Subscribe:
Showing posts with label ကဗျာအပိုင်းအစ. Show all posts
Showing posts with label ကဗျာအပိုင်းအစ. Show all posts

Friday, January 8, 2010

မမြင်နိုင်သောမျက်ရည်

ကိုယ့်ဘ၀ ကိုယ့်အကြောင်း
ကိုယ့်စိတ်ကိုယ်သာကိုယ်သိသမို့
ငါတယောက်ထဲ ကြိတ်ငိုနေတာကို
နင်လေသိမလား...

အရာအားလုံး မပြေလည်တာတွေ များတဲ့ငါ
အားပေးမယ့်သူ ဝေးလို့
ကံကြမ္မာကလဲ အခွင့်မပေးခဲ့ဘူး။

ဘ၀ဆိုတာ
ချိုတစ်ခါ ခါးတလှည့်
သိနေပေမယ့်လဲ
မာသလိုနဲ့ ပျော့နေတဲ့ငါ့စိတ်
ငါကိုယ့်ငါ အစိုးမရလို့
ဝမ်းနည်းမှုတွေကို ခါးစောင်းတင်ခါ
ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့တယ်။

စိတ်ချမ်းသာ ပျော်စေချင်တဲ့ ငါ့ရင်ထဲကို
မာန်ရိုင်းတွေက ရစ်သီရစ်သီလုပ်တော့
စိတ်မစာမကြေ၊ မြင်သမျှ
ခါးသည်းလို့ အံတုခါ
ခ၀ါချနိုင်ပေမယ့်
ခုဆိုငါအားလုံးနဲ့ ဝေးရာမှာ........

ငါသိပ်ပျော်တယ်၊
ဟုတ်တယ်၊ ငါသိပ်ပျော်နေတယ်။
ဒါပေမယ့် မျက်ဝန်းမှာ
မမြင်နိုင်တဲ့ မျက်ရည်တွေနဲ့။


ခုတလော အလုပ်ကလဲ သိပ်အဆင်မပြေ၊ စိတ်ဓာတ် တွေကကျနဲ့ အရာအားလုံး အဆင်မပြေတာတွေ များနေတော့ကိုယ့်ကို အပေါင်းအသင်းတောင် လုပ်ချင်တဲ့ သူတောင် မရှိသလောက် ပါပဲလို့တောင် တစ်ခါတစ်ခါ အားငယ်တဲ့ အချိန်မှာ ခံစားရတယ်။ အဆင်မပြေ တာတွေကြောင့် အရာရာကို စိတ်အားငယ် ပေမယ့်လဲ ဘ၀ဆိုတာ ဒီလိုပါပဲလေ....နော်...လူတိုင်းမှာ အခက်အခဲ ဆိုတာတော့ ရှိကြစမြဲပါ။ ဒါတွေကို သင်ခန်းစာယူပြီး အထက်ကို တက်လှမ်းနိုင် ရမှာပေါ့လို့ ကိုယ့်ကိုကိုယ် အားပေးခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ အဖက်ဖက်က စိတ်ညစ်နေတဲ့မက်မက် အလုပ်အသစ်ကို ရှာခဲ့တာ အခုဆိုရင် ၈၀% အောင်မြင် သွားပါပြီ လို့ဆိုရမယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာပါတယ်။ ပျော်ပါတယ်။


Thursday, August 13, 2009

ပေးအပ်ပါရစေ

အနမ်းတွေ ပျိုးချခဲ့တဲ့ နေ့တုန်းက
ငါ....က သူရဲကောင်းကြီးပေါ့
ကမ္ဘာကြီး တစ်ခုလုံးလည်း လင်းပြလို့ပေါ့
ရင်ခုန်သံ တိုးဖွဖွမှာ ချစ်သူရယ်သံက
စည်းချက်သံ တချပ်ချပ် လိုက်တယ်..။

ကောင်းကင်ကြီးရယ်
လေညှင်းလေးရယ် ချစ်သူရယ်သံရယ်
ပြီးတော့ ခိုးကြောင်ခိုးဝှက် အနမ်းတစ်ချို့ရယ်
ပြီးပြည့်စုံခြင်းထက် ပိုမိုပြီး ပြည့်စုံ ခဲ့ပါတယ်။

အလင်းနှစ်ထက် လျှင်မြန်တဲ့
သတိရခြင်းတွေ တပွေ့တစ်ပိုက်ကြီးနဲ့
ချစ်သူကို လွမ်းရတာ
အာရုဏ်ဦးမှာ ပွင့်တဲ့ပန်းလို
မျှော်လင့်ချက်တွေ မွှေးမြလန်းဆန်းတယ်။

မြှားအစင်းပေါင်း ထောင့်ငါးရာ
တိုက်ရိုက်မှန်တဲ့ ရင်ဘတ်မှာ စူးနစ်ခဲ့ပြီး
နှလုံးသား တစ်ခုလုံးလည်း မိုးရွာချ ထားခံရသလို
စိမ်းလန်းဖူးငုံ တစ်လောကလုံး သာယာတယ်။

အပြာရောင်တွေ ရွှဲရွှဲစိုပြီး
ရင်ဘတ် တစ်ခုလုံး ဆေးကြောတဲ့နေ့
ရင်ခုန်သံ တစ်ခုလုံးက
လင်းမြတုန်ခါပြီး စိုတောက်နေခဲ့တယ်

ချစ်ခြင်းတို့ ပွင့်တဲ့အချိန်
ဗီးနပ်စ်တောင် ပါးစပ်အဟောင်း သားနဲ့ပေါ့။
မပျိုးပဲ ရွာချခဲ့တဲ့ မိုး
မငြိုးပဲ ဒဏ်ရာတွေ မပေးပါနဲ့လား
စံပယ်ရဲ့ ဖြူစင်ခြင်းမျိုးနဲ့
ငါ့ဘ၀ တစ်ခုလုံး မင်းလက်ထဲ အပ်ခဲ့ချင်တယ်။

မက်မက်လဲ အခုတလော လုံးဝကို မအားတာပါ။ အပျင်းကြီး နေတာလဲ ဟုတ်ပါတယ်။ ဘလော့ဘက်ကို လုံးဝမလှည့် နိုင်တာပါ။ အဟား...အဲလိုအစွဲအလမ်းတွေ လျှော့ပါးနေတာ။ဒါတောင် ကိုဘိုဘို(ဦးမောင်ဟတ်)ရဲ့ တက်ဂ်ကြွေးတွေကို ရေးပေးရမှာ သိပေမယ့်လဲ ရှေ့မျက်နှာ ရှေ့ထားပြီး မသိချင် ယောင်ဆောင်နေတာ။ ဘယ်နေ့လာဖွ ဦးမလဲ မသိဘူး..း) နောက်နေ့တွေမှာ ဘလော့ဂ်ဘက် လှည့်နိုင်အောင် ကြိုးစားပါမည်။း)

ဒီကဗျာ လေးကိုတော့ မက်မက်ရေးတာ မဟုတ်ပါဘူး။ ခေါင်းစဉ်မပေးပဲ ပေးပို့လာလို့ ကဗျာ ခေါင်းစဉ်လေးပဲ ကိုယ့်ဟာကို တပ်ပေးလိုက်တာပါ။ ဒီကဗျာကို အရင်တုန်းက ၀တ္ထုရေးသားမှု အရမ်းတော်တဲ့ ဘလော့ဂ်ကာ တစ်ယောက်က ရေးပို့ပေးတာပါ။ သူကတော့ အခုဘလော့ဂ် ရေးသားခြင်း မပြုတော့ပါဘူး။ သူ့မှာ ဘလော့မရှိ တော့ပေမယ့် မက်မက်ဘလော့ဂ်မှာ တင်ပေးပါဆိုပြီး တောင်းဆိုလာလို့ပါ။ သူ့နာမည် ဟောင်းကိုတော့ မပြောတော့ဘူးနော်။ မက်မက်ရေ နာမည်ဟောင်းကြီး မသုံးချင်ဘူး၊ နာမည်အသစ် တစ်ခုပေးဆိုတော့ စဉ်းစားလိုက် တဲ့အခါမှာ လင်းသံစဉ် လို့သူ့ကို ပေးခဲ့လိုက်တယ်။ (ဟင့်...စံဇာဏီဘိုဆီ သွားတွက်ရင် ပိုက်ပိုက်ကုန်ဦးမယ်။ အခုတော့ နာမည်ပေး ကင်ပွန်းတက်တာ မုန့်လဲမစားရဘူး။ ဟိဟိ..)ကဲ...ပရိသတ်ကြီးရေ...အခုသူ့ရဲ့ နာမည်သစ် လေးကတော့ လင်းသံစဉ်ပါ။ အားပေးလိုက် ကြပါဦးနော်။ ရွှီး...ဖြောင်း..ဖြောင်း(လက်ခုပ်သံနော်...) ဟိဟိ :P

Wednesday, July 15, 2009

ထာဝရငြိမ်းချမ်းရာကောင်းကင်ဘုံသို့


ဟန်ဆောင်အပြုံး
လိမ်ညာတွေသုံးလို့
နင့်အပြောချိုချိုမှာ
ယစ်မှုးမိတဲ့.....
ငါ့နှလုံးသားလေး
အခုတော့....
ပိုးစားခံရပြီပေါ့။

အချိုကျွေးလွန်းတဲ့....နင်နဲ့
အချိုကြိုက်တဲ့...ငါ
ဘယ်သူမှ မလွန်ပေမယ့်
ပိုးစားခံလိုက်ရတဲ့
ငါ့နှလုံးသားလေး
အခုတော့....
ဓားစာခံ စတေးလိုက်ရပြီ။

ဝမ်းနည်းလွန်းလို့
ငိုချင်းချမိတဲ့ငါ့ကို
အခုတော့....
မြစ်နဒီတောင် လက်မှိုင်ချလို့
ကောင်းကင်တောင်
ဒူးထောက်အရှုံးပေးလိုက်ရပေါ့။

အငိုလွယ်ပေမယ့်
အရှိုက်ခက်တဲ့ ငါ
အခုတော့......
ရရှိလိုက်တာက
အကြင်နာမဟုတ်တဲ့
ခံစားမှု ဝေဒနာပေါ့။

တွေ့ကြုံဆုံကွဲ
ဖြစ်မြဲဓမ္မတာမို့
ပျယ်လွင့်သွားတဲ့
အိပ်မက်တစ်ခုအတွက်
အခုတော့....
ငါနောင်တမရချင်ပါဘူး

နိုးတ၀က် အိပ်တ၀က်နဲ့
ကြည့်မိလိုက်တဲ့ တခဏ
အရာအားလုံး
ဝိုး၀၀ါးနဲ့ ငါ့ရှေ့မှာ
အခုတော့......
ပျောက်ဆုံးလို့ သွားပေါ့။

မညီမျှခြင်းများစွာနဲ့
ထပ်တူကျနေတဲ့
တွေ့ဆုံခြင်းအစဟာ
ခွဲခွာခြင်းဆိုရင်
အဲဒီ...နိယာမကို
လက်ခံတဲ့ငါ
ပျံသန်းနေမယ့်
ဦးတည်ရာအရပ်က
အခုတော့........
ထာဝရ ငြိမ်းချမ်းရာ
ကောင်းကင်ဘုံသို့........

သီချင်းနားထောင်မိရင်း မရေးတတ် ရေးတတ်နဲ့ ရေးမိရေးရာ ရေးလိုက်တာပါ။ ဘာမှတော့ မဟုတ်ပါဘူး။သဘောလေး သက်သက်ပါ။ :P


Monday, June 8, 2009

ဒွိဟစိတ်


စားမယ် ၊ မစားဘူး။
သွားမယ် ၊ မသွားဘူး။
နားမယ် ၊ မနားဘူး။
အိပ်မယ် ၊ မအိပ်ဘူး။
ခေါ်မယ် ၊ မခေါ်ဘူး၊
နေမယ်၊ မနေဘူး။
ပြောင်းမယ် ၊ မပြောင်းဘူး။
ချစ်တယ်၊ မချစ်ဘူး။
မုန်းတယ် ၊ မမုန်းဘူး။
ပျော်တယ် ၊ မပျော်ဘူး။
စိတ်ညစ်တယ် ၊ စိတ်မညစ်ဘူး။


((((((((( အား)))))))))))))))))))

မသိတော့ဘူး ၊ ဘာမှကို မသိတော့ဘူး :( စိတ်ရှုတ်လာပြီ။ဘာလုပ်ရင် ကောင်းမလဲ ? Yes Or No တစ်ခုခုတော့ လုပ်မှဖြစ်မယ် ။ ပြောကြပါဦး။

Monday, June 1, 2009

အကယ်၍(သို့)IF


‘အကယ်၍’

If you can keep your head when all about you,
Are losing theirs and blaming it on you,

အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

If you can trust yourself when all men doubt you,
But make allowance for their doubting too,

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

If you can wait and not be tired by waiting,
Or, being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise,

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;


အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

If you meet with Triumph and Disaster,
And treat those two impostors just the same;

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,.
And stoop and build’em up with worn-out tools:

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings,
And risk it on one turn of pitch-and-toss.
And lose, and start again at your beginnings,
And never breathe a word about your loss:

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆို ရင်. . . . . .။

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့ အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute,
With sixth seconds’ worth of distance run.

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။
သာ လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,.
And stoop and build’em up with worn-out tools:

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings,
And risk it on one turn of pitch-and-toss.
And lose, and start again at your beginnings,
And never breathe a word about your loss:

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆို ရင်. . . . . .။

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့ အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute,
With sixth seconds’ worth of distance run.

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။

Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။

Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။


Rudyard Kipling
ဘာသာပြန်ဆိုသူဒေါ်အောင်ဆန်းစုကြည်
(Translated by Aung San Su Kyi)

သူငယ်ချင်း တစ်ယောက်မှ ပေးပို့ပေးတဲ့ မေးလ်ထဲက အကြိုက်ဆုံး ဖြစ်တဲ့ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်တဲ့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အချစ်တော် အမေဒေါ်အောင်ဆန်းစုကြည်၏ "အကယ်၍" ဆိုတဲ့ ဘာသာပြန် ကဗျာလေးကို မူရင်းအတိုင်း ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

Saturday, March 14, 2009

ပြန်ဆုံခွင့်


လေသင့်ရာလွင့်သွားတဲ့သစ်ရွက်ဟာလည်း
လေအပင့်မှာပြန်ဆုံခွင့်တွေနဲ့ ။
ရေစုန်မျောသွားပြီးသစ်ရွက်ဟာလည်း
ရေဆန်မှာဆုံဆည်းခွင့်တွေနဲ့ ။
ဝေးကွာမူ့ တွေကြားက
မိုးနဲ့ မြေဟာလည်း
တနေရာမှာပြန်ဆုံခဲ့ကြတယ်။
သို့ သော်လည်း-------- သို့သော်လည်း----- သို့သော်လည်း--- :)

တို့ နှစ်ယောက်ဟာ
သစ္စာတရားတွေနဲ့ ပေါင်းစည်းခဲ့ပြီးမှ
သည်းခံခွင့်လွတ်ခြင်းကင်းမဲ့မူ့ တွေကြောင့်
ပြန်ဆုံခွင့်ဆိုတာ-------
ဘယ်တော့မျှ------

အားပေးတာ ကျေးဇူးနော် ။ ဟတ်ဟတ်....အထင်တွေ ကြီးနေမှာ စိုးလို့ တခါတည်း ပြောလိုက်မယ်.....နော်... မက်မက်ရေးတာ မဟုတ်သလို တီတီဒွင်း ရေးသာလည်း မဟုတ်ဘူး...ခစ်ခစ်.... တော်နေ အထင်တွေ ကြီးနေမှာစိုးလို့...တခါတည်း ပြောလိုက်တာ။ :P ရေးသား သူကတော့ မောင်မြတ်ပါ။ ကျေးဇူးပါ မောင်မြတ်ရေ :)


Saturday, February 21, 2009

*အပြစ်လား*


ခင်ရုံပါဆိုပြီး

ရင်ခုန်စရာ တွေကိုဘာလို့ တွေးတာလဲ။

ရိုးရိုးသိယုံပါဆိုလဲ

ခိုးခိုးကြည့်နေစရာလားလို့  ။

ဖုံးဖိနေတာကို

အပြုံးအကြည့်တွေက သက်သေဘဲပေါ့။

အကြင်နာမပိုသေးရင်လဲ

အရင်လိုလေးပဲ ဆက်ဆံကြတာပေါ့။

တမင်တကာရှေ့ ဆက်တိုးလို့ 

ရင်ထဲမှာ ဒိုးဒိုးဒုတ်ဒုတ်ဖြစ်လာရင်တော့

တို့ အပြစ်မဟုတ်ပါဘူးနော်--------။
အဟား…. ဘယ်လိုလဲ ကဗျာလေးက လန်းတယ်နော်.. ..အထင်တွေ မကြီးနဲ့ မက်မက်ရေးတာ မဟုတ်ဘူး။: P ဒီကဗျာကို ရေးသားသူ အစစ်က မောင်မြတ်ပါ။ မက်မက်ရဲ့ ဘလော့ပေါ်မှာ တင်ခိုင်းတာပါ။ အားပေးလိုက် ပါဦးနော်။ စာရေးသူ အသစ်ကို … အဟီး… ရွှီး..ဖြောင်း…ဖြောင်း…တော်တယ်ဟေ့.... :P

Monday, January 12, 2009

ဘဝ

ဘာသာမသိ၊
သာသနာမရှိ
ဘာဝနာမငြိတဲ့
တို့တွေ..ခန္ဓာ
ကြုံသလိုနေခါ
စေရာလိုစေခဲ့ပြီးပြီ။

ဘ၀ထွေထွေ
သံသရာကွေ့မှာ
ပျော်ချင်တိုင်းပျော်
မော်ချင်တိုင်းမော်
ဖော်ချင်တိုင်းတိုင်းလည်းဖော်ခဲ့ပြီ။



ကဲချင်တိုင်းကဲ
လွဲချင်တိုင်းလွဲ
လဲချင်တိုင်းလဲ
လဲချက်ကွဲချက်တိုင်းလည်းနာခဲ့ပြီ။

ဓမ္မမသိ၊တရားမရှိ
စားလည်းဒီစိတ်
သွားလည်းဒီစိတ်
တဏှာဖက်နွယ်
မောဟပယ်မှ တို့များအသွား မှန်လှမယ်။

မာနတံခွန် ထွတ်ခေါင်ထိပ်ဖျား
တလူလူလွင့်တော့
ဤဘ၀တို့များ လူဖြစ်ရှုံးတော့မယ်။

မာန်ကိုချ၊မာနကိုပယ်
တဒင်္ဂလူ့ရွှာ တိုတိုမှာ
အနေမြတ်ဖို့ အသေတတ်အောင်
တရားရဖို့လိုလိမ့်မယ်။

ဘာရယ်ညာရယ် မဟုတ်ပါဘူး..စာရေးရမှာ ပျင်းနေလို့ ဆားချက်လိုက်တာပါ... မရေးတတ်လို့ အမှားပါရင် နားလည်ပြီး ဖတ်ပေးနော်။ ကျေးဇူး.. :))

Monday, December 8, 2008

Sharapoa Dream


ရှာရာပိုပါမက်မက် .. ခစ်ခစ်.. :P


ရှာရာပိုပါမက်မက်.. ဟိဟိ.. So Cute :P


ရှင်တို့ ရူပါ

ခြေထောက်က ကြက်ရိုး
လက်ရိုးက စမုတ်တံ
ပေါင်တံက ၀ါးချမ်းပြား
ရူပါက ပုံမလာ
အမူအယာက ချုချာ
ဒဿကအရူံးပေး
အဲဒါ သူ့ပုံလေး
မြင်ကြည့်စမ်းပါ.....မနှေး
ဒါကြောင့်သာ မြင်သူပြေး
ထိုသူ့မျက်နှာပေး

ဒင်းရုပ်မှ အားမနာ
ပျိုတကာကို လိုက်ကာငေး
အော့နှလုံး နာတဲ့ ဒဿလေး
တို့တွေကတော့ သနားသေး
ဝေး...ဟေး..ဟေး..ဝေးဟေး..ဟေး..

လှတယ်ဆို .....လိုက်ခါ ကြူ
ကြူသူတိုင်းဝေး......သူ့အဖြစ်လေး
သနားစရာ....သတ္တ၀ါလေး...
တို့တွေကတော့.....ဝေးဝေးပြေး....
အုပ်မနပ် ငှက်ပျောလို
မနောက ကလိမ်ချုံ
အပြောက ၀တိံဘုံ
ယုံလောက်အောင်ဥာဏ်ကစား
ရှင်တို့ပုရိမာယာများ
တို့တွေကတော့ ရယ်တယ်ဗျား
ဝါးဟားဟား... ၀ါးဟားဟား....

(ရေးသားသူ မက်မက်) :P

ကိုအိမ်ရဲ့ ကဗျာလေးကို အပျော်သဘော ဟာသလေးနဲ့ ပြန်ချေပပြီး စပ်လိုက်တာပါ.. ဟိဟိ.. အဲလိုမျိုး..ဦးဦး တို့ ရုပ်နဲ့များ တိုက်ဆိုင်သွား၊ စောင်းပြောမိတာများ ရှိရင် ခွင့်လွတ်နော်.. :P အဟတ်.. အဟတ်....ကဲ..ဦးဦးအိန်ရေ... ဘလော့ကာ မမတွေ ချောမချော လှမလှ ကို သိချင်ရင် ရှာရာပိုပါ မက်မက်ရဲ့ ဓာတ်ပုံကို အရင်ကြည့်လိုက်နော်.... :z ဘလော့ကာ မမတွေက မက်မက်ထက် အဆ 200 သာလွန်၍ မိုးကျမဟေသီ မဒီ အလှ စာဖွဲ့လို့ တောင် မမှီအောင် လှပ ကြတယ်ဆိုတာ ရှာရာပိုပါ မက်မက် ပုံကို နမူနာကြည့်၍ ခံစားရှုစား လိုက်နော်.... ဟတ်ဟတ်... ဘလော့ကာ ဦးဦးတို့ မနာလိုမဖြစ်နဲ့နော်.. :z ခစ်ခစ်...
:P
အဟီး.. ကဲ .. ဘလော့ကာ အပေါင်း ယောင်းမတို့ရေ... . လက်ခုပ်တီး၍ အားပေးတော် မူပေလော့... ဟီးဟီး...

Thursday, October 23, 2008

နှုတ်ဆက်ပါတယ်အတိတ်ရယ်


မပြိုချင်ဘဲ
ပြိုခဲ့ရ......ကောင်းကင်
မရွာချင်ဘဲ
ရွာခဲ့ရ......မိုးသား
မငိုချင်ပဲ
ငိုခဲ့ရတဲ့...ငါ့နှလုံးသား
မလွမ်းချင်ဘဲ
လွမ်းခဲ့ရတဲ့.....ငါ့အတိတ်

နှလုံးသားဒဏ်ရာ
မျက်ရည်မိုး
သွန်းကာဖြိုးတော့
အလွမ်းဝေဒနာ
ငါ့ရင်မှာ မချိပြီ

အော်...
ခုတော့လည်း
ဒီ...အလွမ်းဝေဒနာ
အိပ်မက်မှာသာ
ကျန်ခဲ့ပြီမို့....
ငါလေ...ဟားတိုက်ပြီးသာ
ရယ်တော့မည်.. :) :D :
r
ဟားဟား..ဟားဟား.... :D

ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး။ဒီနေ့အပြင် သွားတော့ ပျင်းနေတာနဲ့
:d ရထားစီးရင်း အတွေးလေး ပေါ်လာလို့ :) :z ရေးလိုက်တာ။ ဟဲဟဲ.. ဟာသလေးပါ။

Saturday, August 23, 2008

ချစ်ခဲ့တာမုန်းဖို့လား


ခဏလေး
တကယ်ကိုခဏလေးပါပဲ
ဆုံတွေ့ခဲ့ကြတဲ့အချိန်တိုလေးအတွင်းမှာ
တစ်ဦးနဲ့တစ်ဦးချစ်ခဲ့ကြတယ်..

မှတ်မှတ်ရရ
တကယ့်ကိုမှတ်မှတ်ရရလေးတွေပါပဲ
ချစ်ခဲ့ကြတဲ့အတိုင်းအတာတစ်ခုမှာ
ငါပျော်ရွှင်ခဲ့ရတယ်။

ရက်စက်မှု
တကယ်ကိုရက်စက်မှုလေးပါပဲ
ပျော်ရွှင်နေတဲ့ငါ့ဘ၀ကို
ကံကြမ္မာမုန်တိုင်းထန်ခဲ့တယ်

ခါးသီးမှု
တကယ့်ကိုခါးသီးမှုတွေပါပဲ
ကံကြမ္မာမုန်တိုင်းရဲ့အောက်မှာ
တို့နှစ်ယောက်လမ်းခွဲခဲ့ရတယ်

တိတ်တိတ်လေး
တကယ့်ကိုတိတ်တိတ်လေးပါပဲ
လမ်းခွဲကြရတဲ့အချိန်လေးမှာ
အလွမ်းဝေဒနာတွေနဲ့ငါ့ရင်မှာဗလောင်ဆူခဲ့ရတယ်။

Sunday, August 17, 2008

တိတ်တိတ်လေးပဲလွမ်းနေမယ်...


ငါ့နှလုံးသား
ငါ့အချစ်
ငါ့မာန
ငါ့ဘဝ
ဒါတွေအားလုံး
နင့်အတွက်ပေးပြီးခါမှ

ငါ့နှလုံးသားကိုဓါးနဲ့မွန်း
ငါ့အချစ်ကိုပျက်ရယ်ပြု
ငါ့မာနကိုထိပါး
ငါ့ဘ၀ကိုဖျက်ဆီး.......သွားတဲ့သူရယ်
ငါနင့်ကိုအမုန်းမဖက်
အပြုံးမပျက်ဘဲ
တိတ်တိတ်လေးပဲ
လွမ်းနေတော့မယ်.....

Monday, July 28, 2008

အနားသတ်အချစ်



















ရောင်နီကင်းမဲ့..ထက်ကောင်းကင်မှာ
နေခြည်ဖြာမှ..နေ့တနေ့အလှပေါ်လွှင်စေတယ်။




နေမင်းပျောက်ကွယ်..ဆည်းဆာချိန်ဝယ်
လေပြည်ငယ်ရယ်တိုက်ခတ်ပါမှ...နေညိုအလှပိုပြည့်စုံတယ်။




ကြယ်တွေပျောက်ကွယ်မဟူရာကောင်းကင်မှာ
လစန္ဒာရယ်သာပေးပါမှ ညအဓိပ္ပာယ်ပိုမိုပြည့်စုံမယ်



ပျော်ရွှင်မှုမဲ့ကျိုးကြေငါ့နှလုံးသား အသဲကွဲချိန်
အချစ်စစ်နဲ့အနားသတ်ပေးမှငါ့ရဲ့ဘ၀သာယာစေမယ်

အလွမ်းခြေရာ







တစိမ့်စိမ့်ကြည့်
တရိတ်ရိတ်တွေး
တမြေ့မြေ့ဆွေး
ငါ့လက်ထဲက
မင်းဓာတ်ပုံလေး

ထိုစဉ်အတိတ်
ပြန်လည်ကြားယောင်
ချစ်သူ့ခေါ်သံ
မ..ရေ။မ...ရေ...
အရမ်းချစ်တယ်။

ချစ်သူအပြုံး
ရင်သို့တိုးဝှေ့
ငါ့ရဲ့အနား
အရိပ်ပမာ
ထာဝစဉ်သာ
သူစိုးမိုးတယ်

အမှတ်မထင်
ကံကြမ္မာဆိုး
တိုးလို့လာခဲ့
ထိုတနေ့ဝယ်
မေ့လိုက်ပြီတဲ့။

သြော်..ခုတော့လည်း
ဖဲ့ခြွေကိုက်စား
ငါ့နှလုံးသား
ကြင်နာမှုမဲ့
နာကျင်မှု့နဲ့
ဝေးလွှင့်ခြင်းရဲ့
နောက်ဆုံးခြေရာ
အလွမ်းရင်သို့
တည်နေတာလား..

Friday, July 25, 2008

အလွမ်းမိုး

အလွမ်းမိုး

တစ်ခါကချိုမြိန်တဲ့အချစ်
ထိုစဉ်ကကြည်နူးရတဲ့အနမ်း
ခုတော့ပူလောင်ရတဲ့အလွမ်း

အချစ်အနမ်းအလွမ်း
ရောစပ်ထားတဲ့သောက
သီချင်းတစ်ပုဒ်ခုတော့
ငါသီဆိုတတ်ခဲ့ပြီ


တစ်ခါတစ်ခါ
မိုးရေထဲမှာ
အတိတ်အကြောင်းစဉ်းစားရင်း
တွေးဖြစ်ခဲ့တာက....
မင်းနဲ့ငါ့ရဲ့အကြောင်း


သောကမီးဝန်းရံ
အိမ်မက်ဆိုးမက်စေပြီး
အလွမ်းတွေနဲ့
မိုးရေထဲမှာ.....
ခွဲခွာထားခဲ့ရက်တယ်။

အတိတ်ကမေ့မရတဲ့ဇာတ်လမ်း
စဉ်းစားရင်ခုန်ရင်း
အားအင်ချိနဲ့
ဒီမိုးရေထဲ.....
ငါတစ်ယောက်တည်း

မိုးရေနဲ့ဆေးကြော
ကင်းစင်မှုမရှိတဲ့
ငါ့ရဲ့ပူလောင်တဲ့အလွမ်း
ရက်စက်တဲ့အိမ်မက်ဆိုး
ကျိုးကြေနေတဲ့
ငါ့နှလုံးသား....ခုတော့
ထောင့်တစ်ထောင့်မှာ
နေ့ရက်များစွာ
ထင်ကျန်ခဲ့တာ
ယနေ့တိုင်ပါ။

Thursday, July 17, 2008

နေ၀င်ချိန်တစ်ခုအကြောင်း


ဒီကဗျာလေးကိုကြိုက်လို့Dreamရဲ့E-mail

ထဲကNKKNရဲ့ကဗျာလေးကိုပြန်ရှာပြီးDREAM

Blogပေါ်မှာNew postအဖြစ်နဲ့တင်ပြီး

သူငယ်ချင်းတွေကိုပြန်မျှဝေပေးတာပါ။

ကဗျာခေါင်းစဉ်က.....



နေ၀င်ချိန်တစ်ခုအကြောင်း


ဘယ်တုန်းကမှ ပိုင်ဆိုင်ဖို့မကြိုးစားဖူးတဲ့အရာတစ်ခုက
ို
အပြီးတိုင်စွန့်လွှတ်လိုက်ရတဲ့အချိန်မှာ

အထူးတလည်ဝမ်းနည်းစရာမဖြစ်ခဲ့တာတော့

သေချာနေခဲ့တယ်လေ။

ကဗျာရေးဖို့သက်သက်အတွက်

သူ့ကိုချစ်ခဲ့တာမဟုတ်ပေမယ့်


သူ့ကိုမချစ်တော့တဲ့အချိန်မှာ

ကဗျာတွေရေးဖို့လည်း

မလိုအပ်တော့ပါဘူး

အဲဒီညနေခင်းမှာ

ဆည်းဆာရောင်တိမ်တစ်ဆုပ်နဲ့


အိပ်တန်းပြန်ငှက်တစ်အုပ်လည်း

အဖော်အဖြစ်ရှိမနေခဲ့ကြပါဘူး


ဒါပေမဲ့......

ရက်ပေါင်း(၂၀၀၀)ကျော်သက်တမ်းရှိတဲ့

ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုရဲ့

မီးသဂြိုလ်အခမ်းအနားကို

ကော်ဖီတစ်ခွက်သောက်ရင်း

အေးအေးဆေးဆေးထိုင်ကြည့်နိုင်ခဲ့ပါပြီ။


Monday, July 14, 2008

ကျွန်မချစ်မိအပြစ်ရှိသည်


လွမ်းတယ်..

သတိရတိုင်းမင်းပို.ထားခဲ့တဲ့


စာလေးတွေပြန်ဖတ်ရင်း


ငါကျေနပ်နေဆဲပါ


လမ်းခွဲခါနီးမင်းပြောခဲ့တဲ့စကားလေးတစ်ခွန်း


ငါမှတ်မိနေသေးတယ်

ဖြစ်နိုင်ရင်သူငယ်ချင်းလိုနေကြရအောင်တဲ့

ငါလက်ခံပေးခဲ့ပါတယ်


အခုတော့....

လွမ်းနေသူရင်ထဲမှာ


မွန်းကျပ်နေတဲ့စကားလေးတွေကို


သူငယ်ချင်းလေးအဖြစ်နဲ့တစ်ချိန်ကချစ်သူကိုပြောချင်ပါတယ်

ငါမင်းကိုတစ်ရက်မှမေ့လို့မရခဲ့ပါဘူး..............တကယ်ပါ...

နင့်ကို

အချစ်ဆုံးလို့

သိလိုက်ရချိန်မှာ

ငါ့ဘေးမှာနင်မရှိတော့ဘူး...

တကယ်တော့ငါဟာ

အိမ်မက်တစ်ခုထဲက

လန့်နိုးလာသူပါ...

နင်ဟာငါ့ကို

ချစ်တတ်လာအောင်

သင်ပေးခဲ့သလို

ချစ်တတ်တော့မယ့်

အချိန်ရောက်တော့မှ

ငါ့အနားကခွဲပြီး

မုန်းတတ်လာအောင်လည်း

လေ့ကျင့်ပေးသွားခဲ့တယ်...

နင့်ကိုအပြစ်မတင်ပါဘူး

တကယ်တော့အပြစ်ရှိသူဟာ

နင့်ကိုချစ်မိခဲ့၊ချစ်သွားခဲ့တဲ့ငါပါ...


ဘယ်ဆီဘယ်မှာမသေချာတဲ့

ဆုံနိုင်ခွင့်တစ်ခုကို

မျှော်ကိုးရင်းတွေ့ကြဖို့ဆိုတာ

မဖြစ်နိုင်တဲ့အခါ

ငါ့အတွက်တော့

မင်းဓာတ်ပုံလေးကသာ

အလွမ်းပြေစရာပါ။


၁ယောက်ထဲပါ။

၂ယောက်မရှိပါဘူး။

၃သုံးနေကျစကားမဟုတ်လို့ပါ။

၎စားပေးပါ။

၅ရင်ထဲကိုဝင်ကြည့်ပါလား။

၆ကပ်နေတယ်။

၇ရက်ပတ်လုံးမင်းကိုလွမ်းလို့...

မင်းကိုသိပ်ချစ်ခဲ့တာကိုတော့ယုံပေးပါကွာ။

Sunday, June 29, 2008

28.06.2008 နေ့အတွက်

နှုတ်မဆက်တော့ပါဘူး

တကယ်တော့
မလိုချင်ခဲ့တာမဟုတ်ဘူး
အဝေးကြီးဝေးနေလို့မမျှော်လင့်ရဲတာပါ။
နောက်ကျတယ်ဆိုလည်း
အိမ်မက်တော့မက်ခွင့်ပေးပါ။


ပျံသန်းခွင့်မရှိဘူးသိရက်နဲ့
ငါအတောင်ပံတွေ
သိမ်းဝှက်ထားရတော့မှာလား
မင်းရင်ခွင်မှာမနေရလည်း
ငါ့ကမ္ဘာမှာလသာခွင့်ရှိပါတယ်။
နှုတ်မဆက်တော့ပါဘူး
မဆုံတွေ့တော့မယ့်နေ့အတွက်ပေါ့။

Saturday, June 28, 2008

ယုံကြည်စေချင်

ယုံကြည်စေချင်

နင်ယုံရဲ့လား

ပေါ့ပျက်ပျက်
ရယ်သွမ်းသွေး
လောကကြီးကို
အရေးမထားတဲ့

ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
လေးနက်ခြင်းတွေရှိတယ်။

နင်သိရဲ့လား

မထီမဲ့မြင်နဲ့
လောကကြီးအတွက်

ကဗျာမဆန်တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
နူးညံ့တဲ့သံစဉ်တွေရှိတယ်။

နင်ထင်ရဲ့လား
ပြုံးစပ်စပ်မျက်နှာပေးနဲ့
ပျော်ရွှင်ခြင်းးသာရှိတဲ့

ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
လွမ်းဆွေးခြင်းဆိုတာရှိတယ်။

နင်မြင်နိုင်လား
မချစ်တတ်ဘူး
နင်ထင်ခဲ့တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်
ချစ်ခြင်းအပြည့်ရှိတယ်။

နင်သိထားပါ
လွတ်လပ်ပွင့်လင်း
ဟန်ဆောင်ခြင်းကင်းတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့
မာနတွေရှိတယ်။

Thursday, June 26, 2008

LOVE အဓိပ္ပါယ်

အချစ်ဆိုတဲ့အဓိပ္ပါယ်လေးပါ

LOVE (အချစ်)ဟူသည်

L...Lake of Sorrow (၀မ်းနည်းပူဆွေးရေအိုင်)
O...Ocean of Tears (မျက်ရည်သမုဒ္ဒရာ)
V...Valley of Death (မရဏတောင်ကြား)
E...End of Live (ဘ၀နိဂုံး) ပါတဲ့...