Subscribe:
Showing posts with label ထူးထူးဆန်းဆန်း. Show all posts
Showing posts with label ထူးထူးဆန်းဆန်း. Show all posts

Thursday, October 9, 2008

အားလုံးပဲသိရင် ပြောပြပေးပါနော်...











အားလုံးပဲ သိရင်ဖြေပေးကြ ပါနော်... သူ့အကြောင်းလေးကို သိချင်နေတာ ကြာပါပြီ။ အင်တာနက်မှာ ရှာတာလဲ မတွေ့ဘူး။သူဘယ်နိုင်ငံကလဲ ဘယ်သူလဲဆိုတာ သိသူများရှိရင် ပြောပြပေးပါ။နော်.... :) :)

လောကမှာ ထူးထူးဆန်းဆန်း လေးတွေလည်း ဖြစ်တတ်ပါတယ်။ ဆေးပညာအရ ကြည့်မယ်ဆိုရင် ဒါက ထူးဆန်းတယ်နော်။ ဒါပေမယ့် ဗုဒ္ဓဘာသာအရ ကြည့်မယ်ဆိုရင် သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့လေ။ အတိတ်ကံ မကောင်းခဲ့လို့သာလျှင် လူဖြစ်ရတာတောင် ဒီလိုဘ၀မျိုးနဲ့ လူဖြစ်ရတာ။ အင်မတန် ၀ဋ္ဋ်ကြီးတယ် လို့ဆိုရမှာပေါ့။
အတိတ်ကံဆိုတာ ဥပမာ အမိဗိုက်ထဲမှာ ပဋ္ဋိသန္ဓေတည် ကတည်းက အမျိုးညံ့ထဲမှာ တည်တာ၊ အမျိုးကောင်းထဲမှာ တည်တာ၊ ခြေလက်အင်္ဂါစုံတာ၊ ချွတ်ယွင်းတာ၊ မိန်းမဖြစ်တာ၊ယောင်္ကျားဖြစ်တာ၊ အဲဒါ တွေကရှေးက အတိတ်ကံကြောင့် ဖြစ်ရတာပါ။ အဲဒီအတိတ်ကံ အားကောင်းမကောင်းကို ပစ္စုပ္ပန်ကံက ပြုပြင် ယူလို့လည်းမရသလို ဖန်တီးယူလို့လဲမရဘူးလေ။ အခုဒီခေတ်မှာတော့ တိုးတက်လာကြတဲ့ ဆေးပညာတွေဟာ ဆိုရင်ဖြင့် အင်မတန်ကို ကြောက်ခမန်းလိလိကို အောင်မြင်နေတာပါ။ ယောင်္ကျားကနေ မိန်းမပုံစံပြောင်းမလား၊ မိန်းမကနေယောက်ျား ပုံစံပြောင်းမလား။ နှလုံးအစားသွင်းပဲ ကုမလား။ ရင်ချင်းဆက်တွေ ကိုပဲခွဲမလား၊ ခါးချင်း ဆက်တွေကိုပဲခွဲမလား၊ ဘာလုပ်ချင်သလဲ အကုန်လုံးကိုလုပ်လို့ ရပါတယ်။ဒီလို ခေတ်ပညာတွေ တိုးတက်လာလို့ ပစ္စုပ္ပန်ကံကို ပြောင်းလဲယူလို့ ရတာပါနော်။ဒီလိုပြောင်းလဲယူတာမှာ ကောင်းတာတွေ အများကြီးရှိသလို ဆိုးကျိုးတွေလည်း ဒုနဲ့ဒေးပါ။

သတ္တ၀ါတို့မှာ ကံသာလျှင် မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာ ဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောကြား ထားဖူးတာလဲရှိ ပါတယ်။

ဒီပုံလေးတွေကိုကြည့်ပြီး လောကမှာ ဆုတောင်း မမှားဖို့လည်း အရေးကြီးတယ် ဆိုတာလေးကို သွားသတိရ လိုက်သေးတယ်။ တချို့တွေရှိပါတယ် ငှက်ဖြစ်ရင်တောင် တကိုင်းထဲ နားရပါစေတို့ ဘာတို့ အစရှိသဖြင့်ပေါ့လေ။ :)

တကယ်ပါ..အစကတော့ သူ့ကို photo shop နဲ့ ပြင်ထားတယ် ထင်နေတာ။အဲဒီလူရဲ့ အကြောင်းလေးကို
သိခွင့်ရမယ်ဆိုရင်ဖြင့် မက်မက်ကို ပြောပြပေးပါလို့ တောင်းဆိုပါရစေနော်...။

Tuesday, August 26, 2008

လောကကြီးကိုအရှုံးမပေးပေါင်


မင်းလိုပဲ ငါလည်း လျှောက်တတ် ပါတယ်ကွ.. ဟွန်း... :P



ကဲ..အားလုံး လိုက်ဆို...


သမီးလေးရေ..အိပ်ပါကွယ်...မာမီချော့သိပ်မယ်


တော်ပြီ..နင်တို့နှစ်ယောက်ကြောင့်ငါစိတ်ညစ်တယ်..မခေါ်တော့ဘူး

.
အခုလို တက်ရောက် လာကြတဲ့ လူကြီးမင်းများကို ကျေးဇူးတင်ပါတယ်။ :D


ကဲပြန်လိုက်ဦးမယ်ဗျိုး.....နောက်မှတွေ့ကြတာပေါ့


ဟိတ်...လျှောက်မပြောနဲ့နော်...ဒီသုံးယောက်မှာ ငါအချောဆုံးဆိုတာ :P


အင်း..Massage ကလည်း တစ်မျိုးလေး ပါလား.. ဇိမ်ပဲ ... :P


မဆိုးဘူး..ဒီဟိုတယ်က ၀န်ဆောင်မှု ကောင်းတယ်။.. :P


ဟင့်..ကိုကိုလည်း လာသေးဘူး....


စောင့်လိုက်ရတာ ချစ်သူရယ်။ ညောင်းလာပြီ.. /ဟွန့်လူဆိုး... ခုမှလာတယ်.... :P


အခုဓာတ်ပုံ လေးတွေကို ကြည့်ပြီး သူငယ်ချင်း တွေလည်း ပြုံးမိ ရယ်မိကြ မှာပဲနော်။ တကယ်တော့ အဲဒီ ဓာတ်ပုံလေးကို ကြည့်ပြီး သင်ခန်းစာ ယူလို့ရပါတယ်။ ဒီခွေးလေးက ဘ၀ကို အရှုံး မပေးဘဲ ဖြစ်လာတဲ့ အခြေ အနေမှာ လောကကြီးကို အံတုရဲတဲ့ သတ္တိကို ပြလိုက်တာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ စိတ်စွမ်းအား အပြည့်ရှိတဲ့ တိရစ္ဆာန်လို ခွေးမျိုးတောင် ခြေနှစ်ချောင်းပဲ ရှိတဲ့သူရဲ့ ဘ၀ကို အရှုံးမပေးခဲ့ဘူး။

ဒီလိုပါပဲ လူသား တွေကလည်း ကိုယ်ရဲ့ ရလာတဲ့ ဘ၀မှာ တင်းတိမ်ရောင့်ရဲပြီး ဘ၀ကို အနိုင်မခံ အရှုံးအပေး ပဲ
ဒီပုံလေးထဲက သူ့လိုပဲ လောကကြီးကို သတ္တိရှိရှိနဲ့ အောင်မြင်မှု ပန်းတိုင်ကို ကြိုးစားပြီး အရောက် လှမ်းနိုင် ကြပါစေ။

Thursday, July 3, 2008

ကြက်တကောင်၏ဖြစ်စဉ်





Read this document on Scribd: chicken life
Dream ရဲ့ သူငယ်ချင်းတွေကို ကြက်ကြော် ကျွေးမယ် ဆိုတာ အခုမှပဲ အကောင်အထည် ဖော်ဖြစ် တော့တယ်။ ကြက်ကြော် မစားခင် ဗဟုသုတ အနေနဲ့ ကြက်ဘယ်လို ဖြစ်တယ်ဆိုတာ အရင်ဆုံး ကြည့်လိုက်နော်.. ပြီးမှ စားချင်ရင် လည်းစားပေါ့။ :) ဟီးဟီး...ဒီကြက်ကြော် ကိုတော့ အကုန်မစား သွားနဲ့။ ပြန်ထားခဲ့နော် ။ :P