Pages

Sunday, November 9, 2008

ကလေးအဖေဘယ်သူလဲ


သုံးနှစ်သမီးလေးကို အဖေလုပ်တဲ့သူက အိပ်ရာဝင် ပုံပြင်လေး ပြောပြပြီး ချော့သိပ်လေသည်။ ပုံပြင်လေး ဆုံးသွားလျှင် သမီးလေးမှ "အမေ့ကို ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖေဖေ့ကို ဘုရားသခင် စောင့်ရှောက် ပါစေ၊ဖွားဖွားကိုလည်း ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖိုးဖိုးရေ နှုတ်ဆက်ပါတယ်၊" ဒီတော့ အဖေက" သမီး၊ ဘာလို့ အဖိုးကျမှ နှုတ်ဆက်ပါတယ် လို့ပြောရတာလဲ" သမီးက "မသိဘူးဖေဖေ၊ တခုခုပေါ့တဲ့၊ နောက်တနေ့ အဘိုးလုပ်သူ ဆုံးလေသည်။ အဖေလုပ်သူက ထူးထူးဆန်းဆန်း ဖြစ်နေလေသည်။ နောက်လ အနည်းငယ် ကြာတော့သူ့ သမီးလေးကို အိပ်ရာဝင် ပုံပြင်လေး ပြောပြီး အိပ်ရာဝင်ခဲ့လေသည်။ သမီးလေးက ထုံးစံအတိုင်း မေမေ့ကို ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖေဖေ့ကို ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖွားဖွားကို နှုတ်ဆက် ပါတယ်လို့ ပြောလေသည်။ နောက်တစ်နေ့ အဖွားလုပ်သူ ဆုံးလေသည်။ ဘုရားဘုရား... ဒီကလေးမှာ ကြိုတင်သိနိုင်တဲ့ အာရုံများ ရနေပြီလား၊ ပထမတစ်ခေါက်က အဖိုး၊ ဒုတိယအဖွား၊ အသီးသီး သေဆုံးကြရပြီ၊ နောက်တစ်ယောက် ဘယ်သူဖြစ်ဦးမလဲလို့ တစ်ကိုယ်တည်း စဉ်းစားနေလေသည်။ ရက်သတ္တပတ် အနည်းငယ်မှာ အရင်အတိုင်းပဲ ပုံပြင်ပြော အပြီးမှာ သမီးလေးက မေမေ့ကို ဘုရားသခင် စောင့်ရှောက်ပါစေ၊ ဖေဖေ့ကို နှုတ်ဆက်ပါတယ် လို့ပြောပြီး ထုံးစံအတိုင်း အိပ်ရာဝင် ခဲ့လေသည်။ သမီး၏ စကားကြောင့် အဖေ လုပ်သူ ရုတ်တရက် ထိတ်လန့် သွားလေသည်။

အဲဒီညက တစ်ညလုံး သူအိပ်လို့ မရခဲ့၊ မနက် အလုပ်သွားတော့ စိုးရိမ်စိတ်တွေနှင့် နာရီတကြည့်ကြည့်နဲ့ သူစဉ်းစားလေသည်။အကယ်၍သာ ညသန်းခေါင် အထိဘာမှမဖြစ်လျှင် သူအတွက် စိတ်ချရပြီ၊ ဒါကြောင့် အိမ်မပြန်ဘဲ ရုံးခန်းမှာပဲ ဒီညကို ဖြတ်သန်းမှ ငါ့အတွက် စိတ်ချရမယ် လို့ဆုံးဖြတ်လိုက်လေသည်။ ဒီလိုနဲ့ အချိန်တိုင်း နာရီတကြည့်ကြည့် သက်ပြင်းတချချနဲ့ သန်းခေါင်ယံအချိန် ကျော်လွန်ဖို့ကို စိုးရိမ်စွာနဲ့ စောင့်ဆိုင်း နေရလေသည်။ ဒီလိုနဲ့ ညသန်းခေါင် ကျော်လွန်တော့မှ အိမ်ကိုပြန် လာလေသည်။ အိမ်ရောက်တော့ ဇနီး ဖြစ် သူမှ"ရှင်တစ်ခါမှ အိမ်ပြန် နောက်မကျ ဖူးပါဘူး၊ ဘာကိစ္စကြောင့် အိမ်ပြန် နောက်ကျတာလဲ။ လို့မေးလေသည်။ "ရှင်မရာ၊ ငါ့ဘ၀ရဲ့ အဆိုးဆုံး နေ့ရက်ကို ဖြတ်သန်း နေရလို့ပါ။ ဒီအကြောင်းတွေ ငါမပြောချင်တော့ ပါဘူးဟာ။ "ရှင်တစ်ယောက်ပဲ အဆိုးဆုံး နေ့ရက်တွေ ရှိတယ်ထင်လား။ ဒီမှာ ဘာတွေဖြစ်လဲဆိုတာ ရှင်သိမှာ မဟုတ် ပါဘူး၊" "ဟေ..ဘာဖြစ်လို့လဲ" "ကျွန်မတို့ အိမ်နားကဂျိန်းကို ရှင်သိတယ် မဟုတ်လား၊ ဒီမနက်ကပဲ သူရုတ်တရက် သေသွားပြီလေ"တဲ့။

ဟားဟားဟား...တစိမ့်စိမ့် တွေးပြီးမှ ရယ်နော်..ကဲဒါဆို ကလေးအဖေက ဘယ်သူလဲ..ဟိဟိ... :P :P
မူရင်းအင်္ဂလိပ် ဟာသလေးက ပိုရယ်ရတယ်။မက်မက်ရေးတာ သိပ်မရယ်ရရင် ကလိသာထိုးရယ်နော်... ဟီးဟီး..
ကဲ..အားရပါးရသာ ရယ်နော်.. မရယ်ရင် ကလိလာထိုးမှာ.. ဟွန်း.. :P :P

14 comments:

  1. စိုင်းစိုင်းလားရှိုးNovember 9, 2008 at 2:06 AM

    ကလေးအဖေကလား? သိဘူးသိဘူးသိဘူး...အဟေး

    ReplyDelete
  2. လုပ်တော့မယ် ပေါက်ကရ

    ReplyDelete
  3. တော်ကြာတရားခံ ဖြစ်နေဦးမယ် လစ်မှ

    ReplyDelete
  4. ဟားဟား တူမကြီး
    တော်ပါပေတယ် တော်ပါပေတယ်
    ဟာသလေး ကောင်းတယ်
    ရယ်နေရပါတယ်ကွာ ... ။ harhar :D

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  5. အဟေး နာလည်းတိဘူးကွ။ ကိုယ်ပါ စက်ကွင်းမလွတ်ဖြစ်နေဦးမယ် ပြေးပြီဟေ.။ ကြံကြံဖန်ဖန်ကတော့ ရှာရှာဖွေဖွေ တွေ.တတ်တယ်။ အဲဒါကြောင့် ဒရင်းဖြစ်နေတာ။

    ReplyDelete
  6. 9 Nov 08, 20:24
ုkom: မရယ်ရင် စိတ်ဆိုးမှာစိုးလို့ ဂလိထိုးပြီးရယ်သွားတယ်။ အဟိ

    ReplyDelete
  7. နန်းမေနော်


    အနော်ဟုတ်ဘူး

    ReplyDelete
  8. ဖားကြီးNovember 9, 2008 at 6:53 AM

    အောင်မလေး ကျွန်တော့်ကို လာမခေါ်တာ ကံကောင်းတာပဲဗျို့
    လူပျိုလေးပဲ ရှိသေးတာ
    (မှတ်ချက် ရပင့်နဲ့)

    ReplyDelete
  9. ကြံကြံဖန်ဖန်လည်းရေးတတ်ပါ့ကွယ်

    ReplyDelete
  10. ကလေးအဖေတွေ့ပီလား.... :P

    ReplyDelete
  11. ဒီမိန်းခလေး DREAM--လေး
    ကြံကြံဖန်ဖန်--ရှာရှာဖွေဖွေ ရေးတတ်တယ်နော်
    ဘာပဲဖြစ်ဖြစ်လေ--စာရေးချင်တဲ့ စိတ်ကို
    အားပေးပါတယ်----

    ReplyDelete
  12. ဟာသလေးကို ကြိုက်နှစ်သက်ပါတယ် Dream ရေ ရယ်လဲ ရယ် ပြုံးလဲ ပြုံးမိသွားပါတယ် ရယ်ပြုံးလေးပေါ့နော့်

    ReplyDelete
  13. မက်မက်တို့ကလုပ်ချလိုက်ပြန်ပြီ
    ဖြေရမှာလား
    သိဘူးလေကွယ်
    တော်တော်လေးတော့စိတ်ဝင်စားစရာ
    ပြူံးစိစိလေးဖတ်သွားတယ်နော်
    အာာာာဝါးးးးးးးးး x ၁သိန်း :P

    ReplyDelete
  14. မက်မက်တို့တော့လုပ်တော့မယ်....
    အနော်ကမိန်းမနော်....
    မရယ်ရင်စိတ်ဆိုးမှာဆိုးလို့..ပိုးစိုးပတ်စက်ရယ်သွားတယ်နော် ဟီးးးးးးးးးး.အာဘွားးးးးးးးး

    ReplyDelete