Pages

Wednesday, March 11, 2009

သတင်းကောင်းပါးအပ်ပါတယ်


မင်္ဂလာပါ။ ဓမ္မမိတ်ဆွေ အပေါင်းတို့အား သတင်းကောင်းလေး တခုပေးပါရစေ။ မြန်မာနိုင်ငံ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ၄၅လမ်း တရားရိပ်သာနှင့် သန်လျင်ဘုရားကုန်း ရိပ်သာမှ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ဆူနာမီ ဆရာတော် ဦးဥတ္တမသာရသည် စင်္ကာပူနိုင်ငံသို့ သာသနာပြုရန် ခေတ္တခဏ ရောက်ရှိလာပါသည်။ ယခုကဲ့သို့ ခေတ္တခဏ လာရောက်နေစဉ်တွင် Block 310 Camberra Road #14-143 Sambawang Dr.S-750310 နေအိမ်တွင် 12.3.2009 မှ 21.03.2009 ထိ ၁၀ ရက် အချိန်ပြည့် တရားပွဲ ကျင်းပပေးမည် ဖြစ်ပါသောကြောင့် တရားအား ထုတ်လိုသူ ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့အား သတင်းကောင်းပါး ပေးလိုက်ပါတယ်နော်။ တပိုင်တနိုင် မိမိ အားလပ်သည့် အချိန်တွင် တရားဘာဝနာ အားထုတ်ချင်လျှင် လာရောက်တရား အားထုတ်ရန် ဖိတ်ခေါ်ပါတယ်။ ဒါ့အပြင် အားလပ်သည့် အချိန်တွင်လည်း သိချင်သည့် အရာများနှင့် မရှင်းလင်းသည်များ ရှိခဲ့ပါက ဆရာတော်နှင့် ဆွေးနွေးမေး မြန်းနိုင်ပါတယ်။

ထို့နောက် ဆရာတော်သည် စင်္ကာပူမှတဆင့် မလေးရှားနိုင်ငံ ကေအယ်လ်တွင် 24.03.09 ကနေ 2.04.2009 အထိ သာသနာပြု သွားရောက်မှာဖြစ်ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် 4.04.09 မှ 8.04.2009 အထိသာသနာပြု သွားရောက်မည် ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေ အပေါင်းတို့အား မင်္ဂလာသတင်း ဖြန့်ပွားပေးပါတယ်။

7 comments:

  1. ကျနော် တို့ ကဝေးတယ်လေ..
    ဘယ်လိုလာရမလဲ..
    လာနိုင်တဲ့သူတွေအတွက်ပဲ
    သာဓုခေါ်ပေးမယနော်..
    နိဗာန်ဆော်ကြီးလဲ
    ဘုရားတရား အလုပ်ကို ဆထက်တပိုးတိုးပွားအောင်
    လုပ်ဆောင်ပီး လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေလို့ ...
    ခင်တဲ့
    ဖိုးစိန်

    ReplyDelete
  2. သက်တန့်March 11, 2009 at 7:13 PM

    သတင်းကောင်းပါတဲ့ မက်မက်ရေ...
    ကျေးဇူးတင်ပါတယ်ရှင့်... :)
    နိဗ္ဗာန်ကို အကျိုးမျှော်ပြီး နှိုးဆော်တဲ့ မက်မက်ရေ...
    သာဓု သာဓု သာဓုပါ... :)

    ReplyDelete
  3. သာဓု သုံးကြိမ်ခေါ်ပါ၏ .. ..

    ReplyDelete
  4. စီစီလေးရေ...

    သာဓု... သာဓု... သာဓု..... ပါကွယ်

    ချစ်တဲ့...
    မယ်မယ်

    ReplyDelete
  5. မက်မက်လေးက တော်လိုက်တာ---
    နီးရင် ဆရာတော်ထံတရားနာလိုပါတယ်---
    သာဓုခေါ်သွားပါတယ်--မက်မက်ရေ---

    ReplyDelete
  6. ညီမလေးရေ... သတင်းပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒီအတွက်လည်း ကုသိုလ်တွေ အများကြီးရမှာပါ...

    ReplyDelete
  7. လာတော့ လာခြင်ပါရဲ့ဗျာ လေယာဉ်လက်မှတ်ခ
    မတတ်နိုင်တော့ မလာနိုင်ဘူးဖြစ်နေတယ်ဗျာ။

    ReplyDelete