Subscribe:
Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Saturday, March 7, 2009

မြန်မာနိုင်ငံထေရ၀ါဒအစ


(ရှင်အရဟံအား အနော်ရထာမင်းမှ ပိဋကတ်တော်များ ဆက်သနေပုံ)

နမော ၀ိဘဇ္ဇ၀ါဒိနော မဟာ ကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာ ကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ
မဟာကာရုဏိကဿ-ကြီးကျယ်များပြား ကရုဏာတရားကို၊ ဝေနေယျ သတ္တ၀ါတို့ အပေါ်၌ ထားတော်မူ ပေထသော၊ မဟာကာရုဏိကဿ- အောက်သံသရာ သက္ကာယ၊ အထက်သံသရာ သက္ကာယဟု ဆိုအပ်သော သက္ကာယ နှစ်ဌာနသို့၊ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူ ပေထသော၊ မဟာကာရုဏိကဿ- ဒုဂ္ဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာတရားတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူ ပေထသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဝေဖန်ပိုင်းခြားကာ ဟောကြားတော် မူလေ့ရှိ တော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော-ဤကား သဿတ လမ်းစဉ်၊ဤကား ဥစ္ဆေဒ လမ်းစဉ်ဟူ၍၊ အယုတ်တရား နှစ်ပါးတို့ကို ရှောင်ရှားကာ၊ မဇ္ဈိမပဋိဒါ အကျင့်မြတ် လမ်းစဉ်ကိုသာလျှင် ဝေဖန်ပိုင်းခြားကာ ဟောကြားတော် မူလေ့ရှိ တော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော-ဤကား ပယ်သတ်ရမည့် အကြောင်းတရား၊ ဤကား သိရုံသာ သိရမည့် အကျိုးတရားဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိဥာတဗ္ဗခန္ဓာ တို့ကို၊ ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ ရှိတော်မူသော၊ သမ္မာသမ္ဗုဒ္ဓဿ-သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင် ပြည့်စုံစွာ သိမြင်တော် မူပြီးထသော၊ ကိုယ်တော်တိုင် ပြည့်စုံစွာ သိမြင်တော်မူပြီး သည့်အလျောက်၊ ဝေနေယျ သတ္တ၀ါတို့ကို ကိုယ်တော်နှင့်မခြား တစ်မူအလား တူသာလျှင်၊ သိမြင်တော်မူ စေတတ်သော သဗ္ဗညုတ ဥာဏပိုင်ရှင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊ နမော- ဦးခေါင်းညွှတ်ကျိုး လက်စုံမိုး ၍၊ ရှိခိုးကန်တော့ လိုက်ရခြင်းသည်၊ အတ္ထု- စင်စစ်မသွေ ဖြစ်ပါစေသတည်း။သာဓု..သာဓု..သာဓု

ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ)၏ ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး စာတမ်းလေးပါ။ဆရာတော် ဦးကောဆီကို သွားရောက်ခဲ့တုန်းက ဆရာတော့်ကျောင်းမှာ သွန်းလုပ်ထားတဲ့ သာသနာ့ ကျေးဇူးရှင် ရှင်အရဟံနဲ့ အနော်ရထာ မင်းကြီးရဲ့ ရုပ်ထုတော်တွေကို စိတ်ဝင်စားတာနဲ့ သမိုင်းကြောင်းကို ပြန်ရှာလိုက်တဲ့ အခါမှာတော့ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ပြန်လည်တည်တံ့ လာခဲ့ရ ပုံကတော့….ဒီလိုပါ


မြန်မာနိုင်ငံတော်ကို သာသနာ သက်ဆင်းလာပုံကို ပြောရမယ်ဆိုရင် ရှင်အရဟံက စရပါလိမ့်မယ်။ရှင်အရဟံ၏ ဘွဲ့တော်က အရှင်ဓမ္မဒဿီ ဖြစ်ပါတယ်။ သထုံပြည်က အရှင်သီလဗုဒ္ဓိ မည်သော ရဟန္တာ အရှင်မြတ်ရဲ့ တပည့်အရင်းပါ။ ပုဂံပြည်မှာ သမုဒ္ဒရာဇ်မင်းစပြီး အနော်ရထာမင်းစော တိုင်အောင် မင်းအဆက်ဆက် တို့သည် သမထီး အရပ်၌ နေစမှတ်ပြု နေကြတဲ့ အရည်းကြီး ၃ကျိပ်နဲ့တပည့် အရည်းကြီး ၆သောင်းကျော်တို့ အဆုံးအမ ကိုခံယူ၍ အယူမှား ကိုးကွယ်နေတဲ့ အချိန်ပါ။ အရည်းကြီးတွေရဲ့ သိမ်းသွင်းထားတဲ့ အယူတွေကတော့-

၁။ သူ့အသက်ကို သတ်မိသော သူသည် ဤပရိတ်ကို ရွတ်သော် ကမ္မပထမှ လွတ်မြောက်၏။ ၂။ မိဘကို သတ်မိသော သူသည် ဤပရိတ်ကို ရွတ်သော် ပဉ္စာနန္တရိယကံမှ လွတ်မြောက်၏ စတဲ့ မဟုတ်မလျားတဲ့ အဓမ္မကို ဓမ္မဆိုပြီး လုပ်ကြံဟောကြား နေပါတယ်။ ပြီးတော့ မင်း၊ အမှူး၊ အမတ်၊ ကလန်၊ သံပျင်၊ သူဌေး၊ သူကြွယ်၊ ပြည်သူ၊ ပြည်သားတို့က သားသမီးကို ထိမ်းမြားမင်္ဂလာ ပြုတဲ့အခါမှာလည်း ဆရာအရည်း ကြီးတို့အား ပန်းဦးဆက်သ ပေးရပါတယ်။ ပန်းဦးဆက်သ ရသည်ဆိုပြီး သူတို့သမီးကို ညဥ့်ဦးကတည်းက သူတို့ထံ ပေးပို့ရပါတယ်။ မိုးသောက်နံနက် ရောက်လို့ လွှတ်လိုက်မှ ထိမ်းမြားခြင်း ပြုရပါတယ်။ ဆရာက ပန်းဦးမဆွတ်ဘဲ ထိမ်းမြားခဲ့ရင် အစဉ်ကို ဖျက်သည်ဟု ဆိုပြီး မင်းပြစ်၊မင်းဒဏ်ကို ခံရပါတယ်။

သက္ကရာဇ် (၄၀၆) ခုနှစ် ပုဂံပြည်မှာ အနော်ရထာမင်း နန်းတတ်စ ကာလမှာပါ။ ပုဂံပြည်မှာ အရည်းကြီးတွေ မင်းအဆက်ဆက် အဓမ္မ၀ါဒ ဖြန့်ခဲ့တော့ အနော်ရထာမင်းကြီး စိတ်ညစ်ဒွဟ ဖြစ်နေတာပေါ့။ အရည်းကြီးတွေရဲ့ အကြောင်းကို ကြားသိရတယ် ဆိုရင်ဖြင့် ပါရမီ ရင့်မာတဲ့သူ ဖြစ်တဲ့အတွက် နှစ်သက်တော် မမူပါဘူး။ မှားသော အယူဖြစ်သည် ဆိုပြီး ထိတ်လန့်ခြင်း ပြင်းပြစွာ ရှိတော်မူပါတယ်။

ပုဂံပြည်မှာ ရှင်ယောင် အရည်းတို့ဟာ သံဃာတော်-၃၀စီ အစုအသင်းဖွဲ့ နေကြပါတယ်။ အဲလို အစု ၁၀၀၀ ရှိတယ်တဲ့။အနော်ရထာ မင်းစောလည်း အရည်းကြီးတို့၏ အာဂါရိယ၊ အဗြဟ္မစရိယ အမူအကျင့်များကို မကြည်ဖြူ၊ မပေးကမ်း၊ မလှူဒါန်းတော့ ကောက်ကျစ်စဉ်းလဲ ဥာဏ်များတဲ့ အရည်းကြီး တစ်ယောက်က သူတို့ အပြုအမူ ကျင့်စဉ်တွေကို ကျမ်းစာလုပ်ပြီး သရေခေတ္တရာ ရသေ့ပြည်တွင် ရှိသော သခွတ်ပင်ကြီး အခေါင်း၌ ထည့်သိမ်းထားလေသည်။ ၃-နှစ်ပြည့်တော့ ပုဂံပြည်ကို လာရောက်ပြီး အနော်ရထာ မင်းစောကို ဤသို့ပြောကြား လာပါတယ်။

အကျွန်ုပ်တို့အား ကျမ်းစာမရှိလို့ တောင့်တကြတော့ ဘေးလောင်းတော် ဒွတ္တပေါင်မင်းကြီး မြို့တော်ရသေ့ပြည်မှ သခွတ်ပင်ကြီး အတွင်းမှာရှိတဲ့ ကျမ်းစာကို ဖော်ယူသင်ကြား ကျင့်ဆောင်ရမည်လို့ နတ်တို့ အိပ်မက် ပေးတယ်လို့ လျှောက်တင်တော့ မင်းကြီးလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ပြီး ရသေ့ပြည်တွင်းသို့ စစ်အင်္ဂါ လေးပါးနှင့် ချီတက်ခဲ့သည်။ လုံးပတ် (၃၂) တောင်ရှိတဲ့ သခွတ်ပင်ကြီးကို ထွင်းဖောက်ပြီး ကျမ်းစာများကို ရယူကာ မင်းကြီးသဘောမကျ မဟုတ်မမှန် သိတော်မူသဖြင့် အဲ့ဒီနေရာမှာပဲ မီးရှို့စေ ခဲ့ပါတယ်။

သတင်းတွေကို တဆင့်စကား တဆင့်နားနှင့် ရှင်အရဟံ ကြားတဲ့အခါ သထုံပြည် ကနေပြီး သရေခေတ္တရာ ကိုကြွခဲ့ပါတယ်။ ရှင်အရဟံကို တောင်တွင်းကြီးမြို့ရှေ့ ကုန်းခေါင်တောင်ရိုးမှာ ကျက်စားနေတဲ့ မုဆိုးက တွေ့တော့ လူရိုင်းမှတ်ပြီး အနော်ရထာ မင်းကြီးဆီ ဆက်သဖို့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အရည်းကြီးတွေက ဆံလက် ၄-သစ် ၁-၀ါး ထားပြီး ဖန်ရည်စွန်း မ၀တ်၊ ပလောင်ရဟန်း၊ တရုတ်ရဟန်းများလို မဲထည်၊ မဲပြာ၊ အနက်၊ အမည်းကိုသာ ၀တ်ဆင်လေသည်။ အရှင်အရဟံကတော့ ဆံ၂-သစ်ထက်မလွန်၊ ပရိက္ခရာ ၈ပါး၊ စမ္မခဏ်များပါပြီး အရည်းများနှင့် အသွင်မတူတော့ မုဆိုးက လူရိုင်းမှတ်ပြီး ဖမ်းသွားတာပါ။

လူရိုင်းဆိုပြီး မုဆိုးက ဆက်သလာတဲ့ ရဟန်းကို အနော်ရထာ မင်းကြီးမြင်တော့ ဤသူကား လူရိုင်းလက္ခဏာ မရှိ၊ သူမြတ် လက္ခဏာ ရှိပေသည်လို့ ဆင်ခြင်ပြီး နေရာမှထကာ တင့်သင့်လျောက်ပတ်ရာ နေတော်မူပါလို့ သဘောစမ်း၍ ဆိုလိုက်ပါတယ်။ ရှင်အရဟံလည်း မင်းကြီးနဲ့ မဝေး မနီးလွန်းက ရာဇပလ္လင် ပေါ်တက်၍ စမ္မခဏ် ကိုခင်းကာ ထက်ဝက်ဖွဲ့ နေတော်မူပါတယ်။ဒါကို မင်းကြီးက ဤသူကား သူတော်သူမြတ် အစစ်တည်းလို့ နေရာယူပုံကို ကြည့်ပြီး ပီတိဖြစ် တော်မူပါတယ်။ ပြီးတော့ ရှင်အရဟံကို အရမ်းကြည်ညို သွားပြီး ဤသို့မေးမြန်း ပါသေးတယ်။

မင်းကြီး။ ။ အရှင်ကား အဘယ်အမျိုး အနွယ်တည်း။ အဘယ်အရပ်မှ ကြွလာသနည်း။ အဘယ်သူ၏ တရားအဆုံး အမကို ခံယူသနည်း။

မထေရ်။ ။ အသင်မင်းကြီး ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် (၉)ပါး ဘုန်းတော်(၆)ပါး အစိန္တေယျ(၄)ပါး နှင့်ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရား အနွယ်တည်း။ ငါ၏ ဆရာနှင့် သီတင်းသုံး ဖော်များရှိရာ သထုံပြည်မှ လာခဲ့သည်။ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် ဟောကြားသော အဆုံးအမကို ခံယူသည်။

မင်းကြီး။ ။သမ္မာသမ္ဗုဒ္ဓဘုရား အမျိုးအနွယ်တည်ကား အဘယ်သို့သောဂုဏ်၊ အဘယ်သို့သော အကျင့်ရှိ ပေသနည်း။

မထေရ်။ ။ သမ္မာသမ္ဗုဒ္ဓဘုရား ဟူသည်ကား သစ္စာလေးပါး မြတ်တရားကို ဆရာမရှိဘဲ မဖောက်မပြန် သိတော်မူ၍ မင်းထက်မင်း၊ နတ်ထက်နတ်၊ ဗြဟ္ဗာထက် ဗြဟ္ဗာဖြစ်သော ဂုဏ်ကျေးဇူး သူခပ်သိမ်းတို့၏ ဆင်းရဲခြင်းကို ပယ်သတ်ပေး နိုင်သောအကျင့် ရှိတော်မူ၏ဟု မိန့်တော်မူလေလျှင်

မင်းကြီး။ ။ မင်းကြီးလည်း အားရ၀မ်းသာ တော်မူ၍ ဘုရားရှင် ဟောကြားသော တရားဒေသနာ တို့ကို အကျွန်ုပ်အား တစ်စိပ်တစ်ဒေသမျှ ဟောကြားတော် မူပါလို့ တောင်းပန်လျှောက် ထားသည်တွင်

မထေရ်။ ။ (သီရိဓမ္မာသောက မင်းကြီးအား နိကြောဓ သာမဏေ ဟောသကဲ့သို့ ) ဒါန သီလ ဘာဝနာ တရားတို့၌ မမေ့မလျော့ရန် အပ္ပမာဒ သတိတရားကို အကျယ်ဟောတော် မူလေသည်။

မင်းကြီး။ ။ ဘုရားရှင် ယခုဘယ်မှာ ရှိသနည်း။ တရားတော်ကား မည်မျှများ ပါသနည်း။အရှင်မှ တစ်ပါး အခြားသော ရဟန်းတပည့် သံဃာများ ရှိပါသေး သလောဟု ၀မ်းမြောက်ဝမ်းသာ မေးမြန်းလေသည်။

မထေရ်။ ။ ဘုရားရှင်ကား ပရိနိဗ္ဗာန် စံတော်မူ၍ ဓာတ်တော်များသာ ရှိပါတော့သည်။ ပိဋက သုံးပုံ ၊ဓမ္မက္ခန္ဓာ (၈၄၀၀၀) ရှိပေသည်။ သထုံပြည်၌ ပိဋကသုံးပုံ အစုံ သုံးဆယ်ပင် ရှိလေသည်။ ငါမှတစ်ပါး အခြား ရဟန်းတော် များစွာလည်း ရှိပေသည်။

မင်းကြီး။ ။ ၀မ်းမြောက်လှပါသည် ဘုရား၊ အရှင်မှ တစ်ပါးအခြား ကိုးကွယ်အားထားရာ မရှိပါ။ ကျွန်ုပ်၏ အသက်ကိုပင် ဆောင်နှင်းလှူဒါန်းပါ၏။ တရားအဆုံးအမ ပေးသည့်အတိုင်း ခံယူပါမည် ဘုရား ဟု လျှောက်ထား လေသည်။

နေပြည်တော် အရှေ့ဘက် အရပ်၌ ဇေတ၀န်မည်သော ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းလေသည်။ မင်းကြီးသည် ရေကိုထမ်း၊ မိဖုရားသည် ဆွမ်းကိုရွက်ကာ နေ့စဉ်သွားရောက် လှူဒါန်းလေသည်။ သာသနာနှင့် ပတ်သက်သည် များကိုလည်း လျှောက်ထားမေးမြန်း လေသည်။ အရည်းကြီး တို့အားလည်း ပူဇော်ပသမှုကို ရပ်စဲလိုက်လေသည်။ ထို့ကြောင့် အရည်းကြီးတို့သည် ရှင်အရဟံကို ရန်ငြိုးထား ကြလေသည်။ မင်းကြီးကလည်း အရည်းကြီး တို့လက်မှ ကာကွယ်ပေးရန် ဆင်ခြင်ပြီး အရည်းကြီး သုံးကျိတ်နှင့် တပည့်လက်သား ၆သောင်းကျော်တို့ကို လူဝတ်လဲစေပြီး အဲမောင်းကိုင်၊ လှံကိုင်၊ ဆင်ချီးကျုံး၊ မြင်းချီးကျူံး အမှုတော်ထမ်း စေလေသည်။ ရှင်အရဟံ၏ သာသနာ၌ ကြည်ညိုသူ တို့ကိုလည်း ရဟန်းပဉ္စင်း ပြုပေးပြီး သာသနာ တော်မြတ်ကို သန့်ရှင်းထွန်းလင်း စေလေသည်။ ဤသို့ မင်းနှင့်ဆရာ ပူးပေါင်းတိုင်ပင်၍ သာသနာကို သန့်ရှင်းစေလေသည်။

အနော်ရထာ မင်းကြီးသည် ရှင်အရဟံ၏ တိုက်တွန်းချက်အရ သာသနာတော် ပြန့်ပွားစေရန် စကားပြောကျွမ်းကျင် လိမ္မာသော အမတ်တစ်ဦးကို တန်စိုးလက်ဆောင် များပေး၍ သထုံပြည်၌ ရှိသော ပိဋကတ်သုံးပုံနှင့် ဓာတ်တော်၊ မွေတော်များကို ပင့်ဆောင်ခိုင်း လိုက်လေသည်။ ထိုအခါ သထုံပြည်ကို အုပ်စိုးသော မနူဟာမင်းက မိစ္ဆာာဒိဋ္ဌိတို့နှင့် တန်ရာလောဟု ပြောဆိုခံရကာ ဆက်ဆံရေး မပြေပြစ်မှုကြောင့် အနော်ရထာမင်း အမျက်ထွက်တော် မူလေသည်။ ထို့ကြောင့်ကိုယ်တော်တိုင် ရေကြောင်းမှာ လှေရှစ်သိန်း၊ သူရဲကောင်း ရှစ်ကုဋေ ၊ကြည်းကြောင်းမှာ စစ်သူကြီး လေးယောက်နှင့် ဆင်ရှစ်သိန်း၊ မြင်းရှစ်သိန်း၊ သူရဲကောင်းကုဋေရှစ်ဆယ် တို့နှင့် ချီတက်လေသည်။ ရေကြောင်းစစ်ဦး ပဲခူး တို့ရောက်၍ ပုဂံက လှေတပ်မကုန်သေး၊ ကြည်းကြောင်း စစ်ဦး သထုံကျေးစပ်သို့ ရောက်၍ပုဂံက ကြည်းတပ် မကုန်သေးချေ။ ထိုစစ်ရေး ချီလာသော သတင်းကို မနူဟာမင်းကြီး ကြားလျှင် လွန်စွာ ကြောက်ရွံ၍ မြို့ကိုပရောဂ စီမံထားလေသည်။ ထို့ကြောင့် အနော်ရထာ မင်းကြီးသည် ကြိမ်ဖန်များစွာ လုပ်ကြံသော်လည်း အောင်မြင်မှုကို မရခဲ့ချေ။

ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးသောအခါ ဇော်ဂျီတစ်ကောင်ကို ဖုတ်ကင်၍ စားသောကုလားငယ်၏ ဦးခေါင်း၊ ပေါင်၊ လက် တို့ကို မြို့ရိုးအနှံ မြုပ်နှံထားကာ ပရောဂ စီမံထားကြောင်း သိရလေလျှင် အနော်ရထာ မင်းကြီးသည် နေရာအနှံ ရှာဖွေတူးဖော်ကာ သမုဒ္ဒရာတွင် စွန့်ပစ်ကာမှ အနိုင်တိုက်ယူကာ အောင်မြင်ခြင်းကို ရရှိလေသည်။ ထို့နောက် သထုံပြည်ကို အောင်မြင်ကာ သထုံမင်း အဆက်ဆက် ရတနာ ပန်းတောင်းတွင် ထား၍ကိုးကွယ်သော ဓာတ်တော်၊ မွေတော်များ၊ ပိဋကတ် သုံးပုံအစုံ သုံးဆယ် တို့ကိုလည်း သထုံမင်း၏ ဆင်ဖြူ(၃၂)စီးတွင် တင်၍ပင့်ဆောင် လာခဲ့လေသည်။ မနူဟာမင်းကြီး နှင့်တကွ ပိဋကတ် တတ်ကျွမ်းသော အရိယာပုဂ္ဂိုလ် တစ်ထောင် တို့ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်ခဲ့လေသည်။

ထိုအခါမှစ၍ စစ်မှန်စင်ကြယ်သော သာသနာတော်သည် ပုဂံပြည်၌ ထွန်းကားခဲ့လေသည်။ အနော်ရထာ မင်းကြီးလည်း အရည်းကြီးတို့၏ မိစ္ဆာအမှောင်တွင်း၌ နေခဲ့ကြ ရရှာသော ခေတ်အဆက်ဆက် မင်းပြု အုပ်စိုးလာကြသော ဘိုးလောင်းတော် ဘေးလောင်းတော်တို့အား သတိရ ကြေကွဲဝမ်းနည်းကာ ပါရမီကုသိုလ် ရစေခလိုဟု တမ်းတမြည်ကြွေးလေသည်။

ရှင်အရဟံသည် အလောင်းစည်သူ နန်းစံ၂-နှစ် သက်တော်၈၁တွင် ပရိနိဗ္ဗာန် ပြုလေသည်။ မင်းနှင့်ပြည်သူတို့ ၇ရက်ပတ်လုံး ပူဇော်ပွဲကြီး ကျင်းပ၍ မီးသဂြိုလ် ကြလေသည်။ ဓာတ်တော်များကို ရွှေတလားတွင် ထည့်သွင်း၍ တူရွင်းတောင်ခြေ၌ ဂူတည်ထား ကိုးကွယ်လေသည်။ ရှင်အရဟံ၏ ပုံတူကိုလည်း ထုလုပ်ပူဇော် ကြလေသည်။ (ယခုထိတိုင် အာနန္ဒာဘုရား အတွင်းမှာ ရှိလေသည်)။မြန်မာပြည်သူပြည်သား အဆက်ဆက်၏ ကျေးဇူးရှင်၊ ဘုရားရှင်၏ သားတော်ကြီး ရဟန္တာ ရှင်အရဟံ၏ သာသနာပြု လုပ်ငန်းကား မြန်မာပြည် သာသနာဝင်တွင် အမြင့်မားဆုံး ဖြစ်ပေလေတော့သည်။

အမတ်ကြီး မဟာဓမ္မသင်္ကြံ ရေးသားပြုစုသော သာသနာ လင်္ကာရစာတမ်း သုံးကျမ်းတွဲ THE HISTORY OF THE BUDDHIST’S RELIGION စာအုပ်နှင့် ဓမ္မာစရိယ ဦးဌေးလှိုင် ရေးသားသော ရဟန္တာများ စာအုပ်မှမှီးငြိမ်းပြီး အတိုချုံးကာ ဖော်ပြလိုက်ပါသည်။


ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။

Saturday, February 28, 2009

သာကီမျိုးဟေ့ဒို့မြန်မာ

ဗုဒ္ဓဘာသာသည် မြန်မာလူမျိုးတို့ အသက်ပေး ကိုးကွယ်ခဲ့သော ဘာသာဖြစ်ပါတယ်။ ဤကမ္ဘာတွင် ကိုးကွယ်ရာ ဘာသာဝါဒများ ရှိကြပါတယ်။ အချို့ ဘာသာဝါဒ တို့ဟာ “ဣဿရနိမ္မာန၀ါဒ” ခေါ် “ဖန်ဆင်းရေး ၀ါဒ” များသာဖြစ်ပါတယ်။ ထိုကဲ့သို့ရှိသော ဘာသာရေး ၀ါဒတို့ဟာ ဖန်ဆင်းရှင်ကို ယုံကြည်ရပါတယ်။ အားကိုးရပါတယ်။ကယ်တင်တယ်၊ ချမ်းသာသုခ ကိုပေးတယ်၊ ကောင်းမွန်သည့်ဘုံသို့ ခေါ်ဆောင်မည်ဟု ယုံကြည်ပြီး ဆုတောင်း ၀တ်တွားရပါတယ်။

မိမိဘ၀ ချမ်းသာကြီးပွားရေး အတွက် ကယ်တင်ရှင်ကိုသာ ပုံလွဲပြီး ယုံကြည်မှု အဓိက ဘာသာဝါဒ များဖြစ်ပါတယ်။ ထိုဘာသာ ၀ါဒတို့တွင် သဒ္ဓါ ယုံကြည်မှုသာ ပဲရှိပါတယ်။ ပညာလို့ ခေါ်တဲ့ ဟုတ်မဟုတ် မှန်မမှန် ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆန်းစစ်မှု မပါရှိပါ။ ဒုက္ခမှ လွတ်မြောက်ရန်အတွက် ကျင့်ကြံကြိုးကုတ် အားထုတ်မှု လို့ခေါ်တဲ့ စရဏတရား မပါရှိပါ။ သို့ဖြစ်၍ ထိုဘာသာ ၀ါဒတို့၏ အဓိက အခြေခံမှာ သဒ္ဓါတရားသာ ဖြစ်ပါသည်။

ထို့အပြင် သိပ္ပံပညာ ရပ်များကို လေ့လာ ဆန်းစစ်ရန်လည်း လိုအပ်ပါတယ်။ Philosophy ခေါ် ဒဿနိက ဗေဒဘာသာရပ်နှင့် ရုပ်ပိုင်းဆိုင်ရာ သိပ္ပံပညာ အားလုံးသည် အသိဥာဏ် ပညာ တိုးပွးရန် လေ့လာသော ဘာသာရပ်များသာ ဖြစ်ပါတယ်။ ပညာတစ်ခုထဲကိုသာ ဗဟိုပြုထားလို့ “သဒ္ဓါနှင့်စရဏ” မပါရှိသဖြင့် သိပ္ပံပညာ ရပ်သည်လည်း ဒုက္ခမှ လွတ်မြောက်မှုကို မပေးအပ်နိုင်ပါ။

ဗုဒ္ဓ၀ါဒမှာမှု သဒ္ဓါ နှင့် ပညာ ညီမျှစွာ တွဲဖက်ထားသော ဘာသာဖြစ်ပါတယ်။ ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့ ဂုဏ်ကို ပညာဖြင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး စေတနာ သဒ္ဓါထက်သန်စွာ ကိုးကွယ်ရသော ဘာသာဖြစ်ပါတယ်။ ပညာဖြင့် ရှုမြင် စေတနာ သဒ္ဓါဖြင့် ယုံကြည်ရုံနှင့် အဆုံးမသတ်သေးပါ။ တကယ်တမ်း သံသရာ ၀ဋ်မှ ကျွတ်လွတ်လိုလျှင် လည်းကောင်း ဘ၀သံသရာ ကျင်လည်ရာဝယ် နေရာကောင်း ဘ၀ကောင်း ဖြစ်လိုလျှင် လည်းကောင်း စရဏ ခေါ် ကျင့်ကြံကြိုးကုတ် အားထုတ်မှု ရှိရပါမယ် လေနော်။

ထို့ကြောင့် ဘာသာခြား ၀ါဒတို့မှာ သဒ္ဓါသာ အဓိကဖြစ်ပြီး ပညာနှင့် စရဏ မပါသဖြင့် လိုအပ်သော ချမ်းသာမျိုးကို မရနိုင်ပါ။ သိပ္ပံ ပညာရပ်မှာလည်း ပညာသာ အဓိက ဖြစ်ပြီး သဒ္ဓါနှင့်စရဏ မပါပြန်သဖြင့် လမ်းမှန် နည်းမှန် စနစ်မှန် ထက်သန်သော အားထုတ်မှုမျိုး မဖြစ်နိုင်ပါ။ တကယ်တမ်း ခံစားရသည့် ဘ၀ဒုက္ခများမှ လည်းလွတ်မြောက်အောင် မဆောင်ရွက်နိုင်ပါ။ဗုဒ္ဓဘာသာမှာမှု “သဒ္ဓါ၊ပညာ၊စရဏ” စုံလင်စွာ ပါရှိသဖြင့် တောင့်တသည့်အတိုင်း မဆိုင်းမတွ သုခကျိုးကို ပေးအပ်နိုင်သည့် မှန်ကန်မှု အပြည့်ရှိသော ဘာသာဝါဒ ဖြစ်ပါသည်။ ထိုကဲ့သို့ မှန်ကန်သော ဘာသာဝါဒ တစ်ရပ်ကို ကိုးကွယ်နေကြရသဖြင့် ဗုဒ္ဓဘာသာဝင် စစ်မှန်သူတိုင်း အောင်မြင်မှု ပန်းတိုင်ကို လျှောက်လှမ်းနေကြ သူများဖြစ်ပါသည်။
လူတိုင်းလူုတိုင်း တစ်ဦးချင်း အနေနှင့် မှန်ကန်မှုရှိသော ဘာသာဝါဒကို ရွေးချယ်ကိုးကွယ်ကြသူများ ဖြစ်နေကြသဖြင့် ဘ၀သံသရာ တလျှောက်လုံး ကောင်းစားရေးအတွက် ဗုဒ္ဓဘာသာသည် လူတိုင်းလူတိုင်းအတွက် အရေးကြီးဆုံး ဘာသာဝါဒတစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓ၀ါဒကို လက်ကိုင်ထား ကျင့်ကြံကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များအဖို့ မည်သည့်နိုင်ငံသား၊ မည်သည့်လူမျိုး၊ မည်သည့်ပုဂ္ဂိုလ် မည်သူမဆို လူတော်လူကောင်းများ ဖြစ်နေကြပြီးဖြစ်၍ လူဘ၀ကို အရတော်သူ ကံကောင်းသူများ ဖြစ်ခဲ့ကြပါပြီ။

သမိုင်းကြောင်းအရ မြန်မာပြည်ဖွား တိုင်းရင်းသားတို့မှာ သာကီဝင်မင်းသား မြတ်စွာဘုရားနှင့် ဆွေမျိုးရင်းခြာ တော်စပ်ကြသဖြင့် ကံကောင်းပြီးသားအပြင် နောက်ထပ်ကံကောင်းမှုတစ်ခု တိုးလာသည့် မြင့်မြတ်သည့် ကံထူးရှင်များ ဖြစ်လာပါသည်။
မြန်မာနှင့်ဗုဒ္ဓသည် ခွဲခြားမရ။ ဆွေတော်မျိုးတော်များ ဖြစ်ကြသဖြင့် ဗုဒ္ဓ ဘာသနာတော်ကို မြန်မာလူမျိုးတိုင်း ကိုးကွယ်ရေး ၊ မြန်မာမှန်သမျှ ဗုဒ္ဓသာသနာ့ အမွေ ဆက်ခံနိုင်ရေးသည် သမိုင်းပေး တာဝန်ကြီး ဖြစ်လာပါသည်။

မြန်မာနိုင်ငံကို ချစ်သောမြန်မာ လူမျိုးတိုင်း ဗုဒ္ဓဘာသာကို ချစ်ရပါမည်။ မြန်မာကို ကမ္ဘာက လေးစားနေသည်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အကယ်၍ ဘာသာခြား ၀ါဒကြီးများ လွှမ်းမိုးသွားပြီ ဆိုပါက မြန်မာကို ကမ္ဘာက စဉ်းစားစရာ မလိုတော့ပါ။ ထိုထိုဘာသာဝါဒ ထွန်းကားရာ နိုင်ငံများသို့သာ လေ့လာရေး အတွက်ခရီး ဆက်ကြပါလိမ့်မည်။

ဗုဒ္ဓဘာသာ တိုးတက်လေသမျှ မြန်မာနိုင်ငံသည် ဤကမ္ဘာတွင် ဦးစားပေး နေရာ ရနေမည်မှာ မုချဖြစ်ပါသည်။”သာသနာ ကွယ်သောနေ့သည် မြန်မာကွယ်သော နေ့”ဖြစ်နိုင်ပါသည်။ ဗုဒ္ဓသာသနာ နှင့် မြန်မာလူမျိုးသည် အစဉ်ထာဝရ ဒွန်တွဲနေသဖြင့် မြန်မာကို ချစ်သောသူတိုင်း ဗုဒ္ဓဘာသာကို လေးစားရပါမည်။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ရှိတော် မူစဉ်ကတည်းက ဗုဒ္ဓကို မကိုးကွယ်သော အခြားဘာသာတို့ ရှိနေသဖြင့် အားလုံး ဗုဒ္ဓဘာသာဖြစ်ရမည်၊ ဗုဒ္ဓဘာသာသို့ မ၀င်မနေရဟု မဆိုလိုပါ။ မိမိတို့ ကြိုက်နှစ်သက်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်တော့ ရှိကြပါသည်။လူ့ဘ၀သည် ရခဲလှပါသည်။ ရခဲလှသည့် လူ့ဘ၀ကို ရသည့်အခိုက်ဝယ် ဗုဒ္ဓဘာသာကို စူးစမ်းလေ့လာ စေလိုပါသည်။ ဗုဒ္ဓဘာသာသည် ပစ္စက္ခ တမလွန် ကြီးပွားချမ်းသာရေးနှင့် သံသရာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေးအတွက် နည်းပေးလမ်းပြ တိတိကျကျ ဖော်ပြနိုင်သော ဘာသာတစ်ခု ဖြစ်ပါသည်။ ကံကောင်းလှသဖြင့် မြန်မာပြည်တွင် လူဖြစ်ရပြီး ဗုဒ္ဓာသာကို အနီးကပ် လေ့လာခွင့် ရနိုင်သည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံရပ်ခြား ဘာသာခြား ဖြစ်နေသူများ အဖို့လေ့လာရန် ခက်ခဲလှပါသည်။ ဗုဒ္ဓဘာသာတွင် လေ့လာရန် ပိဋကပ်များ လေ့လာစူးစမ်းရန် ဆရာများ အနီးဒေသမှာပင် ရှိနေပါသည်။ လေ့လာကြည့်ပြီးမှ ဆုံးဖြစ်ပါမှု ပို၍မှန်ကန် ပါလိမ့်မည်။ လက်တွေ့လေ့လာမှ ကိုယ်တွေ့ အသိပညာမှန် ရနိုင်ပါသည်။

အကယ်၍ ယုံကြည်ရန် မဖြစ်နိုင်ပါဟု ဆိုလျှင် သဘောကျ ကိုးကွယ်နိုင်ပါသည်။ သို့ပါသော်လည်း လူများစု ကိုးကွယ်သော မြန်မာတိုင်း ကိုးကွယ်သော ဗုဒ္ဓဘာသာကိုမှု မဆန့်ကျင်ကြဘဲ မြန်မာပြည်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပါဝင်လက်တွဲ ဆောင်ရွက်ကြရပါမည်။

ဗုဒ္ဓဘာသာ တိုးတက်လာသဖြင့် မည့်သည့်ဘာသာ ၀ါဒတို့ကိုမှ အန္တာရယ် ပေးမည်မဟုတ်ပါ။ ငြိမ်းချမ်းရေး အပြည့်ရှိသော ဘာသာဝါဒ ဖြစ်သဖြင့် မြန်မာ့မြေတွင်နေ မြန်မာ့ရေကိုသောက် မြန်မာ့ဆန်ကိုစား မိမိကိုယ်ကို မြန်မာဟု ခံယူထားသော မျိုးချစ်မြန်မာတိုင်းသည် အမျိုးသားရေး တာဝန်အသွင်ဖြင့် ဗုဒ္ဓဘာသာ ထာဝစဉ် တိုးတက်နေရန် ကာယအား ဥာဏအား ဓနအား ပညာအား စွမ်းပကား အားလုံး စုပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်ကြ ရမည်မှာ မြန်မာတိုင်း၏ တာဝန်ဖြစ်ပါသည်။ စည်းကမ်းပျောက်လျှင် လူမျိုးပျောက်သွား လိမ့်မည်။ မြေမျိုသော် လူမျိုးမကုန် လူလူချင်း မျိုပါမှ လူမျိုးတုန်း လိမ့်မည်ဟု စာဆိုလည်း ရှိတယ်နော်။

မိမိတို့ မြန်မာလူမျိုးသည် ကမ္ဘာတည်ဦး လူဟူ၍ ပေါ်ပေါက်သည့် အချိန်ကပင် ပေါ်ပေါက်ခဲ့သည်။ လူမျိုးတစ်ခြား မရောနှောခဲ့။ ရောနှောမှုကိုလည်း လက်မခံခဲ့။ အခြားလူမျိုးများ၏ လွှမ်းမိုးမှုကိုလည်း လက်မခံခဲ့။ အမိမြေကို တကယ်ချစ် မြတ်နိုးလျှင် အသမ္ဘိန္နမှုကို မုချမသွေ လိုက်နာရမည်။ လူမျိုးခြားနှင့် ရောနှောခြင်းသည် မည်သို့ပင် အကြောင်းပြပြ မြန်မာမပီသရာ ရောက်သည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာသာကီဝင် ဟူသည် အမျိုးဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ ထိပ်တန်းက နေရသော လူမျိုးဖြစ်ရမည်။
*အာဒိစ္စ၀ံသ= အရှေ့တိုင်းသားပီပီ မိမိယဉ်ကျေးမှု အမွေအနှစ် ဇာတိမာန် အမျိုးမာန်ထက်သန် ပြည့်ဝလိုက်နာကြပြီး မိမိလူမျိုးကို ချစ်မြတ်နိုးပါ။
*ခတ္တိယ= မိမိတို့ ပိုင်ဆိုင်သော ရေ၊မြေ၊ တော၊တောင် သဘ၀၊ သယံဇာတ ထာဝရ တိုးတက်အောင် ကြံဆောင်ပြီး အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ။
*အသမ္ဘိန္န= လူမျိုးခြားသွေး ကင်းပါစေ ဗုဒ္ဓဘာသာ မြန်မာလူမျိုး စစ်စစ်ဖြစ်စေရန် လူမျိုးခြား ဘာသာခြား သွေးမနှောစေဘဲ အမျိုးဘာသာ သာသနာ စိတ်ဓာတ် အပြည့်အ၀ထားပြီး အမျိုးဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေး လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များသည် သာကီဝင် မြန်မာများ၏ သမိုင်းပေးတာဝန် အမျိုးသားရေး တာဝန်များ ဖြစ်ကြပါသည်။

မြန်မာလူမျိုး ဗုဒ္ဓ၏ သာသနာတော်ကြီး တည်တံ့ထွန်းကား ပြန့်ပွားရေး အတွက်သာသနာ ပြုရသည့် တာဝန်သည် မြန်မာပြည်ဖွား မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားရေး တာဝန်ကြီး ဖြစ်ပေသည်။သွေးကပြောသော ဗုဒ္ဓသာသနာ တော်အတွက် သွေးတူသားတူ လူမျိုးတူတို့က အစဉ်ထာဝရ ကြိုးပမ်းလိုက်နာ အားထုတ်ကြမှသာ အဆွေတော်သည် တာဝန်ကျေသော နိုင်ငံသားကောင်း မျိုးချစ်ဘာမထီ အာဇာနည်ခေါ် သာကီမြန်မာ ပီသမည် ဖြစ်သဖြင့် အမျိုး ဘာသာ သာသနာ အတွက် ဦးထိပ်ရွက်ကာ သာသနာ့ရန်စွယ် အန္တရာယ် ဟူသမျှ ကာကွယ်ကြပြီး လောကသံသရာ ချမ်းသာသုခ ပေးဝေငှမည့် ဗုဒ္ဓသာသနာကြီး တိုးတက်စေရန် စိတ်ရည်သန်၍ ရန်သူဆို ဘာမထီ မြင့်မြတ်တဲ့ အာဇာနည် “သာကီမျိုးဟေ့ ဒို့မြန်မာ” ဟုဂုဏ်ယူ ၀င့်ကြွားစွာ ဟစ်ကြွေးပြီး သာသနာပြု သူရဲကောင်း ပုဂ္ဂိုလ်မွန်များ ဖြစ်နိုင်ကြ ပါစေဟု ဆန္ဒပြု ရေးသားလိုက်ပါတယ်။
ကိုးကား ….. ဗုဒ္ဓနှင့် မြန်မာလူမျိုး စာအုပ်မှ။