တီတီဝါ က TAG ခိုင်းတော့လည်း မရှိမဲ့ ရှိမဲ့ အားအင်လေးနဲ့ ခြစ်ကုတ်ပြီး ဖြစ်ရပ်မှန် အကြောင်းလေး ကိုရေးလိုက်ပါတယ်။အားနာပါးနာ နဲ့ဖတ်ပေတော့နော်။ :)
ဒီသီချင်းလေး နားထောင်ရင်း သူမရဲ့စိတ် အစဉ်ဟာဟိုးလွန်ခဲ့တဲ့ အတိတ်ကပုံရိပ်များဆီ တွေးတောရင်း...တစ်နေ့~~ထိုတစ်နေ့ကပေါ့ သူငယ်ချင်း တစ်ယောက်နှင့် ချက်တင်ထိုင်ရင်း သူငယ်ချင်းရဲ့ အကောင့်ကနေ သူနဲ့စတင် ရင်းနှီးခဲ့တယ်။ ဒီလိုရင်းနှီးမှု့ကနေတစ်ဆင့် သံယောဇဉ် ရစ်တွယ်လာတယ်။ နောက်၆လလောက် အကြာမှာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ်။
"မ..ရေ..မ ကို မောင် အရမ်းချစ်တယ်ကွာ။မောင်တို့လက်ထပ် ကြရအောင်နော်။မောင့်ဖေဖေနဲ့ မေမေကို မတို့ မိဘတွေဆီမှာ နားသွားဖောက် ခိုင်းလိုက်မယ်။စေ့စပ်ထား ကြရအောင် မရာ။ မကိုမောင် မခွဲနိုင်ဘူး။"
"မောင်ရယ်..သိပ်လည်း မလောပါနဲ့။မကိုအချိန် တစ်နှစ် လောက်တော့ စောင့်ပေးပါနော်။မတို့ အခုလို ကြိုးစားနေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေဖို့ကသာ အဓိကပါ မောင်ရယ်။မတို့နှစ်ယောက် သစ္စာရှိကြေးနော်။နောက်နှစ်ဆိုရင် မနဲ့မောင် တွေ့ပြီး အနာဂတ်အတွက် ဆွေးနွေးမယ်၊ လက်ထပ်မယ်။မောင်နဲ့နီးစပ်ဖို့ မ တစ်နှစ်လောက် ကြိုးစား လိုက်မယ်နော်။မောင့်ကိုလည်း အရမ်း တွေ့ချင်တယ်။ခွဲရမှာလည်း အရမ်းကြောက်တယ်။အရမ်းချစ်တယ် မောင်ရယ်။"
သူမရဲ့ မပြည့်စုံတဲ့ဘ၀၊ သူမရဲ့မိသားစု အရာအားလုံးအတွက် သူမကြိုးစားနေချိန်မှာချစ်သူရဲ့လက်ထပ်ဖို့ တောင်းဆိုမှု့ကို သူမရင်နာနာနဲ့ ငြင်းပယ်ခဲ့ရတယ်။သူမရင်ထဲမှာတော့ငိုကြွေးနေတာ မောင်မသိပါဘူးလေ။
မိသားစုအခက်အခဲ၊ လုပ်ငန်းခွင်ရဲ့ အခက်ခဲ၊ လူမှုရေး အခက်အခဲ ဒါတွေအားလုံးကို သူမချစ်သူရဲ့ ယုယကြင်နာမှု တွေနဲ့အရာ အားလုံး ကိုခါးစည်းပြီး ဖြေရှင်းခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်။ဘ၀ကို ပင်ပန်းကြီးစွာ ဖြတ်သန်း နေရချိန်မှာ သူမအတွက် မောင့်အချစ်သည်သာ ကိုးကိုယ်ရာ ဖြစ်ခဲ့တယ်။ တစ်ခါတစ်လေမှာ ချစ်သူတို့သဘာဝ သူမစိတ်ကောက်ရင် မောင်ကချော့၊ မောင်ကစိတ်ကောက်ရင် သူမကချော့နှင့် ချစ်သူဘ၀ကို ပျော်ရွှင်စွာ ဖြစ်သန်းခဲ့ ကြတယ်လေ။
သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် မောင်နဲ့တစ်လ ခွဲနီးပါး အဆက်အသွယ် ပြတ်သွားခဲ့တယ်။ မောင့်ဆီကလည်းဘာ အဆက်အသွယ်မှ မရခဲ့ဘူး။သူမက ဆက်သွယ်တော့လည်း အေးတိအေးစက်နဲ့။ အရင်လို မဟုတ်တာတော့ သေချာတယ်။ဒီလိုနဲ့ တနေ့သူမရဲ့ သူငယ်ချင်းတယောက်နဲ့တွေ့တော့
"ဟဲ့..ဖြူဖြူ နင်မင်းမြတ် နဲ့ပြတ်သွားပြီးလား။ သူနောက်တစ်ယောက်နဲ့ တွဲနေတာ ငါသတင်း ကြားတယ်။ နင်တို့တွေ ဘာဖြစ်ထား ကြတာလဲဟာ။"
"ဟာ..သယ်ရင်းကလည်း ငါတို့တွေဘာမှ မဖြစ်ထား ကြပါဘူး။ငါစိတ်ပူ လိုက်တာဟာ။ငါ့ကိုအဖြစ်မှန် ပြောပြပါ။ဘုရား~~ဘုရား နင်ကြားတဲ့ သတင်းက အမှန်တွေပဲလား။´
ဘုရား..ဘုရား..မောင်ရယ် ရက်စက်လိုက်တာ။သူမ ခေါင်းပေါ်ကို မိုးကြိုးအကြိမ်ကြိမ် ပစ်လိုက်သလို ခံစားလိုက်ရလေသည်။ ဒီသတင်း မမှန်ပါ စေနှင့်လို့ အကြိမ်ကြိမ် စိတ်ထဲမှ ဆုတောင်း နေရသည်။ဒီကိစ္စ သူမစုံစမ်း ပေတော့မည်။သူငယ်ချင်းရဲ့ အကူအညီနဲ့ မောင့်ရဲ့ ကောင်မလေး ဆိုသူနှင့် ဖုန်းပြောခွင့်ရသွားလေသည်။
"ညီမလေးနာမည်က ဖြူဖြူလား။အစ်မနာမည်က မကြွယ်ကြွယ်ပါကွယ်။"
"ဟုတ်ကဲ့မမ ၊ညီမဖြူဖြူပါ"သူမဆို့နင့်စွာပြန်ဖြေလိုက်သည်။"မမနဲ့ စကားပြော ခွင့်ရတာ ဖြူဖြူ ၀မ်းသာပါတယ်မမကြွယ်။"
"ညီမလေးရယ် အစ်မကြားရတာ ညီမလေးကို သနားလိုက်တာ။တကယ်တော့ အစ်မနဲ့ မင်းမြတ်နဲ့ ကတစ်မြို့ တည်းသားတွေပါ။ လူကြီးချင်း သဘောတူ စေ့စပ်ပေးထား ကြတာလေ။အစ်မတို့က လင်မယား ဆိုလည်း မမှားပါဘူး။အစ်မက အလုပ်ကိစ္စနဲ့ နိုင်ငံခြားကို ခဏခဏ ခရီးထွက် နေရတော့သူနဲ့ အဆက်အသွယ် ပြတ်သလို ဖြစ်သွားတာ။ အစ်မလည်းသူ့ကို သစ္စာရှိမယ်လို့ ယုံကြည်မိ ခဲ့တယ်လေ။ခုတော့ အစ်မ ကွယ်ရာမှာ သူနဲ့ညီမလေးတို့ ချစ်နေတာကို အစ်မအခုမှ သိလိုက်ရတယ် ညီမလေးရယ်။ အစ်မဘာလုပ်ရမလဲ။အစ်မ မိဘတွေ မျက်နှာပျက် ရမှာကိုစိုးတယ် ညီမရယ်၊သူ့ကိုဒီလို အခြေအနေထိ ရောက်အောင် အစ်မတို့က ပျိုးထောင်ပေးထား ရတာလေ ညီမရဲ့။သူ ဒီလိုလုပ်လိမ့်မယ် လို့အစ်မလုံးဝ မထင်ထားဘူး ညီမလေးရယ်"
အို...သနားစရာ ကောင်းလိုက်တဲ့ မမပါလား။မောင်ရယ် ဘာလို့ အဲလောက်ထိရက်စက်ရတာလဲ။ခုတော့ အားလုံး နစ်နာရမဲ့ အဖြစ်ပါလား။သူမ၀မ်းနည်းမှုနှင့် ငိုကြွေးယုံမှတပါး ဘာမှတတ်နိုင်ပါ။သူမဆက်ပြီး ကြားနိုင်စွမ်းမရှိပါ။ သူမရင်ထဲမှာ ဗလောင်ဆူနေပြီ။သူမ အားအင်းချိနဲ့ နေပြီလေ။သူမကို ကံတရားက ရက်ရက်စက်စက် နှိပ်စက်နေလေပြီ။အကယ်၍သာ သူမရှေ့ဆက်တိုးရင် မမကြွယ်အဖို့ လုံးဝပိုနစ်နာ သွားပေမည်။မောင့်ကိုလည်း ဒီလိုအခြေအနေထိ ရောက်အောင် ပျိုးထောင်ထားသူ မကြွယ်ကြွယ်ဆိုသည့် အမျိုးသမီးကို သနားသွားလေသည်။ ဒါကြောင့်သူမ အနေနဲ့ နောက်ဆုတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။မောင့်ကိုလည်း လုံးဝအဆက်အသွယ် မလုပ်ပေးဖို့ သူမဆီက ကတိတောင်း သွားလေသည်။မိန်းမချင်း ကိုယ်ချင်းစာ၍ သူမမောင့်ကို လုံးဝအဆက်အသွယ် မပြုတော့ ပါကြောင်း ရင်နာနာနဲ့ ကတိပေး လိုက်ရလေသည်။
သူမနောက်ဆုံး အကြိမ်အဖြစ် မောင့်ကိုဖုန်းဆက်ပြီး အဖြစ်မှန် တွေကိုမေးသည်။သူမနောက်မှ သိလိုက်ရသည်က မောင့်မှာ မည်သည့်စေ့စပ်ထားတဲ့ မိန်းကလေးမှ မရှိကြောင်း ၊အခုချစ်သူ ဆိုတာကလည်း သူမရဲ့နောက်မှ တွေ့တာဖြစ်ကြောင်း၊သူမရဲ့ ဂရုစိုက်မှုနဲ့ ကင်းလွတ်တဲ့ ခဏတာ ကင်းဝေးစဉ်မှာ တွေ့တာဖြစ်ကြောင်း ၊သူမ သိလိုက်ရလေသည်။ မောင့်ကို သူယုံသည်။မောင်နဲ့ တွဲနေစဉ် နှစ်နှစ်တာ ကာလမှာ မောင့်ကိုသူမ လုံးဝယုံကြည်သည်။ မောင့်သူငယ်ချင်း ဆိုသူကလည်း လုံးဝမဟုတ်ကြောင်း၊ ဒီအမျိုးသမီး လိမ်လည်တာ ဖြစ်ကြောင်းပြန်လည်၍ ပြောပြလေသည်။ဒါဆိုသူမထို အမျိုးသမီး ဆိုသူ၏အကြောင်းကို အစအဆုံး ပြန်စုံစမ်း ရပါပြီ။အရာရာကို အစအဆုံး ပညာသား ပါပါနှင့် လိမ်လည်သွားသူ မမကြွယ်ရဲ့ လုပ်ဇာတ်ကို သိသွားရချိန် မှာတော့သူမဟာ မိန်းမလည်သိန်းကြွယ်ရဲ့ မာယာကျော့ကွင်း ထဲမှာလုံးဝ သက်ဆင်းမိ သွားခြင်းပင်ဖြစ်သည်။ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူမပေးထားတဲ့ ကတိကို စောင့်ထိန်းရပေမည်။မမကြွယ် ဆိုသည့် အမျိုးသမီးကို သူမအနေနဲ့ နောက်ဆုံး နှုတ်ဆက် လိုက်လေသည်။

လူရယ်လို့ ဖြစ်လာရင် နောင်တစ်နေ့ တစ်ချိန်မှာ လူကြီးလူကောင်း တစ်ယောက်ဖြစ်လာအောင် ဘယ်လိုနေထိုင် ပြုမုပြောဆိုရမယ်၊ နေထိုင်သင့်တယ် ဆိုတာကို နားလည်သဘောပေါက် လက်ခံထား တဲ့အတွက် ဒီစာနဲ့အတူ နောက်ဆုံး ပြောချင်တာက မမကြွယ် ဘက်ကဖြူနဲ့ ပတ်သက်ပြီး အစစအရာရာ စိတ်ချနေ ပေးပါဆို တာပါပဲ။ကိုယ်ပေးထားတဲ့ ကတိကိုလည်း ကိုယ်မြတ်နိုးသလို ကိုယ့်ပါးစပ်က ထွက်လာတဲ့ စကားတွေ ကိုလည်းကိုယ် တန်ဖိုး ထားတယ်။ဒါကလည်း ကိုယ်ချစ်ခဲ့တဲ့ လူတစ်ယောက်အတွက် ဖြူနောက်ဆုံး လုပ်ပေးနိုင်တဲ့ တခုထဲသော အရာပါပဲ။ အရာအားလုံး ပြီးဆုံးသွားပေမယ့် ရင်ထဲမှာတော့ အမှတ်တရ အနေနဲ့ခြေရာ ထင်ကျန် ခဲ့ပါတယ်။ အဲဒီခြေရာလေး ကိုတော့ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရ တခုအနေနဲ့ သိမ်းထားပါ့မယ်။ ဒါကလည်း ဘာရည်ရွယ် ချက်နဲ့မှ မဟုတ်ဘူးဆိုတာ ကိုလည်းသိ စေချင်တဲ့ စိတ်သက်သက်နဲ့ပါ။ကိုယ်ပေးခဲ့တဲ့ ကတိကို ကိုယ်တာဝန် ယူရဲတဲ့ စိတ်ကိုပြတဲ့ အနေနဲ့ အစ်မဘက်က သံသယ ကင်းစေချင်လို့ပါ။ ဘာအငြိုး အတေးမှ မပါပဲ ရင်ထဲက အဖြူသက်သက်နဲ့ အစ်မကို နောက်ဆုံး နှူတ်ဆက်ပါတယ်။ အရာအားလုံး အတွက်လည်း ကျေးဇူးတင်ပါတယ် မမကြွယ်။
ဒီနောက် သူမ စဉ်းစားသည်။မမကြွယ် ဆိုသည့်မိန်းကလေး ဘာကြောင့် သူမကို လိမ်သနည်း။သူမနောက် ဆုတ်ပေးဖို့ ဆုံးဖြတ်ပြီး ကတည်းက သူမရဲ့ ကွဲကြေနေတဲ့ နှလုံးသားတစ်စုံဟာ သူမချစ်ခဲ့တဲ့ သူအတွက် ပန်းခင်းလမ်း အဖြစ်ထာဝရ နင်းလျှောက်ဖို့ခင်း ထားမှာပါ။မောင်ထာဝရ ပျော်ရွှင်ပါစေ။ ဖြူ့အတွက်တော့ နောက်တစ်ယောက် ထပ်ရှိလာ နိုင်ပေမယ့် နောက်တစ်ယောက်ကို ထပ်ချစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ခဲမှန်ဖူးတဲ့ စာသူငယ်လို ရင်တစ်ထိတ် ထိတ်နဲ့ပါပဲ မောင်ရယ်။
အတိတ်မှ အကယ့်အဖြစ် အပျက်တစ်ခု အားမချွင်းမချန် ပြောပြပေးသော မမဖြူအားDreamမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။မမဖြူ နဲ့အတူ ထပ်တူခံစားရပါတယ်။