Subscribe:
Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Thursday, August 12, 2010

အခြေအနေမတူတဲ့ချစ်ခြင်းမေတ္တာ

"ဟဲလို "
"သားလား"

"အဖေ နေကောင်းလား အမေရော နေကောင်းလား"

"အေးသား..အဖေရော အမေရော နေကောင်းကြတယ်။ သားရော နေကောင်းရဲ့လား နေရထိုင်ရတာ အဆင်ပြေလား

ရှေ့တန်းတစ်နေရာမှ တာဝန်ပြီးဆုံး၍ ကိုယ့်နေရပ် ဌာနေသို့ ပြန်ရတော့မှာ ဖြစ်တဲ့အတွက် အဖေနဲ့ အမေထံကို သားဖြစ်သူ ဖုန်းဆက်နေခြင်းပါ။

"အဖေနဲ့ အမေ သားမကြာခင် အိမ်ကို ပြန်လာရတော့မယ်၊ အဲဒါ အဖေတို့ကို သားပြောစရာ ရှိလို့ပါ ။ သားသူငယ်ချင်း တစ်ယောက်ကို သားတို့အိမ်ကို ခေါ်လာခွင့် ပြုပါနော် အဖေ၊ "

"ခေါ်လာလို့ ရပါတယ် သားရယ်။ သားသူငယ်ချင်းဆိုတော့ အဖေတို့ ကြိုဆိုပါတယ်၊ အဖေတို့ အိမ်မှာ ပျော်သလောက်နေပေါ့ အဖေတို့ လက်ခံပါတယ်။ "

"အဖေ သူကအရမ်းကို သနားစရာ ကောင်းပါတယ် ။ တိုက်ပွဲမှာ အပြင်းအထန် ဒဏ်ရာရပြီး သူ့ခြေထောက်နဲ့လက် တစ်ဖက်ကို ဆုံးရှုံးသွား ခဲ့တယ်အဖေ။ သူ့မှာ သွားစရာ နေရာဆိုလို့ မရှိတော့ပါဘူး။ ဒါကြောင့် သူ့ကိုသားနဲ့ နေဖို့ ခေါ်လာချင်တာပါ။"

"အို...ကြားရတာ စိတ်မကောင်းလိုက်တာ သားရယ်။ ဒါဆို အဖေတို့အမေတို့ သူ့ကိုနေစရာ တစ်နေရာ ရှာပေးလိုက်ပါ့မယ်။ "

"မဟုတ်ဘူး အဖေ ၊ သားက သူ့ကို သားတို့ အိမ်မှာပဲ နေစေချင်တာပါ။"

"သား၊ သားဘာတွေ တွေးနေ ပြောနေသလဲ ဆိုတာ အဖေ မသိတော့ဘူး။ ဒီလိုဒုက္ခိတ တစ်ယောက်ကို အဖေတို့နဲ့ နေစေတာဟာ အားလုံးအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေမယ်။ အဖေတို့ ကိုယ်ပိုင်ဘ၀ကို ဖြတ်သန်းဖို့ အတွက် ဒီလိုဒုက္ခိတ တစ်ယောက်နဲ့ အဖေတို့ အချိန်မကုန် စေချင်ဘူး။ဘာပဲဖြစ်ဖြစ် အဲဒီသားသူငယ်ချင်းကို မေ့ထားလိုက်ပါ သားရယ်။သားတာ အိမ်ကို အရောက်ပြန်ခဲ့။ ဟုတ်ပြီလား။ သူ့လမ်းသူ လျှောက်ပါလိမ့်မယ် သားရယ် ။သူ့အတွက် ပူမနေစမ်းပါနဲ့။ "

"သား..သား..သား..ဟဲလို..... ဟဲလို..သား......"

တစ်ဖက်မှ သားဖြစ်သူ ရုတ်တရပ် ဖုန်းချသွားပြီး ကတည်းက အဆက်အသွယ် လုံးဝ မရတော့ပါ။ သိပ်မကြာခင်
အတွင်းမှာပဲ ရဲစခန်း တစ်ခုမှ ဖုန်းတစ်ကောလ် လက်ခံရရှိ ခဲ့ပါတယ်။

"ဟဲလို..#$%# ရဲစခန်းကပါခင်ဗျာ။ လူကြီးမင်းတို့ သား သေဆုံးမှု အတွက် အကြောင်းကြားတာပါ။

ရဲများရဲ့ စစ်ဆေးပြောကြားချက် အရတော့ သေဆုံးသူဟာ တိုက်အဆောက်အဦးပေါ်မှ ကိုယ့်ကိုကိုယ် ခုန်ချ၍ သတ်သေနိုင်ဖွယ် ဖြစ်နိုင်ကြောင်း ယုံကြည်နေ ကြပါတယ်။

သောက ရင်ဝယ်ပိုက်ပြီး မိဘနှစ်ပါးလုံး သေဆုံးသူ သားရှိရာ မြို့ကိုအမြန်ရောက် ရှိလာပါတော့တယ်။ ရေခဲတိုက်ထဲမှာ ဘ၀တစ်ပါးကို ရောက်ရှိနေတဲ့ သားဖြစ်သူ ရုပ်အလောင်းကို သေချာစစ်ဆေး ကြည့်ရှုရာမှာ
အမှန်တကယ်ပင် သူတို့သားလေး ဖြစ်ကြောင်း တွေ့မြင်ခဲ့ ရပါတယ်။

သို့သော် သူတို့ မနှစ်မြို့ခဲ့တဲ့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်တည်းသာ ရှိနေတဲ့ အေးဆေးတည်ငြိမ်စွာ လှဲလှောင်းနေသော သားဖြစ်သူကို တွေ့ရှိသွားသောအခါ...................


ဒီပုံပြင် လေးထဲက မိဘနှစ်ပါးလိုပဲ စာရေးသူတို့ ပတ်ဝန်းကျင်မှာ အများကြီးပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လှပသာလွန်နေတဲ့ အရာတွေကို သိမ်းပိုက်ချစ်ခင် တွယ်တာချင် ကြတဲ့သူ တွေပါပဲ။ မနှစ်မြို့စရာ အခြေအနေ သို့မဟုတ် ပြည့်စုံမှု မရှိကြတဲ့ အကျည်းတန် အခြေအနေတွေကို လူသားတွေ လက်မခံချင် ကြပါဘူး။ ကိုယ့်ထက် မကျန်းမာခြင်း၊ မလှပခြင်း၊သို့မဟုတ် စမတ်စ်မကျခြင်း တို့ရှိနေရင် အဝေးကို ပြေးချင်ကြပါတယ်။ ဘ၀ကို အရှိအရှိအတိုင်း လက်ခံနိုင်ဖို့နဲ့ နိမ့်ပါးတဲ့ အခြေအနေ လက္ခဏာ မရှိခြင်းအတွက် ကိုယ့်ဘ၀ကို ကျေးဇူးတင်လိုက်ပါ။ တနည်း ရောင့်ရဲ တင်းတိမ်ပါ။

တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားပါတယ်။ ကျွန်တော့မှာသာ ဒီလိုမျိုး ဒုက္ခိတ ဘ၀သာ မတော်တဆ ရောက်သွားခဲ့ မယ်ဆိုရင် ကျွန်တော်ချစ်တဲ့သူတွေ ကျွန်တော့ကို ချစ်တဲ့သူတွေ ဘယ်သူက အစစ်အမှန် လဲဆိုတာ သိချင်တဲ့ စိတ်အတွေးဝင်ဝင်လာပါတယ်။ အကယ်၍သာ ဒီလိုမျိုး ဒုက္ခိတဘ၀ သမားတွေဟာ သင့်မိသားစုဝင် မဟုတ်ခဲ့ ဘူးဆိုရင်ရော လူသားတစ်ယောက် အနေနဲ့ သင် လက်ခံကြို ဆိုနိုင်ရဲ့လား။

ကျွန်ုပ်တို့တွေမှာ ဘယ်အရာတွေပဲ ဆုံးရှုံးသွားပါစေ၊ နောင်တရခြင်း ပူပန်ခြင်း၊ ဘ၀ကို ရင်မဆိုင်ရဲ ခြင်းတွေကို ကျော်လွှားလိုက်ပါ။ ဒီလို သာမန်အခြေ နေနဲ့ မတူညီတဲ့ နိမ့်ပါးတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ ဖြူစင်တဲ့ ခင်မင်မှု၊ချစ်ခြင်း မေတ္တာ၊ စေသနာနဲ့ ကိုယ့်ကိုပြုမှု ဆက်ဆံလာရင် သင်လက်ခံကြိုဆို ပေးလိုက်ပါ ။ ဒါဟာ သင့်နဲ့သင့်ဘ၀ရဲ့ ထာဝရ မိသားစု ဖြစ်ပါတယ်။

ယနေ့ည သင်မအိပ်စက်ခင်မှာ လူဖြစ်ခွင့် ရခြင်းနဲ့ ခွန်အားမြင့်မားရခြင်း၊ မိမိဘ၀နဲ့ အခြေအနေ မတူကြတဲ့ ဘ၀ခြင်း မတူညီတဲ့ လူသားတွေကို ကူညီ၊အကျိုးပြုခွင့် ရခြင်းတွေကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး အိပ်စက်ပါ။

သင့်ရဲ့ နှလုံးအိမ်ထက်မှာ သင်မသိဘဲ ထာဝရ ကိန်းအောင်းတည်နေတဲ့ စံနေတဲ့ အရာကတော့ ချစ်ခင်ကြင်နာမှုပါ။ ဘုရားသခင်ရဲ့ အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်ဖြစ်တဲ့ နားလည်မှု ၊ ချစ်ခင်ကြင်နာမှု၊ စာနာမှု တွေ ကို သင့်ဘ၀အတွက် လှေကားသဖွယ် အသုံးချပြီး အမြှင့်ကို တက်လှမ်းပါ။

သင့်ဘ၀ တစိတ်တပိုင်းမှာ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ တကယ့်ကို ရှားပါးအဖိုး တန်လှတဲ့ ကျောက်မြတ်ရတနာ တခုလို လိုအပ်ပါတယ်။ သူတို့ဟာ သင့်ကို ပျော်ရွှင်အောင် ခွန်အားတွေ ရှိအောင် အောင်မြင်အောင် ပံ့ပိုးပေးနေတာပါ။ သူတို့အတွေ့အကြုံ တွေကိုပြန်လည် ဝေမျှပြီး ချီးမွှန်းစကားတွေနဲ့ သူတို့ဟာ လှပတဲ့ နှလုံးသားတွေနဲ့ ကျွန်တော်တို့ အတွက် အမြဲတံခါးဖွင့် ထားပါတယ် ။

ref: UNCONDITIONAL LOVE ဆိုတဲ့ Story ကို သိသလောက်လေးနဲ့ ဘာသာပြန်ရေးခြင်း ဖြစ်ပါတယ်။ စာအရေးအသား မကြေညပ်သေးလို့ အဓိပါယ်ပေါ့ပြီး အမှားပါ နိုင်ပါတယ်။ခွင့်လွတ်သည်းခံ ဖတ်ပေးမယ့်သူတွေကို ကျေးဇူးအထူး တင်ပါတယ်နော့် ။စာမရေးတာ ကြာလို့ အင်မတန်မှကို အားနာရပါတယ်။


Sunday, March 7, 2010

နှင်းဆီဖြူနှင့် အရုပ်ကလေး

ဒီကနေ့ အလုပ်နားတာနဲ့ လိုအပ်တာတွေ ၀ယ်ဖို့ ကုန်တိုက်တစ်ခု ကိုထွက်လာ ခဲ့ပါတယ်။ "စိတ်မကောင်းပါဘူး ကလေး ဒီအရုပ်ကို မင်းဝယ်ဖို့ မင်းရဲ့ ငွေမပြည့်ဘူး။ "ဟု ကျွန်မ အနားမှ ၅နှစ်၆နှစ်အရွယ် ကလေးတစ်ယောက်ကို အရောင်းစာရေးမမှ ပြောနေသံကို ကျွန်မကြား နေရပါတယ်။

ဒါနဲ့ အဲဒီကလေးက ကျွန်မဘက်ကိုလှည့်ပြီး " အန်တီ တကယ်ပဲ သားမှာ ငွေမပြည့် ဘူးလားလို့ အားကိုးတကြီးနဲ့ အကူအညီ တောင်းပြီး ရေတွက်ခိုင်းပါတယ်။ ဒါနဲ့ ကျွန်မလဲ ကလေးရဲ့ ပိုက်ဆံကို ရေတွက်ကြည့်ပြီး "ဟုတ်တယ်ကလေး ၊ မင်းမှာ ဒီအရုပ်ကို ၀ယ်ဖို့ငွေ မပြည့်ဘူး၊"လို့ပြောပြီး ကျွန်မလဲ လိုအပ်တာတွေ ၀ယ်ယူဖို့ ဟိုဟိုဒီဒီ လိုက်ကြည့်နေရင်း ငွေမပြည့်တာ သိပေမယ့် အရုပ်ကလေးကို လိုချင်လို့ လက်ထဲမှာ ကိုင်ထားတဲ့ ခုနက ကလေးရှိသေးတာ တွေ့ရတော့ သူ့ဆီကျွန်မ လျှောက်သွားလိုက်ပါတယ်။

"သားက ဒီအရုပ်ကလေးကို ဘယ်သူ့ပေးဖို့လဲ"

"သားအစ်မကို လက်ဆောင် ပေးဖို့ပါ အန်တီ။ သူက ဒီအရုပ် ကလေးကို အရမ်းချစ်ပြီး လိုချင် နေခဲ့တာ ကြာပါပြီ။ ဒါကြောင့် သားက သူ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ၀ယ်ချင်တာ။ သားအမေကနေ တဆင့်သား အစ်မကို ပေးခိုင်းမလို့ပါ။"

ကလေးကပြောရင်း သူ့မျက်ဝန်းမှာ ၀မ်းနည်းလာကာ "သားအစ်မက ဘုရားသခင် အနားမှာ ရောက်နေတာပါ။ မင်းအမေလဲ မကြာခင်မှာ ဘုရားသခင်ကို သွားတွေ့တော့မယ်လို့ သားအဖေကလဲ ပြောပါတယ်။ ဒါကြောင့် အမေကို ဒီအရုပ်လေး ယူသွားခိုင်းပြီး သားအစ်မကို ပေးခိုင်းမလို့ပါ။

အဲဒီချိန်မှာ ကျွန်မရင်ထဲမှာ ဆို့နစ်စွာ ခံစားလိုက် ရပါတယ်။ ကလေးငယ်က ကျွန်မကိုကြည့်ပြီး ဆက်ပြောနေပါတယ်။
"ခုတောင် အမေ့ကို ချက်ချင်း မသွားခိုင်းပဲနဲ့ သားကုန်တိုက်ကနေ ပြန်လာတဲ့ အထိစောင့် နေပေးဖို့ သားအဖေ့ကို မှာခဲ့တယ်လို့ ပြုံးရွှင်ရယ်မောစွာ သူ့အမေနဲ့ ရိုက်ထားတဲ့သူ့ ဓာတ်ပုံလေးကို ထုတ်ယူပြီး ကျွန်မကို ပြနေလေရဲ့။ သားနဲ့အမေ အတူရိုက်ထားတဲ့ ဓာတ်ပုံကို အစ်မ တွေ့တဲ့အခါ သားကိုသူ မေ့မသွားပဲ အမြဲသတိ ရနေမှာ။"

"သားအမေ့ကို သိပ်ချစ်တယ်။ သားအမေနဲ့ မခွဲနိုင်ဘူး။ ဒါပေမယ့် အစ်မဆီကို အမေကလိုက် သွားရတော့ မယ်လို့ အဖေက ပြောတယ်"လို့ အရုပ်ကလေးကို ၀မ်းနည်းစွာနဲ့ ကြည့်ပြီး ပြောနေပါတယ်။

ကျွန်မ ၀မ်းနည်းစွာ ခံစားလိုက်ရပါတယ်။ ကျွန်မ သူ့ကို ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားရင်း ကလေးငယ်လေးရဲ့ ပုခုံးကို ကိုင်ထားတဲ့ ကျွန်မလက်က ပိုက်ဆံအိတ်ဆီ တိတ်တဆိတ် ရောက်သွားပါတယ်။

"သား နောက်တခေါက်လောက် ဒီပိုက်ဆံတွေကို ရေတွက်ကြည့် ရအောင်နော်။ မတော်တဆ ငွေပြည့်နေတာကို မသိဘဲ အန်တီတို့ ရေတွက်တာ မှားတာလဲ ဖြစ်နိုင်တာပဲ။ အန်တီ နောက်တခေါက် ထပ်ရေကြည့်မယ်နော်။"

"ဟုတ်ကဲ့ အန်တီ။"

ကျွန်မ ကလေးငယ် မမြင်အောင် အသာလေး ငွေဖြည့်လိုက်ပါတယ်။ ပြီးတော့ သူ့အရှေ့မှာ ရေတွက်ပြလိုက်ပါတယ်။

"ဟာ...သား...အရုပ်ဝယ်ဖို့ ငွေလုံလောက် နေတဲ့အပြင် ပိုတောင်ပိုနေ သေးတာပဲ" လို့ပြောလိုက်တော့ ကလေးငယ်လေးက ၀မ်းသာစွာနဲ့ "ဘုရား သခင်က လုံလောက်တဲ့ငွေ ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတော် တင်ပါတယ်" လို့ပြောရင်း ကျွန်မကို ကြည့်ကာ

"သား အမေသွား တဲ့အခါ အစ်မအတွက် အရုပ်လေး ယူသွားဖို့ သားဆုထား တဲ့ငွေနဲ့ လောက်ငှစွာနဲ့ အရုပ်လေး ၀ယ်နိုင်ရ ပါလိုဧ။်လို့ ဘုရားသခင်ဆီမှာ သားညတုန်းက မအိပ်ခင် ဆုတောင်းခဲ့တယ် အန်တီ။ ဘုရားသခင်က သားဆုတောင်း တာကြားလို့ ပြည့်အောင် လုပ်ပေးတယ်။ သားအမေ အတွက်လဲ သူအရမ်းကြိုက်တဲ့ နှင်းဆီပန်း အဖြူလေးကို ၀ယ်ပေးချင်ပေမယ့် သား လောဘကြီးသလို ဖြစ်နေမှာဆိုးတဲ့ အတွက် ဘုရားသခင်ဆီမှာ ဆုအများကြီး မတောင်းရဲဘူး ။ ဒါပေမယ့် အခု အရုပ်လေးနဲ့ နှင်းဆီပန်းကို ၀ယ်ဖို့ ငွေလုံလောက်စွာ သူပေးခဲ့တယ် သားဆုတောင်း ပြည့်သွားပြီး အန်တီ"

လို့ဝမ်းသာစွာ ပြောပြီး နှုတ်ဆက်ထွက် ခွာသွားတဲ့ ကလေးငယ်လေးကို ကျွန်မပြုံးပြခါ ငေးကြည့်ရင်း လိုအပ်တာတွေကို ဆက်လက်ဝယ်ယူ နေလိုက်ပါတယ်။ဈေးဝယ်ရင်း ကလေးငယ်လေး ပြောပြသွားတဲ့ အကြောင်းကို စိတ်ကရောက်သွားရင်း ရုတ်တရက် ကျွန်မသတိရ သွားလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်က သတင်းစာထဲမှာ အရက်မူးပြီး မောင်းနှင်လာတဲ့ ကုန်ကားတစ်စီးနဲ့ တဖက်မှ မိသားတစု မောင်းနှင်လာတဲ့ ကားတစီး တိုက်မိတဲ့ သတင်းကို ဖော်ပြထားပါတယ်။ ကားပေါ်ပါလာတဲ့ မိန်းမငယ်လေး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်းနဲ့ မိခင်ဖြစ်သူမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး သတိလုံးဝ မလည်တော့ဘဲ မေ့မြောနေရာ သတိပြန်လည် ရရှိဖို့ Life-Sustaining Machine နဲ့ အသက်ကို ဆွဲထားရပြီး အရေးပေါ် ကုသမှု ခံယူနေကြောင်း ဖတ်လိုက်ရတာကို သတိသွား ရလိုက်တော့ ဒီကောင်လေးက အဲဒီမိသားစု ၀င်ထဲက ကျန်ရစ်ခဲ့တဲ့ ကလေးများလား? လို့ စဉ်းစားမိ လိုက်ပါတယ်။

အခက်အခဲနဲ့ တွေ့ကြုံနေတဲ့ အဲဒီကလေး ငယ်လေးနဲ့ တွေ့ဆုံပြီးတဲ့နောက် နှစ်ရက် လောက်ကြာတော့ ကျွန်မသတင်း စာဖတ်နေရင်း အမျိုးသမီး သေဆုံးသွားကြောင်း သတင်းတွေ့ ရပါတယ်။

ကျွန်မဘယ်လိုမှ ခံစားလို့ မရတော့ လောက်အောင် ၀မ်းနည်းပြီး အဲဒီအမျိုးသမီးရဲ့ အသုဘကို သွားဖို့ ပန်းစည်းတစည်း ၀ယ်ကာ အမျိုးသမီးရဲ့ ရုပ်အလောင်း ထားရှိရာ သုင်္သာန်သို့ ချက်ချင်းထွက် လာခဲ့ပါတော့တယ်။ အမျိုးသမီးကို မီးမရှို့ခင် နောက်ဆုံးနှုတ်ဆက်ဖို့ ၀တ်ပြုဆုတောင်း နေကြတဲ့ လူတွေအနား ကျွန်မ ရောက်ရှိ သွားပါတယ်။

အခေါင်းထဲမှာ သူမ သားငယ်လေး ၀ယ်ပေးလိုက်တဲ့ အရုပ်လေးက သူမရဲ့ ရင်ဘတ်ပေါ် မှာနေရာယူရင်း လှပတဲ့ နှင်းဆီပန်းဖြူ ပန်းစည်းနဲ့ ဓာတ်ပုံလေး တစ်ပုံကို ကိုင်ထားတဲ့ အမျိုးသမီး အလောင်းကို တွေ့ရတဲ့အခါ ကျွန်မရင်ထဲမှာ ဆို့နစ်စွာ ခံစားလိုက်ရပြီး ငိုမိပါတယ်။

ကျွန်မရဲ့ အတွေးထဲမှာတော့ ကလေးငယ်လေးဟာ သူချစ်တဲ့ အမေနဲ့ အစ်မတို့နဲ့ တူတူရှိ နေတယ်လို့ စိတ်ကူးယဉ် မြင်ယောင်နေမိပါတယ်။ ဒါပေမယ့် ခုတော့ မြင်ယောင်နေတဲ့ ဒီစိတ်ကူးထဲက ပျော်ရွှင်နေတဲ့ မိသားစုကို မျက်စိတမှိတ် စက္ကန့်လေး အတွင်းမှာ အမှုးလွန်ပြီး မောင်းလာတဲ့ ကားဒရိုင်ဘာက ကျန်ရစ်ခဲ့သူ သားငယ်လေးဆီမှ ယူဆောင်သွား လိုက်ပါပြီ။ ကျွန်မ ဆို့နစ်ကြေကွဲစွာ ထပ်တူခံစား လိုက်ရပါတယ်။

လွန်ခဲ့တဲ့ သုံးရက်လောက်က စင်္ကာပူနိုင်ငံ Pioneer North နဲ့ Jurong အနီးတ၀ိုက်မှာ ည9.00 နာရီလောက်က ဖြစ်ပွားခဲ့တဲ့ အသက် ၅၂ အရွယ်ရှိ မြန်မာဦးလေးကြီး တစ်ယောက်မောင်း လာတဲ့ကားဟာ မီးပွိုင့်နားက ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လာနေတဲ့ အသက်၄၇ နှစ်အရွယ်ရှိ စင်္ကာပူ လူမျိုး တရုတ်မ တစ်ယောက်ကို ပလက်ဖောင်းပေါ် ၀င်တိုက်ခဲ့မိတဲ့ အဖြစ်ပျက်လေးကို နားထောင်ရင်း ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။ အဲဒီမြန်မာဦးလေးကြီး ကတော့ အလုပ်ကို နေ့မအိပ် ညမအိပ် မနားမနေ အလုပ်လုပ်ပါတယ်။

အိပ်ပျက်တာတွေ များလာတော့ ကားမောင်းရင်း တချက်လေးငိုက် သွားတာကြောင့် ဖြစ်သွားတာပါ။ စင်္ကာပူအာဏာပိုင် တွေကတော့ အရက်သောက် ပြီးမောင်းတာ မဟုတ်တဲ့ အတွက်ကြောင့် ပြစ်ဒဏ်တော့ လျှော့ပေါ့ပေးမယ်လို့ ထင်တာပဲလေ။

ဒါကြောင့် ကားမောင်းအခါ သင့်အိမ်ပြန်ချိန်ကို သင့်မိသားစုက စောင့်စားနေ တယ်ဆိုတယ် မမေ့ပါနဲ့၊ ဘာမဟုတ်တဲ့ စက္ကန့်လေး အတွင်းမှာ မိသားစု တစ်စုဆုံးရှုံး ပျက်စီးသွား ရတာကြောင့် ကားမောင်းတဲ့ အခါမှာ မူးရင်လဲ မမောင်းနဲ့ မောင်းရင်မမူးပါနဲ့၊ အိပ်ငိုက်နေရင်လဲ မမောင်းတာ အကောင်းဆုံးပါပဲ ။ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူခံစားရင်း ဒီပို့စ်လေးကို ဘာသာပြန်ရေး သားလိုက်ပါတယ်။


Sunday, January 3, 2010

ယောက္ခမနှင့်ချွေးမ



လီလီဆိုတဲ့ အမျိုးသမီးလေးဟာ မင်္ဂလာဆောင်ပြီးတော့ ထုံးစအရ ယောင်နောက် ဆံထုံးပါပြီး ယာင်္ကျားဖြစ်သူရဲ့ အိမ်မှာ လိုက်နေရတဲ့အခါ လီလီနဲ့ သူ့ယောက်ခတို့ဟာ တအိမ်ထဲမှာ မတည့်အတူနေ တစောင်းစေးနဲ့ မျက်ချေးဖြစ် ခဲ့ရတယ်။ လီလီဟာ ယောက်ခမ ဖြစ်တဲ့သူရဲ့ အပြုအမူတွေ ဘယ်လိုမှ သည်းမခံ နိုင်ခဲ့ပါဘူး။

တနေ့တနေ့ ယောက်ခမနဲ့ စကားများရန်ဖြစ် နေရတာတွေ နဲ့ပဲ အချိန်တွေ ကုန်လွန်ခဲ့ရပြန်တယ်။ ဒီတော့ မိသားစုရဲ့ ပျော်ရွှင်မှု ဆိုတာကို လီလီရော ၊ သူ့ယောင်္ကျားရော ၊ ယောက်ခမ ဖြစ်သူပါ မခံစားကြရရှာဘူး။ တဖက်ကလဲ အင်မတန်ချစ်ရတဲ့ မိန်းမ၊ တဖက်လဲ ကိုယ့်ကိုမွေးထားတဲ့ မိခင် ဆိုတော့ လီလီယောင်္ကျားဟာ အဘယ်မှာ စိတ်ချမ်းသာခြင်း ရှိပါ့မလဲ။ မိသားစုတွေ ဒီလို မပျော်မရွှင် ဖြစ်နေတာကိုတွေဟာ စကားများ ရန်ဖြစ်နေတာတွေက လီလီယောင်္ကျားကို အကြီးမားဆုံး စိတ်ဖိစိမှု ခံစားစေရတာပေါ့။

တနေ့တော့ လီလီလေးဟာ ဘယ်လိုမှ ယောက်ခမရဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး တိုင်းရင်းဆေးခန်း ဖွင့်ထားတဲ့ သူမအဖေ သူငယ်ချင်း ဖြစ်သူ မစ္စတာဟွမ်းဆီကို ရောက်လာခဲ့တယ်။ သူမရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို ပြောပြတယ်။ လူကိုသေစေမယ့် ဆေးရှိရင်လဲ သူမကို ကူညီတဲ့ အနေနဲ့ ပေးဖို့ကိုပါ တောင်းဆိုလိုက်တယ်။ သူမရည်ရွယ် ချက်ကတော့ သူနဲ့နေ့တိုင်း ရန်ဖြစ်နေရတဲ့ သူ့ယောက်ခမ ကိုသတ်ပစ်ဖို့ပေါ့။

သမီးလီလီ ၊ သမီးရဲ့ အိမ်ထောင်ရေး ပြသနာကို အန်ကယ်လ်ဖြေရှင်း ပေးပါ့မယ်။ ဒါပေမယ့် သမီးတစ်ခုတော့ အန်ကယ်လ်ကို ကတိပေးရမယ်။ အန်ကယ်လ်ရဲ့ စကားကိုလဲ နားထောင်ရမယ် ၊ လိုက်နာရမယ်။ ဘယ်လိုလဲ သမီး။

သူ့ကိုသေအောင် လုပ်နိုင်မယ့် ဆေးနည်းသာ ပေးမယ်ဆို အန်ကယ်လ် ပြောသမျှကို သမီးလိုက်နာပါ့မယ် အန်ကယ်လ်။

ဒါနဲ့ မစ္စတာဟွမ်းဟာ အခန်းထဲကို ၀င်သွားပြီး မိနစ်အငယ် အတွင်းမှာ ပြန်ထွက်လာခဲ့တယ်။

သမီးလီလီ မင်းယောက်ခမကို အဆိပ်ခပ်သတ်ပြီး ပထုတ်ဖို့ အလျင်မလိုပါနဲ့။ သူတပါး သံသယ ၀င်နိုင်ပါတယ်။ ဒီတော့ အန်ကယ်လ်မင်းကို နံပါတ်စဉ်လိုက် ဆေးညွှန်းပေးလိုက်မယ်။ ဒါဟာ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ထဲကို အဆိပ်နည်းနည်းချင်းဆီကို ထည့်သွင်းတာပဲ။ ဒီတော့ နေ့တိုင်း ဟင်းထဲမှာ နဲနဲချင်းဆီ ခပ်ပြီး ယောက်ခမကို ကျွေးလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဘယ်သူမှ မင်းကိုသံသယ မ၀င်နိုင်ဘူး။

သူ့ကို အစားအစာ ကျွေးတဲ့အခါမှာလဲ ဘာမှမဖြစ်သလို နဲ့ သေချာဂရုစိုက်ပြီး ကျွေးပါ။ သူနဲ့အပြိုင် ရန်မဖြစ်ပါနဲ့။ သူဘာပဲပြောပြော သူ့စကားကို လိုက်နာပါ၊ သူ့ကို မင်းသမီး တပါးလို ဆက်ဆံပါ။ သူဘာပဲ ပြောပြော သူ့ကိုပြိုင် မငြင်းနဲ့။ ဒါဆို သမီးဆန္ဒ အတိုင်း တနေ့ ဖြစ်လာလိမ့်မယ်။

လီလီတစ်ယောက် အရမ်းပျော်ရွှင် သွားခဲ့ရပါတယ်။ မစ္စတာဟွမ်းကိုလဲ ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောရင်း သူမစိတ် ထဲမှာတော့ ယောက်ခမကို သတ်ဖို့အကြံ အစည်ဟာ အောင်မြင် တော့မယ်လို့ စိတ်ကူးနဲ့ အိမ်ကိုပြန် လာခဲ့တယ်။

ဒီလိုနဲ့ ရက်သတ္တ ပတ်ကနေ လသို့ အလီလီ ကူးပြောင်းခဲ့တယ်။ လီလီလေးဟာ ယောက်ခမကို အကောင်းဆုံး အစားအစာတွေနဲ့ ပြုစုကျွေးမွေး မပျက်ပါဘူး။

ယောက်ခနဲ့ စိတ်အခန့်မသင့် ဖြစ်ရတော့မယ့် အခါတိုင်း မစ္စဟွမ်းရဲ့ သင်္ကာမကင်း သံသယ ၀င်ခံရရင် သူမရဲ့ လုပ်ငန်း မအောင်မြင် ဖြစ်သွားနိုင် တယ်ဆိုတဲ့ စကားကို ပြန်လည်ကြားယောင်ပြီး သူမရဲ့ ဒေါသတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ ပြီးတော့ ယောက်ခမ ဘာပဲ သူမအပေါ် ပြုမူနေပါစေ သည်းခံခဲ့ပြီး သူမအမေကဲ့သို့ သူမ ကျွေးမွေးခဲ့တယ်။

ခြောက်လလောက်ကြာတော့ မိသားစု တစ်ခုလုံး ပြောင်းလဲမှုတစ်ခု ကြုံလာရတယ်။သူမရဲ့ မခံချင်စိတ်တွေ ဒေါသတွေ ရန်ငြိုးတွေနဲ့ ကမူးရှူးထိုး စိတ်ဆိုးစိတ်ဆတ်တဲ့ လီလီဟာ သူမရဲ့ စိတ်အခြေ အနေတွေ အားလုံးကို ထိန်းချုပ်လာ နိုင်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့လဲ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ ခက်ထန် တင်းမာမှုတွေ မရှိတော့ဘဲ အတူတကွ ဆက်လက်ပြီး နေထိုင်ချင်ခဲ့တယ်။ မိခင်အရင်း တစ်ယောက်လို စိတ်ထားနိုင်ခဲ့ပြီး ပြုစုလုပ်ကျွေးချင် နေမိတယ်။

ယောက်ခမ ဖြစ်တဲ့သူကလဲ လီလီ့အပေါ်မှာ သူမရဲ့ အပြုအမူတွေ အားလုံးကို ပြောင်းလဲသွားခဲ့ပြီး လီလီလေးကို သမီးအရင်း တစ်ယောက်လို ချစ်မိသွားတယ်။ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေကို တွေ့ရင်လဲ လီလီလေး အင်မတန် တော်ကြောင်း လိမ္မာကြောင်းကို ပြောမဆုံး ဖြစ်နေတယ်။ လီလီလေး အကြောင်းကို ပါးစပ်ဖျားကကို မချပဲ သမီးလေး တစ်ယောက်လို ချစ်သွားတယ်။

အခုတော့လဲ လီလီနဲ့ ယောက်ခမတို့ဟာ တကယ့် မိခင်အရင်းနဲ့ သမီးအရင်းလို တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် တွယ်တာနေ ပါတော့တယ်။

တစ်နေ့ လီလီလေးဟာ မစ္စတာဟွမ်းဆီကို ရောက်လာခဲ့ပြီး

အန်ကယ်လ် သမီးကို ကူညီပါဦး။ အဆိပ်ခပ် ခံရတဲ့ ယောက်ခမကို အဆိပ်ဖြေ ဆေးလေးပေးပါ။ အခုဆိုရင် သူကအတော်ကို ပြောင်းလဲသွားပါပြီ။ ဒါကြောင့် သမီးသူ့ကို မသတ်ရက်ပါဘူး။ ပြီးတော့ သူ့ကို သမီး မိခင်အရင်း လိုချစ်မိ သွားပါပြီ။ သူသေဖို့ကို သမီးမှာဆန္ဒ မရှိတော့ပါဘူး။ဒါကြောင့် သမီးကို ဖြေဆေးလေး ပေးပါ ။

ဒီတော့ မစ္စတာဟွမ်က ပြုံးပြီး ခေါင်းတညိမ့်ညိမ့်နဲ့

သမီးလီလီ သိပ်လဲ စိတ်ပူ မနေပါနဲ့။ တကယ်တော့ အန်ကယ်လ်က ဘယ်တုန်းကမှ သမီးကို အဆိပ်ဆေးမပေး ခဲ့ပါဘူး။ သမီးကို ပေးခဲ့တာက ခန္ဓာကိုယ်ကို အင်မတန် အားတိုးစေမယ့် ဗီတာမင်ဓာတ်တွေ အများကြီးပါတဲ့ အားတိုးဆေးပါ။ တကယ့်အဆိပ်က သူ့အပေါ်ဆက်ဆံတဲ့ သမီးရဲ့စိတ်နဲ့ သမီးရဲ့ အပြုအမူ တွေပါပဲ။ ဒါပေမယ့် ဒါတွေအားလုံး အခုဆိုရင် သမီးသူ့ အပေါ်မှာ ဆက်ဆံတဲ့ မေတ္တာနဲ့ ဆေးကြောခဲ့ လိုက်ပါပြီ။


ဒါကြောင့် သမီး။ စကားပုံ တစ်ခုရှိတယ်။မေတ္တာဆိုတာ ရောင်ပြန်ဟပ် စေတယ်တဲ့။ ဒါဟာဘုရား ကပေးတဲ့ ဆုလဒ်ပါပဲ သမီး။

တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့အတိုင်း အသွင်မတူတဲ့ မိသားစုနှစ်ခု ပေါင်းစပ်ကြ ပြီဆိုရင် နားလည်ချစ်ခင်မှုနဲ့ အရာရာကို တည်ဆောက်နိုင်ပြီး ချွေးမတွေကလဲ မိမိယောက်ခမကို ကိုယ့်မွေးမိခင်လို ပြုစုလုပ်ကျွေး စောင့်ရှောက် နိုင်ပါစေ။ ယောက်ခမ တွေကလဲ ကိုယ့်ချွေးမကို ကိုယ့်သမီးအရင်းနဲ့ မခြား ချစ်ခင် ဆက်ဆံနိုင် ကြပါစေ။


Tuesday, November 10, 2009

Mobile Phone နှင့်သိကောင်းစရာ


ယနေ့တိုးတက် လာနေတဲ့ အိုင်တီနည်းပညာ ခေတ်ကြီးထဲမှာ အရေးအပါဆုံး ဆက်သွယ်မှု အလွယ်ကူ ဆုံးကတော့ မိုဘိုင်းဖုန်း အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အခုလို တိုးတက်လာနေတဲ့ ခေတ်ကြီးထဲမှာ နီးနီးဝေးဝေး ဆက်သွယ်ရေး အတွက် မရှိမဖြစ်က မိုဘိုင်းဖုန်း မဟုတ်ပါလားနော်။ အဲဒီလို အသုံးပြုဖို့ အတွက် ကိုယ့်ဝယ်ထားတဲ့ Mobile Handset ဟာ မူရင်းစက်ရုံထုတ် ပစ္စည်းအစစ်အမှန် ဖြစ်ရဲ့လား? အရည်အသွေးရော ကောင်းရဲ့လား ဆိုတာကို သိဖို့ လိုအပ်လာ ပါပြီနော်။ ကဲ..ဒါဆိုရင် ဘယ်လိုစစ်ဆေးမှာလဲ ဒါကလွယ်ပါတယ် ။ ကိုယ်ဝယ်ထားတဲ့ Mobile handset ကွာလ်တီမှန်ရဲ့ လားဆိုတာ ဒီလိုအချက် လေးတွေနဲ့ စမ်းသပ်စစ်ဆေးလို့ ရပါတယ်။ ကဲ....မိတ်ဆွေ သင်လည်း အခုချိန်မှာ သင့်မိုဘိုင်းဖုန်း ကိုထုတ်ပြီး စမ်းလုပ်ကြည့် လိုက်ပါလား။

*#06# ဆိုတာကို နှိတ်ပြီးခေါ်ကြည့်လိုက်ပါ။ သင့်မိုဘိုင်းရဲ့ မျက်နှာပြင်မှာ ကဏန်း၁၅လုံး ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက ၇လုံးမြောက်နဲ့ ၈လုံးမြောက် ကဏန်းကို စစ်ဆေးကြည့် လိုက်ရုံပါပဲ။
( Eg. ****** 7th 8th ******* )

၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 02သို့မဟုတ် 20ဆိုရင် သင့်မိုဘိုင်းဖုန်းဟာ ဆက်သွယ်ရေး ဧရိယာမှာ အသုံးပြုရတာ အလွန်ကို ညံ့တဲ့ အရေသွေး ဖြစ်ပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 08 သို့မဟုတ် 80 ဆိုရင် ဂျာမဏီနိုင်ငံ ကထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အသင့်အတင့် ရှိပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 01 သို့မဟုတ် 10 ဆိုရင် ဖင်လန်နိုင်ငံက ထုတ်လုတ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ ကောင်းမွန်တဲ့ အရေအသွေး ပဲဖြစ်ပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 00 ဆိုရင် တော့ မူရင်းမိုဘိုင်းဖုန်းရဲ့ ပင်မစက်ရုံရဲ့ ထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အကောင်းဆုံး အရေသွေးရှိတဲ့ ဖုန်းပဲဖြစ်ပါတယ်။

အကယ်၍ သင့်မိုဘုန်းရဲ့ ၇လုံးမြှောက်နဲ့ ၈လုံးမြောက်ဟာ 13 ဖြစ်နေတယ်ဆိုရင် အဇာဘိုင်ဂျန် လိုနိုင်ငံမျိုးရဲ့
ဆက်သွယ်ရေး တပ်ဆင်မှု မှာဆိုရင် သင့်ရဲ့မိုဘိုင်းဖုန်းဟာ အင်မတန် ညံ့ဖျင်းတဲ့ အရေအသွေးဖြစ်ပြီး အသုံးပြု တဲ့အခါမှာ သင့်ရဲ့ ကျန်းမာရေး အန္တာရယ်လည်း ကျရောက်နိုင်ပါတယ်။

သင်မသိသေးတဲ့ သင့်ရဲ့မိုဘိုင်းဖုန်း လုပ်ဆောင်ချက်ကတော့

စိုးရိမ်ဖွယ်ရာ အန္တာရယ်နဲ့ ကြုံကြိုက်တဲ့ အခါ မိုဘိုင်းဖုန်းတွေမှာ မိနစ်အနည်းငယ်အတွင်း ဘေးအန္တရယ်မှ လွတ်မြောက်စေဖို့ ဖြေရှင်းပေးနိုင်တဲ့ အရေးပေါ် ခလုတ်တွေ ရှိပါတယ်။

အရေးပေါ်နဲ့ ကြုံကြိုက်တဲ့အခါ

ကမ္ဘာတ၀န်း ကမ္ဘာ့သုံး အရေးပေါ်နံပါတ်ဖြစ်တဲ့ 112 ကို နှိတ်ခေါ်လိုက်ပါ။ သင်နဲ့ အနီးစပ်ဆုံး အသံလွှင့် ကွန်ရက်ရဲ့ အရေးပေါ် နံပါတ်ကို အလိုအလျှောက် ဆက်သွယ် ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ကဲ..ခေါ်ဆိုမယ်ဆိုရင် ဖုန်းကီးပတ်ဒ်တွေ ဘယ်လိုပဲ လော့ခ်ချထားတာတောင် နှိတ်ခေါ်လို့ရပါတယ်။ ဒါကြောင့် အရေးပေါ်နဲ့ ကြုံကြိုက်နေရင် အကူအညီ ရရှိအောင် 112 ဆိုတဲ့ ဂဏန်းသုံးလုံးကိုတော့ မှတ်မိဖို့တော့ လိုတာပေါ့နော် မိတ်ဆွေ။

အရန်ဓာတ်ခဲသိုမှီးထားပေးခြင်း

တစ်ခါတစ်ခါ တိုက်ဆိုင်မှုတွေကြောင့် ဖုန်းဓာတ်အားနည်းသွားတဲ့အခါမျိုးနဲ့ ကြုံဖူးကြမှာပါနော်။ တနေကုန် ဖုန်းအပြောများခြင်းကြောင့် ဖုန်းဓာတ်ခဲ မရှိတဲ့ အခါနဲ့ ကြုံကြိုက်ရင် စိတ်မချမ်းမသာ ဖြစ်ကြရပါတယ် ။အဲဒီလို တိုက်ဆိုင်တဲ့ အမှတ်မထင်တဲ့ နေ့ရက်မှာ အကြောင်းတစ် ခုခုကြောင့် ဓာတ်ခဲအား ကုန်သွားရင် ပဲဖြစ်ဖြစ်၊ ဓာတ်ခဲအား ပြန်သွင်းဖို့ အဆင်မပြေ ခဲ့ရင်ပဲ ဖြစ်ဖြစ် တကယ်အရေးနဲ့ ကြုံကြိုက်ရင် အသုံးပြုဖို့ Nokia ဟန်းဖုန်းတွေမှာ သီးသန့်အရန်အဖြစ် သိမ်းထားတဲ့ ဓာတ်ခဲအား ရှိပါတယ်။ ဒါကို အသုံးပြုချင်ရင်တော့ *3370# ကိုနှိတ်လိုက်ပါ။ ဖုန်းအော်တိုရီစတပ် ဖြစ်သွားပြီး ဘတ်ထရီ ၅၀% တိုးလာတာကို တွေ့ရပါလိမ့်မယ်။ ကဲ...ဒါဆို သင်ဘတ်ထရီ ကုန်သွားလို့ အရေးကြီး ဖုန်းခေါ်ဆို လက်ခံတဲ့အခါ စိတ်ပျက်စရာ မလိုတော့ဘူးပေါ့ ။


မိုဘိုင်ဖုန်း ခိုးယူခံရခြင်းမှ ဘယ်လိုကာကွယ်မလဲ

ဒါကတော့ အပေါ်မှာ ပြောခဲ့တဲ့ *#06# ဆိုတာကို နှိတ်ကြည့်ပြီး ပေါ်လာတဲ့ ဖုန်းစီရီယယ် နံပါတ် 15 လုံးကို မှတ်သားသိမ်းထား ရမှာပေါ့။ အကယ်၍ သင့်ဖုန်း ပျောက်ဆုံးတာ ပဲဖြစ်ဖြစ် ခိုးယူခံ ရတာပဲဖြစ်ဖြစ် ကြုံခဲ့ရင် သင်မှတ်သား သိမ်းဆည်းထားတဲ့ သင့်ဖုန်းရဲ့ စီရီယယ် နံပါတ် ၁၅ လုံးကို ဖုန်းဆိုင်က နားလည်တတ်ကျွမ်းတဲ့ နည်းပညာရှင် ကိုပေးပြီး သင်hand set ကိုသုံးလို့ မရအောင် ပိတ်ပင်တား ဆီးခိုင်းလိုက်ပါ။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ခိုးယူသူဟာ သင့်ဖုန်းကဒ်ကိုပဲ ယူလို့ ရပေမယ့် သင့်ဖုန်းကို မည်သို့မျှ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး ။

(ဤသို့လုပ် ဆောင်ခြင်းက သင့်ဖုန်းကို ပြန်လည် ရရှိအောင် မစွမ်းဆောင် နိုင်ပေမယ့် အနည်းဆုံးတော့ သူခိုးကလဲ ဘယ်လိုမှ အသုံးပြုလို့ မရပါဘူး၊ အဟောင်းဆိုင်မှာ ပြန်သွင်းရောင်း ချလို့လဲ မရပါဘူး။ အကယ်၍ လူတိုင်းသာ မိမိတို့ရဲ့ မိုဘိုင်းဖုန်း ပင်နံပါတ်ကို မှတ်သားမှု ပြုလုပ်ထားပြီး ပျောက်ဆုံးသွား တဲ့အခါ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် မိုဘိုင်းဖုန်း ခိုးယူခံ ရခြင်းမှ ကာကွယ်နိုင်ပါတယ် ။ ကဲ....မိတ်ဆွေ ဘယ်လိုလဲ.... ပျော်သွားလား...)

ဒီနည်းလမ်းများကို သိသူတွေ ရှိပါတယ်။ သို့ပေမယ့် မသိသေးသော သူများအတွက် ရည်ညွှန်း ရေးသားပါတယ်။ သိပြီးသူများ အတွက်ကတော့ ဆောရီးပါ.. မသိသေးသူများ အတွက်ကိုတော့ ဗျောတီးပါ။အဲ..ဟုတ်ပေါင်...မှားကုန်ပြီ...အာဝါးးးးးးးးးပါ.....လို့....နော်........... ဟိ..ဟိ.. :P


Saturday, October 10, 2009

ပညာရှိဧည့်သည်

ရွာတစ်ရွာမှာ လူချမ်းသာလို့ ပြောလို့ရတဲ့ မြင်း၁၉ ကောင် ပိုင်ဆိုင်တဲ့ အဖိုးအို ကွယ်လွန်တော့ သူ့လက်ထဲမှာ သူ့ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးတဲ့ အထောက်အထားအဖြစ် သေတမ်းစာ တစ်စောင်ကို တွေ့ရပါတယ်။ သေတမ်းစာ အရ သူပိုင်တဲ့ မြင်းတွေထဲက တ၀က်ကို သူ့သားအရင်း ဖြစ်သူကို ပေးစေပြီး ၊ ကျန်တာထဲက ငါးကောင်ကိုတော့ ရွာထိပ်က ဘုန်းကြီးကျောင်း နဲ့ လေးကောင်ကိုတော့ သစ္စာရှိတဲ့ သူ့အလုပ်သမား ကိုပေးစေ ခဲ့ပါတယ်လို့ ရေးထားတာကို တွေ့ရှိရပါတယ်။


ရွာသူကြီးက သေတမ်းစာကို ဖတ်ကြည့်ပြီး ခေါင်းကုတ်မဆုံး ဖြစ်နေတော့တာပေါ့။ ဘယ်လိုလုပ် မြင်း၁၉ကောင်ကို သားလုပ်သူကို ခွဲဝေပေးရ မလဲပေါ့ ၊၁၉ကောင်ကိုလဲ တ၀က်ပိုင်းဖို့ ပိုနေတဲ့ မြင်းတစ်ကောင်ကိုလဲ ခွဲခြမ်းလို့ မရဘူးလေ။ ဒါကို ဆုံးဖြတ်ဖို့ရာ ဝေခွဲမရ ဖြစ်နေတာ နှစ်ပတ်နီးပါး ကြာလာတော့ အနီးအနား ရွာပတ်ဝန်းကျင်က ပညာရှိ ကိုခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မြင်းစီးလာတဲ့ လူစိမ်းဧည်သည့် တစ်ယောက်က ရွာသူကြီးကို သူ့တို့တွေ့နေတဲ့ အခက်အခဲကို ကူညီမယ်လို့ ပြောလိုက်ပါတယ်။

အခြေအနေ အရပ်ရပ်နှင့် လူချမ်းသာ အဖိုးကြီး ပိုင်ဆိုင်သော မြင်း၁၉ကောင်ထဲက သားဖြစ်သူအား တ၀က်တိတိပေးပြီး ငါးကောင်ကို ရွာဦးကျောင်းတိုက် နှင့်တကွ လေးကောင်ကို သစ္စာရှိ အလုပ်သမား အားပေးရမည့် အကြောင်းကို ရွာသူကြီးက ထိုဧည်သည်အား ပြန်လည်ရှင်းပြ နေလေသည်။ ဧည့်သည်ပညာ ရှိမှလဲ ချက်ချင်း နှောင့်နှေးခြင်း မရှိစေဘဲ ပြသနာကို ဖြေရှင်းပေး ပါ့မယ်လို့ ရွာသူကြီးကို ပြောလိုက်ပါတယ်။

သူဟာ မြင်း၁၉ ကောင်ကို တန်းစီပြီး ထားလိုက်ပြီး နောက်ဆုံးမှာ သူ့ရဲ့မြင်းကို ၂၀မြောက်အဖြစ် အတူတူပေါင်း ထားလိုက်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အကောင်၂၀ထဲက တ၀က်ဖြစ်တဲ့ ၁၀ ကောင်ကို သားဖြစ်သူအား ပေးလိုက်ပါတယ်။

မြင်းကောင်၂၀ထဲက လေးပုံပုံတော့ ၅ကောင်ရပါတယ်။အဲဒီငါးကောင်ကို ဘုန်းကြီးကျောင်း ကော်မတီ အဖွဲ့ကို လှူလိုက်ပြီး နောက်တခါ အကောင်နှစ်ဆယ်ကို ငါးပုံတခါ ထပ်ပုံလိုက်တော့ လေးကောင်ရ လာပါတယ်။ ဒီမြင်းလေးကောင် ကိုတော့ သစ္စာရှိ အလုပ်သမား ကိုပေးအပ်ခဲ့ လိုက်ပါတယ်။ ၁၀+၅+၄=၁၉ကောင်။ ၂၀မြောက်မြင်း ကတော့ သူ့ကိုယ်ပိုင် မြင်းဖြစ်လို့ အလျင်အမြန် မြင်းပေါ်တတ်စီးပြီး ပညာရှိစကား အနည်းအကျဉ်း ပြောကြားကာ မြင်းကိုစီးပြီး ထွက်ခွာသွား ပါတော့တယ်။

ရွာသူကြီးနှင့်တကွ ရွာသူရွာသားများ အားလုံးဟာ လေးစားခြင်း ၊ အံ့သြခြင်းနဲ့ ပါးစပ်အဟောင်း သားဖြစ်ပြီး မှင်တတ်သွား ခဲ့ကြတာပေါ့။ ပညာရှိ ဧည့်သည်ရဲ့ ဆုံးမစကားကို ရွာသူရွာသားများက နောင်လာနောင်သား မျိုးဆက်တွေ အတွက်ပါ သူတို့ရဲ့ နှလုံးအသွေး အသားထဲမှာ ကမ္ဘည်း ထိုးထားခဲ့ကြတာ ယနေ့တိုင်ပါပဲ။

ပညာရှိကြီးရဲ့ စကားကတော့

ကျွန်တော်တို့ရဲ့ လူနေမှု ဘ၀မှာ နေ့စဉ်လုပ်ဆောင်ရမယ့် အရေးကိစ္စ တွေမှာ ဖြူစင်သော စိတ်ထားနဲ့ ဘုရားရှင်ကို တိုင်တည် ဦးတည်ထားပြီး နေ့တစ်နေ့ကို စတင်လုပ်ဆောင်ပါ။ ဘ၀မှာ အမြဲတမ်း ပြသနာတွေ ရင်ဆိုင်နေရပြီး မကျော်လွှား နိုင်ဘူးလား(ဥပမာ အထက်က ပြသနာကို မဖြေရှင်း နိုင်ဘူးလို့ ခံစားထားတဲ့ ရွာသားတွေလိုပေါ့၊ )

နေ့စဉ်လူနေမှု ဘ၀မှာ ဘုရားရှင်ကို ဦးထိပ်ထား မယ်ဆိုရင် ကြီးမားတဲ့ ပြသနာနဲ့ ကြုံရမယ့် အခါမှာ သေးငယ်စွာ နဲ့ပဲကြုံရပြီး သေးငယ်တဲ့ ပြသနာဆိုရင် ပျောက်ကွယ် သွားပါတယ်။ဥပမာ ဘာနဲ့တူ သလဲဆိုရင် ရေခဲနဲ့ သွားတူပါတယ်။ ရေခဲကို အပူပေးရင် ရေအဖြစ် အသွင်ပြောင်းသွားပြီး နောက်ဆုံးမှာတော့ ရေခိုးရေငွေ့ အဖြစ်နဲ့ ပျောက်ကွယ် သွားပါတယ်။

ဒါဆိုရင်နေ့စဉ် ဘုရားကို ဘယ်လိုဦးထိပ် ထားမလဲ? နေ့စဉ် ဘုရားရှိခိုးပါ၊ စစ်မှန်တဲ့ ယုံကြည်မှု ဖြူစင်တဲ့ ကြည်ညိုမှု တွေနဲ့ နေ့စဉ် ဘုရား ရှိခိုးပါ။ ပြီးရင်တရားထိုင်ပါ။တရားထိုင်ခြင်းဟာ အကောင်းဆုံး ဘုရားစိတ် တိုက်ရိုက်ဖြစ်စေတဲ့ စွမ်းအင် ရရှိမှာပါ။

စစ်မှန်တဲ့ ယုံကြည်မှု နဲ့မကိုးကွယ် ၊ မကြည်ညိုရင် ရေမရှိတဲ့ လှေငယ်လိုပါပဲ၊ မြေပေါ်မှာ လှေကို ဆွဲငင်ယူရင် ခက်ခဲပင်ပန်းပြီး ရေပေါ်မှာ လှေကို ဆွဲယူရင် အခက်အခဲ မရှိဘဲ ဆွဲယူလို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀ လှေလေးကိုလည်း ယုံကြည်မှုနဲ့ ကြည်ညိုမှု ရေပြင်မှာ လှော်ခတ်ရင် အခက်အခဲ မရှိဘဲ လွယ်ကူစွာ လှော်ခတ်နိုင်မှာပါ။မိမိတို့ရဲ့ မြင့်မြတ်ရိုးသားပြီး စစ်မှန်တဲ့ ပကတိ ရိုးသားဖြူစင်တဲ့ စိတ်ဓာတ်လေးကို ရင်းနှီးမြုပ် နှံထားခြင်းဖြင့် မြတ်ဘုရားရဲ့ သားတော် သမီးတော် အဖြစ်ခံယူပါ။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်လေး ဖတ်လိုက်ရပြီး ရလာတဲ့ အသိတရားကတော့ လူတွေဟာ ဘုရားမေ့ တရားမေ့ ဖြစ်နေကြရတယ်။ဣဿာ မစ္ဆရိယတွေ များကြတယ်။ ဘာလုပ်လုပ် အဆင်မပြေတဲ့ သူတွေရဲ့ ဘ၀မှာ ဘုရားတရားသည်သာ ကိုးကွယ်ရာပါ။ ဘုရားဆိုလို့ လူမျိုးခြား ဘာသာခြား တွေအတွက်လည်း မိမိတို့ ဘုရားသည်သာ ကိုးကွယ်ရာပါ။

EVERY GOD IS GREAT ( Every Religion is Great ) လို့မက်မက်ကတော့ သတ်မှတ်ပါတယ်။ ဘယ်ဘာသာမဆို မိမိတို့ ဘုရားသည်သာလျှင် တုနှိုင်းမဲ့ပါ။လူမျိုးတိုင်း၊ ဘာသာခြားတိုင်းက ကိုယ့်ဘာသာကို ကိုယ်လေးစား ယုံကြည်ကြပါတယ်။

မိတ်ဆွေတို့ ဆိုရင်ရော ဒီလို မြင်း၁၉ကောင်ကို ခွဲပေးရ မယ်ဆိုတဲ့ အခက်အခဲမျိုး ကြုံလာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲနော်။ ၁၉ကောင်ကို တ၀က်ဖြစ်အောင် ဘယ်လိုခွဲမလဲ ။ သေတမ်းစာအရ တ၀က်တိတိလို့ ဆိုထားတဲ့ အတွက်ကြောင့် ဆယ်ကောင် တိုက်ရိုက်လဲ ပေးလို့မဖြစ်၊နော့်။

ဒီပုံပြင်ထဲကလို ပညာရှိ လူစိမ်းရဲ့ လုပ်ရပ်လို ဖြတ်ထိုးဥာဏ်နဲ့ ပြသနာကို ဖြေရှင်းပေးနိုင် ကြပါစေ ။ ပညာရှိ လူစိမ်းရဲ့ စကားကိုလဲ နှလုံးသွင်း မှတ်သားနိုင်ပါစေ၊ လျှပ်တပြက် ဥာဏ်နဲ့အရာရာကို ထိုးထွင်းသိမြင်ပြီး စစ်မှန်တဲ့ တရားနည်းနဲ့ ဖြေရှင်းပေးနိုင် ကြပါစေ၊လို့ ဆုတောင်းရင်း

ဒီပုံပြင်လေး ဖတ်မိပြီး နားထောင်ဖူးတဲ့ မစိုးရိမ်ကျောင်း ဆရာတော်ကြီးရဲ့ ဆုံးမစာကို အဆိုတော် ကိုင်ဇာက နားဝင်ချိုတဲ့ သံစဉ်လေးနဲ့ တီးခတ်ထားပြီး သီဆိုထားတာကို သတိရ မိပါတယ်။ လူတိုင်းလိုက် နာရမယ့် အရာပါနော်။

နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်။
အနန္တငါး ဂုဏ်တော်များ ညွှတ်တွားကန်တော့မယ်။

မျက်နှာသစ်ရင် ရေကိုမြင် နေ့စဉ်မေတ္တာ ပွားပါ့မယ်။
သစ်ရင်းသစ်ရင်း လျှော့ယိုယွင်း ရုပ်ဆင်းသတိ ထားပါ့မယ်။

တန်းတူတွေ့ရင် မေတ္တာဝင် ၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မယ့်အစားမေတ္တာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ကိုယ့်အောက်တွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်။
နိုင်မယ့်အစား ကရုဏာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင် မုဒိတာဝင် ၊ မ၀င်ဣဿာ ယိုင်တတ်တယ်။
ယိုင်မယ့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ရုပ်ကိုလဲပြင် စိတ်လဲပြင် ပြင်ဆင်နိုင်က ပြုတိုင်းလှ။
သုခနိဗ္ဗာန် တိုင်လိမ့်မယ် သုခနိဗ္ဗန် တိုင်လိမ့်မယ်။

Tuesday, August 25, 2009

နာမည်စာလုံးများနှင့်စွဲဆောင်မှု

မိမိရဲ့ နာမည်စာလုံးလေးမှ ရလာတဲ့ အမှတ်လေးတွေကို ပေါင်းရင်းဖြင့် မိမိနာမည်ဟာ ဘယ်လောက်ထိ စွဲဆောင်မှု ရှိလဲဆိုတာကို အောက်ပါအတိုင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ပထမဆုံး လုပ်ရမှာကတော့ ကိုယ့်နာမည်ကို အင်္ဂလိပ်လို အရင်ချ ရေးလိုက်ပါ။ ပြီးရင် သတ်မှတ်ပေးထားတဲ့ စာလုံးတစ်လုံး ချင်းစီရဲ့ အမှတ်ကို ပေါင်းလိုက်ပါ။ အဲဒီနောက် စုစုပေါင်း အမှတ်စာရင်းကို ကြည့်ရင်ဖြင့် မိမိနာမည်ဟာ ဘယ်လောက်ထိ စွဲဆောင်မှု ရှိလဲ ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ...မိတ်ဆွေ စမ်းကြည့်လိုက် ရအောင်နော်။ ဥပမာ Dream ဆိုပါဆို့.....


D+R+E+A+M
28+400+145+100+25
Total Point=698

ဒါဆိုရင် အတိုင်းထက်အလွန် အရမ်းအရမ်းအရမ်းကို စွဲဆောင်မှု ရှိသောနာမည်တစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ :P

ဒါကဥပမာပေါ့နော်။ကဲ..မိတ်ဆွေတို့ရဲ့ နာမည်လေးကိုရော စွဲဆောင်မှု ရှိမရှိ စမ်းသပ်ကြည့်ပါလား။

*under 60 points= not too sexy
*from 61-300 points= pretty sexxy
*over 301-599 points= VERY sexxxxy!!!
*beyond 600= beyond verry verry verry sexy!!!!


A=100 B=14 C=9 D=28 E=145 F=12 G=3 H=10 I=200 J=100 K=114 L=100 M=25 N=450 O=80 P=2 Q=12 R=400 S=113 T=405 U=11 V=10 W=10 X=3 Y=210 Z=23

ကဲ...သင်နာမည်ရော စွဲဆောင်မှု ရှိလားမရှိဘူးဆိုတာ ပြောပြဦးနော်။


Friday, July 31, 2009

ကျွန်တော်မုန်းတဲ့အမေ




ကျမမှာ တုန်နေအောင် သိပ်ချစ်ရတဲ့ သားလေးတစ်ယောက် ရှိပါတယ်။ ရွာဈေးမှာ ဈေးရောင်းပြီး ဘ၀ကို ဖြတ်သန်းခဲ့ ရပေမယ့် သားလေးမျက်နှာကြောင့် ပင်ပန်းတယ်လို့ မထင်ခဲ့ပါဘူး။ ဆင်းရဲတဲ့ ကျမဘ၀ထဲကို ၀င်လာတဲ့ သားလေးကိုပဲ အရမ်းသနားပါတယ်။

ကျမပညာ မတတ်ခဲ့ပေမယ့် ကျမသားလေးကို ကျောင်းပညာတတ်ကြီး ဖြစ်စေချင် ခဲ့သူပါ။ သားလေးကို ကျမသိပ် ချစ်သလောက် ကျမသားလေးက ကျမကို အင်မတန် မုန်းပါတယ်။သားလေး မုန်းလဲမုန်းချင် စရာပါ။ ကျမက ရုပ်ဆိုးအကျဉ်းတန် လွန်းပါတယ်။

တစ်နေ့ ကျောင်းသားမိဘ တွေ့ဆုံပွဲမှာ ကျမ တတ်ရောက်ပြီး သားလေးဘေးမှာ သွားရပ်မိတော့ ကျမကို စူးစူးစိုက်စိုက် ကြည့်ပြီး ကျမနဲ့ ဝေးရာကို ထွက်ပြေးသွား ခဲ့ပါတယ်။

အကျဉ်းတန်တဲ့ မျက်နှာနဲ့ ဆင်းရဲမွဲ တေနေတဲ့ ဒီအမေကို ကျောင်းမှာ တွေ့လိုက်ရတော့ သားလေး ရှက်သွားမယ် ဆိုတာကျမ ခံစားမိပါတယ်။

ခင်ဗျားကြီးကို ကျောင်းကို မလိုက်လာ ပါနဲ့ဆိုတာ အခုတော့ ကျနော့ကို သူငယ်ချင်းတွေ ရှေ့မှာ ၀ိုင်းလှောင်ခံရပြီ။ ခင်ဗျားကြီး တမင်သက်သက် ကျနော့ကို အရှက်ခွဲတာပဲ။ ခင်ဗျားကြီးကို ကျနော်မုန်းတယ်။ ဆင်းရဲတဲ့ ကျနော့ဘ၀ကိုလဲ ကျနော်မုန်းတယ်။ ခင်ဗျားကြီး မြန်မြန်သေမှ ကောင်းမယ်။ ခင်ဗျားကြီးကို အမေတော်ရတာ ကျနော်ရှက်တယ်။ ကျနော်မုန်းတယ် မုန်းတယ်။

ကျမသားလေး စိတ်ဆိုးမာန်ဆိုးနဲ့ ကျမကို ပြောနေပေမယ့် ကျမသားလေးကို ကျမအရမ်း သနားမိပါတယ်။ ကျောင်းမှာသူငယ်ချင်းတွေရဲ့ အလှောင်အပြောင်ကို ခံရတော့ သူလဲ ရှက်ပေမပေါ့။ကျမ အပြစ်တွေပါ ကျမအပြစ်တွေပါ။ ကျမသားလေးကို ဆင်းရဲတွင်းထဲ ဆွဲခေါ်မိသလို ဖြစ်သွားတယ် ။ ဆင်းရဲတဲ့ ကျမဆီမှာ လူလာဖြစ်ရတဲ့ သားလေးကို ကျမအရမ်း သနားတယ်။

ကျမထမင်း စားခန်းထဲမှာ တစ်ညလုံး မအိပ်ဘဲ ထိုင်ငိုနေခဲ့ မိပါတယ်။ ကျမသားလေး ကျမကို အမြဲမေးတတ်တဲ့ မေးခွန်းကိုလဲ ကျမမဖြေ ခဲ့တဲ့အတွက် ကျမ၀မ်းနည်း ရပါတယ်။


ကျနော်ပြောလိုက်တဲ့ ညနေက စကားတွေကြောင့် ခင်ဗျားကြီး ငိုနေတာလား။ ဒါကလည်း ကျနော့ကို ပြောထွက်အောင် ခင်ဗျားကြီး ဖိအားပေး ခဲ့တာပဲလေ။ ခင်ဗျားမျက်နှာ မြင်ရင်ကို ကျနော့်ဒေါသတွေ အလိုလို ထွက်လာတယ်။ ခင်ဗျားကို မုန်းတဲ့စိတ်တွေ များများလာတယ်။ ရေသောက်ဖို့ အောက်ထပ်ဆင်းလာတဲ့ ကျနော် ခင်ဗျားကြီး ထိုင်ငိုနေတာကို တွေ့ရတော့ မနှစ်မြို့စွာနဲ့ အိမ်ပေါ်ထပ်ကို ပြန်တတ်ခဲ့တယ်။ ငါတနေ့ ပညာတတ်ကြီး ဖြစ်ရမယ်။ တစ်နေ့ ချမ်းသာလာရမယ်။ ကျနော် ကိုယ့်ကိုကိုယ် အားတင်းပြီး စိတ်ဆုံးဖြတ်ချက် ချက်ခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ ကျနော် မြို့ကျောင်းမှာ ကျောင်းတတ်ဖို့ အိမ်ကနေ အပြီးထွက်လာ ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ မြို့ကျောင်းမှာ ကျောင်းဝင်ခွင့် ရရှိပြီး ကျနော် စာကိုကြိုးစား သင်ယူခဲ့ပါတယ်။ ကျောင်းပြီးသွားတော့ ကျနော် ရွာမပြန်ဘဲ မြို့မှာပဲ ကျနော့်ဘ၀ကို ဖြတ်သန်းပြီး အိမ်ထောင်ပြုခဲ့ လိုက်ပါတယ်။ အခုဆိုရင် ကျနော့မှာ အောင်မြင်နေတဲ့ စီးပွားရေး အတည်အကျနဲ့ ကျနော်သိပ်ချစ်တဲ့ ဇနီးနဲ့ သမီးလေးကလဲ ကျနော့်ဘေးနားမှာ ရှိနေပြီ။ ကျနော့ဘ၀ဟာ ပြည့်စုံနေပါပြီ။


အာာ...သမီးကြောက်တယ်၊ သမီးကြောက်တယ် ဆိုပြီး ခြံထဲမှာ ကစားနေတဲ့ သမီးလေး အော်သံကြောင့် သတင်းစာ ဖတ်နေရာမှ ကျနော် အပြေးလေး ထွက်ကြည့်ခဲ့ပါတယ်။ ခြံရှေ့မှာ အဖွားကြီး တစ်ယောက်ကို တွေ့ရတော့ ကျနော်ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။

ဒီမှာ အဖွားကြီး ခင်ဗျား ကျနော့ခြံရှေ့ကို ဘာလာလုပ်တာလဲ။ ခင်ဗျားကြီးက ကျနော့သမီးကိုလဲ ခြောက်လန့်လွတ်လိုက်တယ်။ ခင်ဗျားကြီး အခုချက်ချင်း ကျနော့ခြံရှေ့က ထွက်သွားစမ်း။ ကျနော်ဒေါသ ထွက်ထွက်နဲ့ အဲဒီအဖွားကြီးဆိုတဲ့ ကျနော့်အမေကို မသိချင် ယောင်ဆောင်ပြီး အော်လွတ်လိုက်တယ်။

အမေ လိပ်စာမှားရှာပြီး ဒီခြံရှေ့ကို ရောက်လာလို့ပါ လူလေးရယ် ။ အမေတောင်းပန်ပါတယ် ။ ခွင့်ပြုပါဦးကွယ် ဆိုပြီး တည်ငြိမ်စွာနဲ့ ကျနော့ရှေ့မှ ထွက်ခွာသွားပါတယ်။

ဟူးးးး တော်ပါသေးရဲ့၊ အဖွားကြီး ငါ့ကို သူ့သားမှန်း မမှတ်မိလို့ တစ်ကိုယ်တည်း ပြောဆိုမိပြီး သက်ပြင်းချ မိပါတယ်။ တော်ပါပြီ အတိတ် အကြောင်းကို မစဉ်းစားတာပဲ ကောင်းပါတယ်။

တစ်နေ့မှာ ကျောင်းသားဟောင်း စုံညီပွဲ တတ်ရောက်ရန် ကျနော့ မွေးရပ်မြေ ကျောင်းမှ စာတစ်စောင် ရောက်ရှိလာ ခဲ့ပါတယ်။ အဲဒီတော့ ကျနော့ ဇနီးသည်ကို မသိစေ ချင်တာနဲ့ အလုပ်ကိစ္စနဲ့ ခရီးထွက် ရမယ်ဆိုပြီး လိမ်ညာပြောဆိုကာ မွေးရပ်မြေရှိရာ ရွာကျောင်းဆီသို့ ခရီးထွက် လာခဲ့ပါတယ်။ ကျောင်းသားစုံညီ ပွဲပြီးတော့ ကျနော့် ခြေလှမ်းတွေက ကျနော်နေခဲ့တဲ့ ရပ်ကွက်လေးမှ အိမ်လေးဆီသို့ ရောက်ရှိလာ ခဲ့ပါတယ်။

ကျနော့လက်တွေက လူခေါ်ခေါင်းလောင်း ဘဲလ်ကို နှိတ်မိပြီး အမေများ ရှိနေမလားဆိုတဲ့ အတွေးနဲ့ ခြံထဲကို ကြည့်မိလိုက်တဲ့ အခါမှာတော့ လက်ထဲမှာ စာလေးတစ်စောင်ကိုင်ရင်း မြက်ခင်းပြင်ပေါ် လဲကျနေတဲ့ အမေ့ကို တွေ့ရှိလိုက်ပါတယ်။

အမေ့သားလေး

အမေ့ဘ၀က သေပျော်နေပါပြီ သားရယ်။ သားကို တွေ့ချင်လွန်းလို့ ရွာကိုခဏလောက် ပြန်လာခဲ့ပါလို့ အမေမပြော ရက်သလို သားရှိတဲ့ မြို့ကိုလဲ အမေနောက် ဘယ်တော့မှ ထပ်မလာ တော့ပါဘူး။ ဒါပေမယ့် အမေသားကို အရမ်းသတိရတယ် အရမ်းလဲ လွမ်းတယ် သားရယ်။ သား ကျောင်းသားဟောင်း စုံညီပွဲတော်ကို တက်ရောက် ရမယ်လို့ သတင်းကြားတော့ အမေပျော် လိုက်တာ။ သားကို တွေ့ချင်နေ ပေမယ့်လဲ မျက်လုံးတစ်လုံး တည်းရှိပြီး အရုပ်ဆိုး အကျဉ်းတန်နေတဲ့ အမေ့ကို တွေ့ရင် သားအတွက် စိတ်ပျက်စရာ မနှစ်မြို့စရာ ဖြစ်မှာကို တွေးပြီး ကျောင်းကိုမသွားဖို့ အမေဆုံးဖြတ် ခဲ့တယ်သား။

အမေ့မှာ ဘာလို့ မျက်လုံးတစ်လုံးပဲ ရှိရတာ လဲဆိုတဲ့ သားအမြဲ မေးနေတဲ့ မေးခွန်းကို အမေမပြောဘူး လို့ဆုံးဖြတ် ထားပေမယ့် အခုတော့ ငါ့သားလေး စိတ်ထဲပေါ့ သွားအောင် အမေပြောပြပါမယ်။ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆ ထိခိုက်မှု နဲ့မျက်လုံး တစ်လုံးဆုံးရှုံး ခဲ့ရတယ်သား။ ကိုယ့်သား တစ်ယောက်က လောကကြီးကို မျက်လုံးတစ် ဖက်တည်းနဲ့ ကြည့်ရမြင် ရမှာကို ဘယ်မိဘက ခံစားနိုင်မှာလဲ သားရယ် ။ လောကကြီးမှာ မျက်လုံးတစ်လုံးတည်းနဲ့ အသက်ရှင်ပြီး နေရတော့မယ့် သားအတွက် အမေ့မျက်လုံး တစ်လုံးကို ဖောက်ထုတ်ပြီး အစားထိုး ကုသခဲ့တယ်။ လောကကြီးကို အမေ့မျက်လုံးနဲ့ ကမ္ဘာသစ် တစ်ခုကို ရရှိတော့မယ့် သားအတွက် အမေဂုဏ်ယူခဲ့တယ်။

အမေ့မှာ မျက်လုံးတစ်လုံး တည်းရှိလို့ လူပုံအလယ် သားလေး အရှက်ကွဲရတိုင်း စိတ်ဆိုးဒေါသနဲ့ အမေ့ကို ပြန်ပြော တဲ့အခါ ငါ့သားလေးက ငါ့ကို အရမ်းချစ်လို့ ပြောတာပဲ လို့တွေးပြီး အမေဖြေသိမ့် ခဲ့တယ်သား။ သားဘာပဲ ပြောပြော ဘာပဲလုပ်လုပ် သားကို အမေစိတ် မပျက်ခဲ့ဘူး။

သားငယ်ငယ်တုန်းက အမေ့အနားမှာ အမြဲရှိ နေတတ်တဲ့ အချိန်တွေကို အရမ်းသတိရတယ် ၊ သားကိုအရမ်း လည်းချစ်တယ် ။ သားဟာ အမေ့အတွက် ကမ္ဘာတစ်ခုပါ။ အခုတော့ အမေ့ကမ္ဘာဟာ ကြေမွပျက်စီး သွားပါပြီ သားရယ် ။အမေ့အစား သားလေးအသက်ရှင်ပြီး လောကအလှကို ခံစားကြည့်ရှု နေခဲ့တာကို အမေကျေနပ် ဂုဏ်ယူနေ မိတယ်သားရယ်။

သားကိုအရမ်းချစ်တဲ့
အမေ

ကျနော်မှားပြီ။ ကျနော် အများကြီး များသွားပြီ အမေ ။

((((((((((((((((((အမေ ))))))))))))))))))


ပဲ့တင်ထပ်မျှ အမေ့ကို ပွေ့ချီလျှက် ကျနော် အော်ခေါ်ပါ သော်လည်း ကျနော့် အမေ ကြားနိုင်စွမ်း မရှိတော့ပါ။

A Mother's Sacrifice ဆိုတဲ့ မိခင်တစ်ယောက်ရဲ့ စွန်လွတ်ပေးဆပ်မှု ပုံပြင်လေးကို ခံစားပြီး စိတ်ကူးယဉ် ရေးဖွဲ့ပါသည်။


Tuesday, June 23, 2009

Do Men Remember Anniversaries


အခုတစ်လော ညစဉ်ညတိုင်း သူမယောင်္ကျားကို အိပ်ရာထဲမှာ မတွေ့မိ။ ဒါနဲ့ အိပ်ရာက ထလိုက်ပြီး သူမယောင်္ကျားကို အောက်ထပ်ဆင်း ရှာခဲ့တယ်။ ထမင်းစား ခန်းထဲမှာ ယောင်္ကျားဖြစ်သူကို ကော်ဖီတစ်ခွက် နဲ့အတူ အတွေးမှာ လွင့်မြောနေတာကို တွေ့ရှိလိုက်တယ်။

သူ့မျက်ဝန်းမှ မျက်ရည်တွေကို သုတ်ပြီး ကော်ဖီကို တစ်ငုံချင်း သောက်နေတဲ့ ခင်ပွန်းဖြစ်သူကို သူမကြည့်ပြီး

ဒီအချိန်ကြီး အောက်ထပ်မှာ ဘာလုပ်နေတာလဲ ၊ ဘာပြသနာတွေ ခံစားနေ ရတာလဲ Darling ! သူမပြောပြောဆိုဆို ထမင်းစား ခန်းထဲသို့ ၀င်လာလေသည်။

အနားရောက်လာတဲ့ မိန်းမကို သူမကို တစ်ချက်ကြည့်လိုက်ပြီး

ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက တို့တွေစ ချိန်းတွေ့တဲ့ အချိန်လေးကို သတိရ လို့ပါကွာ။ အဲဒီတုန်းက Honeyက ဆယ့်ခြောက်နှစ်သမီး လေးပေါ့။ Honey..အဲဒီချိန်လေးကို မှတ်မိသေးလား လို့ လေးလေးနက်နက် မေးလိုက်ပါတယ်။

စိတ်ထိခိုက် ခံစားလွယ်တဲ့ ယောင်္ကျားကို မျက်ရည်များကို သူမသုတ်ပေးရင်း မှတ်မိတာပေါ့ Darlingရယ်လို့ သူမဖြေ လိုက်ပါတယ်။

သူ စကားလုံးတွေ ထွက်မရဘဲ ဆို့နင့်သွားပြီး ခဏနားလိုက်ခါ

ကိုယ်ရဲ့ကား နောက်ခန်းမှာ ကိုယ်တို့နှစ်ယောက်ကို ချစ်အဖေကြီး လိုက်ဖမ်းတုန်းက မှတ်မိသေးလား။

မှတ်မိတာပေါ့ Darlingရယ် လို့ သူမဖြေပြီး သူ့အနားမှာ ခုံယူပြီး ထိုင်လိုက်ပါတယ်။

ယောင်္ကျားဖြစ်သူက ဆက်လက်ပြီး....Honey အဖေက ငါ့သမီးကို မင်းမယူရင် မင်းကို ထောင်ထဲ ပို့ပစ်မယ်လို့ သေနတ်နဲ့ မျက်နှာကို ထောက်ပြီး ပြောတာကိုရော မှတ်မိသေးလား

အဲဒါလည်း မှတ်မိပါတယ်လို့ ညင်သာစွာ သူမ ဖြေဆိုလိုက်ပါတယ်။

သူပါးမှ မျက်ရည်စများကို သုတ်ရင်း ပြောလိုက်တာက ငါ ဒီနေ့ မင်းကိုအပြစ် မယူဘဲ လွတ်မြှောက်ခွင့် ပေးလိုက်တယ်။

အခုပုံပြင်လေးက ယောက္ခမကို အိမ်ထောင်နှစ် ပတ်လည်မှာ သားမက် တစ်ယောက်ရဲ့ သတိရနေတဲ့ ခံစားချက်လေးပါ။ပုံပြင်လေးကို Do Men Remember Anniversaries လေးထဲက ဘာသာပြန်ပါတယ်။

Tuesday, June 16, 2009

ပျော်ရွှင်မှု



တစ်နေ့မှာ မိခင်ဖြစ်သူ ခြင်္သေ့မကို သားဖြစ်သူ ခြသေ့င်္လေးက မေးပါတယ်။ အမေ သားတို့ရဲ့ ပျော်ရွှင်မှု ဆိုတာ ဘယ်မှာလဲ?ဒီိအခါမှာ မိခင် ခြင်္သေ့မက ပျော်ရွှင်ခြင်းဆိုတာ သားရဲ့ အမြီးပေါ်မှာ ပေါ့လို့ပြန် ဖြေသတဲ့။

ဒါနဲ့ခြင်္သေ့လေးက သူ့ရဲ့အမြီးကို ဖမ်းယူနိုင်ခဲ့ရင် ပျော်ရွှင်မှု ဆိုတာကို သူပိုင်ဆိုင် နိုင်မယ်ထင်ပြီး ဖမ်းကာယူ ပါတော့တယ်။ ဒါပေမယ့် တစ်နေ့လုံး အမြီးကို ဖမ်းယူကာ ဆော့ကစား သော်လည်း အမေပြောတဲ့ အမြီးပေါ်မှာ ရှိတယ်ဆိုတဲ့ ပျော်ရွှင်ခြင်း ဆိုတာကို ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကို အမေဖြစ်သူ ခြင်္သေ့မကြီးကို ပြောပြတော့ ခြင်္သေ့မကြီးက သား ပျော်ရွှင်ခြင်း ဆိုတာ တကူးတက ခက်ခက်ခဲခဲ လိုက်ရှာနေစရာ မလိုပါဘူး။ သားရဲ့အမြီးကို လှုပ်ရမ်းနိုင်သလောက် စောင့်ရှောက်လှုပ်ရမ်း နေခြင်းဖြင့် သားရဲ့ပျော်ရွှင်ခြင်း ဆိုတာဟာ သားနဲ့ အတူရှိ နေတာပေါ့လို့ ပြန်ဖြေသတဲ့။

ကဲ...ပုံပြင်လေးကတော့ ဒါလောက်ပါပဲ။ တကယ်တော့ ပျော်ရွှင်ခြင်း ဆိုတာ တမင်တကာ ဖန်တီးလုပ်ယူ လို့ရတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ ဘ၀လေးမှာပဲ ရောင့်ရဲကာ စိတ်ချမ်းသာအောင် နေခြင်းဖြင့် ပျော်ရွှင်မှု ဆိုတာကို ခံစားရမှာပါ။ လူသားတိုင်း ကိုယ့်ရဲ့ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရှာဖွေနိုင် ကြပါစေ။

**သင့်ရဲ့ဘ၀ကို အတိုအရှည် ရွေးချယ်လို့ မရပါဘူး ၊ဒါပေမယ့် သင့်ဘ၀ကို ဘယ်လိုနေထိုင် ရမလဲ ဆိုတာကို
သင်စေစား ညွှန်ကြားလို့ရ နိုင်ပါတယ်။

**သဘာဝရဲ့ ရာသီဥတုကို သင်ထိန်းချုပ်လို့ မရပါဘူး၊ ဒါပေမယ့် သင့်ရဲ့စိတ် အခြေအနေ ကိုတော့သင် ထိန်းချုပ်လို့ ရနိုင်ပါတယ်။

**သင့်ရဲ့ထင်မြင် ယူဆချက်(သို့) ရှုမြင်ပုံတွေကို ပြောင်းလဲလို့ မရပါဘူး၊ ဒါပေမယ့် သင်ပြုံးနေ နိုင်ပါတယ်။


**တစ်ပါးသူကို သင်ထိန်းချုပ် လို့မရပါဘူး၊ ဒါပေမယ့် သင့်ကိုယ်သင်တော့ ထိန်းချုပ်လို့ ရပါသေးတယ်။

**မနက်ဖြန် (သို့) အနာဂတ်ကို သင်ကြိုမမြင် နိုင်ပါဘူး။ ဒါပေမယ့် ယခုပစ္စပ္ပုန် အချိန်ကို လိမ္မာပါးနပ်စွာနဲ့
သင်အသုံးချ နိုင်ပါသေးတယ်။

**အရာရာကို အောင်မြင်မှု သင်မရ နိုင်ပါဘူး ၊ ဒါပေမယ့် သင့်ရဲ့ ကြိုးပမ်းမှုတွေ၊ ရည်ရွယ်ချက်တွေကို အထမြောက်အောင် အကောင်းဆုံး ကြိုးစားဆောင်ရွက် နိုင်ပါတယ်။

သင်နှင့်တကွ လူသားအားလုံး မိမိရဲ့ နေ့စဉ်လူနေမှု ဘ၀မှာ အကောင်းဆုံးနဲ့ ထာဝရ ပျော်ရွှင်မှု ကိုလက်ဝယ် ပိုင်ဆိုင် နိုင်ပါစေ။

Wednesday, May 27, 2009

ငွေစုစာအုပ်လေး


မင်္ဂလာပွဲ အပြီးမှာ အမေက ကျွန်မကို ငွေ1000 ထည့်ထားတဲ့ ငွေစုစာအုပ်လေးကို မင်္ဂလာလက်ဖွဲ့ အဖြစ်ပေးပါတယ်။

"သမီး အခုဆိုရင် သမီးဟာ အိမ်ထောင်သည် ဘ၀ကို ရောက်ရှိသွားပြီ။ ဒါကြောင့် သမီးရဲ့ ဘ၀မှာ ပျော်ရွှင်ရ တဲ့အခါ အမှတ်တရ ဖြစ်စေတဲ့အခါ ကြုံလာခဲ့ရင် ဒီငွေစု စာအုပ်လေးမှာ ငွေစုပြီး ဘာအတွက်ကြောင့် ငွေစုလိုက်ရလဲ ဆိုတာ မှတ်တမ်းလေး လုပ်ထားပါ သမီး။ သမီးမှာ အမှတ်တရ များများရှိရင် သမီးငွေများများ စုမိလေပါပဲ။ သမီးခင်ပွန်းကိုပါ ပြောပြပြီး နှစ်ယောက်အတူတူ လုပ်ဆောင်ကြပါ။ နှစ်ကုန်တဲ့ အခါမှာ သမီးတို့မှာ ပျော်စရာ ဘယ်လောက် ပိုင်ဆိုင်ခဲ့ကြ လဲဆိုတာ သိလာပါလိမ့်မယ် သမီး။"

အမေ့စကားကို နားမှာကြားယောင်ရင်း ဇနီးမောင်နှံ နှစ်ယောက် အမေ့လက်ဆောင် ငွေစုစာအုပ် လေးနဲ့အတူ အိမ်ကိုပြန်လာ ခဲ့ကြတယ်။ အမေ့ရဲ့ အိုင်ဒီရာ ကောင်းလေးကို နှစ်ယောက်လုံး သဘောတူပေမယ့် ဒုတိယ အကြိမ်မြောက် ငွေစုစာအုပ်မှာ ငွေစုဖို့ ဘယ်လိုသိ နိုင်မလဲ ဆိုပြီးတွေးတော ခဲ့မိကြပါ သေးတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သူမတို့ ငွေစုဖို့ အကြောင်းလေး ဖန်လာခဲ့ပါတယ်။

လက်ထပ်ပြီး နောက်ပိုင်း ဖေဖ၀ါရီလ ၁၇ရက်နေ့မှာ ပထမဆုံး ကျရောက်တဲ့ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အမှတ်တရ အဖြစ်ငွေ 100 ကိုငွေစု စာအုပ်လေးမှာ စတင်ပြီး ထည့်လိုက်ပါတယ်။

မေလ၁ရက် နေ့မှာတော့ သူမအလုပ်က လစာတိုးခြင်း ခံရတဲ့အတွက် အမှတ်တရ အဖြစ် ငွေ300 ထည့် လိုက်ပါတယ်။

မေလ ၂၀ ရက်နေ့မှာ ပါရီကို လေ့လာရေး အပျော်ခရီး ထွက်တဲ့အတွက် အမှတ်တရ အဖြစ်ငွေ 200 စုမိခဲ့ ကြပါတယ်။

ဧပရယ် ၁၅ ရက်နေ့မှာ သူမ ကိုယ်ဝန်လွယ် ရတဲ့အတွက် အမှတ်တရငွေ 2000 စုလိုက်ပါတယ်။

ဇန်န၀ါရီ ၁ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ ရာထူးတိုးခြင်း ခံရသည့်အတွက် ငွေ1000 စုလိုက်ပါတယ်။

စသည်ဖြင့် ငွေစုလာလိုက်တာ……………


တစ်နေ့တော့ အိမ်ထောင်သည် တို့ရဲ့သဘာဝအရ အသေးအမွှား ပြသနာလေး မှစ၍ အကြီးအကျယ် စကားများ ရန်ဖြစ်ကြ ပါတော့တယ်။ ကမ္ဘာပေါ်မှာ စိတ်ပျက်စရာ အကောင်းဆုံး လူနဲ့မှ လက်ထပ်မိ ရလေခြင်း ဆိုပြီးလည်း နောင်တတရား ကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြော ကြတော့ဘူး။ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ စံထားလောက်တဲ့ အချစ်ဆိုတဲ့ ခံစားချက်ဆိုတာ မရှိကြတော့ဘူး။

တစ်နေ့တော့ အမေဖြစ်သူထံ သူမရောက်လာပြီး “သမီးဘယ်လိုမှ ဆက်လက်သည်းမခံ နိုင်တော့ဘူး။ သမီးတို့ နှစ်ယောက် လမ်းခွဲကွာရှင်းကြဖို့ သဘောတူလိုက်ပြီ။ ဒီလိုယောင်္ကျားမျိုးနဲ့ လက်ထပ်ဖို့ ဘယ်လိုစိတ်ကူးနဲ့ ဆုံးဖြတ်ချက် ချမိခဲ့ လိုက်လဲဆိုတာ ကိုယ့်ကိုကိုယ် စဥ်းစားလို့ မရဘူး အမေ။” ဆိုပြီးပြောတော့

“ဟုတ်လားသမီး။ သမီးဘယ်လိုမှ ကြံကြံခံ ရပ်တည်လို့ မရနိုင်တော့ရင် သမီးလုပ်ချင်တာကို လုပ်ချလိုက်ပါ ၊ အဖြစ်နိုင်တဲ့ အရာဆိုတာ မရှိပါဘူး။ဒါပေမယ့် သမီး၊ အဲဒီလို မလုပ်ဆောင်ခင်အရာတစ်ခုကို ပထမဆုံး လုပ်ဆောင်လိုက်ပါ။”

“သမီးတို့ မင်္ဂလာ ပွဲတုန်းက အမေလက်ဖွဲ့ ပေးခဲ့တဲ့ ငွေစုစာ အုပ်လေးကို မှတ်မိသေးလား သမီး။ အဲဒီစာအုပ် လေးထဲက ပိုက်ဆံတွေကို အကုန်ထုတ်ယူပြီး သုံးစွဲပစ်လိုက်ပါ။ အိမ်ထောင်ရေး အဆင်မပြေ မသာယာတဲ့ မှတ်တမ်းကို သိမ်းမထားသင့်ဘူး သမီး။”

“ဟုတ်တယ်၊ အမေပြောတာ မှန်တယ်။” ဒါနဲ့ သူမတစ်ယောက် ငွေတွေထုတ်ယူပြီး ဘဏ်အကောင့်ကိုပါ ပိတ်ပစ်လိုက်ဖို့ စိတ်ကူးနဲ့ ဘဏ်ကိုထွက် လာခဲ့လိုက်တယ်။

ဘဏ်ကိုရောက်တော့ ဘဏ်အကောင့်ကို ပယ်ဖျက်ဖို့အတွက် ရှည်လျားလှတဲ့ လူတန်းရှည်ကြီးမှာ ကိုယ့်အလှည့် ရောက်ဖို့ကို ထိုင်စောင့်ရင်း ငွေစုစာအုပ်လေးကို နောက်ဆုံးအကြိမ်အဖြစ် ထုတ်ကြည့် လိုက်ပါတယ်။ သူမ ငွေစုစာ အုပ်လေးကို အပြန်ပြန် အလှန်လှန် လှန်လှောကြည့်ရင်း အတိတ်က နှစ်ယောက်သား ပျော်ရွှင်ကြည်နူး ခဲ့ရတဲ့ ပျော်ရွှင်စရာ နေ့ရက်လေးနဲ့ ပိုင်ဆိုင်ခဲ့ရတဲ့ အမှတ်တရ အဖြစ်လေးတွေက သူမရဲ့ နှလုံးသားမှာ ပုံရိပ်ထင်ဟပ် လာပါတယ်။

အတိတ်က အကြောင်းအရာ လေးတွေကို ပြန်လည်မြင်ယောင်ရင်း မျက်ဝန်းမှာ မျက်ရည်များ စို့တတ်လာကာ ၀မ်းနည်းခြင်း များစွာနဲ့ ချက်ချင်းအိမ်ကို ပြန်လာခဲ့တယ်။ အိမ်ကိုရောက်တော့ ခင်ပွန်းဖြစ်သူထံ ငွေစုစာအုပ်လေး ကိုပေးရင်း မကွာရှင်းခင် အရင်ဆုံး အထဲက ငွေတွေကို ထုတ်ယူသုံးစွဲ ခိုင်းလိုက်ပါတယ်။

နောက်တစ်နေ့မှာ ခင်ပွန်းဖြစ်သူက သူမကို ငွေစုစာအုပ်လေး ပြန်လည်ပေး အပ်ခဲ့ပါတယ်။
အထဲမှာ ငွေ5000 နဲ့ မှတ်တမ်းလေး ထပ်ဖြည့်ထားတာကို တွေ့ရှိလိုက်ရတယ်။ အဲဒါကတော့ ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ကျွန်တော့ဇနီးကို ဘယ်လောက်ချစ် ခဲ့တယ်ဆိုတာ ဒီနေ့မှာ ကျွန်တော်သိရှိ လိုက်ပါတယ်၊ ဒီနှစ်တွေမှာ ပျော်ရွှင်ခြင်းတွေ အများကြီး သယ်ဆောင်လာ ခဲ့ပေးတဲ့ မင်းကိုသိပ်ချစ် ပါတယ်တဲ့။

အဲဒီလိုနဲ့ ဇနီးမောင်နှံ နှစ်ယောက် ငွေစုစာ အုပ်လေးကို ဘေးမှာချပြီး တစ်ယောက်နှင့် တစ်ယောက် ဖက်ပြီးငိုကြ ပါတော့တယ်။

ကဲ…အချိန်တန်တော့ သူတို့ငွေ ဘယ်လောက်စုမိ ခဲ့ကြလဲ ဆိုတာ သိကြလား။

တကယ်တော့ သူတို့စုမိတဲ့ ငွေပမာဏက အဓိက မဟုတ်ပါဘူး ။ သူတို့ရဲ့ ဘ၀မှာ ပိုင်ဆိုင်ခဲ့ ကြရတဲ့ သာယာတဲ့ အိမ်ထောင်မှု ၊ ပျော်ရွှင်မှု၊ အမှတ်တရ ဖြစ်မှုတွေက အိမ်ထောင်မှု ဘ၀ရဲ့ အထိမ်းအမှတ်တွေပါ။

တစ်ချိန်ချိန် ဘ၀မှာ ကျဆုံးသွား ခဲ့ရင်လည်း ကျရှုံးခဲ့တဲ့ နေရာမှာပဲ ၀မ်းနည်းပူ ဆွေးပြီး မနေပါနဲ့။ အဲဒီကျရှုံး ခဲ့ရတဲ့ နေရာကနေပဲ ဘာကြောင့် ကျရှုံးခဲ့ရလဲ ဆိုတာကိုပဲ ကြည့်ပြီး ကြိုးစားထပြီး ရှေ့တက်လှမ်းပါ။ ဘ၀ဆိုတာ အမှန်ကန်ဆုံး အမှားတွေနဲ့ ပြည့်နေတဲ့ အရာပါ။

စာဖတ်သူ အသင်တို့ အားလုံးလည်း ဒီပုံပြင်လေး ထဲကလိုပဲ အတုယူ အတွေးပွား နိုင်ကြပါစေ ။ ဤစာစုလေးကို Bank Saving Passbook ပုံပြင်လေးမှ ဘာသာပြန်ပါသည်။
:D

Wednesday, May 6, 2009

မိဘမေတ္တာ



အသက်၈၀အရွယ် အဘိုးအိုနှင့် အသက်၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူတို့ ဧည့်ခန်းတွင်းရှိ ဆိုဖာတွင် ထိုင်နေကြစဉ် ရုတ်တရက် ပြတင်းတံခါးပေါက်သို့ ကျီးကန်းတစ်ကောင် လာရောက်နားလေသည်။ အဲဒီအခါမှာ အဖေဖြစ်သူက အဲဒါဘာကောင်လဲ လို့မေးသော အခါမှာ သားဖြစ်သူက အဲဒါကျီးကန်းလေ ဟုဖြေဆိုလေသည်။

နောက်မိနစ် အနည်းငယ် အကြာမှာ အဖေဖြစ်သူ အဘိုးအိုမှ အဲဒါ ဘာအကောင်လဲဟု ဒုတိယအကြိမ် ထပ်မေးလေသည်။ ဒီအခါမှာ သားဖြစ်သူမှ အဖေကလည်း အခုလေးတင်ပဲ ကျီးကန်းပါလို့ သားပြောပြီး ပြီလေဗျာ။

နောက်ခဏနေတော့ အဖေဖြစ်သူ အဘိုးအိုက တတိယ အကြိမ်အဖြစ် အဲဒါဘာ အကောင်လဲ ဟု ထပ်မေးလေသည်။ ဒီတွင်တော့ သားက ဒေါသသံဖြင့် အဖေဖြစ်သူကို အဲဒါကျီးကန်းလို့ ခေါ်တယ် လို့ အသံမာမာဖြင့် ပြောလေသည်။

နောက်ခဏနေတော့ အဖေက သားအား အဲဒါ ဘာကောင်လို့ ခေါ်လဲဟု လေးကြိမ်မြောက် မေးမြန်းလေသည်။ အဲဒီမှာ သားဖြစ်သူက ဒေါသဖြင့် အဖေ၊ ဘာလို့ ဒီမေးခွန်းကိုပဲ ခဏခဏမေးနေတာလဲ။ အဖေ့ကို ကျနော် ဘယ်နှခါ ဖြေရမလဲ ကျီးကန်းလို့ ခေါ်တယ်။ အခုချိန်ထိ အဖေနားမလည်ဘူးလား။ မှတ်မထားဘူးလား စသည်ဖြင့် ဆူပူကြိမ်းမောင်းလေသည်။

ခဏနေတော့ အဖေက အိပ်ခန်းထဲသို့ ၀င်သွားပြီး သားမွေးဖွားလာတဲ့ နေ့မှစပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားတဲ့ ဟောင်းနွမ်းစုတ်ပြဲနေပြီ ဖြစ်တဲ့နေ့စဉ်ရေး ဒဏ္ဍရီ လေးကိုထုတ်လာလေသည်။ စာအုပ်ဟောင်းလေးမှ စာမျက်နှာ တစ်ရွက်ကို ယခု အသက်၄၅ နှစ်အရွယ် သားဖြစ်သူကို ဖတ်ခိုင်းလေသည်။ သားဖြစ်သူ ဖတ်လိုက်တဲ့ စာကတော့...................

ဒီနေ့ သုံးနှစ်အရွယ် ကျနော့သားငယ်လေး နဲ့ကျနော် ဆိုဖာပေါ်မှာ ထိုင်နေတုန်း ကျီးကန်းတစ်ကောင် ပြတင်းမှာ လာနားနေတယ်။ကျနော့သားက အဖေလို့ခေါ် ပြပြီး အဲဒါဘာကောင်လဲ ဖေဖေလို့ ၂၃ ခါတိတိ မေးပါတယ်။ ကျနော်ကလည်း ၂၃ ခါလုံးကို ဖြေလိုက်တယ်။ သားစကား သံလေးနဲ့ ပီတိဖြစ် ၀မ်းသာကြည်နူး နေရတဲ့ ကျနော်လေ သားမေးတာကို မမောမပန်း ၂၃ ခါလုံးလုံး ဖြေကြားလိုက်တယ်။ပြီးတော့ စကားအလွန် တတ်လှတဲ့ သားလေးမေး သမျှကို စိတ်ဆိုးခြင်း စိတ်မရှည်ခြင်း မဖြစ်ဘဲ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ သားငယ်လေးကို ပိုက်ထွေးလိုက်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ၂၃ခါလုံး အဲဒါ ဘာအကောင် လို့ခေါ်လဲ ဆိုတဲ့ မေးခွန်းကို မိဘဖြစ်သူမှ စိတ်တိုခြင်း ကင်းပြီးဖြေကြား ခဲ့ပေမယ့် အခုဒီနေ့တော့ အဖေဖြစ်သူက တူညီတဲ့ မေးခွန်းကိုပဲ ၄ကြိမ်လောက်လေး မေးတာကို သားဖြစ်သူက ဘာကြောင့်စိတ်ဆိုး စိတ်ကတိ ကအောက် ဖြစ်ရသနည်း။

အကယ်၍များ မိဘများ အသက်အရွယ် အိုမင်းလာချိန်မှာ သူတို့ကို မလိုလား မနှစ်မြို့ခြင်း မဖြစ်ဘဲ ၀န်ထုတ်တစ်ခုကို စောင့်ရှောက်သကဲ့သို့ သူတို့ကို ပြန်လည် စောင့်ရှောက်သင့်ပါတယ်။ ဒါ့အပြင် စကားပြောတဲ့ အခါမှာလည်း ငြိုငြင်ခြင်း ကင်းပြီး ချစ်ခင်ဖွယ် သာယာဖွယ် စကား၊ စိတ်ချမ်းသာ ဖွယ်စကား၊ ရိုသေကျိုးနွံခြင်း၊ နှိမ့်ချခြင်း၊ ကြင်နာခြင်း အပြည့်နဲ့ ပြောဆိုသင့်ပါတယ်။ မိဘများဟာ သားသမီးတွေ ငယ်စဉ်ထဲက အခုချိန်ထိ ဂရုစိုက်မှုတွေ မပြတ်ကြ သေးပါဘူး။ သူတို့ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ သားသမီးတွေ အပေါ်မှာ မေတ္တာတွေ စီးဆင်းဆဲ စီးဆင်းလျှက်ပါ။

မက်မက်ဆိုရင် မိသားစုမှာ ကိုယ်ကအငယ်ဆုံး၊ အငယ်ဆုံးဆိုတော့ နဲနဲလေး မဆိုစလောက် လေးတော့ဆိုးပါတယ်။ ဟတ်... ဟတ်.. ကိုယ့်ကိုကိုယ် ကြော်ငြာက ၀င်ရသေးတယ်နော်.. :P

ငယ်ငယ်လေးထဲက စိတ်ကဆတ်၊ ထစ်ကနဲဆို စိတ်ကတို တတ်တဲ့သူပါ။ စကားပြောရင်လည်း စကားလုံး တစ်ခုကို ထပ်ခါထပ်ခါ ပြောတာကို မကြိုက်ခဲ့သလို နားလည်းမထောင် ချင်ခဲ့တဲ့သူပါ။ ထပ်ခါထပ်ခါ မေးမြန်းတာကိုလည်း မကြိုက်ခဲ့သလို ထပ်ခါထပ်ခါ ဖြေရတာကိုလည်း မကြိုက်ခဲ့ တဲ့သူပါ။စကားပြောရင်လည်း တစ်ခါဆို တစ်ခါပဲ ၊ နှစ်ခေါက်ဆို စိတ်က မရှည်ချင်ဘူး။ နှစ်ခွန်းပြောရပြီ ဆိုရင် စိတ်က နဲနဲ မရှည်ချင်တော့ဘူး။ အဲလိုမျိုး မကောင်းတာပါနော် :(

ကိုယ့်ကိုကိုယ်လည်း တခါတခါ စိတ်မရှည်ပါဘူး ။ မိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာလဲ စိတ်မရှည်ခဲ့ဘူး။ တခါတခါ ကိုယ့်မိဘ အပေါ်တောင် အဲလို စိတ်မရှည်တော့ ပြန်လည်းပြောမိပါတယ်။ တခုခုဆိုရင်.... ဟာ.. မေကြီးကလည်း ၊ ဟာ... ဖေကြီးကလည်း ဆိုပြီးစိတ် မရှည်သလို ဖြစ်ခဲ့မိပါတယ်။ မိဘအပေါ် ရိုင်းဆိုင်းတာ မဟုတ်ပါဘူးနော်။ ဆိုးလို့ရလို့သာ ဗိုလ်ကျခဲ့တာပါ။

ကြီးလာတဲ့ အခါကြတော့ အသိတရားနဲ့ ပြည့်စုံလာ တဲ့အခါ အရာရာ ပြောင်းလဲသွား ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဆိုးခဲ့တဲ့ ကလေးက ကြီးလာတဲ့အခါ သူမတူအောင် လိမ္မာသလိုပေါ့(ဟိဟိ... ကိုယ်ကိုကိုယ် အဲလိုလေးလဲ ပြန်ပြောပေးဦးမှ...နော်.. :P ) ပြောချင်တာက ပြောင်းလဲသွား၊ ပြုပြင်ယူလို့ ရတာကိုပါနော်။

ကဲ..မိတ်ဆွေ!! သင်ရော..... သင့်မိဘ အပေါ်မှာ စိတ်တိုခြင်း၊ စိတ်မရှည်ခဲ့ခြင်း ဖြစ်ခဲ့ဖူးပါသလား? ဖြစ်ခဲ့ဖူးရင် နောက်မကျ သေးပါဘူး မိတ်ဆွေ။ သင်သိတဲ့ အချိန်က စပြီးပြန်လည် ပြုပြင်လို့ အချိန်ရနေ ပါသေးတယ်။

ဒါကြောင့် အခုပဲ ငါသည် ယခုအချိန် မှစ၍ ငါ့မိဘများကို စိတ်ချမ်းသာ ပျော်ရွှင်စေရမည်၊ ငါ့မိဘများ ဘယ်လောက်ပဲ အိုမင်းမစွမ်း ရှိနေပါစေ ငါ့မိဘကို တစ်ဖန်ပြန်လည် ပြုစုလုပ်ကျွေး စောင့်ရှောက်ကာ ကောင်းမွန် မြင့်မြတ်သောလမ်းကို ငါလျှောက်ခြင်းဖြင့် သားလိမ္မာ၊ သမီးလိမ္မာ ဘ၀ကို ဖြစ်စေမည်ဟု မိမိကိုယ်မိမိ ကျယ်ကျယ် လောင်လောင်နှင့်သာ ကတိပေးလိုက်ပါ။ သင်... အချိန်မီ ပါသေးတယ်။

အားလုံးပဲ ဒီပုံပြင်လေး အတိုင်း အတုယူ နိုင်ကြပါစေ........လို့...........

Friday, April 24, 2009

ဘ၀သင်ခန်းစာ


ပျော်စရာကောင်းတဲ့မိသားစု

လက်ထပ်ပြီး ၁၁နှစ်အကြာမှ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ယောက်မှာ ယောကျာင်္းလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ တစ်ဦးတည်းသော သားလေးဖြစ်တဲ့အတွက် သူတို့အတွက်တော့ သားလေးဟာ တန်ဖိုးဖြတ်မရတဲ့ ရတနာ တစ်ပါးပါပဲ။ ရှိသမျှ အချစ်တွေက သားလေးဆီမှာ ပုံနေတော့ တာပါပဲ။

ဒီလိုနဲ့ သားလေးနှစ်နှစ်သား ရောက်လာခဲ့ပါတယ်။ တစ်နေ့မနက်ခင်းမှာ ယောင်္ကျားဖြစ်သူက အဖုံးဖွင့်ထားတဲ့ ဆေးပုလင်းကို တွေ့ပါတယ်။ ဒါပေမယ့် အလုပ်သွားဖို့ နောက်ကျနေတဲ့အတွက် အဖုံးပွင့်နေတဲ့ ဆေးပုလင်းကို မပိတ်တော့ပဲ ဇနီးဖြစ်သူကို ဆေးပုလင်း အဖုံးပိတ်ပြီး ဆေးသေတ္တာထဲ သိမ်းလိုက်ဖို့ ပြောပြီး အလုပ်ကို အလောတကြီး ထွက်သွားလိုက်ပါတယ်။ ဇနီးဖြစ်သူကလည်း အိမ်နောက်ဖေးမှာ ဟင်းချက်နေတော့ ပုလင်းကို သိမ်းဖို့မေ့သွား ခဲ့တာပေါ့။

အဲဒီမှာ သားလေးက ဆေးပုလင်း ကိုတွေ့တော့ ကလေးတို့ ထုံးစံအတိုင်း ဆော့ကစား တော့တာပေါ့။ ဆော့ရင်းနဲ့ ဆေးပုလင်းထဲက ဆေးတွေကို အကုန်သောက် ပစ်လိုက်ရော။ အရွယ်ရောက်နေတဲ့ လူကြီးတွေအတွက် ဆေးတစ်ခွက်စာဟာ ကလေးတွေ အတွက်မှာတော့ အဆိပ်ဖြစ် လာခဲ့ပါတယ်။ ဒီလိုနဲ့ သားဖြစ်သူက ဆေးတွေသောက်လို့ မကြာခင်မှာ လဲကျသွားတော့ အမေလုပ်သူက ပြေးထွက်လာပြီး ကလေးကို ဆေးရုံတင် ပို့ရတာပေါ့။ မကြာခင်မှာပဲ သားဖြစ်သူ ကလေးက ဆေးရုံမှာပဲ အသက်မဲ့ သွားရပါတယ်။

ဒီတော့မှ သေသွားပြီ ဖြစ်တဲ့ သားလေးကို ကြည့်ပြီး အမေလုပ်သူက သတိလစ် သွားခဲ့ပါတယ်။ ယောင်္ကျားဖြစ် သူကိုလည်း ဘယ်လိုမျက်နှာ ပြရမလဲ ဆိုတာတွေးပြီး အင်မတန် ကြောက်ရွံစိုးရိမ် နေပါတယ်။ ဒါပေမယ့် ယောင်္ကျားဖြစ်သူ ဆေးရုံကို ရောက်ရှိလာတဲ့ အခါမှာ သူတို့ရဲ့ သားလေးအလောင်း ကိုမြင်တော့ မိန်းမဖြစ် သူကိုကြည့်ပြီး စကားလေး လေးလုံးပဲ ပြောလိုက်ပါတယ်။ ကဲ.. အဲဒီလေးခုသော စကားလုံးက ဘာဖြစ်မလဲ မသိဘူးနော်။ ဘာလို့ထင်လဲ?

တကယ်တော့ ယောကျာင်္းဖြစ်သူ ပြောလိုက်တဲ့ လေးလုံးသော စကားက " I LOVE YOU DARLING"တဲ့။ ယောင်္ကျားဖြစ်သူ ရဲ့တကယ့် ရင်ထဲက ဖြစ်ပေါ်လာတဲ့ အပြုအမူနဲ့ မမျှော်လင့်ထားတဲ့ အားပေးနှစ်သိမ့် တုံပြန်မှု စကားလေးပါ။ ကလေးက တကယ်ကို သေဆုံးသွား ခဲ့ပါတယ်။ ကလေးအသက် ပြန်ရှင်ဖို့ သူလည်းမလုပ်ဆောင် နိုင်တော့ပါဘူး။အကယ်၍သာ သူကလည်း အချိန်လေး နဲနဲပေးပြီး ဆေးပုလင်းကို သိမ်းခဲ့လိုက် မယ်ဆိုရင် ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ အခုချိန်မှာမှ အပြစ်တင်ဖို့လည်း မလိုအပ်ပါဘူး။ ဒီအချိန်မှာ အမေဖြစ်သူကို အပြစ်ရှာ နေလို့လည်း ဘာမှထူးမလာ တော့ပါဘူး။ သူမလည်း သားလေးကို ဆုံးရှုံးခဲ့ ရသူပါပဲ။ အခုချိန်မှာ သူမတကယ် လိုအပ်နေတာက ယောင်္ကျားဖြစ်သူရဲ့ အားပေးနှစ် သိမ့်မှုပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် သူလုပ်ပေးနိုင်တဲ့ အကောင်းဆုံးသော လက်ဆောင်ပါပဲ။

တစ်ခါတစ်ရံမှာ မိသားစုမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ အသိမိတ်ဆွေကြား မှာပဲဖြစ်ဖြစ် ကျွန်မတို့တွေဟာ မည်သူ့မှာ တာဝန်ရှိတယ်၊ မည်သူ့မှာ အပြစ်ရှိတယ် ဆိုပြီး အချိန်ကုန်ခံကာ ပြောဆိုကြပါတယ်။တစ်ယောက်နဲ့ တစ်ယောက် ထောက်ပံ ကူညီမှုမှာ လူသားတွေရဲ့ ခင်မင်မှု ချစ်ခင်မှုမှာ နွေးထွေးမှုတွေ လုံးဝလျှော့ နည်းနေပါတယ်။

ဒီတော့ ခွင့်မလွတ်သင့်တဲ့ သူတွေကို ခွင့်လွတ်ရင်း ချစ်ပြလိုက်ခြင်းဖြင့် ကမ္ဘာမှာ အလွယ်ဆုံး အလုပ်ကို လုပ်ဆောင်ပြလိုက်ပါ။ ဒါကြောင့် မည်သည့်အရာ ကိုမဆို တန်ဖိုးထားပါ။ ခွင့်လွတ်နားလည် ပေးခြင်းဖြင့် နာကျင်မှုတွေ၊ စိတ်သောက ရောက်မှုတွေ၊ ၀မ်းနည်းပူဆွေး ရမှုတွေကို မတိုးပွားပါစေနဲ့။

ကမ္ဘာမှာ လူသားတိုင်း ဒီလိုပြသနာ ဖြစ်ရပ်မျိုး လေးတွေနဲ့ ကြုံဆုံနေရ တတ်ပါတယ်။ ဒါကြောင့် မနာလိုခြင်း၊ မနာဖြစ်စေသော အရာများ၊ ခွင့်မလွတ် တတ်မှုတွေ ၊ တကိုယ်ကောင်း ဆန်မှုတွေနဲ့ ကြောက်ရွံ့စိုးရိမ် တတ်မှုတွေကို ခ၀ါချလိုက်ပါ။ ဒါဆိုရင် ပျော်ရွှင်ခြင်းနဲ့ စိတ်ချမ်းသာခြင်းစတဲ့ အရာအားလုံးကို သင်ထင်သလောက် မခက်ခဲဘဲ လွယ်လွယ်ကူကူ ရှာဖွေတွေ့ ရှိလာပါလိမ့်မယ်။

ဒီပို့စ်လေးကိုတော့ A LESSON FOR LIFE ဆိုတဲ့ ပုံပြင်လေးကနေ ဘာသာပြန် ပေးထားတာပါ။ မူရင်း အင်္ဂလိပ်ဘာသာရဲ့ ဆိုလိုရင်း အနှစ်ကို ထိရောက်အောင် အနီးစပ်ဆုံး ရေးပေးတာပါ။ လိုအပ်ချက်များ ရှိရင်မက်မက်ရဲ့ အင်္ဂလိပ်စာ အားနည်းချက်ကြောင့် ဖြစ်ပါတယ်။ အခုလို ဖတ်ပေးတာလည်း ကျေးဇူးတင်ပါတယ်။ :) အာဝါးးးးးးးးးးးး :P


Sunday, April 19, 2009

The Wife and The Window


မောင်နှင့် ကျွန်မတို့ ပတ်ဝန်းကျင် အသစ်နဲ့ အိမ်အသစ်ကို ပြောင်းလာခဲ့တယ်။ တစ်ခုသော မနက်ခင်းမှာ မောင်နှင့်ကျွန်မ နံနက်စာ စားသောက်နေရင်း အိမ်နီးချင်း မိန်းမတစ်ယောက်က အ၀တ်ထုတ်လှန်း နေတာကို တွေ့လိုက်ရတယ်။

မောင်ရေ ကြည့်စမ်းပါဦး။ ဒီမိန်းမ အ၀တ်လျှော်တာလဲ မဖြူဘူး။ သူမအ၀တ်ကို ဖြူအောင် ဘယ်လိုလျှော်ရမလဲ ဆိုတာ မသိဘူးနဲ့ တူပါတယ်။ ဖြစ်နိုင်ရင် ဆပ်ပြာမှုန့် ကောင်းကောင်းလေး သုံးသင့်တယ်နော်။ ဒီအခါမှာ မောင်က တချက်လှမ်းကြည့်ပြီး ဘာမှမပြောဘဲ နှုတ်ဆိတ် နေခဲ့ပါတယ်။

အိမ်နီးချင်း မိန်းမက နေ့တိုင်းနေ့တိုင်း အ၀တ်ထုတ် လှန်းနေတာကို ကျွန်မတွေ့တိုင်း အထက်ပါ အတိုင်းပဲ မှတ်ချက်ပေး ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်လလောက် ကြာတော့ ကျွန်မအရမ်းကို အံ့သြခဲ့ ရပါတယ်။ ဘာကြောင့်ဆိုရင် အဲဒီမိန်းမ ထုတ်လှန်းနေတဲ့ အ၀တ်တွေက အရမ်းကို ဖြူဖွေးသန့် ပြန့်နေတာ တွေ့လိုက်ရတယ်လေ။

မောင်ရေ လာကြည့်ပါဦး ။ သူမအခုတော့ အ၀တ်အစားတွေ့ ဘယ်လိုဖြူအောင် လျှော်ရတယ်ဆိုတာ သိသွားပြီနဲ့ တူတယ်နော်မောင်။ သူ့ကို ဘယ်သူက သင်ပေးလိုက်တာလဲ မသိဘူးနော်။ ဒီတော့ကျွန်မ ချစ်တဲ့မောင်က

မောင်မနက်က အစောကြီး ထပြီး အိမ်ပြူတင်းပေါက် မှန်တံခါးတွေ သုတ်ပြီး သန့်ရှင်းရေး လိုက်တာလေ။

ကဲ..ဒီဇာတ်လမ်းကို ကြည့်ခြင်း အားဖြင့် မက်မက်တို့ နေ့စဉ် လူနေမှု ဘ၀မှာ….

ဘာအရာကိုပဲ ကြည့်ကြည့် သန့်ရှင်းတဲ့ မှန်ပြတင်းမှ တစ်ခြားသူ ဘာလုပ်တယ် ဆိုတာကိုပဲ ကြည့်သင့်ပါတယ်။ သူတစ်ပါးကို အပြစ်ရှာ ဝေဖန်မှု မပြုခင် အကောင်းဆုံးကတော့ မိမိရဲ့ အခြေအနေမှန်ကို ပြန်လည်ဆန်းစစ်ပြီး ကိုယ့်ကိုကိုယ် မေးမြန်းသင့်ပါတယ်။ ထို့နောက်မှသာ ပြောဆိုဆက်ဆံ ဝေဖန်မှု ပြုသင့်ပါတယ်။

အကယ်၍ တစ်စုံတစ်ယောက် အပေါ်မှာ မိမိက အကောင်းမြင်တတ်တဲ့ စိတ်ထားရှိ ခဲ့မယ်ဆိုလျှင် သင်ဟာဒီလောကမှာ အကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ဦး ပါပဲတဲ့။ ရိုးသားကြင်နာခြင်းက လူတစ်ယောက်အတွက် အရေးပါ အဖိုးတန်တဲ့ အရာဆိုရင် တရားမျှ တခြင်းက ဒီလောကအတွက် ပိုမြင့်မြတ်၊ ပိုလိုအပ်ပါတယ်။ အများအားဖြင့် လူတွေမှာ ရိုးသားကြင်နာမှုတွေ စာနာထောက်ထားမှုတွေ မကင်းမဲ့ ခဲ့ပေမယ့် တရားမျှတမှု ကင်းမဲ့ခဲ့ကြတယ်။ ဒါကြောင့် မိမိကိုယ်မိမိ တရားမျှတတဲ့ တရားသူကြီး အဖြစ်ခံယူဖို့ သူတစ်ပါးအပေါ် အကောင်းမြင် တတ်အောင် ကြိုးစားကြပါစို့။

The Wife and the Window ဆိုတဲ့ Story လေးကို မတောက်တစ်ခေါက် ဘာသာပြန် ရေးသားလိုက်ရခြင်းပါ။ မူရင်းအင်္ဂလိပ် ပုံပြင်ရဲ့အဓိပ္ပါယ် ဆိုလိုရင်းကို အတတ်နိုင်ဆုံး ရေးသားလိုက် ရပေမယ့် ဆိုလိုရင်း မထိရောက်ခဲ့ရင် မက်မက်၏ စာအရေးအသား ညံဖျင်းမှုကြောင့်ပါ။

Monday, January 26, 2009

သေမင်းကိုလိုက်ရှာတဲ့လူငယ်လေး

ရှေးတံရောအခါက တိုင်းပြည်တစ်ပြည်မှာ သူဆင်းရဲသား တစ်ယောက်ရှိလေသတဲ့။သူဟာ ဆင်းရဲလွန်းလို့ လူ့လောကကြီးထဲမှာ မနေချင် လောက်အောင်ကို ထွက်သွားချင် နေတာပေါ့။ဒါကြောင့် သေဖို့ နေစဉ်နှင့် အမျှတွေးတောပြီး သေမင်းကို ရှာဖွေရန် ရှာပုံတော် ထွက်ခဲ့လေသည်။ လမ်းမှာ တွေ့သမျှ လူတိုင်းကို သေမင်း ဘယ်မှာလဲလို့ လိုက်မေးလေတော့ လူတွေက သူ့ကို အရှုးဆိုပြီး ကွေကွင်းရှောင်ရှား ကြတာပေါ့။တချို့ကတော့ သူ့မေးခွန်းကို ပြန်ပြီးအဖက်လုပ် အရေးတယူ စကားတောင် ပြန်မပြော ကြဘူးလေ။ ဒီလိုနဲ့ တစ်ရွာ ၀င်တစ်ရွာထွက် သေမင်းကို လိုက်ရှာတယ်။နောက်ဆုံးမှာ ပင်လယ်ကမ်းစပ်ကို ရောက်လာတော့ သေမင်းကတော့ ဒီပင်လယ် ကမ်းစပ်မှာ ရှိနိုင်လောက်မယ်ထင်ပြီး ကမ်းစပ်တစ်လျှောက်လိုက်ရှာတယ်။

တစ်နေ့တော့ သူ့ဆီကို အဖိုးအိုတစ်ဦး တောင်ဝှေးတစ်ချောင်း အဖော်ပြုပြီး တလှမ်းခြင်း လှမ်းလာနေတာကို တွေ့လေသည်။ အဖိုးအိုက ဘယ်သွားမလို့လဲ လူငယ်ဆိုပြီး ဆင်းရဲသားလေးကို မေးတာပေါ့ ။ဒီတော့ ဆင်းရဲသားလေးက ကျွန်တော် စိတ်တွေညစ်နေလို့ပါ၊ ဒီလူ့လောကကြီးမှာလဲ မနေချင်တော့လို့ သေမင်းကို လိုက်ရှာနေ တာပါလို့ ပြန်ဖြေလေသည်။ ဒီစကားကို အဖိုးအိုကြားတော့ အူလိုက်သဲလိုက် ရယ်တာပေါ့။ပြီးတော့ လူငယ် မင်းဟာ စိတ်နဲ့ကိုယ်နဲ့ မကပ်တော့ဘူးလို့ ပြောဆိုလိုက်လေသည်။ ဒီတော့ လူငယ်လေးကလည်း အဖိုးအို စကားကြောင့် လှည့်ထွက်မည်အပြု အဖိုးအိုက သူ့အား လက်လှမ်းဆွဲပြီး နေပါဦး လူငယ်၊ မင်းတွေ့ချင်လို့ ရှာနေတဲ့ သေမင်းဆိုတာ ငါပဲဟုပြောတော့ လူငယ်လေးက အားတက်သွားလေသည်။ ဒီတော့ လူငယ်ဆင်းရဲ သားလေးက ဒါဆိုရင် ကျွန်တော့ကို ဘာလို့မခေါ်တာလဲ၊ ကျွန်တော့အသက်ကို အမြန်နှုတ်ယူ ပါတော့လို့ ပြောတာပေါ့။

လူငယ် မင်းအခု သေမဲ့အချိန် မကျသေးဘူး။ မင်းသေဖို့ အချိန်မတန် သေးပါဘူး။ မင်းသေနေ့စေ့ရင် ကျိန်းသေ သေမှာပါ။ အဲဒီအခါကျ မသေချင်လို့ ဘယ်လိုပဲ ပုန်းနေပုန်းနေ သေခြင်းတရားက ရှောင်လွဲလို့ မရဘူးလို့ အဖိုးအိုက ပြောလေသည်။ ဒါဆိုကျွန်တော့်ကို ဘယ်နေ့ သေမယ်ဆိုတာ ပြောပြပေးပါ အရှင်သေမင်း။

ဒီတော့သေမင်းက မောင်မင်း ဒီနေရာကနေ ထွက်ခွာပြီး ရက်သတ္တပတ်မြောက်ရင် အလွန်ချမ်းသာလိမ့်မယ်။ သူဌေးဖြစ်ပြီးနောက် ဆယ်နှစ်ကြာတဲ့အခါမှာ မင်းသေလိမ့်မယ် လို့ပြောပြီး အလိုရှိရာ သုံးနိုင်ရန် လေးနဲ့မြှား ဆယ်ချောင်းကို ပေးလေသည်။ ခဏအတွင်းမှာ သေမင်း ပျောက်ကွယ် သွားလေသည်။လူငယ်လေးက လေးနဲ့မြှားကို ယူပြီး ခရီးဆက်လေသည်။ ခရီးလမ်းတလျှောက် ဆာလောင်လာတော့ လေးနဲ့မြှား ကိုထုတ်ပြီး တွေ့သည့်ငှက်ကို ပစ်လေသည်။ သူပစ်လွတ်လိုက်သည့် ငှက်မှာ ရွှေငှက်အဖြစ် အသွင်ပြောင်း သွားလေသည်။ရွှေငှက်အဖြစ် ပြောင်းလဲသွားသည့် ငှက်လေးအား လက်မှကိုင်ကာ လူငယ်လေး ပျော်ရွှင်စွာ ခရီးဆက်လေသည်။ဒီလိုနဲ့ မြို့တစ်မြို့ကို ရောက်တော့ အကောင်းဆုံး မြေကွက်တစ်ခုအား ရွှေငှက်နဲ့ လဲလှယ်ယူ လိုက်လေသည်။ ပြီးတော့ အဲဒီမြေကွက်ပေါ်မှာ စိန်ရွှေငွေ ရတနာ အပြည့်နဲ့ အိမ်တစ်လုံးကို ပေါ်လာစေရန် လေးနဲ့မြှားကို ထုတ်ကာပစ်ပြီး အမိန့်ပေး လိုက်လေသည်။မကြာခင်မှာ သူဆန္ဒ ရှိသည့်အတိုင်း စိန်ရွှေငွေ အပြည့်နဲ့ အိမ်တစ်လုံး ပေါ်လာပြီး သူဌေးကြီး ဖြစ်သွားလေသည်။

ဒီလိုနဲ့ အချိန်တွေက တရွှေ့ရွှေ့ကုန်ဆုံးနေတာကို စည်းစိမ်ချမ်းသာ ပြည့်စုံစွာနဲ့ ယစ်မှုးနေတဲ့ လူချမ်းသာ လူငယ်လေး သတိမမှုမိဘူး ဖြစ်နေတယ်။အဖိုးအိုရဲ့ စကားကိုလည်း မေ့လျှော့နေတာပေါ့။ဒီလိုနဲ့ ကိုးနှစ်နဲ့ကိုးလ ရောက်ရှိလာလေတဲ့။ တစ်နေ့မှာ သူမချမ်းသာခင်က နောက်ဆုံးနေ့လေးကို အိပ်မက်မြင်မက်ပြီး စိုးရိမ်ကြောက် လန့်မှုနဲ့ လန့်နိုးလာလေသည်။ အဖိုးအိုရဲ့ စကားကိုလည်း ပြန်လည်ကြား ယောင်နေလေသည်။နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး ကျန်ရှိနေသေးတဲ့ သုံးလဆိုသည့် အချိန်လေး ကုန်ဆုံးသွားမှာကို စိုးရိမ်ထိတ်လန့် နေလေသည်။

နောက်နေ့နံနက်မှာ သူ့ရဲ့အစေခံ ကျွန်ကိုခေါ်ပြီး ကြီးမားသည့် ရေလုံခံ သေတ္တာကြီး တစ်လုံးကို ယူစေကာ အစားအသောက် သုံးလစွာ ထည့်ယူစေလျက် ပင်လယ်ကမ်းစပ်သို့ ထွက်လာလေသည်။ကမ်းစပ်ရောက်တော့ သူ့အစေခံ အလုပ်သမားအား အထပ်ထပ်မှာ ကြားလေသည်။ သူသေတ္တာထဲ ၀င်ရောက်ပြီးနောက် သေတ္တာအား သေချာစွာ ပိတ်လျှက် ပင်လယ်ထဲသို့ နက်သထက် နက်အောင် ကြိုးရှည်ရှည် နဲ့ချရန်၊ ယနေ့မှစတင်၍ နောက်သုံးလ ကြာသောအခါ ရေထဲမှ သေတ္တာအား ပြန်လည်ဆယ်ယူရန် အထပ်ထပ် မှာကြားလေသည်။ အလုပ်သမားများကလည်း သူဌေးမှာ ကြားသည့်အတိုင်း သေတ္တာကြီးကို ကြိုးရှည်ရှည်နှင့်ချည်ကာ ရေနက်ပိုင်းထဲသို့ ချလိုက်ကာ ကျန်ကြိုးစတစ်ဖက်စွန်းအား သစ်ပင်ကြီး တစ်ပင်တွင် ချည်နှောင်ထား ခဲ့ကြလေသည်။

သေမင်းကလည်း သေစာရင်း နာမည်တွေကို စစ်ဆေးနေစဉ်မှာ လူငယ်လေး၏ သေဆုံးမယ့် အလှည့်သို့ ရောက်ရှိနေကြောင်းကို တွေ့ရှိသွားလေသည်။အိုးအို.. တို့တွေထပ် တွေ့ဆုံကြ ဦးမှာပေါ့ လူငယ်လေးရေဆိုပြီး ရေရွတ်လိုက်လေသည်။ဒီလိုနဲ့ လူငယ်လေးကို ရှာဖွေဖို့ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ တစ်အိမ်ပြီးတစ်အိမ် လိုက်ရှာလေရာ မတွေ့ပဲ ရှိနေလေသည်။ သေစာရင်း နာမည်တွေကိုလည်း ပြန်လည်စစ်ဆေးရာ လူငယ်လေး နာမည်ပါ နေသည်ကို တွေ့နေရပါလျှက် ထိုလူငယ်အား ရှာလို့မတွေ့ ရှိခြင်းကြောင့် သေမင်းအဖိုးအိုလည်း
အလွန်စိတ်ဓာတ် ကျနေတာပေါ့။ ဒါပေမယ့် လုံးဝမလျော့သောဇွဲနဲ့ တောတောင်တွေကို ဖြတ်ကျော်ပြီး လိုက်ရှာဆဲပဲလေ။

ဒီလိုနဲ့ လူငယ်လေးသေဖို့ နေ့ရက်ကလည်း တစ်ဖြည်းဖြည်း နီးလာပြီ၊ သေဖို့ရက်က သုံးရက်လောက်ပဲ လိုတော့တယ်။ သေမင်းကလည်း လုံးဝလက်မလျော့ဘဲ လိုက်ရှာမြဲပဲ။ဒီလိုနဲ့ နောက်ဆုံးမှာ သေမင်းလည်း ခြေကုန်လက်ပန်း ကျစွာနဲ့ ကမ်းခြေဆီ တဖြည်းဖြည်းလျောက်လှမ်း လာနေလေသည်။ ကမ်းခြေမှာ ခဏလောက် အမောအပန်းဖြေမယ်ဆိုတဲ့စိတ်ကူးနဲ့ လျှောက်လှမ်း လာနေတုန်း တစ်နေရာမှာ မမျှော်လင့်ပဲ ကြိုးတစ်ချောင်းနဲ့ ခလုတ်တိုက် လဲကျသွားတာပေါ့။ သေမင်းကလည်း စိတ်ဆိုးသွားပြီး အဲဒီကြိုးစကို တဖြည်းဖြည်း ဆွဲကြည့်တော့ နောက်ဆုံးမှာ ရေထဲက သေတ္တာကြီး ပေါ်ထွက်လာလေရောပေါ့။သေမင်းကလည်း အရမ်းအံ့သြပြီး အဲဒီသေတ္တာကို ဖွင့်ကြည့်တော့ အထဲမှာ လူချမ်းသာဖြစ်သွားတဲ့ လူငယ်လေးကို တွေ့ရှိသွားလေသည်။ သေမင်းက စိတ်ဆိုးတဲ့ လေသံနဲ့ လူငယ်လုလင်.... မင်းဒီလိုပုန်းရှောင်လို့ လွတ်မယ်များ ထင်နေလား၊ အခုချက်ချင်း ထွက်လာခဲ့လို့ အော်ပြောလိုက်လေသည်။

လူငယ်လေးကလည်း အလွန်ကြောက်ရွံပြီး သေမင်းကို အရှင်သေမင်း အကျွန်ုပ်ကို ခွင့်လွတ်ပါ။အသက်ကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ အကျွန်ုပ်ပိုင်ဆိုင်တဲ့ စည်းစိမ်းချမ်းသာ တ၀က်ကို အရှင့်အားပေးပါမယ်လို့ သေမင်းကို တောင်းပန်တာပေါ့။ဒီတော့သေမင်းက အသင်လုလင် မောင်မင်းကို အရင်က မပြောခဲ့ဖူးဘူးလား။ လူတိုင်းဟာ သေနေ့မစေ့ပဲ သူဘယ်လောက်သေချင်နေပါစေ သေလို့မရသလို သေနေ့စေ့လို့ မသေချင် သေးဘူးဆိုပြီး ရှောင်ပုန်းနေလို့လည်း မရပါဘူး။သတ္တ၀ါတိုင်းဟာ သေခြင်းတရားကို ဘယ်လိုမှ ရှောင်လွဲလို့ ပုန်းကွယ်လို့မရပါ။အကြောင်းတရားတွေကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်တယ်။မွေးဖွားခြင်းရှိသလို သေဆုံးခြင်း ဆိုတာလည်း ရှိနေတဲ့ ကာမသဘောတရား တွေပါလုလင်။

အရင်က သေနေ့မစေ့ဘဲ သေချင်နေတဲ့ ဆင်းရဲသား လူငယ်လေး၊ ချမ်းသာလာ တဲ့အခါ သေနေ့စေ့တာတောင် သေဖို့ပုန်းရှောင်နေတဲ့ လူချမ်းသာ လူငယ်လေး၊သူဘာပဲပြောပြော သေမင်းက လက်မခံဘဲ နောက်ဆုံး သေရွာကို ခေါ်ဆောင်သွားတဲ့ THE MAN WHO LOOKED FOR THE LORD OF DEATH ဆိုတဲ့ပုံပြင်လေးကို SELECTED MYANMAR TALES ဆိုပြီး ၁၀တန်း သင်ရိုးညွန်းတန်း ဖတ်စာအုပ်လေးကို စာအုပ်စင် ရှင်းလင်းရင်း အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့တာပါ။အဲဒီသင်ရိုး ညွန်းတန်းထဲမှာ ပုံပြင် ၁၅ခု ရှိသည့် အနက်မှ သေမင်းကို ရှာဖွေသည့် လူငယ်လေး ဆိုသည့်ပုံပြင်ကတော့ ၈ခုမြောက်ပေါ့။ ဒီပုံပြင်လေးကို ပြန်လည်ဖတ်နေတဲ့ အချိန်မှာတော့ ငယ်ငယ်တုန်းက ဆယ်တန်းကျောင်းသူ ဘ၀မှာ ကျူရှင်ဆရာရဲ့ လျပ်တပြတ် မေးခွန်းတွေကို ခဏခဏ ထမေးခြင်း ခံရပြီး ဆုခဏခဏ ရခဲ့ရတဲ့ အဖြစ်လေး ကိုလည်းပြန်လည် သတိရ လွမ်းဆွတ်မိပါတယ်။ :) ဟိဟိ.. ကြုံတုန်းကြွားတာနော်.. :P

အဲဒီအချိန် တုန်းကတော့ အင်္ဂလိပ်စာ ဘာသာမှာ ပုံပြင်က ၁၅ခု ကဗျာက ၁၅ခုပါ။အခုခေတ် ကျောင်းသား ကျောင်းသူ တွေကတော့ သင်ရိုးညွန်းတမ်း တွေပြောင်းလို့ မသင်ရ လောက်တော့ဘူး ထင်တယ်နော်။ ဒါကြောင့် မက်မက် ဆယ်တန်းတုန်းက စာအုပ်လေးကို အမှတ်တမဲ့ ပြန်လည်ရှာတွေ့လို့ အမှတ်တရ အဖြစ်နဲ့ ဖတ်ရတာ အဆင်ပြေအောင် မြန်မာလို ပြန်လည်ရေးပေး လိုက်ပါတယ်။ မက်မက်လိုပဲ ဒီပုံပြင် သင်ရိုးညွန်းတန်း စာအုပ်ပြဌာန်းတဲ့ နှစ်အထိ သင်ခဲ့ရတဲ့ အစ်ကို အစ်မတွေလည်း မိမိတို့ရဲ့ ဆယ်တန်းကျောင်းသား/သူလေး ဘ၀တုန်းက အဖြစ်လေးကို ပြန်လည် အမှတ်တရ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော်။
တကယ်တော့ သေခြင်းတရားဆိုတာ အသက်ကြီးသည် ငယ်သည်မရွေး၊ ဘယ်လိုမှ ရှောင်လွဲလို့ မရဘူးလေနော်။
ကဲ....မိတ်ဆွေရော ဒီပုံပြင်လေး ဖတ်ပြီးတော့ ဘာတွေများ ခံစားလိုက် ရလဲနော်...။ :)

Wednesday, January 14, 2009

ကလေးတစ်ယောက်၏သုံးသပ်ပုံ

တစ်နေ့မှာ အလွန်ချမ်းသာလှတဲ့ အဖေဖြစ်သူက သူ့သားလေးကို တောမြို့လေး တစ်မြို့ကို အလည်အပတ်သွားရောက်ပြီး ဆင်းရဲသားတွေရဲ့ နေထိုင်မှုဘ၀ကို ပြချင်လို့သားကို ခေါ်သွားပါတယ်။ အဲဒီတော မြို့ရွှာလေးမှာ နှစ်ရက်တစ်ည လောက်နေပြီး သူတို့ရဲ့ အားလပ်ရက်ကို ကုန်ဆုံးကာ ဆင်းရဲသားတွေရဲ့ ဘ၀ကို တွေးတောလေ့လာ နေတာပေါ့။ ဒီလိုနဲ့ အိမ်အပြန်လမ်းမှာ အဖေဖြစ်သူက သားကို မေးတယ်။
အဖေဖြစ်သူ ။ ။ ဘယ်လိုလဲ သား ဒီခရီးမှာ ပျော်ရဲ့လားကွ။
သားဖြစ်သူ ။ ။ပျော်တာပေါ့ အဖေရာ။
အဖေဖြစ်သူ ။ ။ဒါဆို ဒီခရီးစဉ်လေးနဲ့ ပတ်သတ်ပြီး အဖေ့ကို ပြောပြပါဦး၊ သားဘယ်လို သင်ခန်းစာတွေ ရလိုက်လဲ၊ အဖေ့ကို ပြောပြပါဦး။
သားဖြစ်သူ ။ ။ ဟုတ်ကဲ့သားတို့မှာ ခွေးတစ်ကောင်ပဲရှိတယ်၊ သူတို့မှာ ခွေးလေးကောင်တောင် ရှိတယ်ဆိုတာ ပထမအချက် အနေနဲ့ တွေ့လိုက်ရတယ် ဖေဖေ၊ သားတို့မှာ ကစားဖို့ ဥယျာဉ်ခြံ သေးသေးလေး ပဲရှိပေမယ့် သူတို့မှာ မဆုံးနိုင်တဲ့ ရှည်လျားတဲ့ ချောင်းငယ်နဲ့ လှပတဲ့ ကွင်းပြင်ရှိတယ်။ သားတို့ရဲ့ ဥယျာဉ်မှာ အလင်းရောင်အတွက် မှန်မီးအိမ်လေးတွေ ရှိပေမယ့် သူတို့မှာ ညတစ်ညရဲ့ လင်းလက်တောက်ပတဲ့ ကြယ်လေးတွေ ရှိတယ်။ သားတို့ရဲ့ အိမ်တံဆပ်မြိတ်မှာ လသာဆောင် ရှိပေမယ့် သူတို့မှာ မိုးကုတ်စက်ဝိုင်း တခုလုံးရှိတယ်။ သားတို့မှာ နေထိုင်စရာ မြေကွက်သေးသေးလေး ပဲရှိပြီး သူတို့မှာတော့ သားတို့ထက် အဆပေါင်းများစွာ ကျယ်ပြန့်တဲ့ လယ်ကွင်းပြင် ကြီးရှိတယ်။ သားတို့ကို အခကြေးငွေ ပေးပြီးလုပ်ကျွေး ပြုစုနေတဲ့ အစေခံတွေ ရှိတယ် သူတို့မှာတော့ သူများဆီက အခကြေး ငွေရယူပြီး လုပ်ကျွေးနေရတယ်။ သားတို့က ကိုယ်စားမယ့် အစာကို ၀ယ်စားနေ ရချိန်မှာ သူတို့က ကိုယ်စားဖို့ ကိုယ်စိုက်ပျိုး နိုင်ကြတယ်။ သားတို့မှာ ဥစ္စာပစ္စည်းတွေကို ထိန်းသိမ်းကာကွယ် ဖို့အတွက် ခိုင်ခံတဲ့ တိုက်တာအဆောက်အဦး နံရံတွေ ပဲရှိတယ်။ သူတို့မှာ ပတ်ဝန်းကျင်က ကာကွယ်ပေးတာကို ခံရတယ်ဖေဖေ။

အစရှိသဖြင့် သားဖြစ်သူက သူ့ထင်မြင်ချက်လေးတွေကို အဖေဖြစ်သူကို တရစပ် နှိုင်းယှဉ်ပြောပြနေတာပေါ့။ သားဖြစ်သူရဲ့ စကားကို ကြားတော့ အဖေဖြစ်သူက ဘာပြောလို့ ပြောရမှန်း မသိအောင် ဆွံအသွား ခဲ့ရတယ်လေ။ ဒါနဲ့သားဖြစ်သူက ထပ်ပြီးတော့ ကျေးဇူးပါပဲ အဖေ၊ အခုဆို သားတို့ ဘယ်လောက်ဆင်းရဲ သလဲဆိုတာ သားသဘောပေါက် သွားပါပြီဖေဖေ၊

ကဲ.. ဒါလေးကို ဖတ်ပြီးတော့ နဲနဲတော့ အံ့သြစရာများ ဖြစ်နေမလား မသိဘူးနော်။ တကယ်တော့ ကိုယ့်မှာမရှိတာကို စိုးရိမ်ပူပန် လောဘနဲ့ ဟန်လုပ်နေ မယ့်အစား ကိုယ့်မှာ ရှိတာကိုပဲ ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်လေးမွေးပြီး ကျေးဇူးတင်တတ် ရမယ်လေနော်။

အမှန်တော့ လူတိုင်းလူတိုင်းဟာ ပြည့်စုံတဲ့ သူဆိုတာ မရှိပါဘူး၊ အဲလိုပဲ ကိုယ့်မှာရှိလာတဲ့ အရာတွေကို မျှဝေဖလှယ်ပြီး တစ်ယောက်နဲ့တစ်ယောက် လက်တွဲကူညီကာ ကျင့်ကြံသုံးစွဲ အသုံးပြုကြမယ် ဆိုရင်ဖြင့် အရာအားလုံးက အသေးအမွှားကအစ အာလုံးပြည့်စုံ နေမှာပါ။ ပတ်ဝန်းကျင်ကြီးလည်း လှပနေမှာပါနော်။
ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။

Tuesday, November 11, 2008

Alphabet တွေမှပြောသောစကားများ


ဒီတစ်ခါတော့ ကိုယ့်နာမည်ကို အင်္ဂလိပ်လို ပေါင်းပြီး သင်ဟာ ဘယ်လိုလူမျိုး၊ ဘယ်လိုစိတ်ဓာတ် ရှိတဲ့လူလဲ ဆိုတာကို ကြည့်ကြရအောင်နော်။ မိမိနာမည်ကို အင်္ဂလိပ်လို ချရေးလိုက်ပါ။ အဲဒီမှာ စာလုံးတစ်လုံး ချင်းစီရဲ့ အဓိပ္ပါယ်လေးတွေကို ဖတ်ကြည့်ရင်း သင့်ရဲ့ စိတ်နေ စိတ်ထားကို သိနိုင်ပါတယ်တဲ့။ ၁၀၀% မှန်ရမယ်လို့ မဆိုလိုပါဘူး။ တိုက်ဆိုင်ရင်လည်း တိုက်ဆိုင်မယ်။စာလုံးတိုင်း စာလုံးတိုင်းမှာ သူ့အဓိပ္ပါယ်နဲ့ သူရှိပါတယ်တဲ့။

ဥပမာ ပြောမယ်နော်၊ အိပ်မက် ဆိုတာကို အင်္ဂလိပ်လို ပေါင်းတော့ DREAM ဒါဆိုရင် သူ့အဓိပ္ပါယ် လေးတွေ ကြည့်ကြ ရအောင်နော်

D-အယုံလွယ်သူ
R-အပေါင်းအသင်းမင်တတ်သူ
E-စိတ်လှုပ်ရှားလွယ်သူ
A-ရင်ထဲခံစားရသည့် အရာကို ထုတ်ဖော် မပြောတတ်သူ
M-ကိုယ်လုပ်ခဲ့သည့် အရာအတွက် အောင်မြင်မှု အလွယ်တကူ ရရှိခံစားနိုင်သူ
ဆိုပြီးသိနိုင်ပါတယ်။

အစအဆုံးဖတ်ချင်ရင်တော့
A-ရင်ထဲခံစားရသည့် အရာကို ထုတ်ဖော် မပြောတတ်သူ
B-အရာရာသတိရှိသူ
C-အရှက်ကြီးသူ
D-အယုံလွယ်သူ
E-စိတ်လှုပ်ရှားလွယ်သူ
F-လူတိုင်းရဲ့ချစ်ခင်ခြင်းကိုခံရသူ
G-အကောင်းမြင်ဝါဒရှိသူ
H-သမာသမတ်မရှိသူ
I-အမြဲပျော်ပျော်နေတတ်ပြီး၊သူတစ်ဖက်သားကိုလည်းပျော်စေတတ်သူ
J-မနာလိုတတ်သူ
K-အသစ်အဆန်းကို အမြဲစမ်းသပ်နေသူ
L-အချစ်ကို ကိုးကွယ်သူ
M-ကိုယ်လုပ်ခဲ့သည့် အရာအတွက် အောင်မြင်မှု အလွယ်တကူ ရရှိခံစားနိုင်သူ
N-အလုပ်အကိုင် အတည်အကျ မလုပ်ချင်ဘဲ ခဏခဏ ပြောင်းတတ်သူ
O-ပွင့်လင်းတတ်သူ
P-ဖော်ရွေတတ်ပြီး နာလည်မှု့ မပေးနိုင်သူ
Q-တစ်ကိုယ်ကောင်းဆန်သူ
R-အပေါင်းအသင်း မင်တတ်သူ
S-စိတ်အပြောင်းအလဲမြန်သူ
T-စိတ်သဘောထား အင်မတန်ကြီးမြတ်သူ
U-အဆင့်အတန်း ခွဲခြားတတ်သူ
V-ခန္ဒာကိုယ်အချိုးအစားပြေပြစ်ချောမောသူ
W-တစ်ကိုယ်တည်းသီးသန့်နေလိုသူ
X-သူများအပြောမခံချင်သူ
Y-အကြောင်းမရှိဘဲ စိတ်ပူပန် တတ်သူ၊စိုးရိမ် ကြောင့်ကြနေသူ
Z-အမြဲရန်လို တတ်သူ၊ပြဿနာတွေကို ဖန်တီးသူ

ဒီလောက်ပါဘဲ။ သင်တို့ နာမည်ကိုလည်း အင်္ဂလိပ်လို စာလုံးပေါင်း ကြည့်ပြီး၊ ကိုယ်ဟာ ဘယ်လိုလဲဆိုတာ သိနိုင်တာပေါ့နော်။

မေးလ်ပေးပို့သည့် နိုင်ငံခြားသား သူငယ်ချင်းတစ်ယောက်ရဲ့ မေးလ်ကို ဆီလျော်အောင် မြန်မာမူ ပြုလိုက်တာပါ။

တစ်စုံတစ်ရာ မှားယွင်းခဲ့သည် ရှိသော် ဘာသာပြန်သူ မက်မက်ခေါ် Dream ၏ညံ့ဖျင်းမူကြောင့်သာ ဖြစ်ပါသောကြောင့် နားလည်ပေး နိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊
:) :)

Sunday, November 9, 2008

ကလေးအဖေဘယ်သူလဲ


သုံးနှစ်သမီးလေးကို အဖေလုပ်တဲ့သူက အိပ်ရာဝင် ပုံပြင်လေး ပြောပြပြီး ချော့သိပ်လေသည်။ ပုံပြင်လေး ဆုံးသွားလျှင် သမီးလေးမှ "အမေ့ကို ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖေဖေ့ကို ဘုရားသခင် စောင့်ရှောက် ပါစေ၊ဖွားဖွားကိုလည်း ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖိုးဖိုးရေ နှုတ်ဆက်ပါတယ်၊" ဒီတော့ အဖေက" သမီး၊ ဘာလို့ အဖိုးကျမှ နှုတ်ဆက်ပါတယ် လို့ပြောရတာလဲ" သမီးက "မသိဘူးဖေဖေ၊ တခုခုပေါ့တဲ့၊ နောက်တနေ့ အဘိုးလုပ်သူ ဆုံးလေသည်။ အဖေလုပ်သူက ထူးထူးဆန်းဆန်း ဖြစ်နေလေသည်။ နောက်လ အနည်းငယ် ကြာတော့သူ့ သမီးလေးကို အိပ်ရာဝင် ပုံပြင်လေး ပြောပြီး အိပ်ရာဝင်ခဲ့လေသည်။ သမီးလေးက ထုံးစံအတိုင်း မေမေ့ကို ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖေဖေ့ကို ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖွားဖွားကို နှုတ်ဆက် ပါတယ်လို့ ပြောလေသည်။ နောက်တစ်နေ့ အဖွားလုပ်သူ ဆုံးလေသည်။ ဘုရားဘုရား... ဒီကလေးမှာ ကြိုတင်သိနိုင်တဲ့ အာရုံများ ရနေပြီလား၊ ပထမတစ်ခေါက်က အဖိုး၊ ဒုတိယအဖွား၊ အသီးသီး သေဆုံးကြရပြီ၊ နောက်တစ်ယောက် ဘယ်သူဖြစ်ဦးမလဲလို့ တစ်ကိုယ်တည်း စဉ်းစားနေလေသည်။ ရက်သတ္တပတ် အနည်းငယ်မှာ အရင်အတိုင်းပဲ ပုံပြင်ပြော အပြီးမှာ သမီးလေးက မေမေ့ကို ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖေဖေ့ကို နှုတ်ဆက်ပါတယ် လို့ပြောပြီး ထုံးစံအတိုင်း အိပ်ရာဝင် ခဲ့လေသည်။ သမီး၏ စကားကြောင့် အဖေ လုပ်သူ ရုတ်တရက် ထိတ်လန့် သွားလေသည်။

အဲဒီညက တစ်ညလုံး သူအိပ်လို့ မရခဲ့၊ မနက် အလုပ်သွားတော့ စိုးရိမ်စိတ်တွေနှင့် နာရီတကြည့်ကြည့်နဲ့ သူစဉ်းစားလေသည်။အကယ်၍သာ ညသန်းခေါင် အထိဘာမှမဖြစ်လျှင် သူအတွက် စိတ်ချရပြီ၊ ဒါကြောင့် အိမ်မပြန်ဘဲ ရုံးခန်းမှာပဲ ဒီညကို ဖြတ်သန်းမှ ငါ့အတွက် စိတ်ချရမယ် လို့ဆုံးဖြတ်လိုက်လေသည်။ ဒီလိုနဲ့ အချိန်တိုင်း နာရီတကြည့်ကြည့် သက်ပြင်းတချချနဲ့ သန်းခေါင်ယံအချိန် ကျော်လွန်ဖို့ကို စိုးရိမ်စွာနဲ့ စောင့်ဆိုင်း နေရလေသည်။ ဒီလိုနဲ့ ညသန်းခေါင် ကျော်လွန်တော့မှ အိမ်ကိုပြန် လာလေသည်။ အိမ်ရောက်တော့ ဇနီး ဖြစ် သူမှ"ရှင်တစ်ခါမှ အိမ်ပြန် နောက်မကျ ဖူးပါဘူး၊ ဘာကိစ္စကြောင့် အိမ်ပြန် နောက်ကျတာလဲ။ လို့မေးလေသည်။ "ရှင်မရာ၊ ငါ့ဘ၀ရဲ့ အဆိုးဆုံး နေ့ရက်ကို ဖြတ်သန်း နေရလို့ပါ။ ဒီအကြောင်းတွေ ငါမပြောချင်တော့ ပါဘူးဟာ။ "ရှင်တစ်ယောက်ပဲ အဆိုးဆုံး နေ့ရက်တွေ ရှိတယ်ထင်လား။ ဒီမှာ ဘာတွေဖြစ်လဲဆိုတာ ရှင်သိမှာ မဟုတ် ပါဘူး၊" "ဟေ..ဘာဖြစ်လို့လဲ" "ကျွန်မတို့ အိမ်နားကဂျိန်းကို ရှင်သိတယ် မဟုတ်လား၊ ဒီမနက်ကပဲ သူရုတ်တရက် သေသွားပြီလေ"တဲ့။

ဟားဟားဟား...တစိမ့်စိမ့် တွေးပြီးမှ ရယ်နော်..ကဲဒါဆို ကလေးအဖေက ဘယ်သူလဲ..ဟိဟိ... :P :P
မူရင်းအင်္ဂလိပ် ဟာသလေးက ပိုရယ်ရတယ်။မက်မက်ရေးတာ သိပ်မရယ်ရရင် ကလိသာထိုးရယ်နော်... ဟီးဟီး..
ကဲ..အားရပါးရသာ ရယ်နော်.. မရယ်ရင် ကလိလာထိုးမှာ.. ဟွန်း.. :P :P

Friday, November 7, 2008

ကိုယ့်ဘ၀နဲ့ကိုယ်၊မင်းဘ၀နဲ့မင်း

ဟိုးရှေးရှေးတုန်းကတဲ့ ခင်ပွန်းဖြစ်သူက တစ်နေကုန် အလုပ်လုပ် နေရတော့ ဇနီးဖြစ်သူက အိမ်မှာပဲ ကျန်ခဲ့တာကို ယောက်ျားဖြစ်သူက မကျေမနပ်ဘူးတဲ့။ ဒါကြောင့် သူဘယ်လောက် ပင်ပန်းတယ် ဆိုတာကို သူ့မိန်းမဖြစ်ကို သူသိစေချင်တယ်။ တစ်နေ့ယောင်္ကျား ဖြစ်သူက ဘုရားသခင်ဆီမှာ ဆုတောင်းတယ်။်ဘုရားသခင် ၊ကျွန်တော်မျိုးက အလုပ်ကို နေ့တိုင်းသွားလုပ်ရပြီး တစ်နေ့ကို အလုပ်ချိန် ၈နာရီ ကြာမြင့်အောင် ပင်ပင်ပန်းပန်း အလုပ်လုပ် နေရချိန်မှာ ကျွန်တော်မျိုးရဲ့ ဇနီးဖြစ် သူကတော့ အိမ်မှာ မပူမပင်နဲ့ နေနေရတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ နှစ်ယောက်၏ ခန္ဓာကိုယ်ကို တစ်ရက်လောက် ဖြစ်ဖြစ်ပြောင်းလဲ ပေးပါလို့ ဆုတောင်း လိုက်လေသည်။ ယောက်ျားဖြစ်သူရဲ့ တောင်းဆုကြောင့် နောက်နေ့မှာ ယောင်္ကျားလုပ်သူက မိန်းမဖြစ်သွားပြီး မိန်းမလုပ်သူက ယောင်္ကျားအဖြစ် ပြောင်းလဲသွားတယ်တဲ့။

မိန်းမဘ၀ ရောက်သွားတော့ မနက်အိပ်ရာ စောစောထ၊ အိမ်သားတွေအတွက် မနက်စာ ပြင်ဆင်၊ ကလေးတွေကို ကျောင်းသွားဖို့နိုး၊ သူတို့အတွက် ကျောင်းဝတ်စုံ ၀တ်ပေး ၊ပြီးရင်သူတို့တွေကို မနက်စာကျွေး၊ ကျောင်းမှာ အစာစားဖို့ အတွက်ထမင်းဘူး ပြင်ဆင်ပေး၊ ပြီးရင်ကလေးတွေကို ကျောင်းကိုလိုက်ပို့၊ အိမ်ကို ပြန်ရောက်တော့ ကလေးတွေ ၀တ်ခဲ့တဲ့ အ၀တ်အစားကို လျှော်ဖို့ ဒိုဘီိပို့၊ တစ်ခါတည်း ဘဏ်ကိုဝင်ငွေထုတ်၊ လိုအပ်တာတွေ အတွက်ဈေးဝယ်။ ပြီးရင်အိမ်ကိုပြန်လာ၊ ၀ယ်လာတဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူထား၊ ပေးစရာရှိတဲ့ ဘေလ်တွေဆောင်၊ လက်ကျန်ငွေကိုစစ်၊ စာရင်းဇယားလုပ် ၊ပြီးတာနဲ့ တိုလီမုတ်စတွေကို သန့်ရှင်းရေးလုပ် ၊ အိမ်မှာ မွေးထားတဲ့ ခွေးကို ရေချိုးပေး၊ နာရီကြည့် လိုက်တော့ နေ့လည်1နာရီ လောက်ရှိနေပြီ၊ အိပ်ခန်းကို သန့်ရှင်းရေးလုပ်၊ လျှော်စရာ ရှိတာကိုလျှော်၊ တံမျက်စည်းလှဲ၊ ကြမ်းတိုက်၊ မီးဖိုဆောင်ကို သန့်ရှင်းရေးလုပ်၊ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ကလေးတွေကို ကျောင်းသွားကြို၊ ကလေးတွေနဲ့ အငြင်းအခုန် လုပ်တမ်း တစ်လမ်းလုံး အိမ်ရောက်တဲ့ အထိကစား လာခဲ့တယ်။ အိမ်ရောက်ရင် သူတို့အတွက် နွားနို့နဲ့မုန့် ကျွေးပြီး သူတို့နဲ့ အိမ်စာလုပ်တာကို ထိုင်စောင့်ပေးရတယ်။ အဲလိုထိုင်စောင့်ရင်းနဲ့ မီးပူတိုက်ရတယ်၊ မီးပူတိုက်ရင်းနဲ့ တီဗီကြည့်၊ ဒီလိုနဲ့ ညနေ43း0လောက်မှာ ညစာအတွက် အသုပ်လုပ်ဖို့ လိုအပ်တဲ့ ခရမ်းချဉ်သီး၊ အရွက်တွေနဲ့ ၀က်သားကို ရေဆေး၊ပြီးရင် ညနေစာ ပြင်ဆင်ချက်ပြုတ်၊ ညလယ်စာ အတွက်လည်း ပေါက်ပေါက်ဆုတ် လုပ်ထားရသေးတယ်။ အားလုံးပြီးတော့ ညနေစာစား၊ စားပြီးထား ပန်းကန်ဆေး၊ အ၀တ်လှန်းထားတာတွေရုတ်၊ အ၀တ်ခေါက် ၊ပြီးတာနဲ့ ကလေးတွေကို ရေချိုးပေး၊ ပြီးတော့ ကလေးတွေကို အိပ်ရာထဲမှာ ချော့သိပ်၊ ဒီလိုနဲ့ည9.30လောက် လူလည်း တော်တော် ပင်ပန်းနေပြီ၊ဒါတောင် အိမ်မှုကိစ္စတွေက မပြီးသေးဘူး။

ဒီလိုနဲ့ သူလည်း ဖတ်ဖတ်မောပြီး ပန်းနေတာကြောင့် သူ့ကြင်ယာနဲ့ အတူတူ အိပ်ရာဝင် ခဲ့တယ်လေ။ နောက်တနေ့ နံနက်မှာ သူ့ဘ၀ကို ချက်ချင်းပြန် သတိရသွားပြီး ဘုရားသခင်ကို ဒူးထောက် ငိုကြွေးပြီး ပြောတာပေါ့။ အို...ဘုရားသခင်၊ ကျွန်တော်မျိုး အမှားကြီးမှား ခဲ့လေသည်။ ဇနီးသည်ကို နေ့တိုင်းအိမ်မှာ အေးအေးဆေးဆေး နေရတယ်ဆိုပြီး အရမ်းအားကျ ခဲ့မိပါတယ်၊ ဒါကြောင့် သူလိုနေချင်၍ မှားယွင်းစွာ ကြံစည်မိပါတယ်။ ညှာတာခွင့်လွတ်သော အားဖြင့် ကျွန်တော်မျိုး၏ ဘ၀အမှန်ကို ပြန်ပေးသနား တော်မူပါ၊ လို့တောင်းဆိုလေသည်။

ဘုရားသခင် ကလည်း ငါ့သား၊ မင်းလည်း သင်ခန်းစာ ရနေလောက်ပြီ လို့သိတော်မူတယ်၊ အကယ်၍ မင်းဘ၀အမှန်ကို မင်းပြန်လိုချင်ရင်တော့ ငါကိုယ်တော် ပြန်လည်ပြောင်းလဲ ပေးပါ့မယ်။ ဒါပေမယ့် နောက်၉လစောင့်ပါ။ မနေ့ညကစပြီး မင်းမှာ ကိုယ်ဝန် တည်နေပြီလို့ ပြောလိုက်လေသည်။

ကိုယ့်ဘ၀နဲ့ကိုယ်သာ~~~~ရှိပါစေတော့~~~ရှိပါစေတော့လေ~~~ ဟဲဟဲ...စိုးစန္ဒာထွန်း သီချင်းနဲ့ ရောကုန်ပြီ... ဟီးဟိ... :P :P

ကဲ..ဦးဦးတို့ရေ..တစ်ကယ်တော့ အိမ်ထောင်ရှင် မိန်းကလေးတွေရဲ့ ဘ၀မှာ အိမ်မှုကိစ္စ ဘယ်လောက်တောင် အလုပ်များ သလဲဆိုတာ သိပြီလား။ ဒါကြောင့် အဲဒီပုံပြင် ထဲကလို
အားကျပြီး မိန်းမဘ၀ကို လိုက်မပြောင်းနဲ့နော်။ အဲလို အလုပ်များနေတဲ့ ကိုယ့်အိမ်ထောင်ဖက်ကို စာနာရင် ကူညီပါ။ အိမ်ထောင်ရှင် အမျိုးသမီးတွေ ဘယ်လောက် ပင်ပန်းလဲဆိုတာ ခုတော့ သိပြီလား။ :P

English joke ကိုမတောက်တခေါက် ပညာလေးနဲ့ ဆီလျော်အောင် ဘာသာပြန် ရေးပေးတာပါ။ အမှားရှိခဲ့ရင် နားလည်ပေးပါ။
:)

Saturday, November 1, 2008

အလုပ်မှာအဆင်မပြေဖြစ်နေရင်


တစ်ခါတစ်လေ ၀န်ထမ်းတိုင်းဟာ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရတာ အဆင်မပြေ ဖြစ်တတ်ကြပါတယ်။ အဲဒီထဲမှာ မက်မက် တစ်ယောက်လည်း အပါအ၀င်ပေါ့လေ။ တစ်ခါတစ်ခါ ကိုယ်က အမှားမလုပ်ပဲနဲ့လည်း အလုပ်မှာ ရောယောင်ပြီး သူဌေးရဲ့ ဆူတာကို ခံရတတ်ပါတယ်။ ဒါဆိုကိုယ်က အလုပ်သမား ဖြစ်နေတော့ ပြန်ပြောလို့လဲ မသင့်ဘူးလေ။ ပြန်ပြောရင်လည်း ကိုယ်ကသူ့ရဲ့ အလုပ်သမား ဆိုတော့ အားမသာ ဘူးလေနော့။ အဲဒါဆိုရင် သူဌေးကို မကြေနပ်တဲ့ စိတ်တွေနဲ့ တစ်နေ့လုံး ရုံးမှာ စိတ်မပျော် တော့ဘူးပေါ့။ :# ဒါဆို ဘယ်လိုမျိုး လုပ်ရမလဲ၊ သူ့ဆီရောက်နေတဲ့ ကိုယ့်ဒေါသတွေကို သူမသိအောင် ဘယ်လိုတုံပြန်မလဲ။ :d လုပ်ငန်းခွင်မှာ ကိုယ့်အထက် အရာရှိကို ပြန်ပြောရင်လည်း ၀န်ထမ်းကောင်း တစ်ယောက်မဟုတ်ဘူးလေ။ အဲဒီတော့ ကိုယ့်ဒေါသတွေကို ယဉ်ယဉ်ကျေးကျေးလေးနဲ့ ဒီလိုလေး တုံ့ပြန်လိုက်တော့ ပိုကောင်းတာပေါ့နော့။ လုပ်ကြည့်ရမယ့် အချက်ကတော့ ၆ဆင့်ပဲရှိပါတယ်။လုပ်ကြည့်လိုက်ပါ။ ဟီးဟီး.. :P :P :z

1.ကွန်ပြူတာထဲကနေ ဖိုင်တခုကိုဖွင့်လိုက်ပါ။
2. Fileနာမည်ကို Boss လို့ပေးလိုက်။
3. အဲဒါကို Recycle Bin လို့ခေါ်တဲ့အမှိုက်ပုံးထဲထည့်လိုက်။
4. ပြီးရင်အမှိုက်ပုံးမှာRight click နှိပ်ပြီး အမှိုက်ပုံးထဲကကိုတခါထဲထုတ်ပစ်လိုက်။ :P
5. အဲဒီမှာ ကွန်ပြူတာက မေးပါပြီ၊ မင်းရဲ့ သူဌေးကို အမှိုက်ပုံးထဲက လုံးဝသွန်ပစ် မှာလားလို့မေးရင်
6. ဟုတ်ကဲ့ လို့သာဖြေလိုက်။
:z
ဒါဆိုခံစားချက်လေးတွေပေါ့သွားတာပေါ့။ :z :k
ကဲ.. ဘယ်လိုလဲ.. သူဌေးအပေါ်ဒေါသထွက်တာ ပျောက်သွားပြီလား။ ရူး...တိုးတိုး..သူမသိစေနဲ့ဦးနော်။ :x :P :r

Monday, October 27, 2008

ဘယ်သူ့ကိုအချစ်ဆုံးလဲ?

လက်ထပ် ထားပြီးတဲ့ Asian ယောင်္ကျားတွေမှာ
ဇနီးတစ်ယောက်နဲ့ ရည်းစားတစ်ယောက်ရှိရင်
သူတို့ရဲ့အချစ်တွေကဇနီးကိုပိုလို့ချစ်ကြပါတယ်တဲ့

လက်ထပ်ထား ပြီးတဲ့ American ယောင်္ကျားတွေမှာ
ဇနီးတစ်ယောက်နဲ့ ရည်းစားတစ်ယောက်ရှိရင်
သူတို့ရဲ့အချစ်တွေက ရည်းစားကိုပဲပိုပါတယ်တဲ့။

လက်ထပ်ထား ပြီးတဲ့ Arabယောင်္ကျား တွေမှာတော့
ဇနီးလေးယောက် ရည်းစားလေးယောက်ရှိသော်လည်းပဲ
သူတို့ရဲ့ အချစ်တွေက အိမ်ဖော်မလေး တွေကိုပဲပိုပြီး အချစ်ပိုပါတယ်တဲ့

ဟဲဟဲ.. ကဲ..ဦးဦးတို့ကရော..ဘယ်သူ့ကိုအချစ်ပိုကြလဲ...???

ဒါကြောင့်လေ..မက်မက်က အတွေးလေး ၀င်လာလို့ ရေးမိလိုက်တယ်..ဟဲဟဲ..စိတ်ဆိုးရဘူးနော်.. ဟီးဟီး.. :P

အော်...ယောက်ျား..ယောက်ျား..
မာယာတစ်သိန်းနဲ့ ပလီပလာ လှည့်ဖျား
ကွယ်ရာဖောက်ပြား
သင်ဟာယောက်ျား

အော်..မိန်းမ...မိန်မ..
အကြင်နာစိတ်နဲ့ အသေအချာချစ်ခဲ့
နောင် သံသရာ မဆုံးတဲ့
ထာဝရ...ချစ်မဲ့....
အိုဘ့ယ်..ထိပ်ထား...

ကဲ...ဦးဦးတို့.. ချိတ်ချိုးနဲ့နော်.. ခင်ယို့ရှတာ.. ဟီးဟီး..