Pages

Tuesday, May 19, 2009

လူ့ဘ၀ဧ။်အကြီးမားဆုံးသောအသိတရား၁၄ချက်

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။


ပဲခူးကွမ်ရင်စီ ဘုရားကျောင်းမှ ဓမ္မလက်ဆောင် ဖြစ်ပါတယ်။ အခုရက်ပိုင်း ဘယ်လိုမှ မအားဘူး ဖြစ်နေလို့ အိမ်လိုက်လည် စာဖတ်ခြင်းက ခဏကင်း လွတ်နေတာပါ။ လက်လှမ်းမီရာ ဘလော့တွေပဲ ရောက်ဖြစ်နေပါတယ်။အချိန်ရတာနဲ့ ရသလို အစ်ကိုအစ်မတို့ အိမ်များကို လာရောက်ပြီး စာကြွေးတွေ တစ်ဝကြီး အတိုးနဲ့ ဖတ်ဖို့အကြွေး ရှိနေပါတယ်။ အခုတော့ မက်မက်ဆီ လာလည်တဲ့ သူများကို အသစ်မတင် နိုင်သေး၍ ပဲခူးကွမ်ရင် ဘုရားကျောင်းမှ ဘာသာပြန် လက်ကမ်းစာစောင်များကို ပြန်လည်တင် ဆက်ပေးပြီး ဆားချက်လိုက်ပါတယ်... ဟတ်ဟတ်... ပင်လယ်ရေတွေတော့ ခန်းကုန်တော့မယ်..... နားလည်ပေးလို့ ကျေးဇူးပါနော်......အာ.......၀ါးးးး ....အမြှောက်တစ်သိန်းနော်.....ဟတ်ဟတ်။ :P


17 comments:

  1. မင်္ဂလာပါ!!!

    စာတွေဖတ်သွားပါတယ်. မသိသေးတာလေးတွေ သတိမထားမိတာလေးတွေအတွက် နှိုးဆော်ပေးလိုက်တာလို့ နားလည်မိပါတယ်.ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ဝေးး လာဖတ်သွားတယ် မမရေ မသိတာတွေပြောပြပေးလို့ ရှဲရှဲပါ အာဘွား တသိန်းးးးး ခွိခွိ

    ReplyDelete
  3. မှတ်သားစရာလေးတွေ မှတ်သားသွားပါတယ် တူမလေး
    အဆင်ပြေတယ်ဟုတ်

    ReplyDelete
  4. အသိတရား ၁၄ ချက်ကို အသိတရားနဲ့ယှဉ်ပြီး
    မှတ်သားသွားပါတယ်
    အဆင်ပြေပျော်ရွှင်ပါစေမက်မက်ရေ
    ကျမ်းမာစေကြောင်းဆုမွန်ကောင်းတောင်းပေးနေပါတယ်
    ဂလုံက ဆားချက်ရင်းနဂါးမျှော်တယ်တဲ့
    မက်မက်က ဆားချက်ရင်း ...ရင်းး.... ရင်...
    ဘယ်သူ့မျှော်တုန်း
    အဟီးး
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  5. မှတ်သားသွားပါတယ်ဂျာ...အခုလို ပြန်လည်ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ..မက်မက်ရေ

    ခင်မင်ခြင်းနှင့်
    တလနွန်

    ReplyDelete
  6. မှားယွင်းမှုအတွက် ၀မ်းနည်းနေရတယ်...။
    အလေးစားခံရပေမယ့် ၀မ်းနည်းနေတုန်းပဲ...။
    လိုအပ်ချက်ဖြစ်တဲ့ လက်ဆောင်မွန်ကြောင့် ပီတိဖြစ်ရပါတယ်...။ ဟိ ... ပေါက်တယ်နော် R Bwarrr :P

    ReplyDelete
  7. မက်မက် ကျေးဇူးဗျာ၊ ကျနော် လည်းပဲခူးက ကွမ်ရင်မယ်တော်ကျောင်းတော်ကို ရောက်ပါရဲ့ အခုမက်မက် ရေးထားတဲ့စာလေးတွေကို ပြန်ဖန်ရတော့ အသိတရားတခု ထပ်တိုး လာတယ် ရင်ထဲက ချစ်ခြင်းနဲ့ ကြင်နာခြင်းကို မပျောက်အောင် ထိန်းသိမ်းဖို့ ပါ။

    ReplyDelete
  8. အချက်တွေအားလုံးမှန်တယ် ညီမလေး မက်၂ ကျေးဇူးပါ ဖော်ပြပေးတာ ဆင်ခြင်စရာတွေ တိုးလာပါတယ်..

    ReplyDelete
  9. သိပြီးသား အချက်တွေရော မသိသေးတဲ့ အချက်တွေရော အကုန်လုံးကို မျှဝေပေးတာ ကျေးဇူးဗျို့...

    ReplyDelete
  10. အင်းလာဖတ်သွားတယ် ဂျီးထော်မတ် ဘွားထော်မတ်
    အာပွားတွေပေးနေရတာမောနေမယ်နော် သိလား
    နားနားပြီးပေးအုန်းသိလား
    အသက်ကလည်းကြီးပီမလား
    အရင်လို့ မလုပ်နဲ့ တော့ အဟီး

    ReplyDelete
  11. ဖတ်မှတ်သွားတယ် မက်ရေ....
    သတိလက်လွတ်ဖြစ်နေတာလေး သတိပေးလိုက်သလို
    ကျေးဇူးကမ္ဘာနော်...........

    ကို

    ReplyDelete
  12. မှတ်သားသွားပါတယ်ဗျာ။

    ReplyDelete
  13. လာရောက်မှတ်သားပါတယ် တီတီရေ :)

    ReplyDelete
  14. ကိုတိုးလေးMay 21, 2009 at 7:34 AM

    လာရောက်ပြီးတော့ ဖတ်မှတ်သွားပါတယ် တီတီမက်မက်ရေ အားလုံးပဲ အဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

    ReplyDelete
  15. ဖတ်သွားတယ် မက်မက်လေး
    ကျန်းမာပါစေ

    ReplyDelete
  16. နဲနဲ ငန်တာလေးက လွဲရင် မစားဖြစ်တာ ကြာလို့ ဒီဆားဟင်းလေးလည်း ကောင်းပါတယ် ...

    ReplyDelete
  17. အမမက်မက်ရေလာဖတ်သွားတယ်နော်
    အနော့်က အသစ်လေးပါ အမ စာတွေအများ
    ကြီးရေးနိုင်ပါစေလို့ ဆုတောင်းပေပါတယ်
    အသိတရားတွေကို မျှဝေတဲ့အတွက်ကျေးဇူးပါ

    ReplyDelete