လူတွေဟာ အမြင်ကောင်းလို့ အကောင်းမြင်နေတာလား သို့မဟုတ် အကောင်းမြင်လို့ အမြင်ကောင်း နေတာလား ဆိုတာကို သေသေချာချာ သိရအောင် ခုတစ်လော မက်မက်နေ့တိုင်း စဉ်းစားကြည့် မိပါတယ်။ ဒါပေမယ့် ခုချိန်ထိ အဖြေတိတိကျကျ မရသေးဘူး။ အဟင့်း( အဟဲ...ကဲ..မိတ်ဆွေရော ဘယ်လို စဉ်းစားမိလဲ ။ အကောင်းမြင်လို့ အမြင်ကောင်းတာလား ၊အမြင်ကောင်းလို့ အကောင်းမြင်တာလား။ :P ရေရေရာရာ သိဖို့လိုတယ်နော်။
Wednesday, August 18, 2010
Thursday, August 12, 2010
အခြေအနေမတူတဲ့ချစ်ခြင်းမေတ္တာ
"ဟဲလို "
"သားလား"
"အဖေ နေကောင်းလား အမေရော နေကောင်းလား"
"အေးသား..အဖေရော အမေရော နေကောင်းကြတယ်။ သားရော နေကောင်းရဲ့လား နေရထိုင်ရတာ အဆင်ပြေလား
ရှေ့တန်းတစ်နေရာမှ တာဝန်ပြီးဆုံး၍ ကိုယ့်နေရပ် ဌာနေသို့ ပြန်ရတော့မှာ ဖြစ်တဲ့အတွက် အဖေနဲ့ အမေထံကို သားဖြစ်သူ ဖုန်းဆက်နေခြင်းပါ။
"အဖေနဲ့ အမေ သားမကြာခင် အိမ်ကို ပြန်လာရတော့မယ်၊ အဲဒါ အဖေတို့ကို သားပြောစရာ ရှိလို့ပါ ။ သားသူငယ်ချင်း တစ်ယောက်ကို သားတို့အိမ်ကို ခေါ်လာခွင့် ပြုပါနော် အဖေ၊ "
"ခေါ်လာလို့ ရပါတယ် သားရယ်။ သားသူငယ်ချင်းဆိုတော့ အဖေတို့ ကြိုဆိုပါတယ်၊ အဖေတို့ အိမ်မှာ ပျော်သလောက်နေပေါ့ အဖေတို့ လက်ခံပါတယ်။ "
"အဖေ သူကအရမ်းကို သနားစရာ ကောင်းပါတယ် ။ တိုက်ပွဲမှာ အပြင်းအထန် ဒဏ်ရာရပြီး သူ့ခြေထောက်နဲ့လက် တစ်ဖက်ကို ဆုံးရှုံးသွား ခဲ့တယ်အဖေ။ သူ့မှာ သွားစရာ နေရာဆိုလို့ မရှိတော့ပါဘူး။ ဒါကြောင့် သူ့ကိုသားနဲ့ နေဖို့ ခေါ်လာချင်တာပါ။"
"အို...ကြားရတာ စိတ်မကောင်းလိုက်တာ သားရယ်။ ဒါဆို အဖေတို့အမေတို့ သူ့ကိုနေစရာ တစ်နေရာ ရှာပေးလိုက်ပါ့မယ်။ "
"မဟုတ်ဘူး အဖေ ၊ သားက သူ့ကို သားတို့ အိမ်မှာပဲ နေစေချင်တာပါ။"
"သား၊ သားဘာတွေ တွေးနေ ပြောနေသလဲ ဆိုတာ အဖေ မသိတော့ဘူး။ ဒီလိုဒုက္ခိတ တစ်ယောက်ကို အဖေတို့နဲ့ နေစေတာဟာ အားလုံးအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေမယ်။ အဖေတို့ ကိုယ်ပိုင်ဘ၀ကို ဖြတ်သန်းဖို့ အတွက် ဒီလိုဒုက္ခိတ တစ်ယောက်နဲ့ အဖေတို့ အချိန်မကုန် စေချင်ဘူး။ဘာပဲဖြစ်ဖြစ် အဲဒီသားသူငယ်ချင်းကို မေ့ထားလိုက်ပါ သားရယ်။သားတာ အိမ်ကို အရောက်ပြန်ခဲ့။ ဟုတ်ပြီလား။ သူ့လမ်းသူ လျှောက်ပါလိမ့်မယ် သားရယ် ။သူ့အတွက် ပူမနေစမ်းပါနဲ့။ "
"သား..သား..သား..ဟဲလို..... ဟဲလို..သား......"

တစ်ဖက်မှ သားဖြစ်သူ ရုတ်တရပ် ဖုန်းချသွားပြီး ကတည်းက အဆက်အသွယ် လုံးဝ မရတော့ပါ။ သိပ်မကြာခင်
အတွင်းမှာပဲ ရဲစခန်း တစ်ခုမှ ဖုန်းတစ်ကောလ် လက်ခံရရှိ ခဲ့ပါတယ်။
"ဟဲလို..#$%# ရဲစခန်းကပါခင်ဗျာ။ လူကြီးမင်းတို့ သား သေဆုံးမှု အတွက် အကြောင်းကြားတာပါ။
ရဲများရဲ့ စစ်ဆေးပြောကြားချက် အရတော့ သေဆုံးသူဟာ တိုက်အဆောက်အဦးပေါ်မှ ကိုယ့်ကိုကိုယ် ခုန်ချ၍ သတ်သေနိုင်ဖွယ် ဖြစ်နိုင်ကြောင်း ယုံကြည်နေ ကြပါတယ်။
သောက ရင်ဝယ်ပိုက်ပြီး မိဘနှစ်ပါးလုံး သေဆုံးသူ သားရှိရာ မြို့ကိုအမြန်ရောက် ရှိလာပါတော့တယ်။ ရေခဲတိုက်ထဲမှာ ဘ၀တစ်ပါးကို ရောက်ရှိနေတဲ့ သားဖြစ်သူ ရုပ်အလောင်းကို သေချာစစ်ဆေး ကြည့်ရှုရာမှာ
အမှန်တကယ်ပင် သူတို့သားလေး ဖြစ်ကြောင်း တွေ့မြင်ခဲ့ ရပါတယ်။
သို့သော် သူတို့ မနှစ်မြို့ခဲ့တဲ့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်တည်းသာ ရှိနေတဲ့ အေးဆေးတည်ငြိမ်စွာ လှဲလှောင်းနေသော သားဖြစ်သူကို တွေ့ရှိသွားသောအခါ...................
ဒီပုံပြင် လေးထဲက မိဘနှစ်ပါးလိုပဲ စာရေးသူတို့ ပတ်ဝန်းကျင်မှာ အများကြီးပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လှပသာလွန်နေတဲ့ အရာတွေကို သိမ်းပိုက်ချစ်ခင် တွယ်တာချင် ကြတဲ့သူ တွေပါပဲ။ မနှစ်မြို့စရာ အခြေအနေ သို့မဟုတ် ပြည့်စုံမှု မရှိကြတဲ့ အကျည်းတန် အခြေအနေတွေကို လူသားတွေ လက်မခံချင် ကြပါဘူး။ ကိုယ့်ထက် မကျန်းမာခြင်း၊ မလှပခြင်း၊သို့မဟုတ် စမတ်စ်မကျခြင်း တို့ရှိနေရင် အဝေးကို ပြေးချင်ကြပါတယ်။ ဘ၀ကို အရှိအရှိအတိုင်း လက်ခံနိုင်ဖို့နဲ့ နိမ့်ပါးတဲ့ အခြေအနေ လက္ခဏာ မရှိခြင်းအတွက် ကိုယ့်ဘ၀ကို ကျေးဇူးတင်လိုက်ပါ။ တနည်း ရောင့်ရဲ တင်းတိမ်ပါ။
တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားပါတယ်။ ကျွန်တော့မှာသာ ဒီလိုမျိုး ဒုက္ခိတ ဘ၀သာ မတော်တဆ ရောက်သွားခဲ့ မယ်ဆိုရင် ကျွန်တော်ချစ်တဲ့သူတွေ ကျွန်တော့ကို ချစ်တဲ့သူတွေ ဘယ်သူက အစစ်အမှန် လဲဆိုတာ သိချင်တဲ့ စိတ်အတွေးဝင်ဝင်လာပါတယ်။ အကယ်၍သာ ဒီလိုမျိုး ဒုက္ခိတဘ၀ သမားတွေဟာ သင့်မိသားစုဝင် မဟုတ်ခဲ့ ဘူးဆိုရင်ရော လူသားတစ်ယောက် အနေနဲ့ သင် လက်ခံကြို ဆိုနိုင်ရဲ့လား။
ကျွန်ုပ်တို့တွေမှာ ဘယ်အရာတွေပဲ ဆုံးရှုံးသွားပါစေ၊ နောင်တရခြင်း ပူပန်ခြင်း၊ ဘ၀ကို ရင်မဆိုင်ရဲ ခြင်းတွေကို ကျော်လွှားလိုက်ပါ။ ဒီလို သာမန်အခြေ နေနဲ့ မတူညီတဲ့ နိမ့်ပါးတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ ဖြူစင်တဲ့ ခင်မင်မှု၊ချစ်ခြင်း မေတ္တာ၊ စေသနာနဲ့ ကိုယ့်ကိုပြုမှု ဆက်ဆံလာရင် သင်လက်ခံကြိုဆို ပေးလိုက်ပါ ။ ဒါဟာ သင့်နဲ့သင့်ဘ၀ရဲ့ ထာဝရ မိသားစု ဖြစ်ပါတယ်။
ယနေ့ည သင်မအိပ်စက်ခင်မှာ လူဖြစ်ခွင့် ရခြင်းနဲ့ ခွန်အားမြင့်မားရခြင်း၊ မိမိဘ၀နဲ့ အခြေအနေ မတူကြတဲ့ ဘ၀ခြင်း မတူညီတဲ့ လူသားတွေကို ကူညီ၊အကျိုးပြုခွင့် ရခြင်းတွေကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး အိပ်စက်ပါ။
သင့်ရဲ့ နှလုံးအိမ်ထက်မှာ သင်မသိဘဲ ထာဝရ ကိန်းအောင်းတည်နေတဲ့ စံနေတဲ့ အရာကတော့ ချစ်ခင်ကြင်နာမှုပါ။ ဘုရားသခင်ရဲ့ အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်ဖြစ်တဲ့ နားလည်မှု ၊ ချစ်ခင်ကြင်နာမှု၊ စာနာမှု တွေ ကို သင့်ဘ၀အတွက် လှေကားသဖွယ် အသုံးချပြီး အမြှင့်ကို တက်လှမ်းပါ။
သင့်ဘ၀ တစိတ်တပိုင်းမှာ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ တကယ့်ကို ရှားပါးအဖိုး တန်လှတဲ့ ကျောက်မြတ်ရတနာ တခုလို လိုအပ်ပါတယ်။ သူတို့ဟာ သင့်ကို ပျော်ရွှင်အောင် ခွန်အားတွေ ရှိအောင် အောင်မြင်အောင် ပံ့ပိုးပေးနေတာပါ။ သူတို့အတွေ့အကြုံ တွေကိုပြန်လည် ဝေမျှပြီး ချီးမွှန်းစကားတွေနဲ့ သူတို့ဟာ လှပတဲ့ နှလုံးသားတွေနဲ့ ကျွန်တော်တို့ အတွက် အမြဲတံခါးဖွင့် ထားပါတယ် ။
ref: UNCONDITIONAL LOVE ဆိုတဲ့ Story ကို သိသလောက်လေးနဲ့ ဘာသာပြန်ရေးခြင်း ဖြစ်ပါတယ်။ စာအရေးအသား မကြေညပ်သေးလို့ အဓိပါယ်ပေါ့ပြီး အမှားပါ နိုင်ပါတယ်။ခွင့်လွတ်သည်းခံ ဖတ်ပေးမယ့်သူတွေကို ကျေးဇူးအထူး တင်ပါတယ်နော့် ။စာမရေးတာ ကြာလို့ အင်မတန်မှကို အားနာရပါတယ်။
Wednesday, August 4, 2010
အဟမ်းအဟမ်း အနောင့်စ်မန့်
အာဝါးမက်မက် ပို့စ်အသစ်ကို မကြာခင် တင်ပါတော့မည် ဖြစ်ပါကြောင်း နော့်။ :P ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး တင်စရာ မတွေ့သေးတာနဲ့ ပျင်းလို့ ဆားချက်တာ။ အဟတ် :P
အာဝါးးမက်မက် ပျောက်ချက်သားကောင်း နေလို့ပါ။ အကြွေးတင်နေတဲ့ အာဝါးးးးးးးးးးးးးးးးးးးးးအမြှောက်တစ်သိန်း
ကိုအတိုးရော အရင်းရော ပေးတော့မယ်။ အဟတ်.... :P အာဝါးမက်မက် ပြန်လာပြီနော်။ အားလုံး တံတားထိ တံတားထိ ၊ :P .... အားလုံးကို အမြှောက်တစ်သိန်း ချစ်ပါသည်။ :P

Tuesday, May 25, 2010
အမှတ်တရထဲကအမှတ်တရ
ပြောရမယ်ဆိုရင် သူနဲ့ စတွေ့ကတည်းက ထူးထူးခြားခြားပါပဲ။အရပ်က ကလန်ကလား၊ နဖူးကပြောင်ပြောင်၊ ဆံပင်ကရှည်ရှည်နဲ့ ဟွန်းးးးးလက်ထဲမှာ ကင်မရာကြီး တစ်လုံးနဲ့။ ဘယ်ဂိုင်းစတား အဖွဲ့ကလဲပေါ့ တစ်ယောက်ထဲ တွေးမိရင်း သူငယ်ချင်း တစ်ယောက်အိမ်မှာ ရှမ်းခေါက်ဆွဲ စားရင်း ဆုံမိကြတယ်။
ဟဲ့...မက်မက်...ဒါကမိုးကုတ်သားလို့ ခေါ်တယ်။
ဘာာ...မိုးခိုသား...ဟုတ်လား.... ဟွန်းးနာမည်ကြီးကလဲ....
အမဲသားရောင်းတဲ့သူလားမသိဘူး။ ဟိဟိ....
တကယ်က ကိုယ်က ကြားချင်ရာ ကြားနေတာ။ မိုးကုတ်သားကို မိုးခိုသားလို့ မှားကြားမိတာ။း)) အဲ့လိုနဲ့ စနောက်ပြောင်ရင်း ခင်မင်လာခဲ့ ကြတယ်ပေါ့လေ။
ဘယ်နေရာ ဘယ်ရောက်ရောက် ဘလော့ဂ်မောင်နှမတွေ တွေ့ဆုံတိုင်းမှာ သူမပါရင် ပွဲမစည်ဘူး။ (အင်းးး....ကင်မရာ မျက်နှာတော်တော် ကြီးတာပဲ..ဟတ်ဟတ်.... :P ) ကဲထားတော့..သူ့အတွက် အမှတ်တရ တခုခု ရေးမယ်လို့ ကြံမိပေမယ့် ဘလော့မှာ စာစီဖို့ လုပ်လိုက်ရင် စာမျက်နှာတွေ တော်တော်ကုန်မှာ စိုးတဲ့အတွက် (တကယ်က ဆင်ခြေပေးတာ :P ) အတိုချုံ့လိုက် ရပါတယ်။
သူနဲ့အမှတ်မထင် တွေ့ဆုံပြီး ခင်မင်ခွင့် ရခဲ့တဲ့သူ
စိတ်သဘောထား ပြည့်ဝပြီး ဘ၀ကို ရိုးသားစွာ ကြိုးစားပြီး ဖြတ်သန်းနေတဲ့သူ
၂၁ရာစုရဲ့ လူပျိုကြီး စာရင်းဝင် ဖြစ်တဲ့သူ ၊
အသက်ကြီးပေမယ့် စတိုင်လ်မိမိနဲ့ အမြဲတမ်း လန်းနေတဲ့သူ
စင်းဘလော့ဂ်ါများရဲ့သက်ကြီးတန်းဝင်သွားသူ :P
ဘလော့ဂ်ါမောင်နှမတိုင်းရဲ့ ချစ်ခင်ရသောသူ
ထိုသူကတော့ မိုးခိုသား မဟုတ်တဲ့ ကိုမိုးကုတ်သားခေါ် ကိုဘိုဘို ဖြစ်ပါတယ်။ ဘွဲ့နာမည်တွေကတော့ ထင်ထင်ရှားရှားပါပဲ။
တချို့ကလဲသူ့ကို ကိုမိုးကုတ်တဲ့
တချို့ကတော့ ကိုဘိုတဲ့
တချို့ကတော့ အုပိုပိုတဲ့
တချို့ကတော့ ကိုဘိုကြီးတဲ့
တချို့ကတော့ ကိုကိုတဲ့
တချို့ကတော့ အူးဘိုတဲ့။
သူ့ကိုယ်ကိုယ်တော့ ကိုမောင်ဟတ် တဲ့။ :P
ကဲ...အူးအူးဘိုဘို..မွေးနေ့မှာ စတင်ပြီး အမြန်ဆုံး စွံပါစေ.........လို့ မက်မက်က ဆုတောင်းပေးပါတယ်.... မွေးနေ့လက်ဆောင် အဖြစ်တော့ ထုံးစံအတိုင်း အာဝါးးမက်မက်က အာဝါးးးအမြှောက်တစ်သိန်းးးးကိုပဲလက်ဆောင် ပေးခဲ့မယ်နော်။း)
ဒီကနေ့ကတော့ ကိုဘိုဘိုခေါ် ကိုမိုးကုတ်သားရဲ့ သက်တော် ၃၆နှစ်မြောက် မွေးနေ့လေး ဖြစ်ပါတယ်။ :P (ဖော်ကောင်လုပ်တာ) မိမိမွေးနေ့လေးမှာ ကုသိုလ်ရေးကို မမေ့တဲ့ ကိုဘိုတစ်ယောက် အမွန်မြတ်ဆုံး ဒါနကုသိုလ်လေး တစ်ခုကို လုပ်ခဲ့အတွက် သာဓုခေါ်ပါတယ်။ မွေးနေ့မှာ ကိုယ့်အသွေးအသားကို ဖောက်ထုတ်လှူ ဒါန်းခဲ့တဲ့ မွေးနေ့ရှင်လေး အတွက် ထပ်တူထပ်မျှ ပီတိဖြစ်ရသလို ဂုဏ်လဲယူ မိပါတယ်။ မွေးနေ့ရှင် ကိုဘိုကြီး မွေးနေ့မှ စ၍ ၀င်သက်ထွက်သက် ရှိနေသမျှ ကာလပတ်လုံး ရောက်လေရာ နေရာ ၀န်းကျင်မှာ စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး အစစအရာရာ အဆင်ပြေပါစေ။ကြံစည်သမျှ အောင်မြင်ပါစေလို့ မက်မက်အဒေါ်ဖြစ်တဲ့ ဒွင်းက ဆုတောင်းပေးပါတယ်ရှင်။
HaPpY bIrThDaY .. mAnY hApPy rEtUrNs oF tHe dAy..........
Cheers!!

ကဲကဲ...မွေးနေ့ရှင်ကနေ စားစရာတွေ အများကြီးနဲ့ တည်ခင်းဧည့်ခံ ထားတယ်လို့ မှတ်ပြီး စားစရာရှိတာ စားသွားကြနော်..ဘာမှအားမနာနဲ့။း) ဘာပဲလိုလို ၊ဘာပဲစားချင်စားချင် မျက်စိမှိတ်ပြီး တလိုက်တာနဲ့ ဂူဂယ်လ်မှာ ရှိပါတယ်။ ရှာစားလိုက်ကြနော်။း)) အဟီးးး :P
Wednesday, May 12, 2010
မြင့်မြတ်သူတို့ရဲ့အလုပ်(သို့) မျက်နှာသုံးမျိုး
ဆရာတော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)နှင့် ဆရာတော် အရှင်နေမိန္ဒာဘိဝံသ ဆရာတော် နှစ်ပါးတို့သည် ယခုလာမယ့် မေလ ၁၄၊ ၁၅ ၊၁၆ ရက်နေ့မှာ သိရီမင်္ဂလာကျောင်း(Portland Oregon)တွင် ဓမ္မမိတ်ဆွေ အပေါင်းတို့အား တရားတော်များ ဟောကြားချီးမြှင့်ပေး သွားမည်ဖြစ်ပါကြောင်းနဲ့ တရားပွဲတော်များအား http://livedhamma.com မှရုပ်သံတိုက်ရိုက် ထုတ်လွင့်ပေးမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးရင်းနဲ့ ကဲ...မိတ်ဆွေတို့ရေ..တူတူတရား နာရအောင် ဖိတ်ပါတယ်နော်။
နောက်ပြီး ဘုန်းဘုန်းရာဇိန္ဒ ရေးသားထုတ်ဝေတဲ့ ဒီဆောင်းပါးစာစုလေးနဲ့ ဘုန်းဘုန်းကိုလဲ ပူဇော်ပါတယ်။ ခုတစ်လော စိတ်ပင်ပန်း ဆင်းရဲမှုတွေကြောင့် ကိုယ့်မျက်နှာဟာလဲ အပူဓာတ်များ လွန်းနေတဲ့ အတွက် မကြည်လင်နိုင်ပါ။ ဒီလိုတွေ ဖြစ်နေတာ ကိုယ့်ကိုယ်ကိုယ် သိလို့မေတ္တာဓာတ် နဲ့ငြိမ်းချမ်းအောင် လုပ်ယူနေ ရပေမယ့် အချိန်တိုင်း မရဘူး၊ သတိလွတ်တာနဲ့ စိတ်အစဉ်က ရွေ့တာပဲ။ ဒေါသ၊ မာနက ထန်လာရော။ စိတ်ကဆတ်တဲ့ လူဆိုတော့ ပိုဆိုးတာပေါ့။ ဒါကိုသိတာနဲ့ ချက်ချင်းပြန်ပြင် ယူပါတယ်။ မသိစိတ်က တအားနေရာ ယူတဲ့အခါ အပူသည်ရုပ် ငြိမ်းချမ်းမယ့် တစ်နေ့ကို မျှော်လင့်ရင်း ကိုယ့်ကိုကိုယ် အမြဲမေတ္တာ ပို့ပါတယ်။ (မိမိကိုယ်က အေးချမ်းမှ တစ်ပါးသူကို အေးချမ်းမှု ပေးနိုင်မယ်လို့ ထင်လို့ပါ) ဘုန်းဘုန်းပြောတဲ့ နံပါတ်သုံး အမျိုးအစားထဲမှာ ပါနေတာကို နံပါတ်နှစ် အမျိုးအစားထဲ ပါအောင် လေ့ကျင့်နေပါတယ်။ မေးလ်ကတဆင့် ၀င်လာတဲ့ ဘုန်းဘုန်းရဲ့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက် ပါဦးနော်။
မျက်နှာ က သုံးမျိုးရှိပါတယ်။ ပူသည့် မျက်နှာရယ်၊ အေးသည့် မျက်နှာရယ် ၊မပူမအေး မျက်နှာ ရယ်ပါ ။ တစ်ချို့များ မျက်နှာ မြင်လိုက် ရရင်ပဲ သူ့မျက်နှာမှာ အအေးဓာတ်က အထင်းသား ပေါ်နေတာပါ။ မျက်နှာက ကြည်နေတာပါ။ သူတင်လား ဆိုတော့ မဟုတ်ပါဘူး။ မြင်ရတဲ့ သူရဲ့ရင်ကို အေးသွားတာပါ။ ကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ်၊ စိတ်ထား လေးတွေကောင်း နေမယ်ဆိုရင် အေးတဲ့ မျက်နှာကို ရနေတာပါ။
တစ်ချို့ကျတော့ မျက်နှာမြင်လိုက် ရတာနဲ့ သူ့မျက်နှာ မှာ အပူဓာတ်က အထင်းသား ပေါ်နေတာပါ။ မြင်ရတဲ့သူ ရင်ထဲကိုတောင် ပူချင်ပူ သွားတာပါ။ အကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ် ၊စိတ်ထားလေးတွေ ညံ့နေမယ်ဆိုရင် ပူတဲ့ မျက်နှာကို ရနေတာပါ။ စကားလုံး လှလှတွေ အမူအရာ ကောင်းကောင်းတွေနဲ့ ဘယ်လောက်ပဲ ဟန်ဆောင်ထား နိုင်ပေမဲ့ မျက်နှာမှာတော့ ညာလို့မရပါဘူး။ အကုသိုလ် သိပ်များနေ တဲ့သူရဲ့ မျက်နှာဟာ ကြည်ကြည်လင်လင်ကို မရှိပါဘူး။ မျက်နှာကြည့်ရုံနဲ့ သိပ်သိသာပါတယ် ။ ရုပ်လှတာ မလှတာ၊ အသာဖြူတာ၊ မဖြူတာနဲ့ လည်းမဆိုင်ပါဘူး။ မျက်နှာမှာကို အပူဓာတ်ကသိသာ ပေါ်လွင်နေတာပါ။
အကောင်းဆုံး အလှပြင်ဆိုင် ကိုသွားပြီး အကောင်းဆုံး ပြင်ထားဦးတော့ ၊ရင်ထဲမှာ အကုသိုလ်တွေ ရှိနေရင် စိတ်ထားတွေ ညံ့နေရင် အပူမျက်နှာပဲ ဖြစ်နေမှာပါ။ အအေး မျက်နှာကို မရနိုင်ပါဘူး။တစ်ချို့ကျတော့ တစ်ခါတစ်လေ ကုသိုလ်စိတ် ဖြစ်လိုက်၊ တစ်ခါတစ်လေ အကုသိုလ်စိတ် ဖြစ်လိုက် စိတ်ထား ကောင်းလိုက် စိတ်ထား ညံ့လိုက်နဲ့ အဲလို လူမျိုးရဲ့ မျက်နှာ မပူမအေး မျက်နှာပါ ။
စာဖတ်သူကော မျက်နှာသုံးမျိုးထဲက ဘယ်မျက်နှာ မျိုးထဲမှာ ပါပါသလဲ ။ စာရေးသူကတော့ တစ်ခါတစ်လေ ပူတဲ့ မျက်နှာဖြစ်လိုက် တစ်ခါတစ်လေ အေးတဲ့ မျက်နှာ ဖြစ်လိုက်နဲ့ပါ။ ပူတဲ့မျက်နှာ ဖြစ်နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိနေတာပါ။ အဲဒီ နေ့တွေများဆို ပရိတ်သတ်နဲ့ မတွေ့ချင်ပါဘူး။ အားနာလို့ပါ ။တွေ့ဖြစ်ခဲ့လျှင်လည်း အဆင်မပြေဖြစ် တတ်လွန်းလို့ပါ။ အအေးမျက်နှာ ရပြီဆိုရင်တော့ ဘယ်သူနဲ့ပဲ ဆက်ဆံဆက်ဆံ အစစအရာရာ အဆင်ပြေ နေတတ်ပါတယ်။
အမှန်တော့ ကိုယ့်မျက်နှာကိုယ် (မှန်ကြည့်သောအခါ) ရေချိုးခန်းထဲမှာ တံခါးပိတ်ပြီး အသေချာ ကြည့်ရင် သိသာပါတယ်။ တကယ်လို့ ကိုယ့်မျက်နှာဟာ ပူတဲ့မျက်နှာ ဖြစ်နေရင် ဘာမှအားငယ်စရာ မလိုပါဘူး ။ အေးတဲ့မျက်နှာ ဖြစ်အောင် ပြုပြင်ယူလို့ ရပါတယ်။ ကိုယ်က အေးတဲ့ မျက်နှာရှိချင် တဲ့သူဖြစ်ဖို့ ပဲလိုပါတယ်။ အေးတဲ့မျက်နှာ ဖြစ်ဖို့အတွက်တော့ လွယ်တဲ့ ကမ္မဋ္ဌန်း တစ်ခုခုကို အမြဲနှလုံးသွင်း နေလိုက်ရုံပါပဲ။ ခက်တဲ့ ကမ္မဋ္ဌန်းဆို မလုပ်ဖြစ်မှာ ဆိုးလို့ပါ။
ဥပမာ - နမောတဿ ကို အချိန်များများ ပွားနေလိုက်မယ် ဆိုရင်လည်း ရပါတယ်။ ထမင်းချက် ရင်းလည်း ပွားလို့ရတာပါ ပဲ။ ဈေးရောင်းရင်းလည်း ပွားလို့ရတယ်။ ဈေးဝယ်ရင်းလည်း ပွားလို့ရပါတယ်။ သွားရင်းလာရင်းလည်း ပွားလို့ရနေတာပါ ပဲ။နောက်ဆုံး ရေချိုးခန်း ၀င်ရင်းနဲ့လည်း ပွားလို့ရ နေတာပါပဲ။ တစ်ခါတစ်လေ မကောင်းတဲ့စိတ် တစ်ခုခုများ ၀င်ခဲ့ရင် ချက်ချင်းပဲ နမောတဿ ကိုးခေါက်၊ ဆယ်ခေါက်လောက် ပွားပစ်လိုက်ပါ။
မကောင်းတဲ့စိတ် ၀င်လိုက်တာနဲ့ နမောတဿ ပွားလိုက် နဲ့ ကြာလာတော့ မကောင်းတဲ့ အကုသိုလ် စိတ်ဝင်မှုတွေ လျော့သွားပါလိမ့်မယ်။ မကောင်းစိတ်တွေ လျော့လျော့သွားရင် မျက်နှာက အပူဓတ်တွေပါ လျော့လျော့သွားတာပါ။ ပွားရင်း၊ ပွားရင်းနဲ့ မျက်နှာမှာ အအေးဓတ်က ပေါ်လာတာပါ။ အဲဒီအခါမှာ မှန်ထဲပြန်ကြည့်ရင် အအေးဓာတ်နဲ့ ကိုယ့်မျက်နှာကိုယ် ကျေကျေနပ်နပ်နဲ့ တွေ့ရတော့မှာပါ။ ပွားစမှာတော့ အအေးမျက်နှာကို ချက်ချင်း ရဦးမှာ မဟုတ်ပါဘူး။ ပွားတဲ့အထုံ ရက်ကလေး ကြာလာမှ ရလာမှာပါ။ ကိုယ်က အလုပ်တစ်ခု အနေနဲ့ ပွားနေဖို့ပါပဲ။ အအေးဓာတ် မျက်နှာရ သွားပြီဆိုရင် နေရထိုင်ရ တာကစ ပေါ့ပေါ့ပါးပါးကို ရှိသွားတော့တာပါ။
လောကရဲ့ သဘောအရ အေးတဲ့ မျက်နှာရှိတဲ့ သူကိုပဲ လူတွေက ဆက်ဆံချင် ကြတာပါ။ ပူတဲ့မျက်နှာ ရှိတဲ့သူကို အလုပ်သဘောအရ ဆက်ဆံရဦးတော့ မဆက်ဆံ ချင်ကြပါဘူး။ ကိုယ်က ဒီအကျိုးအပစ် လေးတွေကို အာရုံပြုပြီး အေးတဲ့မျက်နှာဖြစ်အောင် အသိနဲ့ပြုပြင် ယူရမှာပါ။ ပုထုဇဉ်တွေ ဆိုတော့လည်း အမြဲတမ်း အေးတဲ့မျက်နှာ ဖြစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်လေ ဒေါသကြောင့်ပဲ ဖြစ်ဖြစ် ဣဿာ မစ္ဆရိယ ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မျက်နှာက ပူတဲ့မျက်နှာ ဖြစ်သွားတတ်ပါတယ်။ ကိုယ့်မျက်နှာ ပြောင်းလဲ သွားပြီဆိုတာနဲ့ ကိုယ်က သိလိုက်ဖို့ပါပဲ။ သိပြီးရင်ပြုပြင်ယူ သွားဖို့ပါပဲ။ ကိုယ်က အေးတဲ့မျက်နှာ ရထားရင် အနုပညာ အလုပ်ကိုပဲ လုပ်လုပ် ၊ဈေးပဲရောင်းရောင်း ၊ စာပဲသင်သင် ၊ ဆိုက်ကားပဲနင်းနင်း၊ ဘာစီးပွားရေး ပဲလုပ်လုပ် ကိုယ့်ရဲ့အလုပ်ကို အအေးမျက်နှာက အထောက်အပံ့တွေ ပေးနေတာပါ။
ဘာပဲပြောပြော ရင်ထဲမှာ အကုသိုလ် စိတ်တွေဖြစ်မနေအောင် လွယ်ကူတဲ့ ကမ္မဋ္ဌန်း တစ်ခုခုကို အမြဲ နှလုံးသွင်း နေဖြစ်ရင် အအေး မျက်နှာကို ရနေတာပဲလေ ။တကယ်တော့ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ရာထူး၊ အာဏာ၊ ငွေကြေး၊ အရာအားလုံးဟာ ဘာမှ မမြဲပါဘူး။ မမြဲတဲ့ သဘောတရားတွေကို မမြဲဘူးလို့ ကိုယ်ကသိ လိုက်ဖို့ပါပဲ။
အဲဒီမမြဲတာတွေကိုပဲ အမှီပြုပြီး လောဘ၊ ဒေါသ၊ ဣဿာ မစ္ဆရိယ၊ ဖြစ်နေတာကိုက သိပ်ပြီးရှက်ဖို့ ကောင်းတာပါ။ ပြီးတော့သေရင် ကိုယ့်နောက်ပါမှာ ကျနေတာပဲ။ မမြဲတဲ့ သဘောတရားကို သိတတ်တဲ့ ဥာဏ်ဓာတ်ဟာ နောက်ဘ၀ နောက်ဘ၀ တွေအထိလည်း အထုံဓာတ် ပါသွားမှာပါ။ နောက်ဘ၀ နောက်ဘ၀ မှာလည်း အထုံဓာတ်က ပါလာတာ ဆိုတော့ မမြဲတဲ့ သဘောတရားတွေကို သတိဥာဏ် ပွင့်ပြီး နောက်ဘ၀ နောက်ဘ၀တွေမှလည်း တရားတွေ အားထုတ် ဖြစ်ရဦးမှာပါ။ နောက်ဘ၀ နောက်ဘ၀ တွေမှာလည်း တရားတွေ အားထုတ်ဖြစ်ပြီး နေက္ခမ္မ ပါရမီ (နေက္ခမ္မ ပါရမီ ဆိုသည်မှာ လောဘ စတဲ့ အကုသိုလ် တရားတွေကို ကိုယ့် သန္တာန် မှာ မရှိအောင် လုပ်တာပါ ) ကိုလည်း ဆင့်ကာ ဆင့်ကာ ဖြည့်ကျင့် နေကြဦးမှာပါ။နေက္ခမ္မ ပါရမီတွေ ဖြည့်ရင်း ဖြည့်ရင်းနဲ့ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာပြီး ပါရမီတွေ ပြည့်လာတဲ့အခါ ဘ၀ရဲ့ တကယ့် ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်ရှိသွား တော့မှာပါပဲလေ။
မြင့်မြတ်သူ တို့ရဲ့ အလုပ် ရဝေနွယ် (အင်းမ) ဓမ္မ အမြုတေ စာစဉ် ၁၀ စာအုပ်၊ စာမျက်နှာ ၉၄ ~ ၉၉ မှ ထုတ် နုတ် ကူးယူ ပူဇော်ပါသည်။

Wednesday, April 28, 2010
ငယ်ချစ်ဟောင်းနဲ့စောင်းအိုရှင်
စောင်းသံမပီ တေးလည်းမညီလေပြီ
လူလည်းအို စောင်းအိုငယ်ကျွမ်းနဲ့
ရည်ရွယ်လှမ်းရာ လမ်းရှာသူ အဖြစ်များသည်
ငယ်ချစ်ဟောင်းကို အောက်မေ့သတိရ
စောင်းမှတေးသံ ခေါ်ဟန်လေလား
အစွဲအလမ်းနဲ့ ချစ်အားငယ်လေပြီ....
စိတ်တူကိုယ်တူ အနုပညာ မြတ်နိုးကြတာညီ
ဒါတွေမမေ့နိုင်ချေပြီ စည်းနဲ့ဝါးကို စိတ်အလိုရွှင်ပျ
ငယ်ချစ်ကကိုင်ကာ နုသောနွဲ့သော တေးအလှတွေသီ
ခိုင်မြဲတည်ကြည် ရည်ရွယ်မှု အသိတရားများသည်
ချစ်သူနှစ်ဦးစလုံးမှာ အပြုံးကလေးတွေ ကိုယ်စီ
ကိုယ့်စောင်းသံသည် သာယာညိမ့်ညောင်း
မင်္ဂလာအပေါင်းနဲ့ ပြည့်လေပြီ။
အဖြစ်ဟောင်းဆိုတာ လူတိုင်းကိုယ်စီ ရှိကြလေပြီ
သူနဲ့ကိုယ့်အကြောင်း ကိုယ့်စောင်းသံသည်
ဆန့်ကျင်ဖီလာ သံသာငုတ်လျှိုး
စောင်းကြိုးတွေလဲ ပြတ်ရှာလေပြီ။
အော်...ကိုယ့်တစ်ယောက်တည်း အဖော်ကွဲ
တကယ်မဖြစ်ကောင်းတဲ့ အကြောင်းတွေသည်
ငယ်ချစ်ဟောင်းနဲ့ နှောင်းခဲ့လေပြီ

ဒီသီချင်းကို ကြိုက်လို့ပါ။ စာသားကလဲ မိုက်တယ်။ သံစဉ်ကလဲ ညိမ့်တယ်။ အသံကလဲ နားဝင်ချိုတယ်။ အသံရော သံစဉ်နဲ့စာသားပါ အေးအေးလေးနဲ့ နှလုံးသားကို စွဲကိုင်နိုင်တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ကိုယ့်အကြိုက်ဆုံး မြန်မာသီချင်း စစ်စစ်ထဲက သီချင်းတစ်ပုဒ်ပေါ့။ ကဲ...အဲ့လိုမြန်မာသံနဲ့ မြန်မာသီချင်း စစ်စစ်ကို သူတို့တွေများ ကြိုက်တတ်မလား မသိဘူးနော်။ မြန်မာမှန်ရင် မြန်မာသံစဉ် စစ်စစ် သီချင်းကိုတော့ ကြိုက်မယ့်သူ ရှိမှာပါ။ မေးကြည့်ဦးမှပဲ....အဟမ်းအဟမ်းး.....သူတို့ကလည်း အခုလို မြန်မာသံနဲ့ မြန်မာသံစဉ် စစ်စစ်ကို အင်မတန် ကြိုက်ပါသတဲ့လေ။ အဲ..နေဦး...စည်းကမ်းကတော့ နံပါတ်တစ်-မြန်မာသံစဉ် စစ်စစ်ဖြစ်ရမယ်။ နံပါတ်နှစ်-ဗုဒ္ဓ၀င်တေး မဖြစ်စေရ။(ရှေးသီချင်း ဖြစ်လည်း ရပါတယ်။)နံပါတ်သုံး-အချစ်တေး သီချင်းသာ(အလွမ်းအဆွေး နှစ်သက်ရာ) ဖြစ်ရမည်။ နံပါတ်လေး- ပို့စ်ခေါင်းစဉ်သည် သီချင်းခေါင်းစဉ်သာ ဖြစ်ရမည်။ နံပါတ်ငါး-သီချင်းစာသားပါဝင်ရပါမည်။
ကဲ..မိတ်ဆွေ သင့်ရဲ့ LUCKY DRAW ကဘယ်လောက်လဲ။ ဟဲဟဲ...အာဝါးးးးးးးးနော်.....ချစ်လို့ တက်ခ် လိုက်တာ။
(ဘလော့တွေမှာ မြန်မာသံစဉ်နဲ့ အလှဆင်ရန် ရည်ရွယ်၍ သာစိတ်ကူးခြင်း ဖြစ်ပါသည်။ ပို့စ်မရေးချင်ပဲ နေနေတဲ့ သူတွေကိုလဲ စိတ်ပြေလက်ပျောက် လမ်းဖောက်လိုက်တာပါ။ ) အားမနာတမ်း ပြောရရင် ဆား ချက်တာ.... :P ငါ့နံပါတ် ဘယ်လောက်လဲ ဖြစ်မလဲဆိုပြီး နံပါတ်တွေ တစ်ခုချင်း လိုက်နှိတ်နေရလို့ မှားပါတယ် မက်မက်ရယ် လို့မပြောနဲ့နော်။ ကံစမ်းမဲ ပေါက်တဲ့သူတွေကို အာဝါးးးးးးးးးးအမြှောက်နှစ်သိန်း ပေးထားပါတယ်နော်။ ဟဲဟဲ....... :P :P
1 ဦးဦးဝင်းလတ်(ဗေဒါလမ်း-ဒေါ်ကြည်၂ဌေး) Done
2
3
4
5 တီတီဆောင်းဦး(မအေးကိုချစ်လို့ပါ-လွှမ်းမိုး)Done
6
7
8 တီတီ၅၁၆/တီတီပန်း(ပန်းတောက်ဝါ)
9
10တီတီနန်း(အရိန္ဒမာအသိဆုံးပါ-ပိုးအိစံ)Done
11ဦးကိုကိုမောင်(ပန်းရနံ့)(ချစ်မိုးကြီး-ဖြူသီ)Done
12
13
14
15
16မမိုးခါး(ဆောင်းအမှီ/ပျို့မှာတမ်း-ဒေါ်မေရှင်)Done
17မကောင်းကင်ပြာ(ကသစ်ပန်း-ကိုအံ့ကြီး)Done
18
19ကိုဖိုးစိန်(ဂုဏ်မြင့်သူ-မောင်နေ၀ါ/ရာဇာဝင်းတင့်) Done
20ကိုဖိုးသင်္ကြန်(ချစ်မိုးဆွေ-ပြည်လှဖေ)Done
21ကိုမိုးခိုသား(လူချွန်လူကောင်း-ကိုအံ့ကြီး) Done
22
23
24
25မပွင့်မြူးဇင်(အညာမြေတမာလမ်းက ရွှေညာသူအလွမ်း-ချိုပြုံး) Done
26
27
28
29
30
31
32
33
34
35
36ကိုပိုးဟပ်လေး(ချစ်ခွင့်ပေးပါတော့ချစ်သူရယ်-သန်းဖေလေး)Done
37
38
39
40
41
42
43မချိုချိုသဇင်(ချစ်အာရုံ-မို့မို့ဇော်ဝင်း)Done
44
45
46
47၀က်ဝံလေး(မွှေးလွန်းသည့်ပန်း-စန္ဒားချစ်ဆွေ) Done

Sunday, April 25, 2010
စိတ်ဝင်စားစရာသချာင်္ကမ္ဘာ
1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 =987654321
1 x 9 + 2 =11
12 x 9 + 3 =111
123 x 9 + 4 =1111
1234 x 9 + 5 =11111
12345 x 9 + 6 =111111
123456 x 9 + 7 =1111111
1234567 x 9 + 8=11111111
12345678 x 9 + 9 =111111111
123456789 x 9 +10=1111111111
9 x 9 + 7 =88
98 x 9 + 6 =888
987 x 9 + 5 =8888
9876 x 9 + 4=88888
98765 x 9 + 3 =888888
987654 x 9 + 2 =8888888
9876543 x 9 + 1=88888888
98765432 x 9 + 0 =888888888
1 x 1=1
11 x 11 =121
111 x 111 =12321
1111 x 1111 =1234321
11111 x 11111 =123454321
111111 x 111111=12345654321
1111111 x 1111111 =1234567654321
11111111 x 11111111 =123456787654321
111111111 x 111111111 =12345678987654321
ပျင်းနေတာနဲ့ METACAFE ကနေ ရှာလာတာ။ အဟဲ... ဆားချက်တာလေ...တစ်တို့လောက် တို့သွားဦး... :P12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 =987654321
1 x 9 + 2 =11
12 x 9 + 3 =111
123 x 9 + 4 =1111
1234 x 9 + 5 =11111
12345 x 9 + 6 =111111
123456 x 9 + 7 =1111111
1234567 x 9 + 8=11111111
12345678 x 9 + 9 =111111111
123456789 x 9 +10=1111111111
9 x 9 + 7 =88
98 x 9 + 6 =888
987 x 9 + 5 =8888
9876 x 9 + 4=88888
98765 x 9 + 3 =888888
987654 x 9 + 2 =8888888
9876543 x 9 + 1=88888888
98765432 x 9 + 0 =888888888
1 x 1=1
11 x 11 =121
111 x 111 =12321
1111 x 1111 =1234321
11111 x 11111 =123454321
111111 x 111111=12345654321
1111111 x 1111111 =1234567654321
11111111 x 11111111 =123456787654321
111111111 x 111111111 =12345678987654321
Subscribe to:
Posts (Atom)