Subscribe:

Thursday, June 4, 2009

Happy Blog Anniversary


ချစ်စရာ ကောင်းလွန်းပြီး လှချင်တိုင်း လှနေတဲ့ သမီးလေး မက်မက်ပါ :P


စက္ကန့်ကို မိနစ်စား၊မိနစ်ကို နာရီစား၊ နာရီကို ရက်ကစားနဲ့ ဘာလိုလိုနဲ့ အချိန်တွေ ကုန်လွန်လာလိုက်တာ Dream Blog တောင် တစ်နှစ်သက်တမ်း တောင်ရှိပြီနော်။

စက္ကန့်၆၀ တစ်မိနစ်
မိနစ်ခြောက်ဆယ် တစ်နာရီ
နှစ်ဆယ့်လေးနာရီ တစ်ရက်
အချိန်တွေ တရွေ့ရွေ့သွားလဲ
မဟောင်းနွမ်း မပြောင်းလဲတာ
ဘလော့ကာတွေရဲ့ မေတ္တာနဲ့
နွေးထွေးမှု အကြင်နာပါ။

Dream Blog လေးဟာ ညီအစ်ကို မောင်နှမတွေရဲ့ အားပေးမှုကြောင့် အခုဆိုရင် ရပ်တည်မှုက ၆လပိုင်း ၅ရက်နေ့ ဆိုရင် တစ်နှစ်တိတိသို့ ရောက်ရှိလို့ လာခဲ့ပါတယ်။

ဘလော့လောကမှာ ပထမဆုံး လူတကာကို ဦးဦး၊ တီတီ (ကြိုက်မှန်းမသိ ၊ မကြိုက်မှန်း မသိ၊ ဟိ...ဟိ ) နဲ့ခေါ်ဝေါ်ပြီး အိမ်တကာ လှည့်လည်ပြီး ပြေးလွားနေတဲ့ ကောင်မလေး တစ်ယောက်ပါ။ မူရင်း ဟာသဓာတ်ခံကြောင့် အစပထမမှာ နောက်ပြောင်ခေါ်ဝေါ် ခဲ့ပေမယ့်လည်း တကယ်လက်တွေ့ နဲ့အပြင်မှာ လူချင်းတွေ့သည့် အခါမှာလည်း သို့မဟုတ် စကားပြော သည့်အခါ မှာပါပြင် မရတော့ပဲ အခုချိန်ထိ ဦးဦး၊ တီတီခေါ်မိ တတ်ပါတယ်။

Dream Blog ဆိုတဲ့ အိပ်မက်ဘလော့လေးက မက်မက်ကို တကယ်အကျိုး ပြုပါတယ်။ ဒါကြောင့်လည်း ဒီဘလော့လေးကို အင်မတန် သံယောဇဉ် တွယ်မိပါတယ်။ ဘယ်လိုအကျိုးပြုလည်း ဆိုတော့ ဒီဘလော့လေးကြောင့် မထင်မှတ်ဘဲ မက်မက်မှာ အင်မတန် ခင်စရာ ကောင်းတဲ့မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေ ရရှိလာရတယ်။ လူတွေရဲ့ အကြောင်းတော်တော် များများကိုလဲ လေ့လာသိရှိခွင့် ရသွားရတယ်။ နောက်ပြီး ဗဟုသုတတွေ မှတ်သားခွင့် ရခဲ့တယ်။

စာရေးကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဆီကနေ အကြံဥာဏ်တွေ ၊လေ့လာခွင့် ၊ သင်ယူခွင့် ၊ချဉ်းကပ်ခွင့်တွေ ရရှိခဲ့တယ်။ ကိုယ်မသိတဲ့ နည်းပညာပိုင်း ဆိုင်ရာပညာ ရပ်တွေလဲ သင်ယူခွင့် ရရှိတယ်။ ဘာသာရေး အသိတွေလဲ တိုးပွားလာရတယ်။ ခင်စရာကောင်းတဲ့ မိတ်ဆွေ တော်တော်များများ ကိုလည်းခင်မင်ခွင့် ရရှိလာရတယ်။ ဒါတွေဟာ ဆိုရင်ဖြင့်Dream Blog ကို အကြောင်းပြုပြီးမှ ဖြစ်ပေါ်လာရ ရရှိလာရတဲ့ အရာတွေပါ။

သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် နေ့စဉ်လှုပ်ရှား ရုန်းကန်နေရတဲ့ ဘ၀တွေမှာ စိတ်ဖိစီးမှု ဆိုတာရှိ စမြဲပါ။ ဒီဖိစီး မှုတွေရဲ့ ထွက်ပေါက်တစ်ခု အဖြစ် ဘလော့ကာတိုင်းက သူတို့ရဲ့ ဘလော့လေးမှာ ဘ၀အမောတွေ ဖြေကြရပါတယ်။ ကိုယ်ဖန်တီးထားတဲ့ ဘလော့လေးမှာ ဘလော့ညီအစ်ကို မောင်နှမတွေရဲ့ အားပေးနှစ်သိမ့်မှု စကားတွေက လူတစ်ယောက်ရဲ့ ဘ၀အမောကို တကယ်ပြေ စေပါတယ်။ ဒါဟာလည်း စိတ်အဟာရ အားဆေးတစ်ခု အဖြစ်မှီဝဲရတာပါ။ Blogမှာ ခင်မင်ခွင့်ရတဲ့ သူငယ်ချင်းနဲ့ အပြင်က ခင်မင်ရတဲ့ သူငယ်ချင်းနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း ခင်မင်မှု က မတူပါဘူး။ ဘလော့ပေါ်က သူငယ်ချင်း သံယောဇဉ်က ပိုပါတယ်။ မကြားရ မမြင်ရ သံယောဇဉ်က ပိုတယ်ဆိုတာ ဒါမျိုးထင် ပါရဲ့နော်။ ဒါက မက်မက်ရဲ့ ခံစားချက်နော်။ :)

ဘလော့တစ်နှစ် ပြည့်အထိ အားပေးလာတဲ့ သူများကို အရင်ဦးစွာ ကျေးဇူးတင် စကားမပြောခင် မက်မက်က တောင်းပန်စကား ဆိုပါရစေ။ ဘလော့စာမျက်နှာပေါ်မှာ ကြိုက်သည်မကြိုက်သည် မသိပဲ အပျော်ဟာသ ဓာတ်ခံကို အကြောင်းပြုလို့ ဘလော့ကာ တွေကို ဦးဦးတီတီ စသည်ဖြင့် နာမည်ဖျက်ပြီး ခေါ်ချင်သလို ခေါ်ဆိုမိပါတယ်၊ ဒီအတွက်ကြောင့် မကြိုက်ခဲ့ သည်ရှိသော် ခွင့်လွတ်ပါ။နော်လို့။

ဘလော့လောကထဲ ရောက်ရှိလာတဲ့ သူတိုင်းမှာ မြင်ရတဲ့ ရန်သူ မမြင်ရတဲ့ ရန်သူစသည့် အတိုက်အခိုက် မျိုးစုံလည်း ဒုနဲ့ဒေး ရှိကြတာပါပဲ။ မက်မက်ရဲ့ စိတ်ထဲမှာ ရန်သူလို့ သတ်မှတ်မထား ပေမယ့်လဲ ကိုယ့်ကို လိုသူ မလိုသူဆိုတာ ရှိရင်ရှိ မှာပဲလေ။ အကယ်၍ ရှိခဲ့ရင် မက်မက်ကလည်း မေတ္တာကို အရင်းပြုလို့ ၄င်းတို့ကို ခွင့်လွတ်ပါတယ်။ မက်မက်ကလည်း ပြောမှားဆိုမှား ရှိခဲ့ပါက ၄င်းတို့က ခွင့်လွတ်ဖို့ မျှော်လင့်ပါတယ်။ :)

အရင်ဆုံး ကျေးဇူးတင် ရမှာက တီတီဒွင်းရဲ့ ကိုယ်ပွားဖြစ်တဲ့ မက်မက်လေးကို ပြန်ဆွဲခေါ်လာသူ အကြံဥာဏ် ပေးသူ မွေးဖွားပေးသူက မွေးစားမိဘ ၂ဦးဖြစ်တဲ့ ဦးနော်နဲ့ မယ်မယ်ငယ်လေးပါ။ (တစ်ခါတစ်ခါ ဦးနော်က မက်၊ မယ်မယ်ကလည်း မက်မက်၊ စီစီ၊ မက်မေစီရေ၊ စီလေးရေ။ မေစီမက်ရေ လို့ချစ်စနိုးနဲ့ အစပြု လို့ နာမည်မျိုးစုံကို ခေါ်ဆိုသူပေါ့) အခုတော့ သူတို့ ကင်ပွန်းတပ်ပေးတဲ့ မက်မက်လေးဟာ တစ်နှစ်သမီးလေး ဖြစ်နေပါပြီ။ ကျေးဇူးပါ ဦးနော်နဲ့ မယ်မယ်ငယ်လေးရေ။

ဘလော့လောကထဲ ရောက်ရှိခဲ့ချိန်က ပထမဆုံး သူငယ်ချင်း ဖြစ်ခဲ့သူ ဦးပူးလို့ ခေါ်ခဲ့တဲ့ ကိုသက်နောင်ပါ။ အစစ အရာရာ ပြောပြသင်ပြ ပေးတဲ့သူငယ်ချင်းပေါ့။ အခုတော့ တစ်ခါတစ်ခါ အွန်လိုင်းမှာ တွေ့ပေမယ့် ပြောမနာ ဆိုမနာ သူငယ်ချင်းက ဘလော့မရေး ဖြစ်တော့ပါဘူး။

ပထမဆုံး ဦးရီးတော်လို့ စခေါ်ခဲ့တဲ့ မက်မက်ရဲ့ ဦးရီးတော် တစ်ဦးဖြစ်တဲ့ ကိုဝင်းမင်းဆန်း၊ နောက်ဦးရီးတော် ဂျင်ရော်လို့ ခေါ်ခဲ့တဲ့ ကိုဇင်ယော်( သူလဲ ကလေးမွေးပြီး ကတည်းက ပျောက်ချက်သား ကောင်းနေတယ်)၊ ဦးဦးမျောက်ဝန်းနက်လို့ ခေါ်ခဲ့တဲ့ ကိုမျက်ဝန်းနက် (ခုတော့ မရှိရှာတော့ဘူး) ၊ ဦးရီးတော် ဖားကြီး၊ အပြင်ထွက်ရင် ဒေါက်မြင့်ဖိနပ် စီးပြီး မထွက်ဖို့ သတိပေးတဲ့ ဦးရီးတော် ဆီးချိုအလှတရား၊ ဦးဦးတိန်လို့ ခေါ်တဲ့ ကိုဖေသိန်း ( ပို့စ်တွေ မတင်ဘဲ ပုန်းနေတယ် ဦးဦးတိန်က) ။

နောက် ဗေဒင်ပညာရပ် နယ်ပယ်က ဦးဦးယန်းဂေါင်း လို့ခေါ်တဲ့ ကိုရောင်ဂန်း (မအားတဲ့ ကြားက လာလာအားပေးတဲ့ ဦးဦးပါ)၊ နောက်ဘလော့ကို ဖျက်သိမ်းလိုက်တဲ့ ဦးဦးခြင်္သေ့လို့ ခေါ်တဲ့ ခေါ်တိုင်းလဲ စိတ်မဆိုးတတ်တဲ့ ခင်စရာကောင်းတဲ့ ကိုသီဟပါ။ ဦးဦးခြေချင်းချိတ်ရာလို့ ခေါ်တဲ့ ကိုချစ်ချင်းစေရာ မဲတုန်းကြီး (အဲ..လှို့ဝှက်ချက်တွေ ပေါ်ကုန်ပြီ)၊ နောက်ဦးဦးရက်ရင့်နီ လို့ခေါ်တဲ့ ကိုရဲရင်နီ (သူတို့တွေ အခုမအားကြဘူး) ၊ ဦးဦးမိဘမေတ္တာ(မတွေ့တာတောင် ကြာပြီ)၊မီးမီးရေ လို့ခေါ်တတ်တဲ့ ယိမ်းနွဲ့ပါဓားမှ ဦးဦးမိုးကြယ်၊ ဦးဦးဝင်းချော် လို့ခေါ်တဲ့ အမြဲတမ်း ၀ဲလ်ကမ်းလုပ်တဲ့ မန္တလေးမှ ကိုဝင်းဇော် (ခွင့်ရက်က စေ့နေပြီ၊ ခုထိမ လာသေးဘူး) ၊ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်ဗျာ ဆိုတဲ့ ဦးဦးချဲဗန်းလို့ ခေါ်တဲ့ ကိုဂျူလိုင်အိပ်မက်၊ ဦးဦးလစ်လို့ ခေါ်တဲ့ ကိုရီပက်ပလစ်(သူလဲပျောက်နေတယ်)၊ ဇနီးချော လေးယောက်နဲ့ ပျောက်နေတဲ့ မသင်းမေ ယောင်္ကျား ဦးဦးပန်းဂျဂါး လို့ခေါ်တဲ့ ကိုပန်းစကား၊ တီတီမက်မက်လို့ လာပြန်ခေါ်တတ်တဲ့ ဦးဦးကိုတိုးရေး တစ်ဖြစ်လဲ ကိုတိုးလေး၊ နင်စခေါ်လို့ ဘလော့တစ်ခုလုံးမှာ ဦးရှင်ကြီးဆိုပြီး ငါ့နာမည်တော့ ပျက်ပါပြီလို့ ဖုန်းဆက်တိုင်း ပြောတတ်တဲ့ ဦးရှင်ကြီးလို့ ခေါ်တဲ့ ကိုရှင်ရဲထွက် (အခုတော့ ရွှေမြန်ပြည်မှာ ပျော်တော်မူ နေလောက်ပြီ)၊

တစ်ခါတစ်ခါ အွန်လိုင်းမှာ တူမတော်ရေ၊ သမီးလေးရေ လို့ခေါ်တတ်တဲ့ အရေးကြုံရင် တိုင်ပင်လို့ရတဲ့ ဦးကာကြီး လို့ခေါ်တဲ့ ကိုဥပသကာ၊ ဂျီးထော်မတ်၊ ဘွားတော်မတ်လို့ ခေါ်တတ်တဲ့ အူးအူးခွီ လို့ခေါ်တဲ့ ကိုအိုင်ခီလောက်၊ အွန်လိုင်းမှာ လူကိုတွေ့ရင် ချစ်ရေ လို့ခေါ်ပြီး ကိုယ့်ကိုကိုယ် မောင်လို့ သုံးနှုန်းတတ်တဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်းကောင်း ပြောမနာ ဆိုမနာ အရူးလေး အူးအူးဖွတ်ချိန် တစ်ဖြစ်လဲ ကိုဖိုးစိန် (အခုတော့ ဘလော့မင်းသားကြီးပေါ့)၊

နောက်စာမေးပွဲ အောင်ရင်လိုချင်တာ ၀ယ်ပေးမယ်လို့ ပြောထားခဲ့တဲ့၊ ဖွတ်ချိန်ရဲ့ လပ်ဖ် လီး ဘရားသားလေး အလေအလွင့် အရဲ ၊ မြန်မာအာမီ ဘလော့က ကိုနိုင်ကို၊ ဦးဦးအာမီလို့ ခေါ်တဲ့ ကိုအာမီနဲ့ တီတီအာမီ ၊ တီဒွင်းတီဒွင်းနဲ့ လာလာချွဲတဲ့ ပြောမနာ ဆိုမနာ ဦးဦးငဒေါက် လို့ခေါ်တဲ့ ကြုံရာဆုံရာ မိုးတောက်၊ ရေးလိုက်တိုင်း ကဗျာစာလုံးတွေက လန်ထွက်နေတဲ့ ဦးဦးကောင်းလို့ ခေါ်တဲ့ ကဗျာစုတ်ခဲ့ခဲ့ နှုတ်ခမ်းနဲ့ ကမ္ဘာမြေကို နှုတ်ဆက်နမ်းခဲ့မယ့် ကိုကောင်းကင်ကို နဲ့ ဦးယုတ်လို့ ခေါ်တဲ့ ကိုအရုပ်ကလေး ၊ တောက်တောက်လို့ ခေါ်တဲ့ မောင်လေး မီးတောက် ၊ဦးဦးပတ်ကျိ လို့ခေါ်တဲ့ မောင်လေးပိကျိတို့နဲ့

အကူအညီလိုရင် မညည်းမညူ ကူညီတတ်တဲ့ သူငယ်ချင်း ကိုချစ်စမ်းမောင် ၊ ကဗျာတွေကို လွယ်အိတ်နဲ့ သိမ်းထားတဲ့ ကဗျာလွယ်အိတ်မှ ကိုသားဖြိုး၊ ဦးပီကြီးလို့ ခေါ်တဲ့ ကိုပီကေ၊ ဦးကေလို့ ခေါ်တဲ့ ကိုကေမောင်ငြိမ်း ၊ဦးဦးအန်တီလို့ ခေါ်တဲ့ ကိုအန်ဒီ၊ ဂစ်တာတီးပြီး ကဗျာရေးမယ့် ဦးဂစ်လို့ ခေါ်တဲ့ ကိုဂီတာ၊ ဦးဦးဖိုးဖိုးကြီးလို့ ခေါ်တဲ့ ကိုဖိုးဖိုး၊ ဖာတီမာ အရှာဘီရဲ့ အချစ်တော် ကိုရင်ငသန် လို့ခေါ်တဲ့ ကိုဂျူဝသန်၊

ဒီဒီရေလို့ ခေါ်တတ်တဲ့ ဦးကွီနိုင်း ၊ မကြာမကြာ လာလည်တတ်တဲ့ ဦးဂင်ကြီး ၊ မြေသြဇာတွေ ရောင်းတဲ့ ဦးဂျော်ဂျီးလို့ ခေါ်တဲ့ ကိုကျော်ကျော်၊ခင်စရာ အရမ်းကောင်းတဲ့ ဦးဦးမော်နဲ့ တီတီလွင်၊ ဦးရီးတော် မိုးတွေးနယ် လို့ခေါ်တဲ့ ကိုမိုးသွေးငယ်(သူတပါးကို အမြဲကူညီ တတ်သူပါ)၊နောက် စတိုင်လ်ချင်းတူလို့ ခင်တယ်ဆိုတဲ့ ဦးဦး co2zenith ပါ။ နောက်ဂျယ်လီတွေ လာလာတောင်းစားတဲ့ တူရေးဂျယ်ရီ လို့ခေါ်တဲ့ မောင်လေးဂျယ်ဂျဲ၊ ဒွင်းဒွင်းရေ လို့လာလာ ခေါ်တတ်တဲ့ ဘီဘီတဖြစ်လဲ မောင်လေးဗီလိန်၊ လူတွေ့ရင် အရူးမလေး လို့ခေါ်ပြီး သရဲခြောက် ပြီးကြွားတတ်တဲ့ လူမြင်မ ခံရဲတဲ့ ဒရင်းက နရင်းရိုက်မယ့် အူးအူးအိန် လို့ခေါ်တဲ့ ကိုအိမ်၊ တူမကြီးလို့ ခေါ်တတ်တဲ့ အနွယ်တူ စာရေးကောင်းတဲ့ ကိုအိမ်မက်ရှင်၊ နောက် မက်မန်းသီးလေးရေ ဆိုပြီးလာလာ ခေါ်တတ်တဲ့ ဦးဦးအလယ်လွန် လို့ခေါ်တဲ့ ကိုတလယ်နွန် ၊ စိန်ပန်းမြေမှ ဦးဦးတော်ချင် ခေါ် ကိုသော်ဇင်၊ တယောက်နဲ့ တယောက် အပြန်အလှန် ဘတ်ဘတ်လို့ ခေါ်နေကြတဲ့ ခင်စရာ ကောင်းတဲ့သူငယ်ချင်း ဦးဦးဝါးတန်းလုံး လို့ခေါ်တဲ့ ကိုဝသန်မိုး၊

နောက်အစ်မဆီ လာလည်ရင် လာလည်ရတာ ပျော်စရာ ကောင်းတယ် စိတ်ချမ်းသာ ပါတယ်ဆိုတဲ့ မောင်လေးရဲလင်း ၊ အိပ်မက်အကြောင်းတွေ ရေးပေးတဲ့ ပန်းရနံ့မှ ဦးဦးကိုမောင်မောင်၊ ကဗျာတွေ ရှည်ရှည်နဲ့ လူကိုဆွဲခေါ် သွားတတ်တဲ့ ဦးဦးအနော်မာနဲ့ သူငယ်ချင်း သုဏော်စိုင်း၊ ကိုမင်းအိမ်ဖြူ ၊ ကဗျာသစ်တွေ တင်တိုင်း အိမ်လာခေါ် အကြောင်းကြားတတ်တဲ့ ဦးဦးရဲဝင့်သူ၊ ကိုနေဒေးသစ်၊ ပဲခူးသားလေး ကိုမောင်ငယ်၊ ကိုဗညားရှိန်၊ ကိုနေမင်းသွေး၊ ကိုကြယ်စင်မင်း ၊ထိုင်ဝမ်မှ အန်ကယ်လ်နေလင်း လို့ခေါ်တဲ့ ကိုနေလင်း၊ ဆေးပညာတွေ ဗဟုသုတ တွေအများကြီး ပေးတဲ့ ဦးဦးဝင်းသိန်း ၊နောက်ပျောက်သွားကြတဲ့ ၊ကိုဟတ်မြူစီရမ်၊ ကိုအဇျတ္တပြခန်းက ဦးဦးမိုးညံ၊ ဦးဦးမော်စီ ဦးဦးမြွေပွေးဘစီ၊ ဦးဦးစိတ်ထွက်ပေါက် ရေးရမယ် ဆိုရင် တစ်နှစ်လုံးက မိတ်ဆွေတွေ ကုန်မယ်မ ထင်ပါဘူး။

မက်မက်နဲ့ မွေးနေ့ချင်းတူတဲ့ ကိုမင်းကျန်စစ်၊ (ခုတော့ဘယ်ရောက်မှန်း မသိတော့ဘူး)၊ နှစ်ပတ်မြောက် မွေးနေ့ကို ကွန်မန့် ပေးသွားတဲ့ ကိုဘလက်ဒရင်း၊ ကိုရင်ညိန်း၊ ကိုအလင်းတန်း၊ကိုဒေါင်းမင်း၊ ရွှေညာသားမောင်မောင်၊ ကိုစိုင်းဝဏ္ဏ၊ ကိုဖိုးသူတော်၊ ကိုနွေဆူးလင်္ကာ၊ ကိုမိုးသောက်ယံ၊ ကိုဟန်သစ်ငြိမ်၊ ဦးဦးသုခမိန် (အီးဂျာနယ်)၊ ကိုဖိုးတရုတ်၊ ကိုကနေဒါ၊ ကိုလင်းလက်၊ ကိုခရောင်းလမ်း ၊ကိုရန်အောင်၊ ကိုနွယ်ရိုး၊ ကိုနွေဆူးလင်္ကာ ၊ကိုဂျေဂျူပိုင် ၊ ကိုတောင်ပေါ်သား၊ ကိုပုလုကွေး ၊ ကိုမြစ်ကျိုးအင်း ၊ကိုသီဟသစ်၊ ချစ်ချင်းဖြင့် အဖြစ်ကင်းစေမည့် 4everlove ၊ evergreen phyo မှဦးဖြိုး ၊ဟိုတလောက မှစတင် ခင်မိတဲ့ ရွှေလမ်းငွေလမ်းက ဦးဦးဝင်းကြည် စသည်ဖြင့် အများကြီး အများကြီးပါ၊

တချို့တွေက ဘလော့စာ မျက်နှာမှာပဲ ခင်ကြရပြီး တချို့တွေက အွန်လိုင်းမှာပါ ခင်ရတဲ့ အစ်ကိုတော် ဦးရီးတော် မောင်လေးတော် တွေပါ။ ခင်ခွင့်ရလို့ ၀မ်းသာမိသလို ၊ လာလည်အားပေးတဲ့ အတွက်လဲ အင်မတန်မှ ကျေးဇူးတင် ရှိပါတယ်။ နာမည်မ ပါပေမယ့် တကယ်ခင်တဲ့ သူတွေရှိပါတယ်၊ မက်မက် မှတ်မိသ လောက်လေး တွေကို ရေးထားပါတယ်။ မက်မက်မရေး မိပေမယ့် တကယ်ကျန်ခဲ့တဲ့ အစ်ကိုတွေလဲ ရှိဦးမှာပါ၊ ကျန်ခဲ့တဲ့ သူတွေကိုလဲ ကျေးဇူးတင် ရှိပါတယ်။

နောက်အမျိုးသမီး ဘလော့ကာ တွေထဲမှာ တီဝါလို့ခေါ်တဲ့ ခင်စရာ ကောင်းတဲ့ မ၀ါဝါခိုင်မင်း၊ တိုင်ပင်ဖော် တိုင်ပင်ဖက် တီတီတက်တန့်လို့ ခေါ်တဲ့ မသက်တန့် ၊ လူတွေ့ရင် အာဝါးးပေး နှုတ်ဆက်တတ်တဲ့ တီတီတင်ချာ လို့ခေါ်တဲ့ မသဉ္ဇာ၊ ချစ်မက်ရေ လို့ခေါ်တတ်တဲ့ ချစ်ရတဲ့ တီတီငွန် တဖြစ်လဲ မငွန်ငယ်၊ တီပန်းလို့ ခေါ်တဲ့ မပန်းခင်းလေး၊ ဘုန်းလေးကို ပေးပြီး အမျိုးတော်ထားတဲ့ တီတီနက် လို့ခေါ်တဲ့ မနှင်းဆီနက်၊ အစိမ်းရောင်လေး ပိုင်ရှင်လေး တီတီအေပီ၊ ခင်စရာ ကောင်းတဲ့ ၀တုတ်တုတ်လေး မလရိပ်ချို (စိုင်းစိုင်းရဲ့ သီချင်းခေါင်းစဉ် မဟုတ်ဘူးနော်) ၊

မာကပ်တင်း ပညာတွေ ဖလှယ်ချင်တဲ့ မဖူးဖူး၊ အွန်လိုင်းမှာ တီတီတာတာတွေ ပြောတဲ့ မတာတာ၊ တီတီတချင်နီ လို့ခေါ်တဲ့ မသဇင်ဏီ၊ ဒီတခါလာရင် အစီအစဉ်ကောင်းတွေ လုပ်ကြမယ် ဆိုတဲ့ တီတီယမမင်း လို့ခေါ်တဲ့ အချစ်တုန်း တီတီမယမင်း ၊ ကော်ဖီအမြဲလာ လာတိုက်တဲ့ ကဗျာရေးတော်တဲ့ တီတီပယဲ လို့ခေါ်တဲ့ မပုလဲ ၊ တီတီ60 လို့ခေါ်တဲ့ မဝေလေး၊ဖွားမက်ရေလို့ ခေါ်တတ်တဲ့ မြေးမလေး ကလေးငယ်လေး နဲ့ ကလေးလေး၊ မက်မက်လေးရေ လို့ခေါ်ပြီး တိုင်ပင်တတ်တဲ့ တီတီဆောင်းဦး လို့ခေါ်တဲ့ ၀ိတ်လျှော့တယ် ဆိုပြီး အစားတွေပဲ လှိမ့်စားနေတဲ့ မမဆောင်းဦး၊ ၊ ဒရင်းလေး လို့ခေါ်ပြီး မမကလည်း ဒရင်းလေးကို ချစ်ပါတယ် ဆိုတဲ့ တီတီမေ လို့ခေါ်တဲ့ မမမေအိခင်၊ စိတ်ဖြေရာမှ မေမေ လို့ခေါ်တဲ့ မမေ(စိတ်ဖြေရာ)

သမိုင်းအကြောင်းလေးတွေ ပြောပြောပြတတ်တဲ့ နှင်းဆီခင်းကြီး ပိုင်ရှင်တီတီဇင် လို့ခေါ်တဲ့ မသက်ဇင် ၊ စတိုင်လ်တမျိုးနဲ့ မရိုးနိုင်တဲ့ ဗစ်ဇစ် လို့အော်သွားတဲ့ တီတီကွန်း တဖြစ်လဲ ဘလော့မင်းသမီးကြီး မခင်ဦးမေ နှင့် မဆင်သန်ရာ ၊ စားဝိုင်းနဲ့ အကြွေးတင်နေတဲ့ တီတီချွေပီတူ လို့ခေါ်တဲ့ မရွှေပြည်သူ၊ တိုင်ပင်ဖော် အချစ်တုန်း တီတီမေတူ လို့ခေါ်တဲ့ မမမေသူ၊ ၊ ရသစုံ တင်ဆက်ပေးတဲ့ တီတီကဗျာနဲ့ တီတီmay16 ၊ တီတီမီ လို့ခေါ်တဲ့ မမယ်လိုဒီမောင်၊ အိမ်ကိုလာပြီး စားစရာ လာလာကျွေးတဲ့ တီမျူးလို့ ခေါ်တဲ့ မမြူးသျှရီ၊ စိတ်စွဲလို့ အိပ်မက်ထဲ တောင်ထည့်မက်မိတဲ့ မမိုးခါး ၊ ဂျပန်မင်းသမီးချောလေး ဂုရုကြီးလို့ ခေါ်တဲ့ သယ်ရင်းမယ်ဂုမီ ၊ သူငယ်ချင်း မဗေဒါ၊

အတူတူ ဘလော့ဂင်းဖို့ ပြောထားတဲ့ တီတီတစ်ချာ လို့ခေါ်တဲ့ မမေသစ္စာမောင် ၊ ယောင်းမလာတော် နေတဲ့ နှပ်ထရေး လို့ခေါ်တဲ့ ညီမငယ်လေး ငှက်ကလေး၊ စာမေးပွဲတွေ အကြောင်းပြ ပြီးပျောက်နေတဲ့ ညီမလေး ငြိမ်းလေး ခေါ် ငှက်ငယ်လေး (ပျောက်နေတယ်)၊ ညီမလေး လိပ်ပြာလေး (ဆုလေး) ၊ တီတီညရေး လို့ခေါ်တဲ့ ညီမလေး ညလေး၊ တီတီညမင်းနဲ့ ဦးဦးလခင်းလို့ ခေါ်တဲ့ တီတီညခင်းနဲ့ ဦးဦးလမင်း ၊ သယ်ရင်း အိဝေဖြိုး ၊ တီတီယောင်းယောင်း လို့ခေါ်တဲ့ မမီးလေးဇာ ၊ သယ်ရင်း အနွယ်တူ ဒရင်းအိန်ဂျယ်(ပျောက်ချက်သား ကောင်းနေတယ်)၊

တီတီချို လို့ခေါ်တဲ့ မချိုချိုသဇင်၊ နေ့ခင်းမှာပဲ မက်တဲ့အနွယ်တူ ညီမလေး နေ့အိပ်မက် (အခုခဏ ခွင့်ယူထားတယ်) ၊ညီမလေး ချင်းမလေး၊ အစ်မယုန်ကလေး ( ပျောက်ချက်သား ကောင်းနေတယ်) ၊ ဖာလွန်ကောင်း အကြောင်းလေး တွေရေးပြပေးတဲ့ မရတနာ၊ တီခေါင်ကြီး လို့ခေါ်တဲ့ မခေါင်ခေါင်၊ ညီမလေး မေဒီဇာ ၊ညီမလေး ရောင်ပြန်၊ ညီမလေး ရေစင်၊ တီတီ အလွမ်းပြေ ၊တီတီချိုချိုသဇင်၊ တီတီဒီ လို့ခေါ်တဲ့ မမေဒီ မန္တလေး တီတီဒိုင်ယာရီ စသည်ဖြင့် မက်မက်ဘလော့ကို တစ်နှစ်တာ အတွင်းမှာ လာရောက် အားပေးကြတဲ့ တီတီတို့ အစ်မတို့ ညီမလေး တို့ကို အင်မတန် ကျေးဇူးတင် ရှိပါတယ်။ နာမည်မမှတ်မိဘဲ ကျန်ရှိတဲ့ ချစ်ရတဲ့ အစ်မတွေ လည်းရှိပါ သေးတယ်။ သူတို့ကိုလဲ ကျေးဇူးတင် ရှိပါတယ်။ အာဝါးးးး အမြောက်တစ်သိန်း နော်..တီတီတို့.. :)

နောက်ပြီး မက်မက်ရဲ့ ဓမ္မမိတ်ဆွေ သူငယ်ချင်းများ ၊ အစ်ကိုများ ဖြစ်ကြတဲ့ မိသားစု မောင်နှမ အရင်းတွေလို ခင်ရတဲ့ သူတွေကတော့ သစ္စာတရားတွေ အမြဲတိုက်ကျွေးတဲ့ ဦးဦးဝင်းမြင့်နဲ့ တီတီမေဟန်၊ ဆုံးမစကား၊ ပုံပြင်လေးများနဲ့ လူငယ်များကို အသိတရားတွေ ဖလှယ်ပေးတဲ့ အမှားများကို ပြင်ပေးတဲ့ ဦးဦးဝိမုတ္တိ၊ အန်တီ သစ္စာအလင်း၊ မောင်နှမတွေလို အစစ အရာရာ တိုင်ပင်တတ်တဲ့ တရားရေအေး အမြဲဖျန်း ပက်ပေးတဲ့ မောင်လေးအောင်ဦး၊

အစ်မတော်ကို တရားအသိနဲ့ လမ်းညွှန်ခဲ့တဲ့ မိမက်လို့ ခေါ်တတ်တဲ့ ကိုသိင်္ခ၊ ခင်စရာ အကောင်းဆုံး ကိုဟိန်းညီ၊ တရားများကို ပြန်လည်မျှ ဝေတတ်ပေးတဲ့ မောင်လေးဖိုးသား၊ မောင်လေး ချမ်းပြည့်လင်း ခေါ်ဆရာချမ်း ၊ အမြဲစိတ် ချမ်းသာအောင် ဆုတောင်းပေးတဲ့ မောင်ကောင်း၊ ကိုဝင်းလတ်၊ ကိုအလင်း စေသမန်မှ ကိုရဲကြီး ၊ ရေနံ့သာမြိုင်မောင်ဘဲ၊ ကိုမိုးမောင်၊(ဟတ်ပီးကလောက်)နဲ့ စကိုင်ပီမှ ဓမ္မမိတ်ဆွေ သူငယ်ချင်း များကိုလဲ ဒီဘလော့နှင့် ဆက်စပ်၍ ခင်မင်ခွင့် နှင့်တစ်ယောက်အကျိုး တစ်ယောက်ပြုခွင့် ရသည့်အတွက် ၊ ကျေးဇူးအထူး တင်ရှိပါတယ်။ သိခွင့် ခင်ခွင့် ရင်းနှီးခွင့် ရတာကိုလည်း အင်မတန် ၀မ်းသာပျော်ရွှင် မိပါတယ်။

နောက်ပြီး မသိသည်များကို အမေးအဖြေနှင့် သေသေချာချာ စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြား ပေးတတ်တဲ့ လေးစားစရာကောင်းတဲ့ ဘုန်းဘုန်းကောဝိဒ(မြိတ်)၊ နောက်ပြီး မင်္ဂလာ ရှိအောင်ခဏခဏ သင်ပေးနေတဲ့ ဘုန်းဘုန်းကုမာရ ၊ တရားတော်များကို အပတ်စဉ် ဟောကြားပေးနေသော ဘုန်းဘုန်းတိက္ခ၊ ခရီးသွား မှတ်တမ်းတွေ တင်ဆက်ပေးနေတဲ့ မနက်ဖြန်များရဲ့ ဘုန်းဘုန်း နာယက လကာင်္ရ၊ တို့ကိုလဲ ဒီဘလော့နှင့် အကြောင်းပြု၍ ခင်မင်ခွင့် ကြည်ညိုခွင့် ရသည့်အတွက် အလွန်ကျေးဇူးတင် ရှိပါတယ်။ အင်မတန် မှလည်း ၀မ်းမြောက်မိပါတယ်။

ဘလော့မရေးပေမယ့် မက်မက်ဘလော့ကို လာလည်ပြီး ပို့စ်များကို ဖတ်ရှုတဲ့ စာချစ်သူ မိတ်ဆွေများကိုလည်း ကျေးဇူးတင် ရှိပါတယ်။ နောက်ပြီး မက်မက်ဆီကို လာလည်တဲ့ ဖော်ရိန်းဘလော့ကာ တွေကိုလဲ ကျေးဇူးတင် ရှိပါတယ်။

http://gbeth.chitgoks.com
http://wuhtevah.chitgoks.com
http://forexmethode.blogspot.com
http://telecommunicationstuff.blogspot.com
http://laracroft3.skynetblogs.be
http://bhobwire.blogspot.com
http://www.poshpost.blogspot.com
http://tech.chitgoks.com
http://neslihansonmez.blogspot.com
http://www.herbies-world.de.tl
http://www.iluvroy.com
neslihansonmez.blogspot.com
http://www.isetehtud.pri.ee
http://disneyusa.blogspot.com
http://tech.chitgoks.com
http://telecommunicationstuff.blogspot.com

Thanks for visit to my blog . I will try all the best .

နောက်နောင်များမှာလဲ ဒီထက်မက ခင်မင် စရာကောင်းတဲ့ မိတ်ဆွေတွေ တိုးပွားရ ပါလို၏။ ကိုယ်ရေးသား ထားတဲ့ ပို့စ်လေးတွေကို ဖော်ဝပ်မေးလ်တွေ ထဲမှတစ်ဆင့် ကိုယ့်ဆီ ပြန်ရောက်လာ တဲ့အခါ ပီတိဖြစ် ၀မ်းသာရပါတယ်။ ဒါကြောင့်လည်း ဆက်လက်ပြီး ကြိုးစားပါ့မယ်။

ဒါလေးတွေကတော့ မိတ်ဆွေများမှ ပေးပို့ပေးတဲ့ ဘလော့တစ်နှစ် ပြည့်အတွက် အမှတ်တရ မေတ္တာလက်ဆောင် လေးတွေပါ။

ချစ်သူငယ်ချင်း ဖိုးစိန်မှ

အိပ်မက်
*************
အတွေးအိပ်မက် ကမ္ဘာလေးထဲမှာ
လမင်းလေးကသာချိန်
ကြယ်လေးများက ကခုန်မြူးတူးလို့
အိပ်မက် ချစ်သူလေးက
နှလုံးသား အလိုကျ
အိပ်မက် ကမ္ဘာလေးတစ်ခု
လှပစွာထုဆစ်ခဲ့တယ်…။

နှလုံးသားအလိုကျ
ဘဝရဲ့အတွေ့အကြုံများကို
အိပ်မက်ရဲ့ အလိုဆန္ဒအတိုင်း
အရာရာကို အနုပညာမြောက်
စီရင်ဖန်တီးခဲ့တယ်…..။

အိပ်မက်လေးရေ…….
မပီကလာ တီတာတာ
စကားချိုချိုများနဲ့
အိမ်တွေကို တံခါးခေါက်
တဒေါက်ဒေါက်နဲ့လာ
ပျော်ရွင်စွာ
စနောက်တတ်သူလေး
ဒဏ်ရာတွေကို
ကုစားနေခဲ့တာလား
ငါတို့ အတွက်တော့ ဖြစ်စေတယ် အား…..။

နာရီလက်သံတွေ တရွေ့ရွေ့
နေ့ရက်များကို ရှတစွာ ထုဆစ်
သက္ကရာဇ် တွေကို ဖြိုဖျက်ရင်း
အလင်းပန်းတွေဝေဆာလို့
သြော်… အိပ်မက်ချစ်သူလေးတောင်
တစ်နှစ်ပြည့်ပြီးပေါ့….။

အိပ်မက်လေးရေ….
အဖြူရောင် နှလုံးသားလေးနဲ့အတူ
သတ္တိရှိရှိနဲ့ လောကကြီးကိုရင်ဆိုင်လို့
သံယောဇဉ်ထား ရင်ခွင်ကြားမှာ
အကြင်နာတွေဖလှယ်ရင်း
ထာဝရငြိမ်းချမ်းနိုင်ပါစေ……။

ဖိုးစိန်

ဘဝမှာ အမှတ်မထင် ခင်ခဲ့ရသော ရိုးသားဖြူစင်ပြီး စိတ်ရင်းစေတနာ ပြည့်စုံသော မက်မက်အတွက် ဖော်မပြနိုင်သော သံယောဇဉ်များ အတိုင်းမသိသော ကျေးဇူးများဖြင့် အမှတ်တရ

မက်မက်ရေ...
စိတ်ရင်းကောင်းပြီး ရိုးသားဖြူစင်တဲ့ မက်မက်ကို အစဉ်ချစ်ခင် လေးစားလျှက် ယနေ့ယခု တစ်နှစ်ပြည့်မှသည် နှစ်တစ်ရာ တိုင်အောင် အသက်ရှင် နေသမျှ လူသားများကို စာပေအာဟာရ တိုက်ကျွေးနိုင်သူ ဖြစ်ပါစေလို့....

(ကဗျာ အမှတ်တရ အတွက်ကျေးဇူးပါ ဦးဦးဖိုးစိန်ရေ)


ဘလော့ကာ ကလေးငယ်လေးရဲ့ အမှတ်တရ လက်ဆောင်လေးပါ



(ကျေးဇူးပါ မြေးမလေးရေ။ ဖွားမက်ကလည်း သမီးကို ထာဝရ ချစ်သွားမှာပါ။ အာဝါးးးးနော်.... )

မောင်လေးပြည့်စုံအောင်ရဲ့ အမှတ်တရ လက်ဆောင်ပါ

ရှုပ်ခဲ့သမျှ ရှင်းပါမည်
*******************
အကြံမှာ ရံဖန်သာ တွေးပြန်တော့
မှန်သကွာ ဖန်ခါခါ ဖြစ်ပါတဲ့
အော်… ဒီသံသရာ။

ဇာတ်ရှုပ်တာ ငါလေသိပါ၍
ချက်မြှုပ်ရာ ဌာနေကိုလည်း မလွမ်းချင်ပါဘူး
တမ်းတကာ မှန်းမျှော်မှုတွေလည်း
စမ်း, လ ပမာတောင် မအေးချမ်းတာမို့
ရပ်တန်းက ရပ်မယ်ကြံ
တကယ်ကော ဖြစ်နိုင်ပါ့မလား။

ဒါပေမယ့်လည်း
သစ္စာ သစ္စာ သူ့ကိုရှာမှာမို့
ဖြစ်တာ မဖြစ်တာ ငါ့အလုပ် မဟုတ်လေတော့
(သံသရာ အဆက်ဆက်က)
ငါ့အရှုပ် ငါရှင်းရ တော့မှာမို့
(ဒီဘ၀မှာ) ငါ့ဇာတ်ရုပ် ငါဖန်ဆင်းကာရယ်
ခုတော့… ငါ့ဇာတ်ထုတ်ငါခင်း။ ။

လေးစားစွာဖြင့်
ဖိုးသား

(အမှတ်တရ ကဗျာလက်ဆောင် ရေးပေးတဲ့အတွက် ကျေးဇူပါ မောင်လေး ဖိုသားရေ :P )





ချစ်တဲ့ညီမလေးမက်မက်ရေ..

ဘလော့လေး ၁နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် ပျော်ရွှင်စွာ ဘလောဂင်ရင်း မိတ်ဆွေသစ် များစွာတိုးပွား နိုင်ပါစေကြောင်း...

ချစ်တဲ့
တီတီဝါ

(အမှတ်တရ ပန်းခြင်းလေး နဲ့ပန်းတွေ ပို့ပေးတဲ့ တီတီဝါရေ ကျေးဇူးပါနော် အာဝါးးးးးးးးးးးး :) )


အမှတ်တရ ပေးပို့ပေးတဲ့ ဦးဦးဝိရဲ့ စကားလက်ဆောင်ပါ

မက်မက်
ရဲ့ 
(http://www.crazydreamlover.com) ဘလော့ဂ်
တစ်နှစ်ပြည့်မွေးနေ့ အတွက်
ဦးဦးဝိ (http://vimuttisukha.blogspot.com)
ရဲ့ 
အမှတ်တရ စကားလက်ဆောင်

"Go confidently in the direction of your dreams!
Live the life you've imagined. As you simplify your life, t
he laws of the universe will be simpler."

Henry David Thoreau

(အမှတ်တရ စကားလက်ဆောင် အတွက် ကျေးဇူးပါ ဦးဦးဝိရေ.. :) )

မက်မက်ရေ...
မက်မက် ပြုစုပျိုးထောင်ခဲ့တဲ့ သမီးလေး အသက်တစ်နှစ်ပြည့်ပြီပေါ့...တစ်နှစ်အရွယ် သမီးလေးကို ရှေ့ဆက်ပြီး အောင်အောင်မြင်မြင်နဲ့ ပြုစုပျိုးထောင် ပါဦးလို့...အချိန်ရရင် ရသလို မက်မက်ရဲ့ သမီးလေးကို အာဝါးးး လာပေးပါ့မယ်... နော်...

မက်မက်ရဲ့

တီတီ တန့်တန့်

(တီတီဒွင်း တူမတော် မက်မက်လေးရဲ့ သမီးလေးကို အာဝါးးပေးဖို့ စောင့်နေတဲ့ အမှတ်တရ လက်ဆောင်ပေးပို့ ပေးတဲ့ တီတီတန့်တန့်ရေ မက်မက်ကလဲ ကျေးဇူးတင်ပါတယ်။ အာဝါးးးးးအမြောက်တသိန်းပါ။ :)


ဦးဦးမောင်ငယ်မှ ပေးပို့ပေးတဲ့ အမှတ်တရ စကားလက်ဆောင်လေးပါ

ဟလို မက်မက်ရေ
မက်မက်ဘလော့လေး တစ်နှစ်ပြည့်အတွက် ကဗျာလေးတစ်ပုဒ်
လက်ဆောင်ပေးချင်တာ.. စာကျက်နေရလို့ 
မစဉ်းစားနိုင်ဘူး ဖြစ်နေလို့ စာကြောင်းလေးတွေနဲ့
ပဲလက်ဆောင်ပေးလိုက်ပါတယ်...။

တစ်နှစ်တာကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ ပျော်ရွှင်ခြင်း
ဝမ်းနည်းခြင်းတွေနဲ့အတူ မွေးဖွားလာတဲ့ မက်မက် ရဲ့ဘလော့ လေးပေါ်မှာ
နောက်နှစ် နောက်နှစ် တွေအထိ မက်မက်ရဲ့ခံစားချက်တွေ..
ပျော်ရွှင်မှုတွေကို မျှဝေရင်း ခင်မင်လာခဲ့တဲ့မောင်နှမ
သူငယ်ချင်းတွေနဲ့ အတူ ပျော်ရွှင်စရာဘ၀လေး တစ်ခုကို
ဖြတ်သန်းနိုင်ပါစေ ကွာ...။

ကိုယ့်ရဲ့ခံစားချက် တွေ နဲ့ 
လူတစ်ကာ ကိုချစ်တတ်အောင်နေတတ်တဲ့ မက်မက်လေး ......
ဘလော့ ခေါင်းစဉ်လေးအတိုင်း မက်မက်ရဲ့စိတ်ကူး
အိမ်မက်လေးတွေကို ပုံပြင်လေး တစ်ပုဒ်လို စိတ်ဝင်စားဖွယ်
ကောင်းအောင် ဆက်လက်ရေးသားနိုင်ပါစေကွာ......။


ဘာပဲဖြစ်ဖြစ် စာကျက်နေ တဲ့ကြားက မက်မက်အတွက် အမှတ်တရ စကားလက် ဆောင်ပေးတဲ့ ဦးဦးမောင်ငယ်ကို အင်မတန် ကျေးဇူးတင်ပါတယ် ။ စာမေးပွဲလည်း ဖြေဆိုနိုင်ပါစေ။ :)

သူငယ်ချင်း ချစ်စမ်းမောင်မှ ပေးပို့ပေးတဲ့ အမှတ်တရ ပုံလေးနဲ့ ကဗျာလေးပါ။




``ဘလော့ဂ်ချစ်သူ´´
********************
ဘလော့ဂ်ကိုချစ် ရင်မှာနှစ်၍

အိပ်ပျက်ညတွေ များဖူးပြီ။

ဘလော့ဂ်ကိုခင် သံယောဇဉ်ကြောင့်

ချစ်သူစွန့်ခွာ ပြေးဖူးပြီ။

ဘလော့ဂ်မြတ်နိုး ရင်မှာကိုး၍

ဆဲဆိုငေါက်ငန်း မုန်တိုင်းကြမ်းကို

ဝမ်းနည်းဖွယ်ရာ ကြုံဖူးပြီ။

မည်သို့ကြုံဆုံ ရင်မခုန်ခဲ့

အဟုန်မြင့်မား ချစ်စိတ်ပွားကာ

သည်း(သဲ)ကြားမှပင် ထာဝရရှင်၏။

ယိုင်လျှင်ပြန်ထ၊ ပြတ်လျှင်ပြန်တွဲ

လဲလျှင်ပြန်ထ၊ ဇွဲလုံ့လနှင့်

ညညနေ့နေ့ အိပ်စားမေ့လည်း

ရေတွေ့ရွှေကြာ ပူပင်းကင်းစွာ

Blogger နယ်မှာ ပျော်ပါသည်။ ။

Written By
ချစ်စမ်း

(ပုံနဲ့ကဗျာလေးကို အမှတ်တရ လက်ဆောင်အဖြစ် ပေးပို့ပေးတဲ့ သူငယ်ချင်း ချစ်စမ်းကို ကျေးဇူးတင်ပါတယ် :) )

ဒါကတော့ ဦးဦးမင်းထက်မှ ပို့လာတဲ့ စကားလက်ဆောင်ပါ။

မက်မက်ရေ့ (မက်မက်ခေါ်သလို မခေါ်ချင့် ခေါ်ချင်နဲ့ ကိုယ့်ကိုယ်ကို ခေါ်ရပေ ဦးတော့မယ်) ဦးဦးမင်းထက် ဆိုတဲ့ ဟောဒီက မောင်မင်းထက် လေးကတော့ အမှန်တိုင်း ပြောရရင် မက်မက် ရေးခဲ့သမျှ အားလုံးကို လုံးစေ့ကွက်စေ့တော့ မဖတ်ဖြစ် ခဲ့ပါဘူး။ အချို့အချို့ကို ဖတ်ခဲ့၊ မှတ်ခဲ့ပါတယ်။ မက်မက်ဟာ စာကို Amusing Style နဲ့ရေးတတ်လို့ ဖတ်ရတဲ့သူရဲ့ စိတ်ကို ပျော်ရွှင်စေတာ အမှန်ပါပဲ။ မက်မက်စာတွေဟာ ပုံစံမျိုးစုံပါတယ်။ ကလေးဆန်ဆန် ရေးထားတဲ့ စာတွေရှိသလို လူကြီးဆန်ဆန် ရေးခဲ့တဲ့ စာတွေလဲ အများကြီးပါပဲ။ ဘယ်လို အရေးအသား ပဲဖြစ်ဖြစ် မက်မက်ရဲ့ ပင်ကိုယ်စတိုင်လ် လေးကတော့ မပျောက်ပါဘူး။ ဖျောက်ထားဖို့လဲ မလိုအပ်ဘူးလေ။ စာရေးတယ်ဆိုတာ ကိုယ့်ပုံစံနဲ့ ကိုယ်ပဲမဟုတ်လား။ တစ်ခုပြောချင်တာက တကယ်လေးနက်တဲ့ အကြောင်းအရာ တစ်ခုကို ရေးသားတင်ပြ တဲ့အခါမှာတော့ ဟီးဟီးဟားဟားလေးတွေ မပါရင် ပိုကောင်းမယ် ထင်ပါတယ်။ ဒါဆို မက်မက် ပတ်ကားဖြစ်သွားမှာ။ အထင်မလွဲနဲ့နော်၊ စာ ပြောတာ။ အာ----၀ါး----
ဦးဦးမင်းထက်

(ဟုတ်ကဲ့ပါ ဦးဦးမင်းထက်ရေ။ အခုလို ထင်မြင်ချက် အမြင်လေးတွေ ပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ကို ဆင်ခြင်ပါ့မယ်။ တော်နေ ပတ်ကားဖြစ်မှာ စိုးလို့ ..အဟား..စတာပါ။ အခုလို ပြောပြပေး တဲ့အတွက် ဦးဦးမင်းထက်ကို ကျေးဇူးတင်ပါတယ်။ :) )


ကိုအိမ်မှ ပေးပို့တဲ့ အမှတ်တရ လက်ဆောင်လေးပါ။




(ကျေးဇူးပါ ဦးဦးအိမ်ရေ..... အဟဲ..ဒီကြွက်က မိုက်ခဲရဲ့ တပည့်လားမသိဘူးနော်။ :P )


ကဗျာဆရာ ကိုသားဖြိုးကလဲ အမှတ်တရ ကဗျာလေးကို ပေးပို့ပေးပါတယ်။
စိတ်ကူးတွေ ပြောတဲ့ အိပ်မက်အကြောင်း
*****************************************
ဘ၀ကို တစ်က စသလို
အလှကို အချစ်က စမယ် ထင်ရဲ့...။ ။

မျက်ဝန်းတွေ ဖတ်၍ရသလို
ခံစားချက်တွေ တပ်မက်လို့လာခဲ့...။ ။

စာရေးတဲ့ လက် ချွေးထွက်တတ်လာသလို
အိပ်မက်တွေ မနက်ဖြန်တွေ များလာပါတဲ့...။ ။

ဒီလိုနဲ့... ဒီလိုနဲ့ စိတ်အစွမ်းတွေ
တွေ့စမ်းတာ ကြာလေတော့...။ ။

ကဗျာတွေ ရေးဖြစ်
စာတိုပေစတွေ စုဖြစ်
........................
.........................
အချစ်အကြောင်း၊ မနှစ်အဟောင်းတွေ
စုပြုံကာ တစ်နေရာတည်း
ဒါဘ၀ပဲလို့ အသေချာ ငါထင်
ဒီလိုဆို ချပြမပေါ့... ငါ့ဘ၀တွေ...။ ။

တစ်နှစ်တော့ ရွေ့လာပြီ
မနှစ်က ဟောင်းရာသီ
ဒီချိန် ဒီအိမ်မှာ
စလုံးရေစလို့ မြစ်ဖျားခံ
ကဗျာတွေ စီးဆင်း
စာတိုတွေ စီးဆင်း
ဒဿနတွေ စီးဆင်း
သဘာဝအလှတွေ စီးဆင်း...။ ။

အလှထင်မည် ငါထင်သည်
မြစ်ဖျားခိုင်ပြီ ငါထင်သည်
ကဗျာစစ်ပြီ ငါထင်သည်
စာပေစစ်ပြီ ငါထင်သည်

ခံစားချက်ထည့် အမှန်တရားနဲ့ ရေးလို့
ကိုယ့်စိတ်ကူးတွေ ကိုယ်ပြန်ပြောတဲ့
ဒီအိပ်မက်က တစ်နှစ်တာ ကြာလာခဲ့ရော့ပေါ့...။


(ကဗျာလေး အတွက် ကျေးဇူပါ ဦးဦးကဗျာ လွယ်အိတ်ရေ...)

ဒါကတော့ ဦးဦးမိုးမောင် ရဲ့ထင်မြင်ချက် အမှတ်တရလေးပါ။

ယနေ့အချိန် အခါတွင် လူသားတို့သည် နည်းပညာရဲ့ကျေးကျွန်အဖြစ် ရှင်သန်နေကြသည် ဟုဆိုရမည်။ ထိုနည်းပညာ များထဲမှ ကဏ္ဍတစ်ခုဖြစ်သော ကိုယ်ပိုင်အင်တာနက် စာမျက်နှာေ ရးသားခြင်း အတတ်သည် မြန်မာလူမျိုး များအကြား ဖွံ့ဖြိုးတိုးတက် လာခဲ့သည်မှာ ဆယ်စုနှစ်သို့ ချဉ်းကပ်စ ပြုနေချေပြီ။ ထိုနည်းပညာကို ပြန်လည်အသုံးချ၍ မိမိတို့၏ ကိုယ်ရေးကိုယ်တာများအား အမှတ်တရအဖြစ် ရေးသားခြင်းမှာ ယခင်အခါက အတော်လေးရှိခဲ့ကြသည်။

ယခုနောက်ပိုင်းတော့ စာဖတ်သူ ပရိတ်သတ် သက်သက်ဖြစ် ပေါ်လာသည့်အတွက် ဘလောဂ့်ရေးသားသူ အတော်များများမှာ ကိုယ်ရေးကိုယ်တာ ရေးသားခြင်းထက် ဗဟုသုတ၊ ရသ၊ နည်းပညာ၊ ဘာသာရေး၊ အထွေထွေ စသဖြင့် လူရိုသေ ရှင်ရိုသေ ရေးသားလာကြသည်။ စာဖတ်သူတို့အား တစ်စုံတစ်ခုအကျိုးပြု လာသဖြင့် ၀မ်းမြောက်ဖွယ် ဖြစ်သည်မှာ ပြောစရာပင် လိုတော့မည် မဟုတ်ပေ။ ထို့အတူ အသိပညာ၊ အတတ်ပညာရှင် ကိုယ်စီတို့မှ စေတနာရှေ့ထား ဖြန့်ဝေသော နည်းပညာ စာမျက်နှာများ၏ အကျိုးပြု ပုံမှာလည်း လေးစားစရာ ပင်ဖြစ်သည်။

အင်တာနက် စာမျက်နှာ ရေးသားသူ တစ်ဦးဖြစ်သော Dream သည်လည်းပဲ တစ်နှစ်ဆိုသော အခါသမယကို ဖြတ်သန်းခဲ့လေပြီ။ သူမ၏ ရေးသားတင်ဆက်မှုသည် မိတ်ဆွေအပေါင်းအသင်း များခြင်းကြောင့် အားပေးကြသည်လား၊ စာရေးကောင်းခြင်းကြောင့် အားပေးကြသည်လား ဆိုသည်မှာ စာရှုသူတို့ သုံးသပ်ကြည့် နိုင်ပေသည်။

ကျနော့်အမြင် သူမသည် ရွှတ်နောက်သော အရေးအသားထက် ရသပိုင်းပင်ကိုယ်ဟန် ဖန်တီးနိုင် လိမ့်မည်ဟု ထင်မိသည်။ ထို့ကြောင့် ၀ါသနာ ဗီဇရှိ နေသည်ဆိုလျှင် ရသပိုင်းကိုလည်း အသားပေး ရေးစေချင်သေးသည်။ မျှဝေရေးသားသော ပိုစ့်များသည်လည်းပဲ ဗဟုသုတပိုင်း အနေနဲ့ ကျေနပ်ဖွယ် ဖြစ်ပါသည်။ အလုံးစုံခြုံငုံ ဝေဖန်ရလျှင် အလားအလာကောင်းသူ ဖြစ်သဖြင့် အထွေထွေ ရေးသားခြင်းအပြင် တစ်ခုကောင်း တစ်မယ်ကောင်း အနေနှင့် ရသပိုင်းကိုလည်း အားထည့်စေ ချင်ပါကြောင်း ဆန္ဒပြု လိုက်ပါတယ်။ အိမ်မက်မေ တစ်ယောက် ပျော်ရွှင်စွာနဲ့ ဆက်လက်၍ အကျိုးပြု စာစဉ်များ ရေးသားနိုင် ပါစေဗျာ......။

(ဟုတ်ကဲ့ပါ...ဦးဦးမိုးမောင်ရေ...အခုလို ဝေဖန်ထင်မြင်ချက်လေး ပေးတဲ့အတွက် ကျေးဇူးပါ။ ကြိုးစားပါ့မယ် :) )

ဦးဦးဖိုးတရုတ်မှလည်း အမှတ်တရ စကားလက်ဆောင်လေး ပေးပို့ခဲ့တယ်။

ဒီထက်မက အောင်မြင် တိုးတက် ကောင်းမွန်တဲ့ ဘာလောဂ်ဂါ အမျိုးသမီးကောင်း တစ်ယောက် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း ဆန္ဒပြုလိုက်ရပါတယ်။

ကိုဖိုးတရုတ်

(ကျေးဇူးပါ ဦးဦးဖိုးတရုတ်ရေ....)

ဇာတ်ဆရာ ဦးဦးရေညိန်းမှလည်း အမှတ်တရ စကားလေး ပို့ပေးပါတယ်။

အဆင်ပြေပျော်ရွှင်ချမ်းမြေ့ပါစေဗျာ ၊ ရိုးသားစွာနဲ့ ဆက်လက် ဘလော့ဂ္ဂင်း နိုင်ပါစေလို့ ..

(ကျေးဇူးပါ ဦးဦးရင်ညိန်းရေ၊ ပျော်ပျော်ပါးပါး ဘလော့ဂင်း ကြတာပေါ့နော့်။ ) :)


ဒါကယမကာ လုလင်လေး ဦးဦးခွီက အိမ်တကာ လည့်လည်ပြီး အရက်ဖိုး တောင်းလို့ ရတဲ့ ငွေထဲက သီးသန့်ဧည့်ခံ ပွဲလုပ်ဖို့ ဂျီးထော်မတ်၊ ဘွားတော်မတ် အတွက်ဆိုပြီး ပို့လိုက်တာပါ။ အင်း..ယမကာ လုလင် နာမည်နှင့် လိုက်ပါပေသည်။ ကဲ..လိုချင်တာသာ ယူသွားပါ..သူပေးတာကို အကုန်အလှူ ပြန်ပေးပါတယ်။ :Pိ



ကြိုက်သာယူသွားနော်။


ကိုရီးယား ဆိုဂျူလည်း မြည်းသွားလိုက်ပေါ့။

တီတီတင်ချာ ကပေးတဲ့မွေးနေ့ လက်ဆောင် အမှတ်တရ ဓာတ်ပုံနှင့် ကဗျာလေးပါ။



စိတ်ကူးတွေက ပြန်ပြောပြနေတဲ့

ပုံပြင်လေးကို နားထောင်ရင်း

သူ့အိမ်မက်တွေ သူဖန်ဆင်းနေခဲ့တာ..

ဒါတွေက စိတ်ကူးတွေဖြစ်စေ

အိပ်မက်တွေဖြစ်စေ

သူ့အလိုက်သင့် စီးဆင်း..

ဘယ်တော့မှ မပျက်သုန်းမယ့်

အိပ်မက်မြစ်တစ်စင်းပေါ့….။


တွေးစရာ၊ပြုံးစရာတွေကို

မရိုးနိုင်အောင် ရေးနိုင်တဲ့မက်မက်

နောင်နှစ်တွေမှာလည်း

ပျော်ရွှင်ဖွယ်စာမျက်နှာတွေ

မြောက်များစွာ ရေးသားနိုင်ပါစေလို့

ဆုတောင်းပေးပါတယ်နော်..။

အမှတ်တရ ကဗျာနဲ့ ပုံအတွက် ကျေးဇူးပါ တီတီတင်ချာ... အာဝါးးးးးးးးးးးးးးး နော်.. :)

ဘုန်းဘုန်းဦးကုမာရရဲ့ ထိုင်းနိုင်ငံရောက် အပြန်လက်ဆောင်လေးပါ။

(အခုလို တသိတရ နဲ့မွေးနေ့ လက်ဆောင်ပို့ပေးတာ ကျေးဇူးတင်ပါတယ် ဘုရား၊ ခရီးမှာလည်း အစစ အရာရာ အဆင်ပြေ ချောမွေ့ ပျော်ရွှင်ပါစေ။)

ဒါကတော့ ဘုန်းဘုန်းတိက္ခရဲ့ အမှတ်တရ ဆုတောင်းကဗျာလေးပါ။

လိုအပ်ရာရာ
စိတ်အစာကို
ရှာဖွေကာသော့ Dream Blog.

မွေးနေ့ ရက်မြတ်
စိတ်ကူး ကွန့်ကာ
ဟာသဥာဏ်မော့ Dream Blog.

ငယ်ရွယ်နုနယ်
စိတ်ကူးခြယ်လည်း
လာသူဖတ်သူ ရင်တွေဆူအောင်
ရယ်ရွှင်ဖွယ်ဆေး တိုက်ကျွေးပေးသည့်
ဘလော့ဒရင်းမ် မြင့်မြတ်ခြင်းတည့်၊

ဆက်လက်၍လည်း ပေးမျှနိုင်စေ
တိုးတက်၍လည်း ရေးသားနိုင်စေ
တောင်းဆုခြွေ၍

သက်ရှည် ကျန်းမာ စိတ်ချမ်းသာကာ
လိုရာဆန္ဒပြည့် ပါစေကြောင်း
ဆုမွန်တောင်း၏ ။ ။
(ဆုတောင်းကဗျာလေး အတွက်ကျေးဇူးပါ ဘုရား။ ဘုန်းဘုန်းလဲ ကျန်းမာပါစေ။ )

ဒါကတော့ အစ်ကိုချစ်စိုးရဲ့ ဘလော့တစ်နှစ်ပြည့် ဆုတောင်းမေတ္တာလေးပါ။

တစ်နှစ်ဆိုတဲ့ အချိန်ဟာ လောကသတ် မှတ်ချက်အရ နုနယ်လွန်းတယ် ဆိုပေမယ့် Dream Blog ဆိုတဲ့ နုနယ်တဲ့ ဘလော့လေး ကပေးတဲ့ အသိတွေ ဗဟုသုတ တွေကတော့ တကယ့်ကို ရင့်ကျက်တည် ကြည်လှပါတယ်..ပျော်ရွှင်တတ်တဲ့ နှလုံးသားကို လူတကာ အပျော်ကူးစေဖို့ တင်ဆက်ပေးတဲ့ အတွက်လည်း Dream Blog ကို လူအများက စိတ်ဝင်စားမှု ပိုခဲ့ကြပြန်တယ်..ဘယ်လိုဖြစ်ဖြစ် အသိလေးတွေ ဆက်လက်ဖြန့်ဝေနိုင်ပါစေ။

ပျော်ရွှင်စရာ ဟာသလေးတွေ ဖိအားများနေသူ စာဖတ်ပရိသတ် ထံအရောက် ဆက်လက်ပို့ပေး နိုင်ပါစေလို့ ဆန္ဒပြု ပါရစေလား.....Dream Blog တနှစ်ပြည့်မှ နောက်နှစ်ပေါင်းများစွာ စာပေကျေးဇူးနဲ့ လောကကြီးကို အလှဆင်နိုင်ပါစေ...

(ဟုတ်ကဲ့ ကိုချစ်စိုး။ ကျေးဇူးပါနော့်။ ဆက်လက်ကြိုးစား သွားပါ့မယ်။)

ဦးဦးကာမှလည်း ဘလော့လေး တနှစ်ပြည့်မှာ အမှတ်တရ စကားလက်ဆောင် ပေးပါတယ်။
အိပ်မက်ကမ္ဘာ၊စာမျက်နာအား
ဖန်တီးတဲ့သူ၊မနောဖြူစွ
ချစ်နှမအား၊စကားလက်ဆောင်
စာလက်ဆောင်ဖြင့်၊ဖွင့်ဟနုတ်ချွေ
ပြောရလေသော်။
စာကောင်းပေကောင်း
ကဗျာကောင်းဖြင့်
အသိရစေကြောင်း
စိတ်မွန်ကောင်းမြတ်
ရေဖွဲ့တတ်သူ၊ပိုင်ဆုယူသော်
နှစ်တွေထောင်းသောင်းတည်စေသော်ဝ်
လူတိုင်းရင်မှာရှိစေသော်ဝ်။

ဥပသကာ
(ကဗျာစကားလက်ဆောင် အတွက် ကျေးဇူးပါ ဦးဦးကာကြီးရေ။ )

သူငယ်ချင်း အိဝေဖြိုးမှ မက်မက်အကြိုက်ဆုံး အရောင်ဖြစ်တဲ့ ခရမ်းရောင် လေးနဲ့ နှင်းဆီပန်းလေး လက်ဆောင် ပေးပါတယ်



ကျေးဇူးအထူးပါ သယ်ရင်းရေ။ အခုလို ပန်းစည်းလက်ဆောင် ပေးတဲ့အတွက် အာဝါးးးးးးးး :)

တီတီနက်ကလည်း ပေးတဲ့ လက်ဆောင်ပါ။



ကျေးဇူးပါ တီတီနက်ရေ။ မက်မက်ချစ်တဲ့ ဘုန်းလေးနဲ့အတူ အမှတ်တရ စကားလေး ပေးတာ ကျေးဇူးအထူးပါ။ ဒါကြောင့် ချစ်တာ..ခစ်ခစ်..အာဝါးးးး တီတီနက်

တီတီသစ္စာအလင်းရဲ့ ဆုတောင်းကဗျာလေးပါ။

သမီး မက်မက်ရဲ့Blog အတွက်--တစ်နှစ်ပြည့်မြောက် ဆုတောင်း *********************************************************
ဖြူစင်ခြင်း
ရှင်းသန့်စိတ်
အိပ်မက်ပန်း
လန်းဆန်းစေ။
စွေတဲ့ မိုး
မြတ်နိုးသောဆောင်း
ပြောင်းတဲ့နွေ
ရှည်ခဲ့ပေါ့
ခေါင်းမော့ထား
အားမာန်သစ်
ဖြစ်တည်ခြင်း
သတင်းမွှေးပျံ့…ပန်းရနံ့တို့ ထာဝရ ကြိုင်သင်းနိုင်ပါစေ။

(စိတ်ထားဖြူစင်တာ ထက်ပိုတဲ့..…မြင့်မြတ်မှုများ ပိုင်ဆိုင်ထားတဲ့ သမီးမက်မက် သည်ထက်ပိုပြီး အောင်မြင်ပြီး အဓိပ္ပါယ်
ရှိသောဘဝ တစ်ခု ထုဆစ်နိုင် လိမ့်မယ်လို့ အန်တီယုံကြည်နေတယ် သမီးရေ…။)

ချစ်ခင်မြတ်နိုးစွာ
သစ္စာအလင်း

ဆုတောင်းကဗျာလေး အတွက် အရမ်းကို ပီတိဖြစ် ၀မ်းမြောက်မိပါတယ် တီတီသန်းရေ။
ကဗျာလေး အတွက် ကျေးဇူးပါ၊ တီတီလည်း စိတ်ချမ်းသာ ပါစေလို့...... အာဝါးးးတီတီ.. :)

ညီမလေး ယောင်းမလေး ငှက်ကလေး မှလက်ဆောင်ပေးတာက

မမရေ သူများလိုတော့ ကဗျာမစပ်တတ်ဘူး မမရယ် ညီမကိုးကွယ်တဲ့ ချမ်းမြေ့ ဆရာတော် ဘုရားရဲ့ ဆောင်ပုဒ်လေး လက်ဆောင်ပေး လိုက်တယ်နော် မမ ပျော်ရွှင်ပါစေ နော်
ချစ်ယောင်း ငှက်ကလေး

အောင်မြင်ကြောင်းတရား
***************************

မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင် စိတ်ကိုထား ။
ပြောပြုတွေးလျှင် ၊ သတိယှဉ် ၊ ဆင်ခြင် ဥာဏ်ရှေ့သွား ။
စိတ်ထားဖြောင့်မှန် ၊ ခွင့်လွှတ်ရန် ၊ သည်းခံမေတ္တာထား ။
လုံ့လနှင့် ဇွဲ ၊ မလျှော့ဘဲ ၊ အမြဲတင်းတင်းထား ။
အရာရာတွင် အသုံးဝင် ၊ အောင်မြင်ကြောင်းတရား ။

(ကျေးဇူးပါ ညီမလေး ငှက်လေးရေ။ ဒါဆုံးမစာ ဆောင်ပုဒ်စကားလေးက မက်မက် အတွက်တော့ အင်မတန် တန်ဖိုးရှိတဲ့ လက်ဆောင်ဖြစ် နေပါပြီ။ အမှတ်တရ တန်ဖိုးထားပါတယ်။ ကျေးဇူးနော်..ငှက်ယောင်းလေး..အာဝါးးးး )


အိပ်မက် ကမ္ဘာ ၁နှစ်ပြည့် အမှတ်တရ
************************************
အိပ်မက် လှေငယ်လေးတစ်စင်း
သက္ကရာဇ် က ၂၀၀၈ ဇွန်လ ၅ရက် နေ့ က
စတင်လှော်ခတ်လာခဲ့တာ
ဒီနေ့ နဲ့ ဆို ၁နှစ်တင်းတင်းပြည့် ခဲ့ပြီ ။

စတင်လှော်ခတ်စဉ်မှာတော့
လှိုင်းလေကြမ်းကြမ်း မုန်တိုင်းထန်လည်း
သူမ ဘယ်မမှု
ဝီရိယ ဇွဲသန် သည်းညည်းခံပြီး
ဆက်လက်၍သာ လှော်ခဲ့တယ်။

၂၀၀၉ ရဲ့ဇွန် လ ၅
ပီတိအပြုံးများ သူမ လှိုင်လှိုင်ကြီး
စားသုံးနိုင်ခဲ့ပြီ။

ဆက်လက်၍လည်း မလျှော့သော ဇွဲ လုံ့ လတို့ နှင့်
၁ နှစ်ပြည့် မှသည် နောင်နှစ်ပေါင်း များစွာတိုင်
လှော်တက်ကောင်းကောင်း လက်မညောင်းပဲ
လှော်ခတ်နိုင်စေကြောင်း ဆုမွန်တောင်းလျက်
......................
ဝသန်မိုး(ဘတ်ဘတ်)
အခုလို အလုပ်တစ်ဘက်နဲ့ မအားတဲ့ ကြားကပေးပို့ ပေးတဲ့ လက်ဆောင်ကဗျာလေး အတွက် ကျေးဇူးပါ ဘတ်ဘတ်ရေ..... :)

တီတီမေသူရဲ့ အမှတ်တရ ပြောစကားလေးတွေပါ

မက်မက်ရေ ခံစားချက်တွေကြောင့် ဘလောခ် တစ်ခု တည်ဆောက် ဖြစ်သလို ခံစားချက်တွေ ယုံကြည်ချက် တွေကြောင့်လဲ စာတွေ ရေးဖြစ်တယ်။ တစ်နှစ်တာ အတောအတွင်းမှာ မက်မက်ရဲ့ ခံစားချက်တွေကို အလေးထားလို့ နားလည်ခံစား ပေးတဲ့သူတွေ ရှိခဲ့သလို ။ နားလည်မှုတွေ လွှဲမှားသွား ခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ဘလောခ်တစ်ခု မွေးဖွားလိုက် ရတာဟာ သားသမီး တစ်ယောက် မွေးထားရ သလိုပါဘဲ။

ချီးကျူးသံတွေ ကြားတိုင်းလဲ ကြည်နူးရသလို ။ရန်လို သံတွေကြားတော့လဲ စိတ်မကောင်း ဖြစ်ရတယ်။ တစ်နေ့ တစ်နေ့ သူ့ကို ပြုစုစောင့်ရှောက်မွမ်းမံနေရတဲ့ သူမှာတော့ ဘလောခ် တစ်ခုကို မွေးဖွားခဲ့တဲ့ မိခင် ကြီးဖြစ်မှန်း မသိဖြစ် ခဲ့ရတယ်။ ဘလောခ်မိခင် တစ်ဦးရဲ့ ဆန္ဒတွေ ပြည့်ဝဖို့ အမြဲကြိုးစား နေမိတယ်။ ဘလောခ်ဂါ အချင်းချင်းတွေ့တဲ့ အခါမှာလည်း ဘလောခ်အကြောင်းတွေ ဆွေးနွေး တတ်လာတယ်။ ဒါတွေက မိခင်တစ်ယောက် နဲ့ တူလွန်းလှပါတယ်။ တစ်နှစ်သား ဘလောခ် မိခင်ကြီးမက်မက် အတွက်


ခင်တဲ့
တီတီမေသူ
(အခုလို အမှတ်တရ ပြောစကားလေး အတွက် ကျေးဇူးတင်ပါတယ် တီတီမေတူရေ...အာဝါးးးးးးးးးနော်..တီတီလဲ အဆင်ပြေ ပျော်ရွှင်ပါစေ။ )

ဦးဦးကိုကိုမောင်(ပန်းရနံ့) ရဲ့အမှတ်တရ ကဗျာလက်ဆောင်ပါ

မမမက်မက်သို့ (တစ်နှစ်ပြည့်ပေးစာ)
*****************************************
သံသရာစက်ဗွေမှာ
အခက်ပွေ ရတက်တွေနဲ့
မျက်မပြေနိုင်အောင်ရှိကြပေမဲ့
အရှက်တွေနဲ့ ရက်တွေကို ခြယ်မှုန်းထားလို့ တော်ပါသေးရဲ့ ။

မာန မာယာ
သာဌေယျတွေနဲ့
အထာကျနေတဲ့
ဘ၀ါဘ၀က စိတ်မာန်ဆိုးတွေကို
အဓိဋ္ဌာန်တန်ခိုးတွေနဲ့ ဖယ်ပျောက်နိုင်အောင်
(ဘလော့ဂ်တွေဆီ) အလည်ရောက်ဖြစ်ခဲ့ပါတယ်။

ရသ ဌာယီဘာဝတွေနဲ့ ပြည့်နှက်နေတဲ့
မမမက်မက်ရဲ့  အိမ်လေးဆီ
နေ၀င်ချိန်တိမ်တောက်တိုင်း
မပြတ်စိုင်းဖြစ်ခဲ့ပါတယ်။

အာဝါး.... ခစ် ခစ်... အဟင့်ဟင့် တွေနဲ့ဆိုတော့
သခင့်အမြင်မှာတော့
ယခင့်ယခင်က မပေါ်ပေါက်ခဲ့ဖူးတဲ့
(စာရေးဆရာမ ကောင်း)တစ်ယောက် လူသားတွေရှေ့ မှောက်
လမ်းလျောက်ပြနေ သယောင်ယောင်ပါ။

စတိုင်လ်အမျိုးမျိုး ရေးသားဟန်တွေက
ကလေးကလား မဆန်ပါဘူး
အကြွေးများပြီး ညစ်နေတဲ့သူတောင်
မမက်မက်ရဲ့ အိမ်ကို အပြေးလွှားလာရောက်ပြီး
ဟေး ဟေး ဟား ဟား ရယ်မောမိ နေကြလေရဲ့ ။

မမက်ရဲ့ ရပ်ဝန်းမှာ
ထပ်ကွမ်းအကယ်ဒမီတွေ ပေးရလောက်တဲ့
ရွှန်းရွှန်းလဲ့လဲ့ စာပေတွေ အများကြီးပါရှိပါတယ်
ပေါ့ပေါ့ပါးပါး စာပေတွေပါပေမဲ့
အများလို ဝေလေလေတော့ မဟုတ်ပါဘူး။

ဘာသာရေး သုတ ရသ ပညာပေး စတဲ့
အရေးပေါင်းစုံ စုပေါင်းနေတဲ့
မမက်ရဲ့  ဘလော့ဂ်ကောင်းလေး
ဘယ်တော့မှ မဟောင်းဆွေး ပါစေနဲ့လို့
တောင်းဆုလေးပြုပေးလိုက်ရကြောင်းပါ။ ။

ကိုကိုမောင်(ပန်းရနံ့)

မှတ်ချက်။ ။
မက်မက်ရဲ့  ဘလော့မွေးနေ့ဟာ ဒီနေ့မှာ တစ်နှစ်ပြည့်ပေမဲ့ ကျနော့် ဘလော့ဂ်လေးကတော့ အောက်တိုဘာ ၁၃ ရက်မှ တစ်နှစ်ပြည့်မှာ ဖြစ်တဲ့အတွက် ဘလော့ဂ်အသက်အရွယ်အရ မက်မက်က ကျနော့်ထက် ၄ လ ကျော်ကျော်ကြီးပါတယ်။ ဒါကြောင့်မို့ မမမက်မက်လို့ ခေါ်ဝေါ်သုံးနှုံးခြင်း ဖြစ်ပါတယ်။

Happy Birthday for your blog ပါ မက်မက်။

အမှတ်တရ ကဗျာလေး အတွက်ကျေးဇူးပါ ဦးဦးကိုကိုမောင်(ပန်းရနံ့)ရေ...

ဒါကဦးဂီတာရဲ့ အမှတ်တရ လက်ဆောင်ပါ



အမှတ်တရ လက်ဆောင်လေးအတွက် ကျေးဇူးပါ ဦးဂီရေ...

ဇနီးလေးယောက်နဲ့ အလုပ်တွေ ရှုတ်နေတဲ့ ဦးဦးပန်းဂျဂါးရဲ့ အမှတ်တရ ကဗျာလက်ဆောင်လေးပါ :P


Félicitations !!!

I have a dream
သီချင်းလေးညည်းရင်း
အိပ်မက်တစ်ခုကို
ရင်မှာပိုက်
တစိုက်စိုက်နဲ့ လျှောက်ခဲ့တဲ့ခရီး
တစ်နှစ်ပြည့်ခဲ့ပြီပေါ့..။

ဘလော့ရွာထဲက
အိပ်မက်အိမ်ကလေးမှာ
ရသစုံတဲ့ တေးသံလေးတွေကို ဖန်တီးရင်း
အိပ်မက်လေး တစ်ခုကို
ကြိုးစားထုဆစ်နေသူ..။

ခင်မင်ဖော်ရွေတက်
ပျော်တက်နောက်တက်တဲ့
သူတစ်ပါးကို
စာနာနားလည်ပေးတက်တဲ့
မက်မက်တစ်ယောက်
စိတ်ကူးတွေက
ပြောပြနေတဲ့
နတ်သမီးပုံပြင်ကလေး
တစ်နေ့နေ့မှာ အသက်ဝင်လာအောင်
ဖန်ဆင်းနိုင်ပါစေလို့
ဆုတောင်းပေးနေပါတယ်...။
အခုလို မအားတဲ့ကြားက မက်မက်အတွက် အမှတ်တရ ကဗျာလေး ရေးပို့ပေးတာ ကျေးဇူးပါ ဦးဦးပန်းစကားရေ။ ပျော်ရွှင်ပါစေ။ :)

ဦးရီးတော် မိုးသွေးငယ်မှ ပေးပို့ပေးတဲ့ ကဗျာလက်ဆောင်လေးပါ

Photobucket

ခရီးရောက်မဆိုက် အခုလို ပင်ပန်းနေတဲ့ အချိနှ်မှာ မရရအောင် ကဗျာလေး ပို့ပေးတဲ့အတွက် ဦးဦးမိုးသွေးငယ်ကို ကျေးဇူးအထူး တင်ပါတယ် ဦးဦးရေ.. ပျော်ရွှင်အဆင် ပြေပါစေ။ :)

တီတီဆောင်းမှ ချစ်တူမ အတွက် ကံကောင်းစေမယ့် လက်ဆောင်လေးကို ပေးတာပါ။



မအားတဲ့ ကြားကအမှတ်တရ လက်ဆောင်ပေး တဲ့အတွက် တီတီဆောင်းကို ကျေးဇူးပါ။ အရာရာ အဆင်ပြေပါစေ။ တီတီလည်း ကံကောင်းပါစေနော်... အာဝါးးးးးးးးးးးးးးးးးး

သူငယ်ချင်း လူဆိုးလေးက အမေအတွက် သီကုံးထားတဲ့ ကဗျာလေးကို မက်မက်ရဲ့ ဘလော့အတွက် အမှတ်တရ ကဗျာလက်ဆောင် လေးအဖြစ် ပေးပို့ပေးတာပါ။

(အချိန်လွန်နောင်တ)

အမေ…
စိတ်ကူးအချို့ နဲ့ သာ
ကျေးဇူးဆပ်ရင်း
ဘ၀ကလက်တွေ့ မကျတော့
ကျွန်တော်ဟာ
ကပ်ပါးပင်တပင်လိုပါပဲ၊
အမေ့ရဲ့ နွေးထွေးတဲ့ရင်ခွင်ထဲမှာ
အဆီအနှစ်တွေကို ခြစ်ထုပ်ယူပြီး
တစ်ကိုယ်ကောင်းဆန်စွာနဲ့ 
အလိုက်သင့်စွာ
အရိပ်ခိုနားခဲ့တာကြာပါပြီ၊
တကယ့် တကယ်တမ်းဘ၀ကို
လက်တွေ့ ကျကျပျံသန်းဖို့ 
အသိုက်အမြုံထဲက
ထွက်ခွာသွားချီိန်မှာတော့
နွေးထွေးတဲ့
အမေရဲ့ ရင်ခွင်ဟောင်းကို
ဦးညွတ်အသိမှတ်ပြုဖော်လေးတောင်
မရခဲ့ပါဘူး။
အဲ့ဒီလို လူသားမဆန်တာတွေကို
တွေးမိတိုင်း…အခုတော့
ကျွန်တော့်မျက်ဝန်းမှာ
အချန်လွန်မျက်ရည်တွေနဲ့ 
နောင်တ ခါးခါးတွေက
အဆက်မပြတ်နှိပ်စက်နေပါပြီ၊
အမေရယ်…,,
အမေကိုချစ်သော သားတစ်ယောက်ရဲ့ အချီန်လွန်နောင်တ။
အချီန်မှီ ပြင်ဆင်နိုင်အောင်လည်း သားကြိုးစား နေပါတယ်အမေ။

မက်မက်Blog အတွတ် မွေးနေ့လက်ဆောင် ကျွန်တော်ရဲ့ ကိုယ်ပိုင် ကဗျာလေး ၁ပုဒ် လက်ဆောင်ပေး လိုတ်ပါတယ်။ ဒီကဗျာကို (အမေ) ချစ်သူတိုင်း ခံစားနားလည်၍ မိဘကျေးဇူးကို ဆပ်နိုင်ကျ ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
luuzoelay

အမေကဗျာလေးကို အမှတ်တရ အဖြစ် ပေးပို့ပေးတဲ့ အတွက် အင်မတန်ကျေးဇူးတင်ပါတယ် မောင်လေးရေ ။ အမေကိုကျေးဇူးဆပ်နိုင်သော သားလိမ္မာလေး ဖြစ်ပါစေ လို့ဆုတောင်းပေး လိုက်ပါတယ်။ ပျော်ရွှင်ပါစေ

ဦးဦးမျောက်ဝန်းနက် လို့ခေါ်တဲ့ မောင်လေး မျက်ဝန်းနက် ရဲ့ အမှတ်တရ ကဗျာလက်ဆောင်လေးပါ။

တစ်ခါတစ်ရံများ

သူ့ဆီက တီးတိုးသံကြားခဲ့ရပြီး

တစ်ခါတစ်ရံများ

သူ့ဆီက ပေါက်ကွဲသံစဉ်တွေကြားခဲ့ရ

ဖြူလွှလွှအာသီသတွေနဲ့

အရုပ်ထင်ဖို့ဆေးစက်တစ်ချို့တစ်လေလေ.

တီတီတာတာ အသံတွေနဲ့

ကာရန်တစ်ချို့တစ်လေပျစ်ချွဲ

မိုးထဲရေထဲ ကျစ်လစ်မြဲမြံ့ခဲ့ရဖူး

ဟောဒီနဖူး ပေါက်လည်းမထူးဘူးဆိုပြီး

လောက်ကဓံကိုလည်းခေါင်းခုန်တိုက်ပစ်ခဲ့ဖူး

ခယောင်းလမ်းတစ်ချို့တစ်လေလည်း ဖြတ်သန်းခဲ့ရဖူး

ယနေ့မှစ ..

သက္ကရာဇ်များ အစွန်သို့ဆီ

တစ်စ တစ်စ စံကားပွင့်ရုံခြုံသိုင်း

မြဲမြံလို့ လျှောက်လှမ်း နိုင်ပါစေ

တောင်းတဲ့ဆုတွေလည်းပြည့်

ပြည့်တဲ့ဆုတွေလည်း လျှံနေခဲ့ပြီး

လိုအပ်မှုဆိုတာ လိုအပ်မှု တစ်ခုသို့ သာဖြစ်စေ..

ထိုကြောင့် ယနေ့မှစ…နောင်..နှစ်..ပေါင်း..ရာ..ချီ..သို့..ဆီ…


တီတီမက်ရေ မျောက်ဝန်းနက် အတွေးတွေလည်း ချောင်နေပါပြီ အရင်က အချိန်ကိုပဲ ပြန်သတိရ မိသား အင်းလေ ကျွန်တော့် ကဗျာလေးက ကောင်းချင်မှတော့ ကောင်းမယ် ဒါပေမယ့် တီတီမက် အတွက်အမှတ်တရပါ

အခုလို ပျောက်ဆုံးသွားပြီးမှ ရုတ်တရက် မထင်မှတ်ဘဲ ပြန်တွေ့ရတော့ ပျော်မိပါတယ် ။ဘာပဲ ဖြစ်ဖြစ် ဘလော့မှာ ခင်ခဲ့ရတဲ့ မောင်နှမတွေ အခုလို ပြန်တွေ့တော့ ၀မ်းသာမိတာ အမှန်ပါ။ အရာရာ အဆင်ပြေပါစေ မောင်လေးရေ။ အမှတ်တရ ကဗျာလေး အတွက်လဲ ကျေးဇူးပါနော်။

ခင်မင်ရတဲ့ ဦးဦးအာမီနဲ့ တီတီအာမီတို့ရဲ့ အမှတ်တရ ကဗျာလက်ဆောင်လေးပါ

ရက်ပေါင်းရယ်တဲ့
သုံးခြောက်ငါး..
နာရီသံပေါင်း
ထောင်သောင်းမက
ဖြတ်ခဲ့လေသော
အိပ်မက်ဘလော့
ပြည့်ခဲ့လေသည်
တစ်နှစ်ဆီသို့...
တူမမက်မက်
ဖော်ပြသီကုံး
စာပေကောက်ကြောင်း
ရသမျိုးစုံ
ဆက်လက်တင်ဆင်
နိုင်ပါစေသား။

မအားတဲ့ကြားထဲက ကဗျာလေး ရေးပေးသွားတဲ့ အတွက် မက်မက်က ကျေးဇူးတင်ပါတယ်။ အရာရာအဆင်ပြေ စိတ်ချမ်းသာပါစေ ဦးဦးအာမီနဲ့ တီတီအာမီရေ.... :)

ဦးဦးပြည့်စုံအောင်ကလဲ ကွန်မန့်မှာ မခင်ချင့် ခင်ချင်နဲ့ တကယ်ခင်ပြီး ထပ်ရေးသွားတော့ မက်မက်ကလဲ မခင်ချင့် ခင်ချင်နဲ့ တကယ်ခင်ပြီး ကဗျာလေးကို အမှတ်တရ အဖြစ်ထပ်တင် ပစ်လိုက်တာပေါ့.. :P

*အိပ်မက် ခြေရာ*

အိပ်မက်
အတိမ်အနက်ရှိတယ်
အလျားအနံရှိတယ်
အသွား အပြန်ရှိတယ်။

လမ်း
ကြမ်းချင်သလောက်ကြမ်း
ပန်းချင်သလောက်ပန်း
လျှေက်လှမ်းရဦးမယ်။

ငါ့ အိပ်မက်လမ်း
တိမ်တိမ် နက်နက်
ကြမ်းကြမ်း ပန်းပန်း
ငါမမှု
အံကိုတုလျက်
ဆက်လျှောက်မယ်
စိတ်ကူးတွေကို အိပ်မက်ရင်း
အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း။ ။

အိပ်မက်တွေကို စိတ်ရှိသမျှ အကောင်အထည်ဖော်လို့ သူ့အကျိုးကော ကိုယ့်အကျိုးပါ ဆက်လက်ထမ်းဆောင် အိပ်မက် အလင်းရောင်မျှ နိုင်ပါစေ အစ်မရေ…

မခင်ချင့်ခင်ချင် တကယ်ခင်မင်လျက်
မောင်ငယ်
ဖိုးသား

မခင်ချင့် ခင်ချင်နဲ့ တကယ်ခင်ပြီး အိပ်မက်ခြေရာ အမှတ်တရ ကဗျာလေးကို ရေးပေးတဲ့အတွက် ကျေးဇူးပါ။ မောင်လေးဖိုးသားရေ စိတ်၏ချမ်းသာမှု အပေါင်းနဲ့ ပြည့်စုံပါစေ။

ညီမလေး ရေစင်မှလည်း မွေးနေ့ လက်ဆောင်လေး ပေးပို့ခဲ့ပါတယ်...အဲဒါကတော့ ဒီမှာပါ...


မက်မက်ရဲ့ တနှစ်ပြည့် Blog ကလေးအတွက်

�

�

နောက်ကျပြီးမှ မွေးနေ့လက်ဆောင်ပို့ပေးဖြစ်တဲ့အတွက် အနူးအညွှတ်တောင်းပန်�.. :P

မက်မက်နဲ့ဘ၀တူ� မွေးနေ့ဆုတောင်း..မွေးနေ့လက်ဆောင်ပို့ပေးဖို့ စဉ်းစားထားပြီးမှ အင်တာနက်အဖြတ်ခံလိုက်ရတဲ့အဖြစ်�..ဟီး�ရွှတ်..ပက်�

�

အင်တာနက်အဖြတ်ခံလိုက်ရတာဟာ� လောကကြီးနဲ့အဆက်ဖြတ်ခံလိုက်ရသလိုပါဘဲ� (မှတ်ချက်။�� ။ သွားရေးလာရေး ခက်ခဲသော နေရာတွင်ရောက်နေသောကြောင့်)�

�

ကြိုးစားပမ်းစား� အားထုတ်လိုက်ကာမှ.. ကံကောင်းထောက်မလို့ အင်တာနက်ပြန်ရတော့မှ� ပို့ဖြစ်လိုက်တဲ့ မွေးနေ့ဆုတောင်းကို ကျေနပ်မယ်လို့ထင်ပါ့�.

�

စာတွေအများကြီးရေးနိုင်ပါစေ..

နာမည်နဲ့လိုက်အောင်..

အိပ်မက်လှလှလေးတွေမက်ပါစေ�

မက်တဲ့အိပ်မက်�

တကယ်လက်တွေ့ ဖြစ်လာပါစေလို့�

�

ရေစင်

ဆုတောင်းလေး အတွက် ကျေးဇူးပါ ညီမလေး ရေစင်ရေ... အာဝါးးးးးးးးးးနော်


ဦးဦးအနော်မှာ ကလဲ အီးမေးလ် မသိလို့ သူ့ဘလော့မှာ မက်မက်အတွက် ဆိုပြီး ကဗျာလေးကို မွေးနေ့လက်ဆောင် အဖြစ် အသွားအပြန်ဆိုတဲ့ ကဗျာလေးတင်ပေး ခဲ့ပါတယ်။ ကျေးဇူးပါ ဦးဦးအနော်မာရေ

အသွားအပြန်
***************
ရိုးတွင်းခြင်ဆီ ခမ်းခြောက်
...မြက်ခင်းစိမ်းတွေဆီ လမ်းလျှောက်ဖို့ ...မှန်းမျှော်ရင်း
နွားပိန်တစ်ကောင်၏ ခြေထောက်တွေ
ဘယ်ကိုမှန်းမသိ၊ဘာလို့ မှန်းမသိ
...သေလုအောင် ဒုန်းစိုင်းပြေး...
ဘာမှမ၀တဲ့...ဘဝ

ကာလာမသုတ်တော် နေရောင်ခြည်အောက်
လူမသိသူမသိ မရှိးတိုးမရှန့်တန်
ရဲရဲတောက်တောက်
...ခင်းဖြန့်ကြည့်...

...နေ့ စဉ်နေတိုင်း...
ဖြောင့်ရမှာကြောက်လို့  ကွေးနေတဲ့ ခြေထောက်တွေကို
နောက်တနေ့ ဆိုတာကြောက်လို့  ဇိကပ်နေတဲ့ မျက်လုံးတွေကို
စသည်ဖြင့်...စသည်ဖြင့်
...အာပုတ်ရည်တွေ မခြောက်ခင်...
...မျက်ချေးဖတ်တွေ ပြိုလဲမကျခင်...
ဥပက္ခာကော်ဖီပူပူရည်တွေက အတင်းအဓမ္မ ရေချိုးသွားတိုက်ကြရင်း
ယိုင်တိယိုင်တိုင် ကိုယ်ပိုင်ဆန္ဒမဲ့ အငွေ့ ပျံမနက်တွေ
ဘာအတွက်လဲ?
ဘာကြောင့်လဲ?

စကားလုံးလေးလုံးက စကားမပြောပဲ
စိတ်ပါးကိုဖြောင်းကနဲ ဖြတ်ရိုက်ကြ

စား
ဝတ်
နေ
ရေး

..............................................

...နေ့ စဉ်နေတိုင်း...
ကိုယ်တိုင်လည်းဘာတွေမှန်းမသိ လေးလံလွန်းလို့ 
ကန်ထုတ်ပစ်ချင်နေသော အရာဝတ္ထုတွေကို
ပခုံးမှာတမျိုး၊ လက်မှာတဖုံ...လွယ်ချိတ်ဆွဲ
နောက်တစ်ဂိတ်ဆိုတာကို ကြောက်နေတဲ့ ကားတွေပေါ်
နောက်တစ်ဘူတာဆိုတာကို ကြောက်နေတဲ့ ရထားတွေပေါ်
စသည်ဖြင့်...စသည်ဖြင့်
...ရစ်ပတ်နှောင်ဖွဲ့ အပ်သော...
နောက်တစ်လှမ်းဆိုတာကို ကြောက်နေတဲ့ ခြေလှမ်းတွေနဲ့ 
နွမ်းလျလေးကန် ချိတုံချိတုံလျှောက်လှမ်းနေသော
ယိုင်တိယိုင်တိုင် ကိုယ်ပိုင်ဆန္ဒမဲ့ အငွေ့ ပျံခရီးတွေ
ဘာအတွက်လဲ?
ဘာကြောင့်လဲ?

စကားလုံးသုံးလုံးက စကားမပြောပဲ
စိတ်ပါးကိုဖြောင်းကနဲ ဖြတ်ရိုက်ကြ

လောဘ
ဒေါသ
မောဟ

..............................................

...နေ့ စဉ်နေတိုင်း...
မကြားချင်လည်း တပီပီမူတ်နေဆဲ ညောင်တိညောင်နာ စကားတွေ
မပြောချင်လည်း ခေါင်းညိမ့်နေရ ဟုတ်ကဲ့တွေ
မသိစေချင်လည်း ရေးချနေရဆဲ အစီရင်ခံစာတစ်ရူးတွေ
မထူးချင်လည်း တကြီကြီ...အော်ဆဲချင်သော ဖုန်းတွေ
မကြိုချင်လည်း ပြုံးနေဆဲ နူတ်ခမ်းတွေ
မခေါ်ချင်လည်း ထူးနေဆဲ ပါးစပ်တွေ
မလုပ်ချင်လည်း အထုတ်လိုက်ရောက်လာသော အလုပ်တွေ
စသည်ဖြင့်...စသည်ဖြင့်
...ရစ်ပတ်နှောင်ဖွဲ့ အပ်သော...
ယိုင်တိယိုင်တိုင် ကိုယ်ပိုင်ဆန္ဒမဲ့ အငွေ့ ပျံနေ့ လည်ခင်းတွေ
ဘာအတွက်လဲ?
ဘာကြောင့်လဲ?

စကားလုံးသုံးလုံးက စကားမပြောပဲ
စိတ်ပါးကိုဖြောင်းကနဲ ဖြတ်ရိုက်ကြ

တဏ္ဍ
မာန
ဒိဌိ
..............................................

...နေ့ စဉ်နေတိုင်း...
ချာလပတ်ရမ်း..ဂွတတအိမ်အပြန် အဆီပျံညနေခင်းတွေရဲ့ အောက်
အိပ်ငိုက်နေသော ရုပ်သံဇာတ်လမ်းတွဲတွေ
တနေ့ တာဒေါသတွေကို ဇွတ်မိတ်မျိုချနေသော ယမကာခွက်တွေ
ပိုးလိုးပက်လက် မြူဆွယ်နေသော မှိန်ဖြော့ဖြော့မီးရောင်တွေ
ကမူးရူးထိုးယိမ်းထိုးနေသော အရိပ်ပါတီပွဲတွေ
ခလူးခလော တဂျောက်ဂျောက် လည်ပတ်နေသော နာရီဟောက်သံတွေနောက်
စသည်ဖြင့်...စသည်ဖြင့်
...ရစ်ပတ်နှောင်ဖွဲ့ အပ်သော...
ယိုင်တိယိုင်တိုင် ကိုယ်ပိုင်ဆန္ဒမဲ့ အငွေ့ ပျံညနက်မှောင်တွေနောက်
ဒီနေ့ စဉ်နေ့ တိုင်းပဲ
ဒီနေ့ စဉ်နေ့ တိုင်းတွေပဲ

စကားလုံးတစ်လုံးက စကားမပြောပဲ
စိတ်ပါးကိုဖြောင်းကနဲ ဖြတ်ရိုက်သွား

အတ္တ

...ဘိုင်းကနဲ ပြုတ်မကျသေးခင်ထိ ရေရွှတ်နေကြဦးမယ်...

ခန္ဓာရှိနေသေးသရွေ့ ..မဆုံးသော ဆာလောင်မူ...ရောဂါ
ခန္ဓာရှိနေသေးသရွေ့ ..မဆုံးသော ပူအေးအရှက်အကြောက်...ဘေးဘယာ
ခန္ဓာရှိသေးသရွေ့ ..မဆုံးသော နေမိုးဆောင်း...အမိုးအကာ
ခန္ဓာရှိနေသေးသရွေ့ ..ရွှေဥတစ်လုံးတည်းဥလို့ ဆိုတဲ့ လောဘ
ခန္ဓာရှိနေသေးသရွေ့ ..ပိုမဥလို့ ဆိုတဲ့ ဒေါသ
ခန္ဓာရှိနေသေးသရွေ့ ..ရင်ဘတ်ထဲမရှိတဲ့ရွှေတုံးခဲကိုမက်..သတ်ရက်တဲ့ မောဟ
ခန္ဓာရှိနေသေးသရွေ့ ..သူတောင်းစားတစ်ယောက်ရဲ့ခွက်စုတ်ကို ဖက်ကုပ်ထားသောလက်များ
ခန္ဓာရှိနေသေးသရွေ့ ..စိတ်ရှိရင် ခွေးတောင်ထောင်လို့ ရတဲ့ လက်မများ
ခန္ဓာရှိနေသေးသရွေ့ ..ဘယ်သူမှန်းမသိတဲ့ ငါဟ အော်သံများ
............................
......................
...............

အမိုက်မဲဆုံးလူသား၏ နေမင်းတစ်ထောင်...ဘီလူးစီး လွန့် လူးစေတသိတ်များ
အမည်းရောင်အန်ဖတ်တွေကို ချိန်ရွယ်ပစ်ပေါက်ကြရင်း
မျက်ရည်အ၀တ်ပတ် စကားလုံးများ ပြန်ကန်ခုန်ထွက်


ဒုက္ခ

ဒေါမနဿ

သောက

ပရိဒေဝ

ဥပါယာသ

ဇာတိ

ဇရာ

မရဏ

အနော်မာ
၁၂.၆.၀၉( ည ၉နာရီ ၅၉)

ကဗျာအမှတ်တရလေး အတွက် ကျေးဇူးပါ ဦးဦးရေ...


ဦးယုတ်ကလည်း မအားတဲ့ကြားက ကွန်မန့်မှာ ကဗျာလေး လာရေးပေးတဲ့အတွက် ၀မ်းသာရပါတယ်။


ဘ၀ဖြစ်စဉ်မှာ အလှစစ်ရှာလို့
င့ါဘ၀ကိုတည်ဆောက် ...
ငါ့စိတ်တွင်းသဏ္ဍာန်ရဲ့ အနောက်မှာ
ကပ်ငြိတွယ်တဲ့ သရုပ်တစ်ခု
ငါဖေါ်ထုတ်ရင်း,
အစပျိုးမိတဲ့ အသိလေးရဲ့
သတိတရားလေးမှာ ...
စိတ်ဖြေရာတစ်ခုရဲ့ ချိတ်နေတာက
ဘလောခ့်လေးရဲ့ မျက်နှာစာအပေါ်
ငါ .. ထုဆစ်ထွင်းတဲ့
အာသီသတစ်ခု,
လောကဓံပျိုက အနှိုင်းမခံလွန်လေတော့
င့ါဇာတ်ရုပ်အဖြစ်ဟာ ဘ၀တစ်ထုပ်စာအပြည့်နဲ့
ကျောချိတ်နေရတဲ့အချိန် ..
အတွေးဖလှယ် အရေးတစ်ကယ်ပေးလို့
သင်ခန်းစာတစ်ခုအခြေပြုတဲ့ ရလဒ်များစွာ ..
ဆွေရင်းချာလို နေရင်းလာတဲ့
သူသူငှာငှာ ဘလောခ့်မောင်မယ်တွေ
ခင်မင်မှုလက်တစ်ကမ်း အရေးတယူပြုလို့
စိတ်အထွေထွေကြားမှာ ပိတ်နေတာတွေဖယ်ရှားဆို
တူစုံညီမယ့် မောင်မယ်ကြားမှာ
ဖြူစင်မြူးမယ့် မက်မက်တစ်ဦးက
သာယာထူးမယ့် တရားလမ်းကို
ဆက်လျှောက်နိုင်ပါစေလို့
တောင်းဆုပြုရင်း ....။

အခုလို မအားတဲ့ ကြားကနေပြီး မက်မက်ကို လာရောက် ဆုတောင်းပေးပြီး ကဗျာလက်ဆောင် ပေးပို့တဲ့အတွက် ကျေးဇူးပါ ဦးယုတ်ရေ..

ကဲ..ပျော်ပျော်ရွှင်ရွှင် စားကြမယ် သောက်ကြမယ်နော်..... :P :)


ဈေးအကြီးဆုံး ၀ိုင်ပုလင်းနဲ့ ဧည့်ခံ ပါတယ်နော်။ ကုန်မှာ မပူနဲ့နော်


ဒါမ မမတို့လဲ သောက်လို့ ရပါတယ်နော်။ ကြိုက်တတ်ရင်ပါ။



ရှန်ပိန်လေးလဲ ကျန်သေးတယ်။


အမြည်းတွေပေါ့ဗျာ...


ပုဇွန်ကြော်နဲ့မြည်းမလား


ကဏ္ဏန်းဟင်း နဲ့လည်းမြည်းလို့ ရတယ်နော်။


မသောက်ဘဲ ဒီတိုင်းစားလည်း ရတာပဲ


ကဲ...ဗိုက်မ၀ရင် ထမင်းကြော်စားပေါ့


ဝိုင်မကြိုက်တဲ့ သူတွေ အတွက် ကော်ဖီအယ်လ်မွန်အိုင်းစ်


ချောကလက် ချိစ် မုန့်ပါ

ပြီးရင် ရေခဲမုန့် စားလို့ပါတယ်။

အဟဲ...စားသာစား...များများစား၊ များများသောက်၊ လိုချင်တာ အကုန်ယူသွား၊ အဲဒါတွေက ဂူဂယ်လ်ထဲက အော်ဒါမှာထားတာ...အဟား.. :P

Monday, June 1, 2009

အကယ်၍(သို့)IF


‘အကယ်၍’

If you can keep your head when all about you,
Are losing theirs and blaming it on you,

အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

If you can trust yourself when all men doubt you,
But make allowance for their doubting too,

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

If you can wait and not be tired by waiting,
Or, being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise,

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;


အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

If you meet with Triumph and Disaster,
And treat those two impostors just the same;

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,.
And stoop and build’em up with worn-out tools:

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings,
And risk it on one turn of pitch-and-toss.
And lose, and start again at your beginnings,
And never breathe a word about your loss:

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆို ရင်. . . . . .။

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့ အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute,
With sixth seconds’ worth of distance run.

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။
သာ လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,.
And stoop and build’em up with worn-out tools:

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings,
And risk it on one turn of pitch-and-toss.
And lose, and start again at your beginnings,
And never breathe a word about your loss:

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆို ရင်. . . . . .။

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့ အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute,
With sixth seconds’ worth of distance run.

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။

Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။

Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။


Rudyard Kipling
ဘာသာပြန်ဆိုသူဒေါ်အောင်ဆန်းစုကြည်
(Translated by Aung San Su Kyi)

သူငယ်ချင်း တစ်ယောက်မှ ပေးပို့ပေးတဲ့ မေးလ်ထဲက အကြိုက်ဆုံး ဖြစ်တဲ့ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်တဲ့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အချစ်တော် အမေဒေါ်အောင်ဆန်းစုကြည်၏ "အကယ်၍" ဆိုတဲ့ ဘာသာပြန် ကဗျာလေးကို မူရင်းအတိုင်း ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

Saturday, May 30, 2009

ငွေ


ငွေ..ငွေ..ငွေ..ငွေ

ငွေ…ငွေ…ငွေ…ငွေ

လောကကြီးမှာ ပြောသမျှပြီးတာ ငွေ..ငွေ..ငွေ

မယားအလှချစ်တာ ယောက္ခမချစ်တာ ငွေ..ငွေ..ငွေ

ငွေငွေ….ငွေငွေ

အမုန်းပွားတဲ့သူ ပြုံးဖို့စွမ်းတာ ငွေ….ငွေ….ငွေ

ရောက်တဲ့ အရပ်မှာ အပေါင်းအသင်း ဆံ့တာ ငွေ….ငွေ…..ငွေ

တိုက်တွေ ဆောက်တာ ဒီငွေ..ဒီငွေ..

ကားတွေ စီးတာ ဒီငွေ…ဒီငွေ…

ချစ်သူကွဲစေ…..ဒီငွေ..ဒီငွေ…

မုန်းသူများစေ…ဒီငွေ..ဒီငွေ

အကြံအောင်နေတာ ငွေ..

မာန်ထောင်နေတာ ငွေ….



အရာရာဟာ ငွေသာဆုံးမို့ တန်ဖိုးဖြတ် မရပေ

သက်ရှိလူတွေ ငိုစေ ရယ်စေ အမိန့်ပေး နိုင်တာငွေ

လူက လုပ်တဲ့ငွေ လူကို ခြောက်လှန့်နေ

သက်မဲ့ငွေ..သက်မဲ့ငွေ….

လူကို ပြန်ပြီး ဆရာကြီး လုပ်လို့နေ…

ကံကြမ္မာ မျက်နှာသာ ပေးတော့ သူဌေးကြီးတွေ သူဌေးကြီးတွေ

ကံကြမ္မာ မျက်နှာတင်းတော့ ဆင်းရဲစေ မွဲကြစေ။

ငွေမရှိတော့ လူရာမ၀င် မခေါ်ချင် မပြောချင်

အထင်သေး အမြင်သေး အဝေးက ရှောင်ကြ ဟန်မကျ စရာအခြေ


လူမှာသာ ငွေရှိရင်လေ ငွေမပါရင်နေ လူသာလာပါစေ။ ငွေမျက်နှာနှင့် အားလုံးအဆင်ပြေ။
စားပါဗျ၊ သောက်ပါဗျ၊ ကျန်းမာတော် မူပါစလို့

ဟိုကနှုတ်ဆက် ဒီကနှုတ်ဆက် မျက်နှာချိုသွေး အလေးတယူ ကြည်ဖြူပါသလေ၊
ဒီဇမ္မူမှာလေ ငွေပေတံနှင့် လူကိုတိုင်း ထင်တိုင်းကျဲလို့နေ။

အမြင်ကတ်စရာကွဲ့ လူတွေ လူတွေ ငွေမျက်နှာနဲ့ လူတွေ လူတွေ
အရာရာဟာ ငွေတာသုံးလို့ တန်ဖိုးဖျက်လို့နေ၊

သက်ရှိလူတွေ ငိုစေ ရယ်စေ အမိန့်ပေးနိုင်တာငွေ
လူကလုပ်တဲ့ငွေ လူကို ခြောက်လန့်နေ

သက်မဲ့ငွေ သက်မဲ့ငွေ လူကိုပြန်ပြီး ဆရာကြီး လုပ်လို့နေ။

ဟဲ…ဟဲ………အဆိုတော် အနိုင် သီဆိုထားတဲ့ သီချင်းလေး ထဲက စာသားလေးပါ။ အင်မတန်မှ အဓိပ္ပာယ် ပြည့်ဝလှပါတယ်နော်။ :D ကဲ..ဦးဦးဝသန်ရေ..ကျေနပ်မယ် ထင်ပါတယ်နော်။

တကယ်တော့ ငွေအကြောင်း ပြောရမယ် ဆိုရင်ဖြင့် ပြောမကုန်ပါဘူး။ မက်မက်တို့လဲ အတူတူပါပဲ။ ငွေကိုကိုယ်က မခင်လို့လား တော့မသိဘူး။ ငွေကလည်း ကိုယ့်ကိုမခင်ဘူး။ ကိုယ့်အနာမှာ ကြာကြာမနေဘူး။ ခဏပဲနေပြီး နောက်တော့ ပြန်ထွက်သွားတယ်။ ဟီး... :P

မက်မက်က တစ်ခုတော့ ကိုယ့်ကိုကိုယ် ယုံကြည်တယ်။ အဲဒါက ဘာလဲဆိုတော့ အရင်ဘ၀က လုပ်ခဲ့တဲ့ ဒါနအကျိုးဆက်နဲ့ ယခုဘ၀မှာ ပြုလုပ်နေတဲ့ ဒါနကုသိုလ် ရဲ့အကျိုးဆက်ကြောင့် မက်မက်တစ်ယောက် ဆင်းရဲနေ ပေမယ့်လဲ မပူမပင်နဲ့ ကိုယ်လိုချင်တာကို ချက်ချင်းရပြီး ကိုယ်သုံးချင် တာကိုလည်း စိတ်ကြိုက်သုံး နေရတယ် ဆိုတာပါပဲ။ ပြီးတော့ ကိုယ့်မှာ ငွေမရှိ ပေမယ့်လည်း အချိန်တန် ရင်ငွေက ဘယ်ကဘယ်လို ရောက်လဲမှန်း မသိဘူး။ ဒါဟာ ဘာကြောင့်ဆို ဒါနဆိုတဲ့ ပေးကမ်းလှူဒါန်းမှုရဲ့ အကျိုးကြောင့် မချမ်းသာ ပေမယ့်လဲ သူ့ဟာနဲ့ ငွေပြတ်ပေမယ့် အလိုလို အဆင်ပြေ သွားတတ်တယ် ဆိုတာကို ယုံကြည်နေလို့ပါပဲ။

ကိုယ်ပြုသော အမှုကံ ခံစား စံစား ရသူကြီးတွေပါပဲ။ ကဲ.. ဘတ်ဘတ်ရေ.. ဒီလောက်နဲ့ ကျေနပ်တော့နော်။

(တက်ဂ်ပို့လေးကို အင်မတန် အဓိပါယ် ပြည့်စုံတဲ့ သီချင်းလေး နဲ့အတူ မအားတဲ့ ကြားထဲက ဆားချက်လိုက် ရတာပါ။ ဘတ်ဘတ်ရေ အဲလိုဆားချက်ပြီး တက်ဂ်ကို ရေးပေးလိုက်ရလို့ အားလဲနာပါတယ်။ စာဖတ်သူ တွေကိုလဲ တကယ်ကို အားနာပါတယ်။ အခုချိန်မှာ စားရေးဖို့ကိုလုံးဝ အချိန်မရ တဲ့အတွက် တောင်းပန်ပါတယ်။ ၅၀ ပေးပါနော်...အော်..မှားလို့.... :D ဟီး ... နားလည်ပေးပါနော်။ တကယ်တော့ မက်မက်တစ်ယောက် မြွေကိုက်နေတာ.. :P

Wednesday, May 27, 2009

ငွေစုစာအုပ်လေး


မင်္ဂလာပွဲ အပြီးမှာ အမေက ကျွန်မကို ငွေ1000 ထည့်ထားတဲ့ ငွေစုစာအုပ်လေးကို မင်္ဂလာလက်ဖွဲ့ အဖြစ်ပေးပါတယ်။

"သမီး အခုဆိုရင် သမီးဟာ အိမ်ထောင်သည် ဘ၀ကို ရောက်ရှိသွားပြီ။ ဒါကြောင့် သမီးရဲ့ ဘ၀မှာ ပျော်ရွှင်ရ တဲ့အခါ အမှတ်တရ ဖြစ်စေတဲ့အခါ ကြုံလာခဲ့ရင် ဒီငွေစု စာအုပ်လေးမှာ ငွေစုပြီး ဘာအတွက်ကြောင့် ငွေစုလိုက်ရလဲ ဆိုတာ မှတ်တမ်းလေး လုပ်ထားပါ သမီး။ သမီးမှာ အမှတ်တရ များများရှိရင် သမီးငွေများများ စုမိလေပါပဲ။ သမီးခင်ပွန်းကိုပါ ပြောပြပြီး နှစ်ယောက်အတူတူ လုပ်ဆောင်ကြပါ။ နှစ်ကုန်တဲ့ အခါမှာ သမီးတို့မှာ ပျော်စရာ ဘယ်လောက် ပိုင်ဆိုင်ခဲ့ကြ လဲဆိုတာ သိလာပါလိမ့်မယ် သမီး။"

အမေ့စကားကို နားမှာကြားယောင်ရင်း ဇနီးမောင်နှံ နှစ်ယောက် အမေ့လက်ဆောင် ငွေစုစာအုပ် လေးနဲ့အတူ အိမ်ကိုပြန်လာ ခဲ့ကြတယ်။ အမေ့ရဲ့ အိုင်ဒီရာ ကောင်းလေးကို နှစ်ယောက်လုံး သဘောတူပေမယ့် ဒုတိယ အကြိမ်မြောက် ငွေစုစာအုပ်မှာ ငွေစုဖို့ ဘယ်လိုသိ နိုင်မလဲ ဆိုပြီးတွေးတော ခဲ့မိကြပါ သေးတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သူမတို့ ငွေစုဖို့ အကြောင်းလေး ဖန်လာခဲ့ပါတယ်။

လက်ထပ်ပြီး နောက်ပိုင်း ဖေဖ၀ါရီလ ၁၇ရက်နေ့မှာ ပထမဆုံး ကျရောက်တဲ့ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အမှတ်တရ အဖြစ်ငွေ 100 ကိုငွေစု စာအုပ်လေးမှာ စတင်ပြီး ထည့်လိုက်ပါတယ်။

မေလ၁ရက် နေ့မှာတော့ သူမအလုပ်က လစာတိုးခြင်း ခံရတဲ့အတွက် အမှတ်တရ အဖြစ် ငွေ300 ထည့် လိုက်ပါတယ်။

မေလ ၂၀ ရက်နေ့မှာ ပါရီကို လေ့လာရေး အပျော်ခရီး ထွက်တဲ့အတွက် အမှတ်တရ အဖြစ်ငွေ 200 စုမိခဲ့ ကြပါတယ်။

ဧပရယ် ၁၅ ရက်နေ့မှာ သူမ ကိုယ်ဝန်လွယ် ရတဲ့အတွက် အမှတ်တရငွေ 2000 စုလိုက်ပါတယ်။

ဇန်န၀ါရီ ၁ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ ရာထူးတိုးခြင်း ခံရသည့်အတွက် ငွေ1000 စုလိုက်ပါတယ်။

စသည်ဖြင့် ငွေစုလာလိုက်တာ……………


တစ်နေ့တော့ အိမ်ထောင်သည် တို့ရဲ့သဘာဝအရ အသေးအမွှား ပြသနာလေး မှစ၍ အကြီးအကျယ် စကားများ ရန်ဖြစ်ကြ ပါတော့တယ်။ ကမ္ဘာပေါ်မှာ စိတ်ပျက်စရာ အကောင်းဆုံး လူနဲ့မှ လက်ထပ်မိ ရလေခြင်း ဆိုပြီးလည်း နောင်တတရား ကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြော ကြတော့ဘူး။ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ စံထားလောက်တဲ့ အချစ်ဆိုတဲ့ ခံစားချက်ဆိုတာ မရှိကြတော့ဘူး။

တစ်နေ့တော့ အမေဖြစ်သူထံ သူမရောက်လာပြီး “သမီးဘယ်လိုမှ ဆက်လက်သည်းမခံ နိုင်တော့ဘူး။ သမီးတို့ နှစ်ယောက် လမ်းခွဲကွာရှင်းကြဖို့ သဘောတူလိုက်ပြီ။ ဒီလိုယောင်္ကျားမျိုးနဲ့ လက်ထပ်ဖို့ ဘယ်လိုစိတ်ကူးနဲ့ ဆုံးဖြတ်ချက် ချမိခဲ့ လိုက်လဲဆိုတာ ကိုယ့်ကိုကိုယ် စဥ်းစားလို့ မရဘူး အမေ။” ဆိုပြီးပြောတော့

“ဟုတ်လားသမီး။ သမီးဘယ်လိုမှ ကြံကြံခံ ရပ်တည်လို့ မရနိုင်တော့ရင် သမီးလုပ်ချင်တာကို လုပ်ချလိုက်ပါ ၊ အဖြစ်နိုင်တဲ့ အရာဆိုတာ မရှိပါဘူး။ဒါပေမယ့် သမီး၊ အဲဒီလို မလုပ်ဆောင်ခင်အရာတစ်ခုကို ပထမဆုံး လုပ်ဆောင်လိုက်ပါ။”

“သမီးတို့ မင်္ဂလာ ပွဲတုန်းက အမေလက်ဖွဲ့ ပေးခဲ့တဲ့ ငွေစုစာ အုပ်လေးကို မှတ်မိသေးလား သမီး။ အဲဒီစာအုပ် လေးထဲက ပိုက်ဆံတွေကို အကုန်ထုတ်ယူပြီး သုံးစွဲပစ်လိုက်ပါ။ အိမ်ထောင်ရေး အဆင်မပြေ မသာယာတဲ့ မှတ်တမ်းကို သိမ်းမထားသင့်ဘူး သမီး။”

“ဟုတ်တယ်၊ အမေပြောတာ မှန်တယ်။” ဒါနဲ့ သူမတစ်ယောက် ငွေတွေထုတ်ယူပြီး ဘဏ်အကောင့်ကိုပါ ပိတ်ပစ်လိုက်ဖို့ စိတ်ကူးနဲ့ ဘဏ်ကိုထွက် လာခဲ့လိုက်တယ်။

ဘဏ်ကိုရောက်တော့ ဘဏ်အကောင့်ကို ပယ်ဖျက်ဖို့အတွက် ရှည်လျားလှတဲ့ လူတန်းရှည်ကြီးမှာ ကိုယ့်အလှည့် ရောက်ဖို့ကို ထိုင်စောင့်ရင်း ငွေစုစာအုပ်လေးကို နောက်ဆုံးအကြိမ်အဖြစ် ထုတ်ကြည့် လိုက်ပါတယ်။ သူမ ငွေစုစာ အုပ်လေးကို အပြန်ပြန် အလှန်လှန် လှန်လှောကြည့်ရင်း အတိတ်က နှစ်ယောက်သား ပျော်ရွှင်ကြည်နူး ခဲ့ရတဲ့ ပျော်ရွှင်စရာ နေ့ရက်လေးနဲ့ ပိုင်ဆိုင်ခဲ့ရတဲ့ အမှတ်တရ အဖြစ်လေးတွေက သူမရဲ့ နှလုံးသားမှာ ပုံရိပ်ထင်ဟပ် လာပါတယ်။

အတိတ်က အကြောင်းအရာ လေးတွေကို ပြန်လည်မြင်ယောင်ရင်း မျက်ဝန်းမှာ မျက်ရည်များ စို့တတ်လာကာ ၀မ်းနည်းခြင်း များစွာနဲ့ ချက်ချင်းအိမ်ကို ပြန်လာခဲ့တယ်။ အိမ်ကိုရောက်တော့ ခင်ပွန်းဖြစ်သူထံ ငွေစုစာအုပ်လေး ကိုပေးရင်း မကွာရှင်းခင် အရင်ဆုံး အထဲက ငွေတွေကို ထုတ်ယူသုံးစွဲ ခိုင်းလိုက်ပါတယ်။

နောက်တစ်နေ့မှာ ခင်ပွန်းဖြစ်သူက သူမကို ငွေစုစာအုပ်လေး ပြန်လည်ပေး အပ်ခဲ့ပါတယ်။
အထဲမှာ ငွေ5000 နဲ့ မှတ်တမ်းလေး ထပ်ဖြည့်ထားတာကို တွေ့ရှိလိုက်ရတယ်။ အဲဒါကတော့ ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ကျွန်တော့ဇနီးကို ဘယ်လောက်ချစ် ခဲ့တယ်ဆိုတာ ဒီနေ့မှာ ကျွန်တော်သိရှိ လိုက်ပါတယ်၊ ဒီနှစ်တွေမှာ ပျော်ရွှင်ခြင်းတွေ အများကြီး သယ်ဆောင်လာ ခဲ့ပေးတဲ့ မင်းကိုသိပ်ချစ် ပါတယ်တဲ့။

အဲဒီလိုနဲ့ ဇနီးမောင်နှံ နှစ်ယောက် ငွေစုစာ အုပ်လေးကို ဘေးမှာချပြီး တစ်ယောက်နှင့် တစ်ယောက် ဖက်ပြီးငိုကြ ပါတော့တယ်။

ကဲ…အချိန်တန်တော့ သူတို့ငွေ ဘယ်လောက်စုမိ ခဲ့ကြလဲ ဆိုတာ သိကြလား။

တကယ်တော့ သူတို့စုမိတဲ့ ငွေပမာဏက အဓိက မဟုတ်ပါဘူး ။ သူတို့ရဲ့ ဘ၀မှာ ပိုင်ဆိုင်ခဲ့ ကြရတဲ့ သာယာတဲ့ အိမ်ထောင်မှု ၊ ပျော်ရွှင်မှု၊ အမှတ်တရ ဖြစ်မှုတွေက အိမ်ထောင်မှု ဘ၀ရဲ့ အထိမ်းအမှတ်တွေပါ။

တစ်ချိန်ချိန် ဘ၀မှာ ကျဆုံးသွား ခဲ့ရင်လည်း ကျရှုံးခဲ့တဲ့ နေရာမှာပဲ ၀မ်းနည်းပူ ဆွေးပြီး မနေပါနဲ့။ အဲဒီကျရှုံး ခဲ့ရတဲ့ နေရာကနေပဲ ဘာကြောင့် ကျရှုံးခဲ့ရလဲ ဆိုတာကိုပဲ ကြည့်ပြီး ကြိုးစားထပြီး ရှေ့တက်လှမ်းပါ။ ဘ၀ဆိုတာ အမှန်ကန်ဆုံး အမှားတွေနဲ့ ပြည့်နေတဲ့ အရာပါ။

စာဖတ်သူ အသင်တို့ အားလုံးလည်း ဒီပုံပြင်လေး ထဲကလိုပဲ အတုယူ အတွေးပွား နိုင်ကြပါစေ ။ ဤစာစုလေးကို Bank Saving Passbook ပုံပြင်လေးမှ ဘာသာပြန်ပါသည်။
:D

Monday, May 25, 2009

သီချင်းစကား(သို့)ထားခဲ့ဖူးတဲ့ရည်းစားများ


ထားခဲ့ဖူးသော ရည်းစားများတဲ့.. ထပ်တက်ဂ်ခံ ထိတော့တာပဲ...ချက်ချင်းရေးပေး ချင်ပေမယ့် ဘယ်လိုမှ မအားတာနဲ့ အချိန်တွေ လွန်ကုန်တယ်...ခုတော့ မဖြစ်ဘူး အချိန်ဆွဲ ထားလို့လဲ မကောင်းဘူး အာနာစရာ...ဒါပေမယ့် ဘယ်လိုရေး ပေးရပါ့မလဲ .... စဉ်းစားစမ်း မက်မက်...နင်စဉ်းစားစမ်း...

ဦးတလနွန်။ ။ဟာ..မက်မက်...နင်..ဘယ်တွေ ပျောက်နေတာလဲ...

မက်မက် ။ ။မအားလို့လေ ဦးဦးရေ...အခုတောင် ဦးဦးရေး ခိုင်းထားတဲ့ တက်ဂ်ပို့စ် အကြောင်းကို ဘယ်လိုရေး ရမလဲ ဆိုတာကို စဉ်းစားနေတာ

ဦးတလနွန်။ ။ဟေ..ဟုတ်လား...ကောင်းတယ်...ကောင်းတယ်...စဉ်းစားစဉ်စား...ငါလည်း သိချင်လှပြီဟ....

မက်မက် ။ ။ဟာ...ဦးဦးအလယ်လွန်ကလဲ.....ဒွတ်ခဖဲ...ရေးဖို့ကို စဉ်းစားလို့ မရလို့ မစဉ်းစား ချင်ပါဘူး ဆိုနေမှ.....ဇွတ်...ချစ်ကောင်းသီချင်း ထဲကလို ပြောရမှာလား..."မိုးကောင်းကင် အကြောင်းလဲ မစဉ်းစားချင်ဘူး ..... ငါ့ဘ၀ ငါ့အကြောင်းလဲ မစဉ်းစားချင်ဘူး ....အာရုံပြတင်းပေါက်ကို ၀င်မလာ ကြနဲ့ဦး...

ဦးတလနွန်။ ။ဟင်.....မက်မက်ကို အရင်က ထားခဲ့ဖူးတဲ့ ရည်းစားအကြောင်း အချစ်အကြောင်း မေးတာလေ

မက်မက်။ ။ဟားဟ....အော်...ဒါလား...မပြောဘူး အသေသတ်...ဒါဘဲ(ဟိုဟာကြက်....ဟီးး :P ) ကဲပါ... ဒါဆိုရင်တော့....

နှလုံးသားထဲက တေးသံ နာခံလေရော။ ဘ၀တစ်ခု လုံးနဲ့ရင်းကာ ရင်ထဲက တေးသံတွေ ကမ္ဘာကုန် ကျယ်သ၍ တည်စေသော် တည်ပါစေသော်~~~~မှန်ရာကို သစ္စာဆိုပါမည် ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်။ ရင်မှာ တစ်ယောက်ထဲ ချစ်ခဲ့ဖူးပါသည် မင်းကလွဲ၍ ဘယ်သူ့မှ ကိုယ်မချစ်သည်~~ကြင်နာသူ သိစေချင်ပါသည် ကိုယ့်စေသနာ ဖြူစင်ခဲ့ပါသည်။

မက်မက်ကလဲ အဲဒီ ထားခဲ့ဘူးတဲ့ ရည်းစား အကြောင်းပဲ ပြောပြနေတာလေ....ဟိုးအရင် တုန်းထဲက ဟာတွေ စစ်တမ်းကောက်နေရင် မက်မက်လည်း မမှတ်မိတော့ဘူး..ခစ်ခစ်..ဒီတော့ စိုင်းစိုင်းလိုပဲ ပြောလိုက်မယ်....
နားထောင်ကြဟေ့....နားထောင်ကြဟေ့...အားလုံးနားထောင်ကြ... :P

လူတိုင်းမှာ အမှတ်တရ ကိုယ်စီတော့ရှိတယ်.. ဒီတော့ငါ့ မှာလဲရှိတယ်...လွမ်းလွန်းလွန်းလို့...ဆွေးလွန်လွန်းလို့ ....ငါ့ရင်ထဲက ချစ်လွန်းလွန်းလို့....ဘ၀ဟာ ကြမ်းပေမယ့် အချစ်ကို နမ်းချင်ခဲ့ အရာတိုင်းဟာ နင့်အတွက် ငါအရမ်းနင့်ကို လွမ်းနေခဲ့....အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းတော့ မဟုတ်တာတော့ သေချာတယ်..ဒါဆိုရင် စွန့်လွတ်ခြင်းလား...ကျနော်ကတော့ အချစ်ဆိုတာ ချစ်နေဖို့ လို့ပဲမြင်တယ်။ အဲဒီတော့ သူကျနော့နားမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျနောကတော့ ချစ်နေမှာပါပဲ.....ဟဲ....ဟဲ

ဦးတလနွန်။ ။ဟိုက်ရှားပါး....မက်မက်ကလဲ အလာကြီးပါလား.... ဟားဟား... ( အပြန်မှ မဟုတ်တာနော် :P )

မက်မက်။ ။ဒါပေါ့ ဦးဦးရ....သိတယ်မလား...ဟဲဟဲ....ဦးဦးတလနွန်နော်...တလနွန် ကနေ နှစ်လနွန် ဖြစ်သွားမယ်...ဟင်း...ဟင်း...သူများကို နောက်တယ်ပေါ့လေ....ဟုတ်လား.... :P

ဦးတလနွန်။ ။ဟာ...မဟုတ်ပါဘူး.....မက်မန်းသီး လေးကလဲ....စတာပါ...ကဲ....ပြောပြပါဆို...

မက်မက်။ ။ဟာဂျာ...ပေါနေဒါဖဲ...ဟာဖဲ...ဟာဖဲ...ဟာဖဲ....ဟာကို...ဦးဦးအလယ်လွန်ကရဲ.....ဇွတ်...ထရေးက အထုမှ နယ်နယ်ရေးဖဲ ချိတေးဒါကို ဘယ်ကထား ခဲ့ဖူးတဲ့ ရီးချားအကြောင်းတွေ ရာမေးနေတာရဲ မတိဖူး.... မမှတ်မိတော့ဘူး...ခစ်ခစ်.. ဒါကြောင့် မက်မက်က မချစ်ဖူး သေးသူမို့လို့ ဆုန်သင်းပါရ် လိုပဲပြောလိုက်မယ်....



မချစ်ဖူးသေးလို့ မယုံရဲ ဘူးကွယ်
နာကျင်ကြေကွဲ လွမ်းမှာကို စိုးတယ်
တို့အသည်းနုနု ဖူးသစ်စ ပန်းအရွယ်
အရဲစွန့် ချစ်မယ်ဆိုလဲ မရဲ
တွေ့ဖူးခဲ့သမျှ အချစ်ရေးတိုင်းမှာ
နာကျင်ကြေကွဲ လွမ်းနေတာများတယ်
အသဲကွဲကြေ ဘ၀ပျက်ခဲ့ကြတယ်

ဒါကြောင့်မို့ကွယ် အချစ်ကို တကယ်ကြောက်တယ်
တည်ငြိမ်ရင့်ကျက်ဖို့တော့ တို့လိုမယ်
ချစ်ခရီးလမ်းလေး အတွက် အရွေးမှားခဲ့ရင်

ရွှေသမင်လိုက်မှား ကျားကိုဝင်တိုးမယ်။
တချစ်ထဲပဲချစ်ချင်တယ်
တပွင့်ထဲပဲ စွဲပန်မယ်
ဒါကို လေးလေးနက်နက် မင်းနားလည်ထားကွယ်

အနက်ရှိုင်းဆုံး ချစ်ချင်တယ်
ဘ၀ဆုံးထိ သစ္စာမပြယ်
အပေါ်ယံ ဆေးဆိုးအချစ်ကို မလိုလားတယ်။

ဦးတလနွန်။ ။အားပါးပါး..... မက်မက်ကလဲ လန်ထွက်နေတာပဲ...ငါ့ကို ပြန်ဖြေတာတောင် သီချင်းစာသား လေးတွေနဲ့ ပြန်ဖြေတယ်...ဟားဟား....

မက်မက် ။ ။ဒါပေါ့...မက်မက်က ရည်းစားဆိုရင်...

ရည်ရွယ်မှန်းဆထား ခဲ့ရတဲ့ ချစ်သူဟာ မာယာနှလုံးသားမျိုး ရှိနေခဲ့ရင် မဟုတ်သေးဘူး
(မင်းမဟုတ်ဘူး )
ယုံကြည်တွေးတောထားတဲ့ ချစ်ရသူဟာ အကြင်နာကင်းမဲ့တဲ့အပြုအမူရှိရင်
( မင်း မဟုတ်ဘူး )
ကိုယ့်နှလုံးသားက ရှိတဲ့အချစ် တန်ဖိုးပေး ရွေးလို့မရတဲ့အဖြစ်
(မင်း မဟုတ်ဘူး )
စိတ်ကူးများထဲက ရှိတဲ့အချစ် မျှော်လင့်ခြင်း အလင်းရောင်မပေးတဲ့အဖြစ်
(မင်းမဟုတ်ဘူး )

ဒီလိုရက်စက် ခြင်းများနဲ့ သစ္စာမတည် ဟန်ဆောင်ခြင်း သက်သက်ရဲ့ အချစ်နဲ့ ကိုယ့်ကို လာမချစ်နဲ့ (မင်းမဟုတ်ဘူး )
အမည်းစက် မစွန်းထင်းတဲ့ အချစ်ကိုသာ တံခါးဖွင့် ပေးပါရန် အသင့်ပါ ....
(မလာခဲ့နဲ့ မင်းမဟုတ်ဘူး )
ကိုယ့်နှလုံးသားက ရှိတဲ့အချစ် တန်ဖိုးပေး ရွေးလို့မရတဲ့အဖြစ်
(မင်း မဟုတ်ဘူး )
စိတ်ကူးများထဲက ရှိတဲ့အချစ် မျှော်လင့်ခြင်း အလင်းရောင် မပေးတဲ့အဖြစ်
(မင်းမဟုတ်ဘူး )

ရည်ရွယ်တမ်း တရတဲ့ ချစ်သူဟာ အဖြူစင်ဆုံး နှလုံးသားမျိုး ရှိနေရမယ် ...
(မဟုတ်သေးဘူး မင်းမဟုတ်ဘူး ..တကယ်ကို မင်း မဟုတ်ဘူး ....)
ကိုယ့်ချစ်သူက အဲဒီသီချင်း စာသားလေး ထဲကလို မျိုးဆိုရင် ငြင်းလိုက်မှာ... ခါချပစ်လိုက်မှာ..... ဟဲ....ဟဲ... ငယ်ငယ်တုန်းကတော့ ကိုယ်ကမကြိုက် ခဲ့ပေမယ့် ကိုယ့်ကိုကြိုက်တဲ့ ချစ်တဲ့သူတွေက များကြီးပဲ...(ကြုံတုန်းကြွားတာ:P)။ လူတိုင်းလူတိုင်းတော့ ရည်းစားတွေတော့ ထားကြတာပဲလေ...ကိုယ်တကယ် ကြိုက်ခဲ့လား မကြိုက်ခဲ့လား ဆိုတာပဲ ကွာတယ်။ ငယ်ငယ်တုန်းက ငယ်စိတ်၊ ကြီးလာတော့လဲ ကြီးလာတဲ့ အလျှောက်ပေါ့လေနော်....ဟီး...ဟီး....

ဦးတလနွန်။ ။အမယ်မယ်...မယ်မင်းကြီးမ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ ....ဟားဟား.. မှတ်သားလောက်ပါတယ်.....

မက်မက် ။ ။ဒါပေမယ့်လဲ ဦးဦးအလယ်လွန်ရေ...ကလေးဘ၀မှာ တုန်းကတော့ ရည်းစားနဲ့ ကွဲပြီဆိုရင် လူတိုင်းက ဒီလိုအဖြစ် မျိုးလေးနဲ့ ကြုံခဲ့တတ် ကြပါတယ်။တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်း မတူတဲ့အခါ ကွဲကြပြန်ရော...အဲဒီအခါကျတော့ လေးဖြူ သီချင်းလေး လိုမျိုးပါပဲ....

(မင်းဘ၀ နေပျော်ဖို့ မပေးဆပ်နိုင် တဲ့ဘ၀ ငါ့ကို လှည့်ကြည့်မ နေပါနဲ့....နင်လိုရာ ပျံသန်း....~~~~ငှက်ကလေး အဝေးကို ပျံတော့ ငါဆွဲ~~~~မထားရက်ဘူး အဝေး ~~~~အဝေးကို ပျံတော့ ဘ၀ကို~ ~~မင်းတစ်ယောက်ထဲ .... ရှေ့ဆက်ဦး...ငါမတား ချင်တော့ဘူး...~~~~) ဆိုပြီး ကွဲကြပြန်ရော။ သူတို့ပဲ ကွဲ၊ကွဲ နိုင်လွန်းတယ်နော်... ခစ်~.....ခစ်

ဦးတလနွန်။ ။အာ....မက်မက်...နင့်ဟာက နဲနဲမြင့် လွန်းနေပြီ...ငါမလိုက် နိုင်တော့ဘူး...နားလဲ မလည်တော့ဘူး....ငါကလဲ ဟေမာနေ၀င်း ပြောသလို နင့်ကို ပြောလိုက်ချင် တော့တာပဲ...

မက်မက် ။ ။ဘယ်လိုမျိုးများလဲ ဦးဦးအလည်လွန်ရ..

ဦးတလနွန်။ ။ဟိုလေဟာ... ရှင်းရှင်းပြောပါလား...ရှင်းရှင်းပြောပါလား...ခပ်ရှင်းရှင်းပြောကွယ်.....အဲလိုလေဟာ နင်ကလဲ...

မက်မက် ။ ။ဟားဟား...ဦးဦးကလဲ လန်ထွက်နေတာပဲ... မဆိုးဘူး တော်လာပြီ.....ဦးဦးလဲ ပေါတတ်လာပြီ .... မက်မက်နီးပါးကို ပေါတတ်လာပြီ...ဟားဟကြာရင်ဂေါက် လာလိမ့်မယ်...သတိထား.... :P
ဒါဆို ဦးဦးအလယ်လွန်က ဟေမာနေ၀င်း လိုပြောတော့ မက်မက်ကလည်း မခိုင်လိုမျိုး ပြန်ပြောပေး ရမှာပေါ့...ဘာလို့ဆို သီချင်းစာသား တွေထဲမှာ မက်မက်ပြောချင်တဲ့ စကားလုံး လေးတွေပါတာကို ဦးဦးက နားမှမလည်တာကိုး......ဟုတ်တယ်မလား......ဟဲဟဲ.. နားလည်သင့်ပြီနော်...

ဒီအချိန်မှာ နားလည်သင့်ပြီ....နားလည်ပါ့မလား......ကိုယ်လိုချင်တာဟာ လွတ်လပ်တဲ့ အချစ်များ မချစ်လို့ မဟုတ်ဘူးနော်.....ကြာရှည်မှာ ငြီးငွေ့လို့...နားလည်ပါ့မလား...ကိုယ်လိုချင်တာ အချုပ်အနှောင်မဲ့ အချစ်များ ကိုယ်လိုချင်တာ အကြင်နာတရား ဘောင်တွေ ပုံစံတွေပါရင် လက်မခံဘူး......မင်းသိရဲ့လား.... :P

ဦးတလနွန်။ ။အေး...မက်မက်ရယ်...ညည်းပြောလဲ ငါခံရ တော့မှာဘဲ၊ ငါတို့က အသက်အရွယ်ကလည်း တော်တော်ကြီးပြီလေ။ဒါကြောင့် နားကို မလည်တော့ဘူး.... :P

မက်မက်။ ။ဟင်..အခုချိန်ထိ ပြောတာကို နားမလည် သေးဖူး ဟုတ်လား......ဦးဦးက တော်တော် ပိန်းတာပဲ.... ဟားဟ..ဦးဦးက ဝေးပါ့...ဟွန့်...ဒါဆို ဒီနားလာခဲ့...ကျော်သူစိုးလို တိုးတိုးလေး ပြောပြမယ်... :P

ကမ္ဘာကြီးရဲ့ အပေါ်မှာငါနေ၊
စိတ်ကူးမှာ အမြဲသာယာနေ
နောက်ဆုံးလူတစ်ယောက်
အချစ်တံခါးကို လာ၍ လာခေါက်....(ဒေါက်..ဒေါက်...ဒေါက်)
လာ..လားလာ...လာ...လာ...
ငါတိုးတိုးပြောပြမယ်...
မယုံဘူးဆို ဒီနားလာပါ..
တိုးတိုးပြော ပြမယ်ကွာ...
လာ...ခဲ့ပါ ..လာ..လာ.....
ငါတိုးတိုး ပြောပြမယ်
လာ..လာ..လာ....
ငါတိုးတိုးပြောပြမယ်....
လာလာ..လာ..လာ..လာ...
ငါသိပ်ချစ် လွန်းခဲ့တယ်...
ခစ်..ခစ်..... အဲလိုမျိုး တိုးတိုးလေးပဲ ပြောပြတော့မယ်နော်....ကဲ....ရှင်းပြီလား...:P

ဦးတလနွန်။ ။ဟားဟား...ဟားဟား...အေးအေး.....ဟားဟား... ရယ်ရတယ်ဟေ့...မက်မက်ရေ....

မက်မက်။ ။အင်...ဦးဦးအလယ်လွန်ကလဲ ပေါရဲလိုက်တာ....ခစ်...ခစ်...မက်မက်မှာကတော့ ပေါတာဆိုလို့ ပိုက်ဆံပဲ ရှိတယ်...ဟိဟိ... :P

ဦးတလနွန်။ ။"ဟိုက်"သေစမ်းဟဲ့...ငါ့ကို ဘလိုင်းကြီး နှိပ်ကွတ်သွားပြန်ပြီ...ဒီကောင်မလေးတော့... :D

မက်မက် ။ ။ကဲ...ကဲ....မက်မက်ကို အခုလို တက်ဂ်လို့ ဦးဦးနဲ့ အတူတူ ပေါခွင့်ရ တဲ့အတွက် ဦးဦးအလယ်လွန်ကို ကျေးဇူးတင်ပါတယ်... :P

တစ်ခါတစ်ခါ လူတိုင်းကို ပျော်အောင်ဟာသ လုပ်ပေမယ့်လည်း တစ်ခါတစ်လေ စုတ်ပြတ်သတ်နေတဲ့ ငါ့ရင်ထဲက အသဲနှလုံးကို ဘယ်သူမှမြင်မှာ မဟုတ်ပါဘူးကွာ.... :( ဗြဲ..၀ဲ...အဲ..အဲ့.... ဟတ်ဟတ်... :P


Friday, May 22, 2009

CrazyDreamLover


ဘာကြောင့် အိပ်မက်ချစ်သူလို့ အမည်မည့် ခဲ့တာလဲ ဆိုတော့ ဒီလိုပါ ဘတ်ဘတ်ရေ။သိချင်တယ် ဆိုရင်တော့ဖြင့် အဟမ်း..အဟမ်း....အဟွတ်..(ချောင်းတောင်ဆိုးတယ်..ဟတ်..ဟတ် :P ) ပြောပြရ မှာပေါ့နော့်။

မက်မက်က ဟိုးအရင်တုန်း ကတည်းက စာအုပ်တွေ ဖတ်တာဝါသနာ ပါတာလေ။ ( လူ့ဘ၀မှာ ဗဟုသုတနဲ့ အသိတရားဆိုတာ ကျောင်းအတန်းပညာ ထဲကရတာ မဟုတ်ဘူးလေ။ အပြင်လောကက ဒီလိုစာအုပ်စာပေ လေ့လာဖတ်ရှုရင်းနဲ့ စာပေယဉ်ကျေးမှုနဲ့ အသိပညာ ယဉ်ကျေးမှုကို ရရှိတာမလား။ ဒါကမက်မက် အမြင်နော်။)ဟိုးငယ်ငယ် လေးထဲက ဟာသစာအုပ်နဲ့ ကာတွန်းစာအုပ်ကအစ အိမ်ထောင်ရေး အချစ်ရေး လူ့မှုရေး စီးပွားရေး ဘာသာရေး စသဖြင့် ဘာစာအုပ်မှ မကျန် ရသစုံ တွေကို အတန်းပညာ ငယ်ငယ်လေးထဲက ဖတ်တာ။ဒါကြောင့် တစ်ခါတစ်ခါ မက်မက်က နဲနဲကြောင်တောင်တောင် ဂေါက်တောက်တောက် ဖြစ်တာနေမှာ...ဟဲ..ဟဲ :P အဲဒါတွေ ထားလိုက်ပါ၊ ပြောရင်းနဲ့ လိုရင်းကို မရောက်တော့ဘူး နော့်.... ဟိဟိ.. :P

မက်မက်က စာအုပ်တွေ ဖတ်တယ်။ အွန်လိုင်းစာအုပ်တော့ သိပ်မဖတ်ဖြစ်ဘူး။ ဘာလို့ဆို ကွန်ပြူတာဖွင့်ပြီ ဆိုတာနဲ့ ချက်တင်မှာ သူငယ်ချင်းတွေ လာနှုတ်ဆက်ရင် ရီပလိုင်း လုပ်နေ ပွားနေတာနဲ့ပဲ စာကိုမဖတ်ဖြစ်ဘူး။ ကိုယ်ကလဲ ကွန်ပြူတာ ဖွင့်ပြီဆိုတာနဲ့ ဂျီတော့ခ်ကို မဖွင့်ရ မနေနိုင် ဘူးလေနော်။ ဟဲ...ဟဲ..ကိုယ်ကလဲ အားနာတာကိုး.....ချက်နေပြီဆိုရင်လည်း ပြောလို့ကို မပြီးနိုင်ဘူးလေ။(အဟား....ဘတ်ဘလဘတ် အမြင်ပဲလေ ....သိချင်ရင် အူးအူးဖွတ်ချိန် ကိုမေးကြည့်....ဟတ်ဟတ်... :P ) ဒီတော့စာမှာ အာရုံမရှိတော့ အွန်လိုင်းက စာအုပ်ကို ဖတ်ဖို့ဝေး ပြီပေါ့နော့်။ဒါတောင် အခု ဘလော့တွေ လိုက်လည်ပြီး စာဖတ်နေရင် ဂျီတော့ကို မအွန်ရဲဘူး....ကိုယ့်စိတ်ကို ကိုယ်သိလို့ ။ ဟားဟ :)

ဒီလိုနဲ့ဗျာ အစက ပြန်ပြောမယ်နော်။ စင်္ကာပူ အိမ်မှာနေတုန်း အိမ်မှာလာနေတဲ့ တစ်ချို့မောင်လေးတွေက ဘလော့ရေးတယ်။ အဲဒီတော့ သူတို့ ဘာတွေရေးတယ် ဆိုတာကို အားပေးရင်းနဲ့ ဘလော့လောကက စာလေးတွေ နဲနဲပါးပါး ဖတ်ဖြစ်ခဲ့ တယ်ပေါ့လေ။ ဒီလိုနဲ့ ဖတ်ရင်းဖတ်ရင်းကနေ ငါလည်း ဘလော့လေး တစ်ခုလောက် လုပ်ရင်ကောင်းမယ်။ နင်တို့တွေကို ကြည့်လိုက်ရင် တစ်နေ့တစ်နေ့ တန်းပလတ်ပြင်လိုက် စာရေးလိုက် လုပ်နေတာ အားကျလာပြီ၊ င့ါကိုလည်း သင်ပေးပေါ့ဆိုပြီး ပြောတာပေါ့။ ပြောသာပြောရတာ မောင်လေးတွေကလည်း သူတို့ဟာနဲ့ သူတို့မအား ကိုယ်ကလဲ အလုပ်တွေများနဲ့ အဲ့အချိန်တုန်းက မသင်ဖြစ်ခဲ့ဘူး။ ပြီးတော့ ကိုယ်ကစာလည်း မရေးတတ် စာရေးဖို့ အတွေးကောင်း မရှိတော့ ပိုဆိုးတာပေါ့။ စိတ်လည်းသိပ် မ၀င်စားတာလဲ ပါမှာပါလေနော်။

ကဲ...အတိုချုံးပြီး ပြောလိုက်တော့မယ်နော် ဘတ်ဘတ် ။ ဒီလိုပါ တစ်နေ့မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ရာကို ပေးလို့ (နှစ်စုံဆို နှစ်ရာလား မသိနော်...ခစ်...ခစ်... :P ) တစ်စုံတစ်ခု လုပ်ချင်စိတ် ပေါက်ရင်း ဘလော့လေး တီထွင်ဖြစ် သွားတယ်ပေါ့လေ။ အမှတ်တရ အဖြစ်လုပ် ဖြစ်တဲ့အနေနဲ့ ဒီဘလော့ကို အသက်သွင်း လိုက်တာပါ။

အဲဒီမှာ နာမည်ပေးတော့လဲ တီတီဒွင်းက သူ့မှာ DREAM CRAZY LOVER နဲ့ CRAZY DREAM LOVER ဆိုပြီး Nick Name နှစ်ခုရှိတဲ့ အနက်က Nick တစ်ခုက ရုတ်တရက် ပျက်စီးသွားတော့ ကျန်ခဲ့တဲ့ CRAZY DREAM LOVER ဆိုတဲ့ Nick ကိုပဲ ယူခဲ့လိုက်တယ်။

အင်း....တီတီဒွင်းအကြောင်း ပြောရမယ်ဆိုရင် တီတီဒွင်းက သိပ်ပြီး စိတ်ကူးယဉ်တတ်တာ။ တစ်ချို့ဟာတွေကို သူ့စိတ်ကူး ထဲကအတိုင်း အပြင်မှာလည်း မဖြစ်ဖြစ်အောင် လုပ်တတ်တယ်။ပြီးတော့ တီဒွင်းက သူ့စိတ်ကူးယဉ် လေးတွေကို အိပ်မက်အဖြစ် ညစဉ်ညတိုင်း အိပ်တဲ့အခါ သယ်သွားလေ့ရှိတယ်။ သူမရဲ့အိပ်မက် တွေဟာ တစ်ခါတစ်ခါမှာ အပြင်လောကမှာ လက်တွေ့ဖြစ် ဖြစ်လာတတ်တယ်။ ဒါကြောင့် တီတီဒွင်းရဲ့ စိတ်ကူးတွေက ပြန်ပြောပြနေတဲ့ စိတ်ကူးယဉ် ပုံပြင်လေးကို မက်မက်က အင်မတန် မြတ်နိုးတယ်။ ချစ်တယ်။ ဒါကြောင့်လဲ တီတီဒွင်း ရဲ့တူမတော် မက်မက်လေးက DREAM ဆိုတဲ့ နာမည်ကို ယူထားရခြင်း မည့်ထားရခြင်း ဖြစ်ပါတယ်။ ဟတ်..ဟတ် :P...

အိပ်မက်တွေကို ချစ်မြတ်နိုးတဲ့ တီတီဒွင်းနဲ့ စိတ်ကူးယဉ် ပုံပြင်တွေကို ကြိုက်တတ်တဲ့ မက်မက်တို့ တူဝရီး နှစ်ယောက်က စိတ်ကူးထဲမှ အိမ်မက်ချစ်သူလေး တွေပါပဲ။ အိပ်မက်ဆိုတာ ကိုယ့်စိတ်ကူးတွေက ကိုယ့်ကိုပြန် ပြောပြနေတဲ့ စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ် ဆိုတဲ့စာသား လေးလိုပေါ့နော်။ ထို့ကြောင့် ဤအရာကို DREAM ဟုခေါ်သည်...အဟဲ.... တီတီဒွင်း ပေးခဲ့တဲ့ "Dream Blog မှကြိုဆိုပါတယ်ရှင်"ဆိုတဲ့ Crazy Dream Lover ရဲ့အထ္တုပတ္တိတော့ ဤတွင်ပြီး သွားပါပြီ။ :P

ကဲ..ဘတ်ဘတ်ရေ.... ဒီလောက်နဲ့ ကျေနပ်လိမ့်မယ် ထင်ပါတယ်နော်...အခုလို ခင်မင်မှုနဲ့ တက်ဂ်လို့ ခင်မင်မှုကို ရှေ့တန်းတင်ပြီး ရေးပေးလိုက် ပါတယ်နော်။ (ကဲ...ဘတ်လဘတ် ၀ါးတန်းလုံးရေ ဂျီတော့ခ်မှာ ငိုမနေ နဲ့တော့နော်....မြေမကျကောင်းလို့ ....ဟတ်.... ဟတ်... :P ) တက်ဂ်တဲ့အတွက်လဲ ကျေးဇူးပါ။ အားဝါးတော့ မပေးဘူးနော်...ဟွင့်..... :P ဂျယ်လီကြိုက်တဲ့ တူရေးဂျယ်ရီ ကလည်း ထပ်ဖြည့်ပြီး တက်ခ်ပါတယ်တဲ့... သူကလည်း ထပ်တိုးပြီး ကျေးဇူးတင်ပါတယ်... ကျေးဇူးတူရေးဂျယ်ရီရေ.. :D