ခြေခေါက်သွားတာ အားးး နာလိုက်တာ။"

ရေစိုပြီး ချော်ကျသွားသော စိုးစိုး အား သူငယ်ချင်း ဖြစ်သူ သူသူ နွယ်နီနဲ့ ယင်းမာတို့ တွဲထူပြီး မဏ္ဍပ်ရှိ ထိုင်ခုံပေါ်မှာ နားနေစေလေသည်။

"သိပ်နာနေလား သူငယ်ချင်း ဆေးလိမ်းပြီး ပတ်တီးခဏ စည်းထားလိုက်နော် ။"

သူသူ ဆေးလိမ်းပေးပြီး ခြေကျင်းဝတ်ကို နှိတ်ကာ ပတ်တီးစည်းပေး နေလေသည်။

"စိုး သိပ်နာနေရင် နင်အိမ်ပြန်နားချင် နားလိုက်လေ ငါတို့ လိုက်ပို့ပေးမယ်။"

"နေပါစေ နွယ်ရယ် ရပါတယ် အေးဆေးပါဟ။ ခဏဆို ကောင်းသွားမှာပါ။ နင်တို့ ကစားရှိတာ ကစား။ နင်တို့ကစားတာ ငါထိုင်ကြည့် နေလိုက်မယ်။ နေ့လည်ပိုင်းမှ ငါပြန်ကစားမယ်။"

"အေး..သူငယ်ချင်း ဒါဆို နင်ဒီမှာ ထိုင်ပဲနေလိုက်။ သက်ပိုင်တို့ အုပ်စုလဲ တော်ကြာဆို ပြန်ရောက်လာ ကြတော့မှာပါ။"

သင်္ကြန်သီချင်းများနှင့် ကခုန် ပျော်မြူးနေကြသော လူများ၊ စားလိုက် သောက်လိုက် ရေပက်လိုက် နှင့် အလွန်ပျော် ရွှင်နေသော လူများ ကို သီချင်း နားထောင်ရင်း ကြည့်နေသော စိုးစိုး တစ်ယောက် သက်ပိုင်အနားေ ရာက်လာတာတောင် မသိမိလိုက်ပေ။

"စိုး…….ခြေထောက် ခေါက်သွားတယ်ဆို ဘယ်လိုဖြစ်ရတာတုန်း ။ ဒါမလို့ တစ်ချိန်လုံး မျက်ခုံးတွေ လှုပ်နေတာလား မသိပါဘူးကွာ။ ဒီလိုမှန်း သိရင် တခြားလူကို ခေါက်ဆွဲကြော် သွားဝယ်ခိုင်းလိုက်ပါတယ်။ ခုတော့ စိုးအနားမှာ ကိုယ်မရှိလို့ ခုလို ဖြစ်ရတာ။ သိပ်နာနေလား စိုး။"

"ရေနဲ့ချော် သွားတာပါ ကိုရာ။ ခဏဆိုကောင်း သွားလိမ့်မယ်။ ဒါနဲ့ ကို….ခေါက်ဆွဲကြော် ရော ရခဲ့လား။"

"စိုး စားချင်တာ မရရအောင် ကိုဝယ်ခဲ့တာပေါ့။ ရော့ စားလိုက်ဦး"

"ကိုရော စားပြီးပြီလား၊"

"စိုးနဲ့တူတူစားမလို့ ၊"

"ကို……ပျော်စရာ ကောင်းတယ်နော်။"

နှစ်ယောက်သား ခေါက်ဆွဲကြော် စားလိုက် သီချင်းနားထောင်လိုက် လူတွေ ပျော်မြူးနေတာကို ကြည့်လိုက်နဲ့ ချစ်သူနှစ်ဦး ကြည်နူးနေကြသည်။

"ကို……… ရေမဏ္ဍပ်နား ခဏသွား ဦးကြည့်လိုက်ဦးမယ်နော် စိုး"

"ဟုတ်ကဲ့ကို…."

"အို့…….ကို ဘာဖြစ်တာလဲ"

ကော်ဇော်အခင်းနဲ့ ခလုတ်တိုက်မိသွားသော သက်ပိုင်ထွန်းကို စိုးစိုးမှ စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

"ဘာမှမဟုတ်ဘူး စိုး……ကိုခဏသွား ကြည့်ပေးလိုက်ဦး။ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေနော်။"

"အင်း ……"

သက်ပိုင်ထွန်း သွားရာကို ငေးကြည့်ကျန်ခဲ့ရင်း ဆက်လက်သီချင်း နားထောင်နေလိုက်သည်။ ထိုင်နားနေရာမှ စိုးစိုးတစ်ယောက် ပျင်းပျင်း ရှိလှသည်နှင့် ဟိုဒီငေးရင်း သက်ပိုင်ထွန်း ရှိရာ ရေကစား မဏ္ဍပ်နားသို့ စိတ်ကသွား ချင်လာသည်။ သို့နှင့် ဖြေးဖြေးလမ်း လျှောက်ရင်း သက်ပိုင်စိုးနား မရောက်ခင်မှာပဲ ကံကြမ္မာရဲ့ နာနာကျည်းကျည်း တောက်ခေါက်သံ တစ်ခု…………….
(((( ၀ုန်း))))
အားးးးးးးးးးးးးးးးးးးးးးးးးးးးးး………….
အမေ)))))))))))))))))))))))))
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လုပ်ကြပါဦး………ကယ်ကြပါဦး…………..
လူတွေအားလုံး ပြေးသူက ပြေး ၊ အော်ငို အကူအညီ တောင်းသူက တောင်း ၊ အပြေးအလွှား ယောက်ယက်ခပ်ကုန်သည်။ ဆူညံအော်ဟစ်သံ ငိုသံ နှင့် အနိဌာ ရသမျိုးစုံဖြင့်…

(((((((((((((ကို ………………… ))))))))))))))

ကျယ်လောင်စွာ အော်ဟစ်ခေါ်နေသံကို အထွန်းတစ်ယောက် ကြားနိုင်စွမ်း မရှိတော့ပါ။ သွေးရူးသွေးတန်းဖြင့် အော်ဟစ်နေကာ သတိလစ်နေသော စိုးစိုးတစ်ယောက် ဆေးရုံရဲ့ အရေးပေါ် အော်ပရေးရှင်း ခန်းထဲမှာ။

သမီးရယ်……….. သမီးလေး အမြန်ပြန် သတိရ လာပါစေ ။ သမီးပြန် သတိရ လာစေဖို့ အမေဖြစ်သူ ဘုရားစာတွေ တတွတ်တွတ် ရွတ်ဆိုနေသည်။ ဆေးရုံတခုလုံး၌ အရေးပေါ် ရောက်လာကြသော လူနာများ အော်ညည်းသံ မိသားစုဝင် များဧ။် ငိုကြွေးသံများဖြင့် ဆေးရုံတခုလုံး ဆူညံ့ဆူညံသံများ ဖုံးလွမ်းနေသည်။


"ဟယ်……….သမီး ….သမီး သတိရလာပြီ။"

"အထွန်း……….အထွန်း…………အထွန်း……………….. အားးးးးးးးးးးးးးးးးးးး"

"မလှုပ်နဲ့ သမီး မလှုပ်နဲ့ ၊ ငြိမ်ငြိမ်လေး နေ၊"

"မေမေ………အထွန်းရော ဟင် အထွန်း ဘယ်လိုနေလဲ …သမီးသွားကြည့်မယ်။"

မိခင်ဖြစ်သူ စိတ်မကောင်းစွာဖြင့် ဘာစကားမှ ပြောမထွက်ပဲ သမီးအတွက် ရင်ထဲ စို့နစ်နေရသည်။

"ဟင်……..သမီး…….သမီး………… သမီး ခြေထောက်………ဟန်....

ကြောက်ကြောက်ရွံရွံ တုန်တုန်ယင်ယင်ဖြင့် စောင်ပေါ်သို့ လက်ဖြင့် တစမ်းစမ်းလုပ် နေသော သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကို မိခင် မကြည့်ရက်တော့ပဲ ငိုချလိုက်သည်။

"သမီးလေး……..သမီးလေး……..အဖြစ်ဆိုးလိုက်တဲ့ င့ါသမီးလေး။"

"စိတ်ကို ထိန်းပါ မေကြီးပါ။ သမီးပိုပြီး စိတ်မကော င်းဖြစ်သွားပါဦးမယ်။"

ခင်ပွန်းဖြစ်သူ ထိန်းနေရင်းကြားမှ အမေဖြစ်သူ အော်ငိုချလိုက်သည်။

"အောင်မလေး ဖေကြီးရဲ့………အီး….ဟီးး……..ကျွန်မသမီး အတွက် မခံစားနိုင်လို့ပါ ကျွန်မ သမီးလေး ရဲ့အဖြစ်ကို မကြည့်ရက် နိုင်လွန်းလို့ပါတော့။ သမီးရယ်……….အီးး ဟီးး……."

"ဟင်……..သမီးခြေထောက် ဘယ်ရောက် သွားတာလဲ ဘယ်ရောက်သွားတာလဲ ……….မေ..မေ.."
"သမီးခြေထောက်……………… သမီးခြေထောက် ………သမီးခြေထောက် တွေရော"

သွေးရူးသွေးတန်း နှင့် သူမခြေထောက်တွေကို လက်နှစ်ဖက်နဲ့ တုန်တုန်ယင်ယင် လိုက်စမ်းရင်း ငိုလိုက် မေးလိုက်နှင့် ဖြစ်အင်ကို မိခင်ဖြစ်သူ ရင်နှင့်စွာဖြင့် မည်သို့မျှ မကြည့်နိုင်တော့ပါ။

"သမီးလေး……..အမေ့သမီးလေးရယ် ငါ့သမီးလေးရဲ့ အသက်ကို အမေ မဆုံးရှုံး လိုက်ရတာကိုပဲ တော်သေးတယ်လို့ အမေဖြေသိမ့် လို့ရပါတယ် သမီးရယ်"

မိခင်ဖြစ်သူ ဒေါ်သီတာစိုး ငိုပြောရင်း သမီးဖြစ်သူကို စိုးစိုးကို ပွေ့ဖက်ထားလိုက်သည်။

"မေမေ………အထွန်းရော ဟင် အထွန်း ဘာဖြစ်သွားသေးလဲ"

သမီးအမေးကို ဖြေရမည်လား ဆိုသည်ကို အဖေလုပ်သူ မျက်နှာကို ဒေါ်သီတာစိုး အားကိုးတကြီးနဲ့ လှမ်းကြည့်လိုက်သည်။ ဖခင်ဖြစ်သူက ရင်ထဲတွင် မကောင်း။ ခုမသိလည်း နောက်သိသွားမှာပဲ ၊ ဒီကိစ္စကို ရှောင်လွဲလို့ ရမည့်ကိစ္စ မဟုတ်သည့် အတွက် ပြောပြသင့်သည် မဟုတ်ပါလား။ ဒါကြောင့် ခေါင်းတချက် ငြိမ့်ပြလိုက်ပြီး ပြောပြဖို့ သဘောတူလိုက်သည်။

"အမေကြီးပဲ ပြောပြလိုက်ပါကွာ။ စိတ်မကောင်း သည့်အသံဖြင့် ဖခင်လုပ်သူ စကားလုံးတွေ ပျောက်ဆုံးကာ သမီးဖြစ်သူအား ပြောလို့မထွက်တော့ ။
"သမီးချစ်သူ ပွဲချင်းပြီး ဆုံးသွားလို့ နောက်နေ့မနက်မှာ အားချင်း သဂြိုလ် လိုက်ရတယ် သမီး။"

"ရှင်………….အထွန်း ဆုံးပြီ………….. ဟုတ်လား။"

"သမီး……..သမီး……….သမီး…………ငိုချလိုက် သမီး………….သမီးလေး…………သတိထားလေ
သမီး…ဖေကြီးရေ ကျွန်မသမီးကို ကြည့်ပါဦး။"

သတိလစ်ကာ လဲကျသွားသော သမီးကို ခေါ်နေသော ဒေါ်သီတာစိုး တစ်ယောက် အရူးမီးဝိုင်း နေလေသည်။


ထိုနေ့မှ စ၍ စိုးစိုးစံ တစ်ယောက် အမြဲတမ်း ငေးငေးငိုင်ငိုင် နဲ့ သူမအရမ်း ချစ်သော ချစ်သူဖြစ်တဲ့ သက်ပိုင်ထွန်းရဲ့ ဓာတ်ပုံလေးမှ လွဲ၍ မည်သူနှင့် မျှလည်း စကားပြောဆိုခြင်း မရှိတော့။ ဓာတ်ပုံလေးကို ထုတ်၍ စကားတွေ ပြောလိုက် ၊ တစ်ယောက်ထဲ ရယ်လိုက် ငိုလိုက် ဖြစ်နေသော သမီးဖြစ်အင် ကို ကြည့်ပြီး မိဘများ မည်သို့မျှ မည်သို့မျှ ခံစားနိုင်ခြင်း မရှိတော့။ အဖြစ်ဆိုးကို ခံစားနေ ရရှာတဲ့ သမီးအား အလွန်သနား နေမိသည်။

ယခုဆိုလျှင် စိုးစိုး တစ်ယောက် သင်္ကြန်သီချင်း ကြားလျှင်ပင် ကြောက်ရွံတုန်လှုပ်စွာ အော်ဟစ်နေသည် ။

အော်…သင်္ကြန်…သင်္ကြန်…..သင်္ကြန်ရယ် ရက်စက်မှုတွေ မင်းသယ်ဆောင်လာတာ ခုဆိုရင် တစ်နှစ်တောင် ပြည့်ပါပေါ့လား။

သင်္ကြန်မှာ လူသားတွေရဲ့ ပျော်ရွှင်မှုကို သွေးမျက်ရည် ဖြစ်သွားအောင် လုပ်လိုက်တဲ့ လူယုတ်မာ တစ်စုရဲ့ လုပ်ရပ်ကြောင့် အပြစ်မဲ့တဲ့ သူတွေ သေခဲ့ ကွဲခဲ့ ရတာ ခုဆိုရင် တစ်နှစ်ပြည့် ပါရောလား။

အထွန်းရယ် ဒီဘ၀မှာ မပေါင်းဖက် နိုင်တော့ပေမယ့် ဘ၀ဆက်တိုင်း ဆက်တိုင်းမှာ ကိုနဲ့စိုး ဒီလို အဖြစ်ဆိုး နဲ့သေကွဲကွဲခြင်း မှလွဲပြီး စိုးတို့နှစ်ယောက် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ဖို့ စိုး ဆုတောင်းပါတယ်။

ခုတော့ သင်္ကြန်ရယ် သိပ်ချစ်တဲ့ ငါတို့ ချစ်သူနှစ်ဦးကိုမှ နင်သေကွဲကွဲအောင် လုပ်ရက်တယ်။ငါ့ကိုလည်း ဒုက္ခိတ ဘ၀နဲ့ အသက်ရှင်ပြီး ဘ၀သေအောင် လုပ်ခဲ့တဲ့ သင်္ကြန် နင့်ကို အရမ်းမုန်းတယ် အရမ်းမုန်းတယ်။

မုန်းတယ် ………..မုန်းတယ်……………မုန်း…………………….တယ်……………………..

ဒီနှစ်သင်္ကြန်မှာ (၇)ရက်သားသမီး တွေ ဘေးဘယာ ဝေးကွာပြီး သာယာချမ်းမြေ့ ပျော်ရွှင်နိုင် ကြပါစေ ၊ လွတ်လွတ်လပ်လပ် သင်္ကြန်အရသာကို အေးချမ်းစွာ ခံစားနိုင်ကြပါစေ ။

အန္တာရယ်ကင်း ဘေးရှင်းစွာဖြင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ဆင်နွဲနိုင်ကြပါစေ။

စိတ်ရောလူရော လန်းဖြာပြီး နှစ်သစ်မှာ အသွင်သစ်နဲ့ လှပတဲ့ စိတ်ဓာတ် အလှပန်းကို လူသားတိုင်း ပန်ဆင်နိုင် ကြပါစေ

(၇)ရက်သားသမီးများ နှင့်တကွ ဤစာရေးသူလည်း စိတ်နှလုံး အေးချမ်းခြင်း နှင့်ပြည့်စုံ ကြပါစေ လို့ မေတ္တာပို့ ဆုတောင်းရင်း…………..

(( ဤဇာတ်လမ်းသည် စိတ်ကူးယဉ် ဇာတ်လမ်း သက်သက်မျှသာ ဖြစ်ပါကြောင်း))