Pages

Monday, September 15, 2008

ပေါက်စနသမီးလေးရဲ့အိပ်မက်

တီတီတော်တီတီတန့််တန့်နဲ့ဦးဦးတော်ဦးဦးမိုးကျယ်ဂျီးတို့ကတပ်ချိုတော့ယဲ

တူမတော်မက်မက်လေးကတပ်ပေးယဒေါ့မာဘော့။ဟင့်...ဟင့်...

တာမီးဂအထုမှလူ့လောဂဂျီးထဲဂိုယောက်ခါချဖဲချိတေးဒါဂို...

တီတီတန့်တန့်ဂဇွတ်ဖဲ....ဟွန့်..တေချင်တေးပါဖူးချိုဏေမှ...

အင်း..ဗယ်တတ်နိုင်မာယဲ..တူ့ချီဂချယံအာဝါးတခါယူထားပြီးဘီလေ။ယေးပီးမှ

အာဝါးအများဂျီးယမှာချိုတော့တက်ယတော့မှာပေါ့...။

တွေးတောယက်မချန့်မီ၊ချန့်တောယက်မတွေးမီစပီးတပ်ပီတီတီတော်တီတီတန့်တန့်ယေ။

ဟီးဟီး......... :P

ဒါနဲ့တခုတော့ပြောမယ်နော်..ပို့စ်လေးကိုဆုံးအောင်ဖတ်ပေးကြပါလို့နော်။


လောကကြီးမှာလေ....သတ္တ၀ါတိုင်းသတ္တ၀ါတိုင်းကွေးသောလက်မဆန့်မီ၊

ဆန့်သောလက်မကွေးမီမျက်စိတမှိတ်လျပ်တပျက်အတွင်းမှာသေကြပါတယ်။

ဖြစ်ပြီးပျက်ကြရတဲ့ဖြစ်တည်ပျက်ဆိုတဲ့လောကဓမ္မတာသင်္ခါရတလေးတွေပါ။

အနိစ္စ၊ဒုက္ခ၊အနတ္တတရားသဘောတွေကိုဘယ်လိုပဲလက်ကိုင်ထားထား၊

လူဆိုတာသေမျိုးကြီးပါပဲကွာ၊တနေ့သေရမှာပဲလို့ဘယ်လိုပဲပြောပြော၊တကယ်

တန်းသေရတော့မယ်၊သေရမဲ့အချိန်ကိုရောက်ရင်နဲနဲတော့စိုးရိမ်တုန်လှုပ်မိပါတယ်။

ဘာလို့လဲဆိုရင်DREAMရဲ့အဖြစ်ချင်ဆုံးဆန္ဒကြီးအကောင်အထည်မဖော်ရသေးလို့ပါ။

Dreamအမြဲတမ်းစိတ်ကူးယဉ်ပြီးပီတိဖြာရတဲ့ဆန္ဒလေးရှိပါတယ်။အဲဒီဆန္ဒလေးကို

ပြည့်သွားချင်ပါသေးတယ်။အဲဒါကတော့အသံမစဲပဠာန်းဒေသနာတော်ပွဲကြီးကိုကိုယ်

တိုင်ကိုယ်ကျချိန့်ချိန့်သဲကျင်းပပြီးနာယူချင်ပါတယ်။အကယ်၍ဒီလိုသာ၁၀ရက်ပဲနေဖို့

အချိန်ရှိတော့မယ်ဆိုရင်...........

၁၀ရက်အလိုမှာ-Dreamရဲ့ဒယ်ဒီနဲ့မာမီတို့ရဲ့ရင်ခွင်ထဲမှာနေချင်တယ်။ချွဲနွဲ့ချင်တယ်။

၉ရက်အလိုမှာ-Dreamတယောက်သောသူနဲ့တနေကုန်အချိန်ဖြုန်းချင်ပါတယ်။

၈ရက်အလိုမှာ-Dreamရဲ့ဖြစ်ချင်တဲ့ဆန္ဒအတိုင်းပဠာန်းပွဲကျင်းပဖို့အတွက်လိုအပ်တာ
တွေပြင်ဆင်ပါတော့မယ်။

၇ရက်အလိုမှာ-ပဠာန်းဒေသနာရွတ်ဖတ်ပွဲစတင်နေပါပြီ။Dreamလည်းသံဃာတွေ

ရွတ်ဆိုပူဇော်နေတဲ့ပဠာန်းကိုနာကြားနေပြီးတရားအားထုတ်နေပါတယ်။

၆ရက်အလိုကနေ၃ရက်အလိုအထိပဠာန်းပွဲမှာပဲတရားအားထုတ်နေပါဦးမယ်။


ပဠာန်းပွဲကျင်းပရာမှာပဲဘုရားဝေယျာဝစ္စတွေလုပ်ဆောင်နေပါတယ်။


၂ရက်အလိုမှာအသံမစဲပဠာန်းတရားရွတ်ဆိုပူဇော်ပွဲပြီးစီးအောင်မြင်မှု့ကိုနတ်လူ

အပေါင်းကိုအမျှပေးဝေ၊သာဓုခေါ်နေပါမယ်။ပီတိလေးတွေနဲ့ပျော်ရွှင်ကြည်နူးနေမိမှာပါ။

၁ရက်အလိုမှာတော့မိဘ၊မောင်နှမ၊ဆွေမျိုးမိတ်ဆွေ၊သူငယ်ချင်းများကိုနှုတ်ဆက်ခဲ့လိုက်

ပါပြီ။အဲဒီနောက်မှာတော့Dreamလေးဟာလူလောကကြီးထဲကနေအပြီးအပိုင်

ထွက်ခွာသွားပြီးငြိမ်းချမ်းရာဘုံမှာထာဝရအိပ်စက်သွားပါပြီ။

လူ့လောကမှာနေတတ်ဖို့ထက်သေတတ်ဖို့ကအရေးကြီးပါတယ်။

အနေလှဖို့ထက်အသေလှဖို့လည်းလိုပါတယ်။

ဒီပို့စ်လေးကိုရေးနေချိန်မှာDreamလေးငိုနေပါတယ်။ငါ့မိဘတွေနဲ့ငါခွဲရတော့မှာလား၊

ငါချစ်တဲ့သူတွေနဲ့ငါခွဲသွားရတော့မှာလားဆိုတဲ့အသိကြီးနဲ့တုန်လှုပ်သွားပါတယ်။

Dreamဒီပို့စ်လေးကိုရေးတာDreamအမြဲတမ်းစိတ်ကူးယဉ်နဲ့ကျင်းပပြီးပီတိဖြစ်ရတဲ့

အဖြစ်ချင်ဆုံးတကယ့်ရင်ထဲကဆန္ဒတွေပါပဲ။

Dream ရဲ့စိတ်ကူးလေးတွေကိုအကောင်အထည်မဖော်နိုင်သေးခင်မှာတော့သေမင်း

ရယ်Dreamကိုမခေါ်ပါနှင့်ဦးနော်။Dreamကြိုးစားနေတုန်းမို့ပါ။

အခုလိုအစအဆုံးဖတ်ပေးတဲ့ဘလော့က္ကာဦးဦးတီတီအားလုံးတို့အားကျေးဇူး

အထူးတင်ပါတယ်။


ကဲ...တက်ယို့ဒေါ့ပီးတွားဘီ။တီတီတန့်တန်ချီမာအာဝါးအကျွေးဂိုအသိုးဏဲ့

တွားတောင်းယိုက်အုံးမယ်ဏော်။အော်....ပတု့ဂိုတက်ဂ်ယင်ကောင်းမယဲချင်းချား

ယိုက်အုံးမယ်။ဟော..တွေ့ပြီ..တွေ့ပြီ......

ဦးဦးဒို့တီတီဒို့ယေ.....ကဲတက်ယိုက်ဘီဏော်..ဏောက်တညိုးဏဲ့............

ဦးဦး7Dream
ဦးညီလင်းဆက်
ဦးဦးလစ်
ဦးစင်ယော်
ဦးဦးဇနိတီတီဇနိ
ဦးဦးနော်တီတီငယ်
ဦးဦးအဇ္ဈတ္တပြခန်း
ဦးဦးမြွေပွေးဘစီ
ဦးဦးကောင်းကင်ကို
ဦးဦးအဟေဟေးရင်ငြိမ်း
ဦးဦးရဲဝင့်သူ
ဦးဦးမင်းမြတ်ဘုန်း
ဦးဦးနဲ့တီတီ
ဦးဦးမိုးသောက်
ဦးဦးအငွေ့
ဦးဦးချစ်ဦး
ဦးဦးအန်တီ
ဦးဦးတေမောင်ငြိမ်း
ဦးဦးကျော်ဇေယျ
ဦးဦးကလောက်
ဦးဦးသံလွင်
ဦးဦးလင်းဦး
ဦးဦးပျူစိတ်
ဦးသုခ
ဦးဦးရက်ဇာရာ
ဦးမျိုးကြီး

တီတီသက်ဇင်
တီတီပန်းခရမ်းပြာ
တီတီကွန်း
တီတီရွှေပြည်သူ
တီတ်ီနတ်
တီတီမွန်
တီတီမုဒိတာ
တီတီခင်
တီတီဆောင်း
တီတီချင်းမလေး
တီတီမီးငယ်
တီတီပန်ဒိုရာ
တီတီအမရာ
တီတီမယ်လိုဒီမောင်
တီတီစကားဝါမြေ
တီတီခင်ပုလဲဖြူ
တီတီရောင်ပြန်
တီတီမြတ်နိုး


15 comments:

  1. ဟိုက်... Tag ပြန်ပါကောလား .. Dream လေးရေ။

    ReplyDelete
  2. Dream ရေ ဘယ်လို ရေးလို့ ရေးရမှန်းကို မသိဘူး ဟီး :D

    ReplyDelete
  3. ချစ်ညီမလေး ရေ..
    ရေးထာတာကတော့ တကယ်လန်းတယ် ညီမလေးရေ.
    တော်လိုက်တာ ညီမလေးက.
    သေတယ်ဆိုတာ အချိန်မရွေး သေနိုင်ပေမယ့်..မသေ
    ခင် ရရှိနေတဲ့ အချိန်လေးတွေမှာ ပျော်ပျော်ရွှင်ရွှင်ပဲ
    နေကြရအောင်နော် ညီမလေး ရေ..

    ချစ်သောမမ၀ါ..

    ReplyDelete
  4. သက်တန့်September 15, 2008 at 7:52 PM

    “တ” ခုနှစ်လုံးနဲ့ “တီတီတော် တီတီတန့်တန့်” မှ တူမတော် မက်မက်အတွက်.....
    အာဝါး အာဝါး အာဝါး အမြှောက် တစ်သိန်း... (မှတ်ချက် တိုးရင်းပေါင်း ဖြစ်သည်... :D)
    ဒါနဲ့ ပဌာန်းပွဲစရင် လက်တို့လိုက်ဦးနော်... :P
    ပဌာန်းဒေသနာတော်ကို ကြားနာဖို့ပါကွယ်... တလွဲ တွေးနဲ့နော်... ;)

    ReplyDelete
  5. ဟဲ့ တက် စည်းကမ်းဖောက်တဲ့ကောင်မလေး တက်တာ ၄ယောက်ထက်ပိုမတက်ရဘူးအေ့

    ReplyDelete
  6. စိုင်းစိုင်းလားရှိုးSeptember 16, 2008 at 1:39 AM

    ကဲ ဒရင်း ရေ ဟေတုပစ္စယောကစမယ်
    အ၀ိကတပစ္စယောမှာ ဆုံးမယ်နော်

    ReplyDelete
  7. အစ်မ က ပျော်ပျော်ဘဲနေ ချင် သူ မို.လို. စိတ်ညစ်စရာ တွေ မရေးလိုပါ။
    (သေချာရင် တော. ခုန်ချ လိုက်တော.မယ် ညီမရေ)
    ကဲပြီးပြီ.
    KOM: done.
    ကျန်တဲ့ သူ များဆက်ရေးရန်

    ReplyDelete
  8. အောင်မငေးဗျာ.... ပို့ စ်အသစ်တွေ. လို့ ဝင်ချောင်းတာ တူက Tag လွှတ်လိုက်တယ်။ ပြန်ရင် ခေါင်းစား တော့မယ်ဟ။ အနော်က ငယ်ငယ်လေး ချိတေးတာကို။

    ReplyDelete
  9. အင်မတန် တက်ဂ် တဲ့ခေတ်ကြီးပါလား ကွယ်ရို့

    ReplyDelete
  10. မီးမီးရေရေးပေးတာကျေးဇူးပါ။

    ReplyDelete
  11. တက်ထားတဲ့ သူတွေ မနည်းပါလားဗျ ၊၊ တော်တော်သောင်းကျန်း နေတယ်ပေါ့ ၊၊
    စာဖတ်ရင်းနဲ့ စကားမပီတော့ဘူး ၊၊ ဒေါ်ကြီး DREAM များပီ ၊၊

    ReplyDelete
  12. မကြီးဒရင်းရေ ခက်ပါ့ကော၊ အဲဒီအိုင်ဒီယာမျိုးက မနည်းစဉ်းစားရမှာ၊ တော်တော်ကိုခက်နေပါတယ်ဗျာ၊ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ ဆိုပေမယ့် သေချင်သေးဘူး၊ နောက်မှသေသေချာချာစဉ်းစားပြီး ရေးပါ့မယ်ဗျာ၊ နည်းနည်းတော့ ကြာမှာပေါ့၊ :)

    ReplyDelete
  13. အင်း ... တက်ထားတဲ့သူတွေ မနည်းပါလား Dream ရေ။

    ReplyDelete
  14. ကောင်းမရေး နိစာဖတ်ပြီး နာတောင် ဂျဂါးမပြီတော့ဖူး။

    ReplyDelete
  15. http://o-way.blogspot.com/2008/09/last-10-days-and-our-fitsts.html

    Dream ရေ - တက်ကြွေးဆပ်ထားတယ် လာဖတ်ဦးနော်။
    နောက်ကျ မဆပ်ဖြစ်တာ ဆောတီးနော်။

    ReplyDelete