Pages

Saturday, October 10, 2009

ပညာရှိဧည့်သည်

ရွာတစ်ရွာမှာ လူချမ်းသာလို့ ပြောလို့ရတဲ့ မြင်း၁၉ ကောင် ပိုင်ဆိုင်တဲ့ အဖိုးအို ကွယ်လွန်တော့ သူ့လက်ထဲမှာ သူ့ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးတဲ့ အထောက်အထားအဖြစ် သေတမ်းစာ တစ်စောင်ကို တွေ့ရပါတယ်။ သေတမ်းစာ အရ သူပိုင်တဲ့ မြင်းတွေထဲက တ၀က်ကို သူ့သားအရင်း ဖြစ်သူကို ပေးစေပြီး ၊ ကျန်တာထဲက ငါးကောင်ကိုတော့ ရွာထိပ်က ဘုန်းကြီးကျောင်း နဲ့ လေးကောင်ကိုတော့ သစ္စာရှိတဲ့ သူ့အလုပ်သမား ကိုပေးစေ ခဲ့ပါတယ်လို့ ရေးထားတာကို တွေ့ရှိရပါတယ်။


ရွာသူကြီးက သေတမ်းစာကို ဖတ်ကြည့်ပြီး ခေါင်းကုတ်မဆုံး ဖြစ်နေတော့တာပေါ့။ ဘယ်လိုလုပ် မြင်း၁၉ကောင်ကို သားလုပ်သူကို ခွဲဝေပေးရ မလဲပေါ့ ၊၁၉ကောင်ကိုလဲ တ၀က်ပိုင်းဖို့ ပိုနေတဲ့ မြင်းတစ်ကောင်ကိုလဲ ခွဲခြမ်းလို့ မရဘူးလေ။ ဒါကို ဆုံးဖြတ်ဖို့ရာ ဝေခွဲမရ ဖြစ်နေတာ နှစ်ပတ်နီးပါး ကြာလာတော့ အနီးအနား ရွာပတ်ဝန်းကျင်က ပညာရှိ ကိုခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မြင်းစီးလာတဲ့ လူစိမ်းဧည်သည့် တစ်ယောက်က ရွာသူကြီးကို သူ့တို့တွေ့နေတဲ့ အခက်အခဲကို ကူညီမယ်လို့ ပြောလိုက်ပါတယ်။

အခြေအနေ အရပ်ရပ်နှင့် လူချမ်းသာ အဖိုးကြီး ပိုင်ဆိုင်သော မြင်း၁၉ကောင်ထဲက သားဖြစ်သူအား တ၀က်တိတိပေးပြီး ငါးကောင်ကို ရွာဦးကျောင်းတိုက် နှင့်တကွ လေးကောင်ကို သစ္စာရှိ အလုပ်သမား အားပေးရမည့် အကြောင်းကို ရွာသူကြီးက ထိုဧည်သည်အား ပြန်လည်ရှင်းပြ နေလေသည်။ ဧည့်သည်ပညာ ရှိမှလဲ ချက်ချင်း နှောင့်နှေးခြင်း မရှိစေဘဲ ပြသနာကို ဖြေရှင်းပေး ပါ့မယ်လို့ ရွာသူကြီးကို ပြောလိုက်ပါတယ်။

သူဟာ မြင်း၁၉ ကောင်ကို တန်းစီပြီး ထားလိုက်ပြီး နောက်ဆုံးမှာ သူ့ရဲ့မြင်းကို ၂၀မြောက်အဖြစ် အတူတူပေါင်း ထားလိုက်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အကောင်၂၀ထဲက တ၀က်ဖြစ်တဲ့ ၁၀ ကောင်ကို သားဖြစ်သူအား ပေးလိုက်ပါတယ်။

မြင်းကောင်၂၀ထဲက လေးပုံပုံတော့ ၅ကောင်ရပါတယ်။အဲဒီငါးကောင်ကို ဘုန်းကြီးကျောင်း ကော်မတီ အဖွဲ့ကို လှူလိုက်ပြီး နောက်တခါ အကောင်နှစ်ဆယ်ကို ငါးပုံတခါ ထပ်ပုံလိုက်တော့ လေးကောင်ရ လာပါတယ်။ ဒီမြင်းလေးကောင် ကိုတော့ သစ္စာရှိ အလုပ်သမား ကိုပေးအပ်ခဲ့ လိုက်ပါတယ်။ ၁၀+၅+၄=၁၉ကောင်။ ၂၀မြောက်မြင်း ကတော့ သူ့ကိုယ်ပိုင် မြင်းဖြစ်လို့ အလျင်အမြန် မြင်းပေါ်တတ်စီးပြီး ပညာရှိစကား အနည်းအကျဉ်း ပြောကြားကာ မြင်းကိုစီးပြီး ထွက်ခွာသွား ပါတော့တယ်။

ရွာသူကြီးနှင့်တကွ ရွာသူရွာသားများ အားလုံးဟာ လေးစားခြင်း ၊ အံ့သြခြင်းနဲ့ ပါးစပ်အဟောင်း သားဖြစ်ပြီး မှင်တတ်သွား ခဲ့ကြတာပေါ့။ ပညာရှိ ဧည့်သည်ရဲ့ ဆုံးမစကားကို ရွာသူရွာသားများက နောင်လာနောင်သား မျိုးဆက်တွေ အတွက်ပါ သူတို့ရဲ့ နှလုံးအသွေး အသားထဲမှာ ကမ္ဘည်း ထိုးထားခဲ့ကြတာ ယနေ့တိုင်ပါပဲ။

ပညာရှိကြီးရဲ့ စကားကတော့

ကျွန်တော်တို့ရဲ့ လူနေမှု ဘ၀မှာ နေ့စဉ်လုပ်ဆောင်ရမယ့် အရေးကိစ္စ တွေမှာ ဖြူစင်သော စိတ်ထားနဲ့ ဘုရားရှင်ကို တိုင်တည် ဦးတည်ထားပြီး နေ့တစ်နေ့ကို စတင်လုပ်ဆောင်ပါ။ ဘ၀မှာ အမြဲတမ်း ပြသနာတွေ ရင်ဆိုင်နေရပြီး မကျော်လွှား နိုင်ဘူးလား(ဥပမာ အထက်က ပြသနာကို မဖြေရှင်း နိုင်ဘူးလို့ ခံစားထားတဲ့ ရွာသားတွေလိုပေါ့၊ )

နေ့စဉ်လူနေမှု ဘ၀မှာ ဘုရားရှင်ကို ဦးထိပ်ထား မယ်ဆိုရင် ကြီးမားတဲ့ ပြသနာနဲ့ ကြုံရမယ့် အခါမှာ သေးငယ်စွာ နဲ့ပဲကြုံရပြီး သေးငယ်တဲ့ ပြသနာဆိုရင် ပျောက်ကွယ် သွားပါတယ်။ဥပမာ ဘာနဲ့တူ သလဲဆိုရင် ရေခဲနဲ့ သွားတူပါတယ်။ ရေခဲကို အပူပေးရင် ရေအဖြစ် အသွင်ပြောင်းသွားပြီး နောက်ဆုံးမှာတော့ ရေခိုးရေငွေ့ အဖြစ်နဲ့ ပျောက်ကွယ် သွားပါတယ်။

ဒါဆိုရင်နေ့စဉ် ဘုရားကို ဘယ်လိုဦးထိပ် ထားမလဲ? နေ့စဉ် ဘုရားရှိခိုးပါ၊ စစ်မှန်တဲ့ ယုံကြည်မှု ဖြူစင်တဲ့ ကြည်ညိုမှု တွေနဲ့ နေ့စဉ် ဘုရား ရှိခိုးပါ။ ပြီးရင်တရားထိုင်ပါ။တရားထိုင်ခြင်းဟာ အကောင်းဆုံး ဘုရားစိတ် တိုက်ရိုက်ဖြစ်စေတဲ့ စွမ်းအင် ရရှိမှာပါ။

စစ်မှန်တဲ့ ယုံကြည်မှု နဲ့မကိုးကွယ် ၊ မကြည်ညိုရင် ရေမရှိတဲ့ လှေငယ်လိုပါပဲ၊ မြေပေါ်မှာ လှေကို ဆွဲငင်ယူရင် ခက်ခဲပင်ပန်းပြီး ရေပေါ်မှာ လှေကို ဆွဲယူရင် အခက်အခဲ မရှိဘဲ ဆွဲယူလို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀ လှေလေးကိုလည်း ယုံကြည်မှုနဲ့ ကြည်ညိုမှု ရေပြင်မှာ လှော်ခတ်ရင် အခက်အခဲ မရှိဘဲ လွယ်ကူစွာ လှော်ခတ်နိုင်မှာပါ။မိမိတို့ရဲ့ မြင့်မြတ်ရိုးသားပြီး စစ်မှန်တဲ့ ပကတိ ရိုးသားဖြူစင်တဲ့ စိတ်ဓာတ်လေးကို ရင်းနှီးမြုပ် နှံထားခြင်းဖြင့် မြတ်ဘုရားရဲ့ သားတော် သမီးတော် အဖြစ်ခံယူပါ။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်လေး ဖတ်လိုက်ရပြီး ရလာတဲ့ အသိတရားကတော့ လူတွေဟာ ဘုရားမေ့ တရားမေ့ ဖြစ်နေကြရတယ်။ဣဿာ မစ္ဆရိယတွေ များကြတယ်။ ဘာလုပ်လုပ် အဆင်မပြေတဲ့ သူတွေရဲ့ ဘ၀မှာ ဘုရားတရားသည်သာ ကိုးကွယ်ရာပါ။ ဘုရားဆိုလို့ လူမျိုးခြား ဘာသာခြား တွေအတွက်လည်း မိမိတို့ ဘုရားသည်သာ ကိုးကွယ်ရာပါ။

EVERY GOD IS GREAT ( Every Religion is Great ) လို့မက်မက်ကတော့ သတ်မှတ်ပါတယ်။ ဘယ်ဘာသာမဆို မိမိတို့ ဘုရားသည်သာလျှင် တုနှိုင်းမဲ့ပါ။လူမျိုးတိုင်း၊ ဘာသာခြားတိုင်းက ကိုယ့်ဘာသာကို ကိုယ်လေးစား ယုံကြည်ကြပါတယ်။

မိတ်ဆွေတို့ ဆိုရင်ရော ဒီလို မြင်း၁၉ကောင်ကို ခွဲပေးရ မယ်ဆိုတဲ့ အခက်အခဲမျိုး ကြုံလာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲနော်။ ၁၉ကောင်ကို တ၀က်ဖြစ်အောင် ဘယ်လိုခွဲမလဲ ။ သေတမ်းစာအရ တ၀က်တိတိလို့ ဆိုထားတဲ့ အတွက်ကြောင့် ဆယ်ကောင် တိုက်ရိုက်လဲ ပေးလို့မဖြစ်၊နော့်။

ဒီပုံပြင်ထဲကလို ပညာရှိ လူစိမ်းရဲ့ လုပ်ရပ်လို ဖြတ်ထိုးဥာဏ်နဲ့ ပြသနာကို ဖြေရှင်းပေးနိုင် ကြပါစေ ။ ပညာရှိ လူစိမ်းရဲ့ စကားကိုလဲ နှလုံးသွင်း မှတ်သားနိုင်ပါစေ၊ လျှပ်တပြက် ဥာဏ်နဲ့အရာရာကို ထိုးထွင်းသိမြင်ပြီး စစ်မှန်တဲ့ တရားနည်းနဲ့ ဖြေရှင်းပေးနိုင် ကြပါစေ၊လို့ ဆုတောင်းရင်း

ဒီပုံပြင်လေး ဖတ်မိပြီး နားထောင်ဖူးတဲ့ မစိုးရိမ်ကျောင်း ဆရာတော်ကြီးရဲ့ ဆုံးမစာကို အဆိုတော် ကိုင်ဇာက နားဝင်ချိုတဲ့ သံစဉ်လေးနဲ့ တီးခတ်ထားပြီး သီဆိုထားတာကို သတိရ မိပါတယ်။ လူတိုင်းလိုက် နာရမယ့် အရာပါနော်။

နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်။
အနန္တငါး ဂုဏ်တော်များ ညွှတ်တွားကန်တော့မယ်။

မျက်နှာသစ်ရင် ရေကိုမြင် နေ့စဉ်မေတ္တာ ပွားပါ့မယ်။
သစ်ရင်းသစ်ရင်း လျှော့ယိုယွင်း ရုပ်ဆင်းသတိ ထားပါ့မယ်။

တန်းတူတွေ့ရင် မေတ္တာဝင် ၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မယ့်အစားမေတ္တာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ကိုယ့်အောက်တွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်။
နိုင်မယ့်အစား ကရုဏာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင် မုဒိတာဝင် ၊ မ၀င်ဣဿာ ယိုင်တတ်တယ်။
ယိုင်မယ့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ရုပ်ကိုလဲပြင် စိတ်လဲပြင် ပြင်ဆင်နိုင်က ပြုတိုင်းလှ။
သုခနိဗ္ဗာန် တိုင်လိမ့်မယ် သုခနိဗ္ဗန် တိုင်လိမ့်မယ်။

17 comments:

  1. ဗဟုသုတရစရာလေးနော်

    ReplyDelete
  2. thank for sharing......

    ReplyDelete
  3. မှတ်သားသွားပါတယ် ဖွားမေ့။

    ခင်မင်ခြင်းနှင့်
    တလနွန်

    ReplyDelete
  4. [kwfw,f zGm;arha&..
    rzwfcif awG;Bunfhwmav b,fvdkcGJ&rSef;rodbl; tckawmh odoGm;NyD..;)

    ReplyDelete
  5. ပညာရှိနည်းနဲ့ မန့်သွားတာ

    ဖတ်ကြည့်..းP

    ReplyDelete
  6. မှတ်သားစရာပါဗျာ ကျေးဇူးတင်ပါတယ် သတိပေး စကား၁ခါကြားရတဲ့အတွက် တခါသတိရလိုက်ရင်ပဲ ကုသိုလ်စိတ်တခါဖြစ်သွားတာပေါ့ဗျာ့

    ReplyDelete
  7. ဖတ်ပြီး ကော်မန်.ပေးမယ်လုပ်တော. အပေါ်က အာဝါးးးးးး
    ပေးမယ်ဆိုလို. ကြောက်ပြီး မမန်.တော.ဘူး :P

    ReplyDelete
  8. ဖတ်ပြီး ဗဟုသုတ ရပါတယ် မက်ရေ
    ကျေးဇူးနော် ဘိုင် တာ့တာ

    ReplyDelete
  9. မှတ်သားစရာလေး အခုလိုတင်ပြပေးတာ ကျေးဇူးတင်ပါတယ် မက်မက်ရေ...။

    ရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  10. ကောင်းလိုက်တဲ့ပို့စ်လေးပါ မက်၂ရေ...

    ReplyDelete
  11. ငယ်ငယ်က ဖတ်ဖူးတာ အဲလိုမဟုတ်ဘူး။
    ၁၇ ကောင်ရှိတာကို သားသုံးယောက်
    သားကြီး - 1/2
    သားလတ် - 1/3
    သားငယ် -1/8
    ကဲ ဘယ်လို ခွဲမလဲ၊

    ReplyDelete
  12. ကိုတိုးလေးOctober 12, 2009 at 9:34 PM

    မှတ်သားစရာလေးတွေ တင်ပေးတဲ့အတွက်လာရောက်ပြီးဖတ်မှတ်သွားပါတယ်နော် အဆင်ပြေပျော်ရွှင်ပါစေနော်။

    ReplyDelete
  13. မမသေတမ်းစာထဲမှာက လေးပုံတွေငါးပုံတွေခွဲခိုင်းလို့လား. ကျန်တာထဲက လေးကောင် ငါးကောင်နုတ်ခိုင်းတာဟုတ်ဘူးလား

    ReplyDelete
  14. မြင်းစီးပြီ ပြန်သွားတာ ကျွန်တော်များလားမသိ.. ဗဟုသုတယူသွားပါတယ်. ကျေးဇူးတင်ပါတယ်။.

    ခင်မင်လေးစားလျှက်

    ညီညီ(အနာဂါတ်သံစဉ်)

    ReplyDelete
  15. မှတ်သားစရာပါပဲ ကျေးဇူးပါ မက်မက်ရေ

    ReplyDelete
  16. အင်.... ဟုတ်တော့ ဟုတ်သားဟ..

    ReplyDelete